Sunday, July 31, 2016

ယဉ်ကျေးမှုအမွေအနှစ်များ ကာကွယ်ခြင်းနှင့် လူ့အရင်းအမြစ်ဖွံ့ဖြိုးမှု မြန်မာ-ဂျပန် ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ စာတမ်းဖတ်ပွဲကျင်းပ

နေပြည်တော် ဇူလိုင် ၃ဝ

မြန်မာနိုင်ငံရှိ ယဉ်ကျေးမှုအမွေအနှစ်များအား ကာကွယ်ခြင်းနှင့် လူ့အရင်းအမြစ်ဖွံ့ဖြိုးတိုးတက်မှုအပေါ် ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနနှင့် ကျိုတိုတက္ကသိုလ်တို့ ပူးပေါင်းဆောင်ရွက်သည့် စာတမ်းဖတ်ပွဲနှင့် သင်တန်းဖွင့်ပွဲအခမ်းအနားကို အမျိုးသားပြတိုက် (နေပြည်တော်)၌ ဇူလိုင် ၂၁ နံနက် ၉ နာရီတွင် ကျင်းပရာ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန် ဒေါက်တာ ဒေါ်နန္ဒာမွှန်းက အဖွင့်အမှာစကားပြောကြားခဲ့ပြီး ဂျပန်နိုင်ငံ ကျိုတိုတက္ကသိုလ်မှ ပါမောက္ခ မစ္စတာ Ari Ide Ektessabi က ပူးပေါင်းဆောင်ရွက်မှုအစီအစဉ်နှင့် ပတ်သက်၍ ရှင်းလင်းပြောကြားသည်။ 

Symposium and Training Program on Digitization and Conservation of Cultural Heritage Assets သို့ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက် ဦးစီးဌာန၊ သမိုင်းသုတေသနနှင့် အမျိုးသား စာကြည့်တိုက်ဦးစီးဌာနမှ ဝန်ထမ်း ၂ဝ နှင့် ပညာရေးဝန်ကြီးဌာန၊ ရန်ကုန်တက္ကသိုလ်နှင့် တောင်ငူတက္ကသိုလ်တို့မှ ဆရာ၊ ဆရာမ ၂ဝ အပါအဝင် စုစုပေါင်း သင်တန်းသား/ သင်တန်းသူ ၄ဝ ပါဝင်တက်ရောက်၍ စာတမ်းများဖတ်ကြားကြကြောင်း သတင်းရရှိသည်။ (သတင်းစဉ်)

လူနေမှုဘဝနှင့် ကျန်းမာရေးဆိုင်ရာ အခြေခံအချက်အလက်စစ်တမ်း ကွင်းဆင်းစာရင်းကောက်ယူခြင်း အသိအမှတ်ပြုလက်မှတ် ချီးမြှင့်

နေပြည်တော် ဇူလိုင် ၃ဝ

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ပြည်သူ့ကျန်းမာရေးဦးစီးဌာန၏ မြန်မာနိုင်ငံ လူနေမှုဘဝနှင့် ကျန်းမာရေး ဆိုင်ရာ အခြေခံအချက်အလက်စစ်တမ်း (၂ဝ၁၅-၁၆) ကွင်းဆင်းစာရင်းကောက်ယူခြင်းအတွက် အသိအမှတ်ပြု လက်မှတ် ချီးမြှင့်ခြင်းနှင့် အတွေ့အကြုံရှင်းလင်းပွဲ အခမ်းအနားကို ဇူလိုင် ၂၁ ရက် နံနက်ပိုင်းက ရွှေပြည်တော် ဟိုတယ်၌ကျင်းပရာ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေး တက်ရောက် အဖွင့်အမှာစကားပြောကြားခဲ့သည်။

ပြည်ထောင်စုဝန်ကြီးက ယခု ကောက်ယူရရှိလာသည့် အချက်အလက်များကို ဗဟိုတွင် စိစစ်ခြင်းပြုလုပ်နေပြီး ယခုနှစ် သြဂုတ်လ အကုန် စက်တင်ဘာလဆန်းလောက်တွင် အဓိကအညွှန်းကိန်း အစီရင်ခံစာထွက်ရှိရန် ကြိုးစားလျက်ရှိကြောင်း၊ ယခုရရှိလာသော အတွေ့အကြုံများကို နေ့စဉ်လုပ်ငန်းဆောင်ရွက်မှုများတွင် ကောင်းမွန်စွာအသုံးချနိုင်ရန်၊ အခြားစစ်တမ်းများတွင်လည်း ပါဝင်ဆောင်ရွက်ရင်း အတွေ့အကြုံကောင်းများပေးနိုင်ရန်၊ မြန်မာနိုင်ငံ၏ လူနေမှု ဘဝနှင့် ကျန်းမာရေးအဆင့်အတန်း မြင့်မားစေရန် တစ်တပ်တစ်အား ကြိုးစားလုပ်ဆောင်ပေးကြပါရန် တိုက်တွန်းပြောကြားခဲ့သည်။ ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများက အသိအမှတ်ပြုလက်မှတ်များ ချီးမြှင့်ခဲ့ပြီး အတွေ့အကြုံ ရှင်းလင်းပွဲကို ဇူလိုင် ၂၂ ရက်အထိ ကျင်းပခဲ့ကြောင်း သိရှိရသည်။
(သတင်းစဉ်)

CLMV အစည်းအဝေးကျင်းပနိုင်ရေးအတွက် အခမ်းအနားပြင်ဆင်ဆောင်ရွက်နေ

 
 
 နေပြည်တော် ဇူလိုင် ၃ဝ

ရန်ကုန်မြို့ ကမ္ဘာအေးဘုရားလမ်းရှိMelia ဟိုတယ်သို့ ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်း မောင်သည် ဇူလိုင် ၂၃ ရက် နံနက်ပိုင်းက ရောက်ရှိပြီး “င်္Four Countries- One Destination” Conference (CLMV) နှင့် အခမ်းအနားများ ကျင်းပ မည့်နေရာများ၊ အစီအစဉ်များကို ကြည့်ရှု စစ်ဆေးခဲ့သည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီး သည် ဝန်ကြီးဌာနအမည်ပေါက်သော ရန်ကုန်မြို့ မင်္ဂလာဒုံမြို့နယ် ကျောက်ရေ တွင်းလမ်းရှိ မြေနေရာသို့ ရောက်ရှိပြီး အဆိုပါ မြေနေရာ၌ ခရီးသွားလုပ်ငန်း ဆိုင်ရာ အဆောက်အအုံများ တည်ဆောက် နိုင်ရေးအတွက် ကြည့်ရှုစစ်ဆေးသည်။ ညနေပိုင်း၌ ရန်ကုန်မြို့ အင်းလျားကန် ဟိုတယ်တွင် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ကရင်တိုင်းရင်းသားလူမျိုးရေးရာ ဝန်ကြီးနှင့် တွေ့ဆုံ၍ ရန်ကုန်တိုင်း ဒေသကြီးအတွင်း ခရီးစဉ်ဒေသအသစ်များ ဖော်ထုတ်ရေး၊ ဟိုတယ်နှင့် ခရီးသွား လုပ်ငန်းများ ရေရှည်စနစ် တကျ ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်မည့်အစီအစဉ်များနှင့် လာမည့် နိုဝင်ဘာ ၂၈ ရက်မှ ဒီဇင်ဘာ ၅ ရက်အထိ ကျင်းပမည့် ပြင်သစ်-မြန်မာ နှစ်နိုင်ငံ (၅၅)နှစ်မြောက် ယဉ်ကျေးမှုဆိုင်ရာ အထိမ်းအမှတ်ပွဲ ကျင်းပနိုင်ရေးအတွက် ဆောင်ရွက်မှုအစီအစဉ် များကို ဆွေးနွေးခဲ့ကြောင်း သတင်းရရှိသည်။(သတင်းစဉ်)

မြန်မာနိုင်ငံပြုပြင်ပြောင်းလဲမှုလုပ်ငန်းစဉ်များ၌ အမေရိကန်မှကူညီထောက်ပံ့နိုင်ရေးဆွေးနွေး


နေပြည်တော် ဇူလိုင် ၃ဝ

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့်သည် ဇူလိုင် ၂၅ ရက်က အမေရိကန်ပြည်ထောင်စု တက္ကဆတ်ပြည်နယ် ရထားပို့ဆောင်ရေးကော်မရှင်ဥက္ကဋ္ဌMr.David Porter ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ လက်ခံတွေ့ဆုံသည်။

တွေ့ဆုံပွဲတွင် နှစ်နိုင်ငံကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုမြှင့်တင်နိုင်ရေးအတွက် အလားအလာရှိသည့် ကဏ္ဍများ၊ လယ်ယာစိုက်ပျိုးရေး၊ အသေးစားအလတ်စားလုပ်ငန်းများ၊ အပင်နှင့် ပိုးမွှားရောဂါကင်းစင်ရေး(SPS) နှင့် သယ်ယူပို့ဆောင်ရေး(ူသါငျအငချ) ဆိုင်ရာကိစ္စရပ်များတွင် ကူညီထောက်ပံ့ပေးနိုင်ရေး၊ နှစ်နိုင်ငံ ဆက်ဆံမှုတွင် အစိုးရအချင်းချင်းသာမက၊ စီးပွားရေးလုပ်ငန်းရှင်များ၊ ပြည်သူများအချင်းချင်း ဆက်ဆံမှုတိုးမြှင့် ဆောင်ရွက်ရေးနှင့် မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲမှုလုပ်ငန်းစဉ်များ၌ လိုအပ်သည့်ကဏ္ဍများတွင် အမေရိကန် နိုင်ငံမှ ကူညီထောက်ပံ့ပေးနိုင်ရေးနှင့် နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာကိစ္စရပ်များကို အပြန်အလှန် ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိသည်။
(သတင်းစဉ်)

မြန်မာနှင့် ကာတာနိုင်ငံအကြား အလုပ်သမားဆိုင်ရာကိစ္စရပ်များဆွေးနွေး

နေပြည်တော် ဇူလိုင် ၃ဝ

အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေသည် မြန်မာနိုင်ငံဆိုင်ရာ ကာတာနိုင်ငံသံရုံးမှ သံအမတ်ကြီး Mr. Hassan Bin Mohamed Rafei AI-Emadi အား ဇူလိုင် ၂၂ ရက် ညနေပိုင်းက နေပြည်တော်ရှိ ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၏ ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံခဲ့သည်။

မြန်မာနိုင်ငံနှင့် ကာတာနိုင်ငံတို့အကြား အလုပ်သမားရေးရာနှင့် အလုပ်အကိုင်အခွင့် အလမ်းများ ပူးပေါင်းဆောင်ရွက်ရေး၊ လုပ်သားစွမ်းရည်မြင့်မားရေးအတွက် ကျွမ်းကျင်မှုဆိုင်ရာသင်တန်းများ ဖွင့်လှစ်နိုင်ရေးအခြေအနေများနှင့် စပ်လျဉ်း၍ ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြောင်း သတင်းရရှိသည်။
(သတင်းစဉ်)

မြန်မာ-ထိုင်း နှစ်နိုင်ငံဆက်ဆံရေး ပိုမိုတိုးတက်ကောင်းမွန်မှုဆိုင်ရာကိစ္စရပ်များ ဆွေးနွေး


နေပြည်တော် ဇူလိုင် ၃ဝ 

နှစ်နိုင်ငံဆက်ဆံရေး ပိုမိုတိုးတက်ကောင်းမွန်မှုဆိုင်ရာကိစ္စရပ်များ၊ နယ်စပ်လုံခြုံရေးဆိုင်ရာကိစ္စရပ်များ၊ နှစ်နိုင်ငံ နယ်စပ်သေရှိ ပြည်သူများအတွက် ဘက်စုံဖွံ့ဖြိုးတိုးတက်ရေး ဆိုင်ရာ လုပ်ငန်းစဉ်ကို ဆက်လက်ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ ကိစ္စရပ်များနှင့်စပ်လျဉ်း၍ နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရဲအောင်အား ထိုင်းနိုင်ငံ တရားရေးဝန်ကြီးH.E. Gen. Paiboon Koomchaya ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ ဇူလိုင် ၂၈ ရက်က ပြည်ထောင်စုဝန်ကြီး၏ ဧည့်ခန်းမ၌ လာရောက်တွေ့ဆုံစဉ် ဆွေးနွေးပြောကြားသည်။

ထိုသို့ တွေ့ဆုံစဉ် ၂ဝ၁၂ ခုနှစ်မှ ၂ဝ၁၈ ခုနှစ်အထိ စီမံကိန်းရန်ပုံငွေ ဘတ်သန်း (၃၅ဝ) ဖြင့် ထိုင်းနိုင်ငံမှ မယ်ဖာ့လုံ ဖောင်ဒေးရှင်းနှင့် မြန်မာနိုင်ငံမှ ပြည်ထဲရေးဝန်ကြီးဌာန၊ နယ်စပ်ရေးရာဝန်ကြီးဌာနတို့နှင့် ပူးပေါင်း၍ တာချီလိတ်နှင့် မိုင်းဆတ်ဒေသများတွင် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် နှစ်နိုင်ငံနယ်စပ်ဒေသများတွင် မူးယစ်ဆေးဝါး ထိန်းချုပ်နိုင်ရေးနှင့် ကျေးလက်လူမှုဘဝဖွံ့ဖြိုးတိုးတက်ရေးအတွက် အစားထိုးအသက်မွေးဝမ်းကြောင်း ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းအကောင်အထည်ဖော်ဆောင်ရွက်နေမှု အခြေ အနေများ နယ်စပ်ဒေသတည်ငြိမ်အေးချမ်းရေးနှင့် လက်နက်ကိုင်ပဋိပက္ခများ ချုပ်ငြိမ်းရေးအတွက် ပူးပေါင်းဆောင်ရွက်ရေး ဆိုင်ရာကိစ္စရပ်များ၊ အာဆီယံဒေသတွင်း နိုင်ငံ အချင်းချင်း ပိုမိုပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ ကိစ္စရပ်များအား အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိသည်။
(သတင်းစဉ်)

အရည်အသွေးမီ ချုပ်ထည်များရရှိရေး အသုံးပြုသည့်စက်ပစ္စည်းများ ကောင်းမွန်စေရန်နှင့် လုပ်သားများ ကျွမ်းကျင်မှုရှိရန် လေ့ကျင့်ပေး


နေပြည်တော် ဇူလိုင် ၃ဝ

ရန်ကုန်တိုင်းဒေသကြီး သန်လျင်မြို့နယ်ရှိ စက်မှုဝန်ကြီးဌာနမှ ရွှေစကားကုမ္ပဏီလီမိတက်သို့ ငှားရမ်းထားသည့် အမှတ်(၁၈)အထည်ချုပ်စက်ရုံ(သန်လျင်)သို့ စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ချိုသည် ဇူလိုင် ၂၄ ရက် နံနက်ပိုင်းက ရောက်ရှိပြီး ပြည်ထောင်စုဝန်ကြီးက အရည်အသွေးမီ ချုပ်ထည်များရရှိရေး အတွက် အသုံးပြုသည့်စက်ပစ္စည်းများ ကောင်းမွန်စေရန်နှင့် လုပ်သားများကိုလည်း ကျွမ်းကျင်မှုရှိအောင် လေ့ကျင့်ပေးရန်၊ ဈေးကွက်သုတေသနပြုလုပ်ပြီး ဈေးကွက်ထိုးဖောက်ရန် မှာကြားကာ စက်ရုံအတွင်း အထည်ချုပ်လုပ်သည့် နည်းစဉ်အဆင့်ဆင့်နှင့် သီလဝါဆည်မှ ပတ်ဝန်းကျင်ရှိ စက်ရုံ/အလုပ်ရုံများသို့ ရေ ဖြန့်ဖြူးပေးနေမှုအခြေအနေတို့ကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့သည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် စက်မှုဝန်ကြီးဌာနမှ မိဘဂုဏ်ရည် ထုတ်လုပ်မှုကုမ္ပဏီလီမိတက်သို့ ငှားရမ်းထားသည့် အမှတ်(၃)အထည်ချုပ်စက်ရုံ (သန်လျင်)နှင့် သန်လျင်ကျောက်ပြားစက်ရုံအတွင်းLeader One (Myanmar) Limited တို့သို့ ရောက်ရှိပြီး စက်ရုံမှထုတ်လုပ်ထားသည့် ထုတ်ကုန်များနှင့် ထုတ်လုပ်မှု နည်းစဉ်အဆင့်ဆင့်ကို လည်းကောင်း၊ စက်မှုဝန်ကြီးဌာနမှ မြတ်မိဘကုမ္ပဏီသို့ ငှားရမ်းထားသည့် စက္ကူထုပ်ပိုး ပစ္စည်းစက်ရုံ(သန်လျင်)သို့ ရောက်ရှိပြီး စက္ကူထုပ်ပိုးခွံများ ထုတ်လုပ်မှုနည်းစဉ်အဆင့်ဆင့်ကို လည်းကောင်း လှည့်လည်ကြည့်ရှုစစ်ဆေးပြီး လုပ်ငန်းလိုအပ်ချက်များ မှာကြားခဲ့ကြောင်း သတင်းရရှိသည်။
(သတင်းစဉ်)

မြန်မာနိုင်ငံ၌ တွေ့ကြုံနေရသည့် စိန်ခေါ်မှုများအား ရင်ဆိုင်ကျော်လွှားနိုင်ရန် မိမိတို့တတ်သိထားသည့် ပညာရပ်များကို အသုံးပြု


နေပြည်တော် ဇူလိုင် ၃ဝ

စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်ဝင်းသည် ဝန်ကြီးဌာန အောက်ရှိ ဦးစီးဌာန၊ အဖွဲ့အစည်းများတွင် တာဝန်ထမ်းဆောင်နေသည့် ပြည်တွင်း/ပြည်ပ ပါရဂူဘွဲ့ရ ၁၄ ဦး၊ ပြည်ပ မဟာဘွဲ့ရ ၈၁ ဦး စုစုပေါင်း ၉၅ ဦးတို့နှင့် တွေ့ဆုံသည့် အခမ်းအနားကို ဇူလိုင် ၂၅ ရက် ညနေ ၅ နာရီတွင် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ ရုံးအမှတ် ၁ အစည်းအဝေးခန်းမ၌ ကျင်းပသည်။ 

တွေ့ဆုံပွဲတွင် မြန်မာနိုင်ငံ၌ တွေ့ကြုံနေရသည့် စိန်ခေါ်မှုများအား ရင်ဆိုင်ကျော် လွှားနိုင်ရန် မိမိတို့ တတ်သိထားသည့် ပညာရပ်များကိုအသုံးပြု၍ စာတမ်းများ၊ ဆောင်းပါး များ ရေးသားတင်ပြနိုင်ရေး၊ အပတ်စဉ်ထုတ် ဂျာနယ်၊ လစဉ်ထုတ် မဂ္ဂဇင်းများ ပုံမှန် ထုတ်ဝေ၍ အသိပညာဖြန့်ဝေနိုင်ရေးတို့ကို ဝန်ထမ်းများမှ စိတ်ပါဝင်စားစွာ ပါဝင်ဆွေးနွေးခဲ့ ကြပြီး ဝန်ထမ်းများမှ သိလိုသည်များကိုမေးမြန်းရာ ပြည်ထောင်စုဝန်ကြီးက ဖြေကြားခဲ့ ကြောင်း သတင်းရရှိသည်။
(သတင်းစဉ်)

ရခိုင်ပြည်နယ် လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများတွင် ကမ္ဘောဇဘဏ်အနေဖြင့် ကူညီနိုင်မည့်လုပ်ငန်းကိစ္စများတွင် ပူးပေါင်းနိုင်ရန်ဖိတ်ခေါ်ဆွေးနွေး


နေပြည်တော် ဇူလိုင် ၃ဝ

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးအား ကမ္ဘောဇဘဏ် လီမိတက်မှ တာဝန်ရှိသူများက ဇူလိုင် ၂၅ ရက် နံနက် ၁ဝ နာရီခွံတွင် ဝန်ကြီး၏အစည်းအဝေးခန်းမ၌ လာရောက်တွေ့ဆုံခဲ့သည်။ 

တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီးက ဝန်ထမ်းများ၏ လစာငွေထုတ်ပေးမှုကို နိုင်ငံတကာအဆင့်မီ နည်းစနစ်များဖြင့် ဆောင်ရွက်ပေးရန် ကမ်းလှမ်းလာမှုအတွက်လည်း ဝမ်းမြောက်မိပါကြောင်း၊ ရန်ပုံငွေတိုးပွားရေးကိစ္စများကိုလည်း ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ပါ ကြောင်း၊ ရခိုင်ပြည်နယ် လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများတွင်လည်း ကမ္ဘောဇဘဏ်အနေဖြင့် ပူးပေါင်းပါဝင်ကူညီနိုင်သည့် လုပ်ငန်းကိစ္စများရှိပါက ပူးပေါင်းပါဝင်ဆောင်ရွက်ရန် ဖိတ်ခေါ်ပါကြောင်းဖြင့် ပြန်လည်ဆွေးနွေးပြောကြား ခဲ့ကြောင်း သတင်းရရှိသည်။
(သတင်းစဉ်)

ကုလသမဂ္ဂလုံခြုံရေးကောင်စီက ဘူရွန်ဒီနိုင်ငံသို့ရဲများစေလွှတ်ရန် သဘောတူ


Myanmaalinn's photo.
ဘူရန်ဒီ ဇူလိုင် ၃ဝ

ကုလသမဂ္ဂ လုံခြုံရေးကောင်စီက အကြမ်းဖက်မှုများ နှိမ်နင်းရန်နှင့် တိုင်းပြည်အတွင်း လူ့အခွင့်အရေးချိုး ဖောက်ခံရမှုများ ကာကွယ်ရန် ကုလသမဂ္ဂမှ ရဲတပ်ဖွဲ့ဝင်များကို ဘူရွန်ဒီ နိုင်ငံ၌ ဖြန့်ကြက်ချထားရန် သဘောတူ ခဲ့သည်။
ယခုနှစ် အစောပိုင်းတွင် ရဲတပ်ဖွဲ့ဝင် ၂၂၈ ဦး စေလွှတ်ရန်သဘောတူခဲ့သည်။ အစပိုင်းက ဘူရွန်ဒီနိုင်ငံသည် ရဲတပ်ဖွဲ့ဝင် ၅ဝထက်ကျော်၍ လက်ခံမည်မဟုတ်ဟု ပြောခဲ့သည်။ သမ္မတ ဏငနမမနြုကမကည ဖငဖေ က လွန်ခဲ့သောဧပြီလက တတိယ အကြိမ်မြောက် သမ္မတ သက်တမ်း အတွက် ပါဝင်ယှဉ်ပြိုင်မည်ဟု ပြော လိုက်ပြီးနောက်ပိုင်း မတည်ငြိမ်သည့် အခြေအနေများကြား လူပေါင်း ၄ဝဝ ကျော် အသတ်ခံရပြီးဖြစ်သည်။ လူပေါင်း ၂ဝဝဝဝဝ ကျော် နေအိမ်မှ စွန့်ခွာထွက် ပြေးခဲ့ရသည်။ ကုလသမဂ္ဂလုံခြုံရေး ကောင်စီသည် ဘူရွန်ဒီနိုင်ငံ၌ ဖြစ်ပွား နေသော အကြမ်းဖက်မှုများနှင့် ပဋိ ပက္ခများကို အနီးကပ်လေ့လာသင့် ကြောင်း ဘူရွန်ဒီ၌ ဆိုးရွားသောကိစ္စ များ ဖြစ်ပွားမှု ရှိ မရှိကို သေချာအောင် ပြုလုပ်ရန်လိုကြောင်း ကုလသမဂ္ဂဆိုင် ရာ ပြင်သစ်သံအမတ် ဖရန်ဆိုဒီ လက်ထရီက ပြောသည်။ ဘူရွန်ဒီအစိုးရ က အစောပိုင်းကာလတွင် ကုလသမဂ္ဂ မှ ရဲတပ်ဖွဲ့ဝင် ၅ဝ ထက်ကျော်၍ လက်ခံမည်မဟုတ်ဟု သတိပေးပြော ကြားခဲ့သည်။ ယခုအခါ ကုလသမဂ္ဂ လုံခြုံရေးကောင်စီ၏ ဆုံးဖြတ်ချက်ကို အကောင်အထည်ဖော်နိုင်ရန် သံတမန် များက စေ့စပ်ညှိနှိုင်းမှုများ ပြုလုပ် လျက်ရှိသည်။
ဘူရွန်ဒီနိုင်ငံ၌ အတိုက်အခံ နှင့် အစိုးရဘက်မှ တပ်ဖွဲ့ဝင်များတွင် လူမျိုး ပေါင်းစုံရောနှောနေသော်လည်း တိုင်း ပြည်အတွင်း ယခင်က ကြုံတွေ့ ခဲ့ဖူးသည့် လူမျိုးသုဉ်းသတ်ဖြတ်မှုများ ထပ်မံ၍ဖြစ်ပွားလာမည်ကို ပြည်သူများ က စိုးထိတ်နေကြသည်။

(ဘီဘီစီ)

ဖလော်ရီဒါပြည်နယ်၌ ဇီကာဗိုင်းရပ်စ်ကူးစက်ခံရ

Myanmaalinn's photo.
ဖလော်ရီဒါ ဇူလိုင် ၃ဝ

အမေရိကန်ပြည်ထောင်စု ဖလော်ရီဒါပြည်နယ် ကျန်းမာရေးအာဏာပိုင်များက ဇီကာဗိုင်းရပ်စ်နှင့်ပတ်သက်၍ သတင်းထုတ်ပြန်ခဲ့ ရာ ခြင်မှတစ်ဆင့် ကူးစက်သည့် ဇီကာဗိုင်းရပ်စ်ကူးစက်ခြင်းမှာတိုင်းပြည်အတွင်း ပထမဆုံးပင်ဖြစ်ကြောင်း ဆိုသည်။
ဇီကာဗိုင်းရပ်စ်ပိုးဖြစ်ပွားရာဒေသသို့ သွားရောက်ခြင်းမရှိဘဲ၊ ဇီကာဗိုင်းရပ်စ်ပိုးရှိသူနှင့်လည်း ထိတွေ့နေထိုင်ခြင်းမရှိဘဲ အမျိုးသားသုံးဦးနှင့် အမျိုးသမီးတစ်ဦး ဗိုင်းရပ်စ်ကူးစက်ခြင်းခံရကြောင်း သောကြာနေ့၌ အာဏာပိုင်များက ကြေညာသည်။ ကူးစက်ခံရသူ လူနာလေးဦးစလုံးမှာဒေသအတွင်းမှ ခြင်များအကိုက်ခံရ၍ ကူးစက်ခံရခြင်းဖြစ်ကြောင်း သိရသည်။ မီယာမီအလယ်ပိုင်းဒေသ၌ ကူးစက်ခံရခြင်းဖြစ်ပြီး ရောဂါပိုးသယ်ဆောင်လာသောခြင်သည် အခြားလူတစ်ဦးကို ကိုက်ခဲ့ခြင်းကြောင့် ကူးစက်ရခြင်းဖြစ်ကြောင်း ပြောခဲ့သည်။ ယခုအချိန်ထိ ဖလော်ရီဒါအတွင်း ရောဂါပိုးသယ်ဆောင်ထားသော ခြင်မတွေ့ရှိရသေးပေ။ သို့သော် ကျန်းမာရေး အာဏာပိုင်အဖွဲ့က ကူးစက်မှုမပြန့်ပွားအောင် ထိန်းချုပ်ဆောင်ရွက်လျက်ရှိသည်။ နွေရာသီခရီးသွား ရာသီအစတွင် ဖြစ်ပွားခြင်းဖြစ်ပြီး ဖလော်ရီဒါပြည်နယ်သည် က္ဘာတစ်ဝန်းလုံးမှ ခရီးသွားများဝင်ရောက်ရာ ဒေသလည်းဖြစ်သည်။
ဇီကာဗိုင်းရပ်စ်သည်ကိုယ်ဝန်ဆောင်မိခင်များကူးစက်ခြင်းခံရပါက ကလေးမွေးဖွားလာသည့်အခါ ကလေးငယ်၌ ချို့ယွင်း ချက်များပါလာနိုင်သည်။ ဇီကာဗိုင်းရပ်စ်သည် တောင်အမေရိက အပါအဝင် နိုင်ငံပေါင်း ၆၇ နိုင်ငံနှင့် အချို့သောနယ်မြေများ၌ ဖြစ်ပေါ် လျက်ရှိကြောင်း အတည်ပြုထားသည်။

(အင်န်အိတ်ခ်ျကေ)

မြန်မာပြည်ချန်ပီယံဖြစ်ရေးဟာ ကျွန်တော့်ရဲ့ အိပ်မက်ကမ္ဘာဟုဆိုလာတဲ့ ပထမတန်းလက်ဝှေ့ကျော် တူးတူး


အမေး၊ အရေး- မောင်စိန်လွင်(မြန်မာ့အလင်း)ဓာတ်ပုံ- မင်းထက်

ယနေ့ မြန်မာ့ရိုးရာလက်ဝှေ့လောကဟာဟတစ်ချိန်က ရိုးရာလက်ဝှေ့လောကနဲ့ မတူတာ ကတော့ အမှန်ပဲဖြစ်ပါတယ်။ ဘက်ပေါင်းစုံက ပြုပြင်ပြောင်းလဲ မက်မောစရာတွေ ရှိသလို ပြုပြင်ပြောင်းလဲတိုးတက်လာမှုမရှိသေးတဲ့ အပိုင်းတွေလည်းရှိနေသေးတယ်။ သိသိသာသာပြုပြင်ပြောင်းလဲမှုကို ပြောရရင် ယနေ့ခေတ်ရိုးရာ လက်ဝှေ့လောက သားတွေရဲ့ ငွေကြေး (ထိုးသတ်ကြေး)က လက်ရှိ ရိုးရာလက်ဝှေ့လောကသားတွေ အတွက် မက်လုံးတစ်ခုပင်ဖြစ်နေပါတယ်။ တစ်ချိန်က ရိုးရာလက်ဝှေ့လောကထိုး သတ်ကြေးနဲ့ ယနေ့ခေတ်ရိုးရာလက်ဝှေ့ထိုးသတ်ကြေးတို့ မတူညီပြောင်းလဲလာမှုဟာ သူ့ခေတ်သူ့အခါလို့ဆိုသော်လည်း မတူပြောင်းလဲတိုးတက်လာတာကတော့ အမှန်ပဲဖြစ် ပါတယ်။ ဒါ့ကြောင့်လည်း ရိုးရာလက်ဝှေ့လောကက နှစ်ရှည်လများ စွန့်ခွာသွားကြ တဲ့ ရိုးရာလက်ဝှေ့လောကသားတွေ ပြန်လည်ဝင်ရောက်လာခြင်းဖြစ်ပါတယ်။ ယနေ့ ခေတ် ရိုးရာလက်ဝှေ့လောကမှာ လက်ဝှေ့သမားတွေရပ်တည်မှု အဆင့်အတန်း မတူညီသလို ငွေကြေးရရှိမှုလည်းကွာဟနေတာကို တွေ့ရမှာဖြစ်ပါတယ်။ အဲဒီကွာဟမှု က ရိုးရာလက်ဝှေ့လောကသားတွေရဲ့ တိုးတက်ပြောင်းလဲချင်စိတ်ကို ဖြစ်ပေါ်စေ တယ်ဆိုရင် မှားမှာမဟုတ်ပါဘူး။ ပြောရရင် ဒီနေ့ခေတ် ရိုးရာလက်ဝှေ့လောကမှာ မြန်မာပြည်အလွတ်တန်းချန်ပီယံနဲ့ ပထမတန်းလက်ဝှေ့ကျော်တွေထိုးသတ်ကြေးရရှိမှုဟာ ခြားနားမှုသိပ်များနေတယ်။ ခြားနားမှု ဘာလို့များနေတယ်ဆိုတာကလည်း ရိုးရာလက်ဝှေ့လောကရဲ့ လက်ဝယ်ကိုင်စွဲနေတဲ့ မူဘောင်သတ်မှတ်မှုမရှိတာက ထင်ဟပ်ပေါ်လွင်နေတယ်လို့ ဆိုရမှာဖြစ်ပါတယ်။ ထိုးသတ်ကြေး မတူကွာဟမှုဟာ လက်ဝှေ့သမားတွေကို ကြိုးစားချင်စိတ်ဖြစ်ပေါ်စေတာတော့ အမှန်ပါပဲ။ အခု ရိုးရာ လက်ဝှေ့လောကမှာ ပထမတန်းလက်ဝှေ့ကျော်တွေ မြန်မာပြည်အလွတ်တန်း ချန်ပီယံဖြစ်ရေးအပြိုင်ကြိုးစားရုန်းကန်နေကြတာတွေကို တွေ့ရပါတယ်။ အဲဒီအထဲ မှာ မြန်မာပြည်ချန်ပီယံဖြစ်ရေးဟာ ကျွန်တော့်ရဲ့ အိပ်မက်က္ဘာလို့ပြောလာတဲ့ နဂါးမာန်ရိုးရာလက်ဝှေ့ကလပ်က ပထမတန်းလက်ဝှေ့ကျော် တူးတူးဟာလည်း ချန်ပီယံ ဖြစ်ရေးအချိန်ယူလေ့ကျင့်နေတယ်လို့ ကြားသိခဲ့ရပါတယ်။ ဒါကြောင့် မြန်မာပြည် အလွတ်တန်းချန်ပီယံဖြစ်ရေး အိပ်မက်က္ဘာဆီသို့သွားမယ့် ပထမတန်းလက်ဝှေ့ကျော် တူးတူးနဲ့ တွေ့ဆုံမေးမြန်းမှုတွေကို ရေးသားဖော်ပြလိုက်ပါတယ်။ 

မေး။ ။ တူးတူးအနေနဲ့ ဒီရိုးရာလက်ဝှေ့လောကထဲကို ဘယ်တုန်းက၊ အသက် ဘယ်လောက်က စတင်ခြေချဖြစ်ခဲ့တာလဲ။ ဘာကြောင့်ခြေချဖြစ်တယ်
ဆိုတာကိုပြောပြပေးပါဦး။
ဖြေ။ ။ ကျွန်တော်ကငယ်ငယ်ကတည်းက အတိုက်အခိုက် ဝါသနာပါတာပါ။ ပြောရရင် ၁ဝ တန်းတက်နေတဲ့ အချိန်ကစပြီးတော့ ဒီရိုးရာလက်ဝှေ့
လောကထဲကို စတင်ခြေချဖြစ်တာပေါ့။ အဲဒီတုန်းကငယ်ရွယ်တဲ့သူဆိုတော့ ခဏခဏ ပြဿနာလေးတွေဖြစ်ခဲ့တယ်။ ပြဿနာဖြစ်ပါများလာတော့ ကျွန်တော့်ဆရာကမင်း ဒီလောက် အထိုးအကြိတ်ဝါသနာပါနေရင် လက်ဝှေ့သမားလုပ်ပါလား၊ လက်ဝှေ့ထိုးပါ လားဆိုပြီးပြောတယ်။ ကျွန်တော်လည်း ဆရာတကယ်လား၊ တကယ်ထိုးရမှာလားလို့ မေးတော့ ထိုးလို့သူကပြောတယ်။ ဒါနဲ့ အဲဒီတုန်းက တောင်တွင်းကြီးမှာလုပ်တဲ့ လက်ဝှေ့ ပွဲမှာ ကျွန်တော့်ကို ပထမဆုံး ဝင်ထိုးခိုင်းတယ်။ အဲဒီ ပထမပွဲမှာပဲ ကျွန်တော် က တောင်တွင်းကြီးသားကို အလဲထိုးနဲ့နိုင်ခဲ့တာ။ ဒီလိုနဲ့ ဒီရိုးရာလက်ဝှေ့လောကထဲကို စရောက်လာတယ်လို့ပြောရမှာပါ။ အဲဒီတုန်းကအသက် ၁၇နှစ်အရွယ်။ ၂ဝဝ၈ လောက် ကပေါ့။
မေး။ ။ အဲဒီအသက် ၁၇ နှစ်အရွယ် ၁ဝတန်းကတည်းက ခုချိန်ထိတစိုက်မတ်မတ်ထိုး တာလား။ ဘယ်အရွယ်လောက်ကစပြီး တစိုက်မတ်မတ်ထိုးခဲ့တာလဲ။လက်ဦး
ဆရာရော ပြောပြပေးပါဦး။ 

ဖြေ။ ။ ကျွန်တော် ဒီရိုးရာလက်ဝှေ့လောကထဲကိုအရင်ကရံဖန်ရံခါပဲ ဝင်ထိုးဖြစ် ခဲ့တာပါ။ တစိုက်မတ်မတ် ထိုးဖြစ်တာကတော့ အခု ကျွန်တော့် ဆရာဖြစ်
တဲ့ ကဘော်မြေကိုကျော်စိုးနဲ့တွေ့မှ ထိုးဖြစ်တာ။ လုံးဝ လက်ဝှေ့သမားဘဝခံယူပြီး
တစိုက်မတ်မတ်ထိုးဖြစ်တာကတော့ သိပ်မကြာသေးဘူး။ ငါးနှစ်လောက်ပဲရှိသေးတယ်။
မေး။ ။ အခုလက်ရှိပွဲပေါင်းဘယ်လောက်ထိုးပြီးပြီလဲ။ အနိုင်၊ အရှုံးရောပြောပြ လို့ရမလား။ နောင်အနာဂတ်မှာရော ရိုးရာလက်ဝှေ့အပေါ်မှာ ဘယ်လောက်
အထိမှန်းထားသလဲ။ ဘယ်လိုခံယူချက်မျိုးထားလဲ။
ဖြေ။ ။ အခု လက်ရှိပွဲပေါင်း ၄ဝ ထိုးသတ်ထားပါတယ်။ ရှုံးပွဲကတော့မရှိသေးပါဘူး။ သရေ ၁ဝ ပွဲ ၊ နိုင် ပွဲ ၃ဝပါ။ ရိုးရာလက်ဝှေ့ထဲကို စတင်ခြေချကတည်းက
ကျွန်တော့်ရဲ့ အိပ်မက်က္ဘာ မျှော်လင့်ချက်က မြန်မာပြည်အလွတ်တန်းချန်ပီယံ
ဖြစ်ရေးပါ။ ဒါဟာ ရိုးရာလက်ဝှေ့သမားတိုင်းရဲ့ မျှော်လင့်ချက်လို့လည်း ထင်ပါတယ်။
ဘယ်လက်ဝှေ့သမားမဆို အလွတ်တန်းချန်ပီယံတော့ ဖြစ်ချင်ကြတာပဲ။ ဒါပေမယ့်
ခုတော့ မြန်မာပြည် အလွတ်တန်းချန်ပီယံက ကျွန်တော့်သူငယ်ချင်းဖြစ်နေတော့
ချန်ပီယံဖြစ်ရေးအိပ်မက်ကို ခဏရပ်ဆိုင်းထားရသလိုမျိုးဖြစ်နေတယ်။ ဒါပေမယ့်
အသက်အပိုင်းအခြားကလည်း စကားပြောလာပြီဖြစ်တာကြောင့် ချန်ပီယံဖြစ်ရေး
စိတ်ကူးအိပ်မက် ကို စတင်အကောင်အထည်ဖော်ရတော့မှာပါ။ နည်းပြဆရာကလည်း
ထိုးရမယ်၊ ကျေးဇူးရှင် ကလပ်ပိုင်ရှင်ကလည်း ထိုးရမယ်ဆိုလို့ ပွဲစီစဉ်သူရှိရင် ထိုးဖို့
စိတ်ကူးထားပါတယ်။

မေး။ ။ အရင်က ငါ့ညီတို့ နှစ်ဦးကိုပွဲစီစဉ်ပေးတယ်လို့သိရတယ်။ ဘာကြောင့်မထိုးဖြစ်ခဲ့ တာလဲ။ ပြောပြလို့ရမလား။
ဖြေ။ ။ ဟုတ် အရင်နှစ်ကနဲ့တူတယ်။ ကျွန်တော်နဲ့ ခုလက်ရှိချန်ပီယံထွန်းထွန်းမင်း နဲ့ကိုပွဲတည်ပေးဖို့ စီစဉ်တဲ့သူကလာပြောပါတယ်။ ဒါပေမယ့် နှစ်ဦးစလုံးက
ငြင်းဆန်ခဲ့တာပါ။ ကျွန်တော်တို့က သူငယ်ချင်းတွေ၊ မထိုးဘူးဆိုပြီးတော့၊ အဲဒီလို
ငြင်းဆန်လိုက်တဲ့အချိန်မှာ အွန်လိုင်း ကနေ ကျွန်တော်တို့ကို ပရိသတ်တွေ အများစုက ပုံစံအမျိုးမျိုးနဲ့ ဝေဖန်ခဲ့ကြ
တယ်။ ပထမတော့ ကျွန်တော်သူတို့ ဝေဖန်မှုကို ဒေါသထွက်မိတယ်။ နောက်
ပိုင်း တဖြည်းဖြည်း စဉ်းစားကြည့်တော့
သူတို့စေတနာကို နားလည်လာတယ်။
ငါ့ကိုဖြစ်စေချင်လို့ ပြောဆိုရေးသားကြ တာ နေမှာပါလေဆိုပြီး ဖြေသိမ့်မိပါ
တယ်။ ခုတော့ အဲဒီ ပရိသတ်ကြီးရဲ့
စေတနာကို တုံ့ပြန်တဲ့အနေနဲ့ သူတို့
ဖြစ်စေချင်တဲ့ ချန်ပီယံကိုရယူပြီး ကျေးဇူး
ဆပ်မယ်လို့ ဆုံးဖြတ်လိုက်ပါပြီ။
မေး။ ။ တကယ်လို့ ခုလက်ရှိ ချန်ပီယံ ထွန်းထွန်းမင်းနဲ့ တူးတူးတို့
ပွဲစီစဉ်သူရှိလို့ တကယ်ထိုးဖြစ်ခဲ့ရင်
ဘယ်လိုခံယူထားလဲ။ ဘယ်လောက်ထိ
မျှော်မှန်းထားလဲ။ 

ဖြေ။ ။ ကျွန်တော်တို့ ထိုးဖြစ်မယ် ဆိုရင်တော့ ကျွန်တော်တို့ပွဲက
ဘယ်ချန်ပီယံလု ပွဲနဲ့မှ တူမှာမဟုတ်
ပါဘူး။ ဘာကြောင့်လဲဆိုတော့ ပထမ
အချက်က တစ်နိုင်ငံလုံး ရိုးရာလက်ဝှေ့ ချစ်ပရိသတ်တွေက ကျွန်တော်တို့ပွဲကို
စိတ်ဝင်စားနေကြတာဖြစ်လို့ပဲ။
အရင်က လည်းမထိုးဘူးလို့ နှစ်ဦးစလုံးက ငြင်းဆန်ထားတာရှိတော့ ထိုးဖြစ် ခဲ့မယ်ဆိုရင် ပရိသတ်အထင်မှား၊ အမြင်မှားစေမယ့် ပုံစံမျိုးတော့ လုံးဝအဖြစ်ခံမှာ မဟုတ်ပါဘူး။
ပြောရရင် ကျွန်တော်တို့ပွဲက သရေကျလို့ လုံးဝမရပါဘူး။ တစ်ဦးတစ်ယောက်က
လုံးဝကို အပြတ်အသတ်နိုင်မှ ချန်ပီယံဆုနဲ့ ထိုက်တန်သလို ပရိသတ်ကလည်း
အားရကျေနပ်မှာဖြစ်ပါတယ်။ သူငယ်ချင်းနှစ်ယောက်ဖြစ်ပေမယ့် တစ်ယောက်နဲ့
တစ်ယောက် ညှာထိုးတာတွေ၊ အနိုင်၊ အရှုံးမပေါ်အောင် ထိုးတာတွေကို လုံးဝအဖြစ်ခံ
မှာ မဟုတ်ပါဘူး။

တူးတူး (နဂါးမာန်)သည် ယခုလက်ရှိတွင် အသက် ၂၆ နှစ်ရှိပြီဖြစ်ပြီး ဝိတ်တန်း အနေဖြင့် ၇၅ ကီလို ဝိတ်တန်းရှိသူဖြစ်ကာ လက်ရှိချန်ပီယံထွန်းထွန်းမင်းနှင့် ငါးကီလို ကွာခြားမှုရှိနေသည်။
ရိုးရာလက်ဝှေ့လောကသို့ ခြေချသည်မှ ယခုချိန်ထိရှုံးပွဲမရှိစံချိန်ပိုင်ဆိုင်ထား ပြီး၂ဝ၁၂ ခုနှစ် အာရှ(မွေ)ပြိုင်ပွဲတွင် ရွှေတံဆိပ်ဆုရှင်နှင့် ၂ဝ၁၃ ဆီးဂိမ်း(မွေ)တွင် ရွှေတံဆိပ် ဆုရှင်ဖြစ်ခဲ့ကာ လက်ရှိတွင် မြန်မာပြည်ပထမတန်း လက်ဝှေ့ကျော်တစ်ဦး အဖြစ် ရပ်တည်နေသူတစ်ဦးဖြစ်သည်။ တူးတူးကို ဖခင်ဦးမြင့်သူနှင့် မိခင် ဒေါ်ချိုတို့က မကွေးတိုင်းဒေသကြီး ဗူးကျွန်းကျေးရွာ၌ မွေးဖွားခဲ့ပြီး မွေးချင်းသုံးဦးရှိသည့်အနက်
အလတ်ဖြစ်ပြီး အစ်မတစ်ဦးနှင့် ညီမတစ်ဦးရှိသည်။ ၂ဝ၁၄ ခုနှစ်က အိမ်ထောင်ကျခဲ့ ပြီးသားတစ်ယောက် ဖခင်ဖြစ်သည်။

ဧရာဝတီတံတား(ထီးချိုင့်) ချဉ်းကပ်လမ်းရေကျော်၍ ယာယီပိတ်ဆို့ထား အဝေးပြေးယာဉ်များဖြတ်ကူးနိုင်ရေး စောင့်ဆိုင်းလျက်ရှိ


ထီးချိုင့် ဇူလိုင် ၃ဝ

စစ်ကိုင်းတိုင်းဒေသကြီး ကသာခရိုင် ထီးချိုင့်မြို့၌ ဧရာဝတီမြစ်ရေမြင့်တက်မှုကြောင့်ဧရာဝတီတံတား (ထီးချိုင့်) ချဉ်းကပ်လမ်း ထီးချိုင့်ဘက်အပိုင်းတွင် လမ်းရေကျော်လျက်ရှိရာ အဝေးပြေးယာဉ်များ ဖြတ်သန်း နိုင်ရေး ဇူလိုင် ၃ဝ ရက်တွင် စောင့်ဆိုင်းနေရကြောင်း သိရသည်။ 

''ထီးချိုင့်ဘက်အပိုင်း ချဉ်းကပ်လမ်းမှာ ဇူလိုင် ၂၆ ရက်က စတင်ပြီး သုံးပေခွဲခန့်ရေကျော်နေလို့ မြို့နယ်က တာဝန်ရှိသူတွေနဲ့ ဆောက်လုပ်ရေးဌာနတို့ညှိနှိုင်းကာ အန္တရာယ်ရှိနိုင်တယ်လို့ယူဆပြီး လမ်းကို ဖြတ်သန်းသွားလာခြင်းမပြုဖို့ ယာယီလမ်းပိတ်ထားပါတယ်။ ယနေ့ညနေ ၃ နာရီလောက်မှာ မန္တလေး- မြစ်ကြီးနား အဝေးပြေးယာဉ်ကြီးတချို့က ကုန်စိမ်းတွေပါရှိတဲ့အတွက် ပျက်စီးမှာစိုးရိမ်ပြီး ရေကျော်လမ်း ကို ဇွတ်ဖြတ်သန်းကြတဲ့အတွက် သက်ဆိုင်ရာ ဆောက်လုပ်ရေးဌာနကယာဉ်နဲ့ ကန့်လန့်ခံ တားဆီး ပိတ်ဆို့ထားရပါတယ်။ မော်တော်ယာဉ်တွေနှင့် ခရီးသွားပြည်သူတွေ မလိုလားအပ်တဲ့ အန္တရာယ်မဖြစ်ပေါ် စေဖို့အတွက် သက်ဆိုင်ရာက ယာယီပိတ်ဆို့ထားတာဖြစ်ပါတယ်။ စိတ်ချရတဲ့အခြေအနေမှာ ပုံမှန် ပြန်လည် ဖြတ်သန်းခွင့်ပြုပေးသွားမယ်''ဟု တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
အဆိုပါ ချဉ်းကပ်လမ်းရေကျော်နေမှုဖြစ်စဉ်ကြောင့် အဆိုပါလမ်းပိုင်းမှတစ်ဆင့် ကချင်ပြည်နယ်ရှိ မြစ်ကြီးနား၊ မိုးညှင်း၊ မိုးကောင်းမြို့များသို့ သွားရောက်ကြမည့် ကုန်တင်ယာဉ်ကြီးများ ရပ်တန့်စောင့်ဆိုင်း နေရကြောင်း သိရသည်။
ဇွဲမာန်(ထီးချိုင့်)

ဧရာဝတီမြစ်ရေဝင်ရောက်မှုကြောင့် စာသင်ကျောင်းများ ပိတ်ထားခဲ့ရပြီး အိမ်များအတွင်း ရေများဝင်ရောက်


ကသာ ဇူလိုင် ၃ဝ

စစ်ကိုင်းတိုင်းဒေသကြီး ကသာခရိုင် ကသာနှင့် ထီးချိုင့်မြို့နယ် တို့၌ ဇူလိုင် ၂၉ ရက်က ဧရာဝတီမြစ်ရေ မြင့်တက်လာမှုကြောင့် ကသာမြို့နယ်တွင် စာသင်ကျောင်း ၃၄ ကျောင်း၊ ထီးချိုင့် မြို့နယ်တွင် စာသင်ကျောင်း ၂၅ ကျောင်းတို့ရေဝင်သဖြင့် ပိတ်ထားရပြီး အိမ်များအတွင်းသို့လည်း ရေများဝင်ရောက်ခဲ့ ကြောင်း သိရသည်။ ဧရာဝတီမြစ်ရေ ဝင်ရောက်မှုကြောင့် ထီးချိုင့်မြို့ပေါ်ရှိ အမှတ် (၃)ရပ်ကွက်နှင့် အမှတ် (၄) ရပ်ကွက် ရှိ အိမ်ထောင်စုများကို ကျောက်စေတီဘုန်းကြီးကျောင်းနှင့် ရွှေစည်းခုံဘုန်းကြီးကျောင်းတို့၌ ကယ်ဆယ်ရေးစခန်း ဖွင့် လှစ်ထားပြီး လူနှင့် တိရ္ဆာန်များ ထိခိုက်ဒဏ်ရာရမှု မရှိ ကြောင်း သိရသည်။

မြို့နယ်အုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ တပ်မတော်သားများ၊ ရဲတပ်ဖွဲ့နှင့် မီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့တွင်းမီဒီယာများ၊ လူမှု ရေးအသင်းများနှင့် ဌာနဆိုင်ရာများ ပူးပေါင်းပါဝင်၍ ရေဝင် ဒေသများကို ပံ့ပိုးကူညီမှုများ ဆောင်ရွက်ပေးခဲ့ကြကြောင်း သိရသည်။
ငွေအိုး (ကသာ)

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ ဦးသိန်းစိန်နှင့် ''ဝ''အထူးဒေသ (၂)မှ ဦးပေါက်ယူယိ ဦးဆောင်သည့် အဖွဲ့၊ အထူးဒေသ (၄) မိုင်းလားမှ ဦးစိုင်းလင်းဦးဆောင်သည့်အဖွဲ့တို့ တွေ့ဆုံ

Myanmaalinn's photo.
 နေပြည်တော် ဇူလိုင် ၃ဝ

''ဝ''အထူးဒေသ(၂) မှ ''ဝ'' ပြည်သွေးစည်းညီညွတ်ရေးပါတီ ဗဟိုပေါလစ်ဗျူရိုအမြဲတမ်းကော်မတီ ဒုတိယအထွေထွေအတွင်းရေး မှူးချုပ် ဦးပေါက်ယူယိ ဦးဆောင်သည့် အဖွဲ့ (အပေါ်ပုံ)နှင့် အထူးဒေသ(၄) မိုင်းလား၊ ငြိမ်းချမ်းရေးနှင့် စည်းလုံးရေးကော်မတီဥက္ကဋ္ဌ ဦးစိုင်းလင်း ဦးဆောင်သည့်အဖွဲ့တို့သည် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ ဦးသိန်းစိန်အား ယနေ့ နံနက်ပိုင်းတွင် နေပြည်တော်ရှိ ပါတီဌာနချုပ်အစည်းအဝေးခန်းမ၌ သွားရောက်တွေ့ဆုံသည်။
ထိုသို့ တွေ့ဆုံရာတွင် တိုင်းရင်းသားပြည်သူအားလုံး လက်ခံနိုင်သော စစ်မှန်သည့် ငြိမ်းချမ်းရေးဖော်ဆောင်ရေးကိစ္စရပ်များ၊ နိုင်ငံအတွင်း တိုင်းရင်းသားအားလုံး ဥမကွဲ သိုက်မပျက် စည်းလုံးညီညွတ်စွာ နေထိုင်နိုင်ရေးနှင့် နယ်စပ်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြကြောင်း သိရှိရသည်။

(သတင်းစဉ်)

စုံညီခုံရုံးက ရွေးကောက်ပွဲအယူခံအမှုအမှတ် (၂)နှင့် (၃)အား အပြီးသတ်အမိန့်ချမှတ်


Myanmaalinn's photo.
 နေပြည်တော် ဇူလိုင် ၃ဝ

ကချင်ပြည်နယ် မချမ်းဘောမြို့နယ် မဲဆန္ဒနယ် အမှတ်(၁) ပြည်နယ် လွှတ်တော် ကိုယ်စားလှယ်အဖြစ် ရွေးချယ်တင်မြှောက်ခြင်း ခံထားရသူ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီမှ ဦးရားဝမ်ဂျုံအပေါ် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ပါတီမှ ပြည်နယ် လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးစော နွဲ့ခွန်ဆိုင်ခမ်း၏ ရွေးကောက်ပွဲကန့်ကွက် လွှာအမှုကို ၂ဝ၁၆ ခုနှစ် မေ ၃ဝ ရက်တွင် ရွေးကောက်ပွဲခုံအဖွဲ့ (၂) ကချမှတ်ခဲ့သည့် စီရင်ချက်(အမိန့်)အပေါ် ဦးစောနွဲ့ခွန် ဆိုင်ခမ်းက ကျေနပ်မှုမရှိသဖြင့် အယူခံ မှုတင်သွင်းလာရာ ပြည်ထောင်စုရွေး ကောက်ပွဲကော်မရှင်က အယူခံမှု အမှတ် (၂/၂ဝ၁၆) ဖြင့် လက်ခံခဲ့သည်။
အယူခံတင်သွင်းခြင်း ကိစ္စနှင့် စပ်လျဉ်း၍ ၂ဝ၁၆ ခုနှစ် ဇူလိုင် ၂၉ ရက် တွင် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌ ဦးလှသိန်းက ဥက္ကဋ္ဌ၊ ခုံအဖွဲ့ဝင်များအဖြစ် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင်များ ဖြစ်ကြသည့် ဦးအောင်မြင့်၊ ဦးစိုးရယ်၊ ဦးထွန်းခင်၊ ဦးလှတင့်တို့ ပါဝင်သည့် စုံညီခုံရုံးက ကချင်ပြည်နယ် မချမ်းဘော မြို့နယ် မဲဆန္ဒနယ် အမှတ်(၁) ပြည်နယ် လွှတ်တော် ကိုယ်စားလှယ်အဖြစ် ဦးရားဝမ်ဂျုံအား ရွေးကောက်တင် မြှောက်ခြင်းသည် ပျက်ပြယ်ခြင်းမရှိ တရားဝင်ဖြစ်သည်ဟု မူလရွေးကောက်ပွဲ ခုံအဖွဲ့(၂)၏ ဆုံးဖြတ်ချက်ကို အတည်ပြု ကြောင်း စရိတ်နှင့်တကွ ပယ်သည့် အပြီးသတ် အမိန့်ချမှတ်ခဲ့ကြောင်း သိရှိရသည်။
ထို့အပြင် ကချင်ပြည်နယ် ဆော့လော်မြို့နယ် မဲဆန္ဒနယ် အမှတ် (၁) ပြည်နယ်လွှတ်တော် ကိုယ်စား လှယ်အဖြစ် ရွေးချယ်တင်မြှောက်ခြင်း ခံထားရသူ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ဒေါ်လွမ်းလမ်းအပေါ် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီမှ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် လောင်း ဦးစံဝေခေါင်လွမ်း၏ ရွေးကောက်ပွဲ ကန့်ကွက်လွှာအမှုကို ၂ဝ၁၆ ခုနှစ် မေ ၃၁ ရက်တွင် ရွေးကောက် ပွဲခုံအဖွဲ့(၂)က ချမှတ်ခဲ့သည့် စီရင်ချက် (အမိန့်)အပေါ် ဦးစံဝေခေါင်လွမ်းက ကျေနပ်မှုမရှိသဖြင့် အယူခံမှုတင်သွင်း လာရာ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က အယူခံမှုအမှတ် (၃/၂ဝ၁၆)ဖြင့် လက်ခံခဲ့သည်။
အယူခံတင်သွင်းခြင်း ကိစ္စနှင့် စပ်လျဉ်း၍ ၂ဝ၁၆ ခုနှစ် ဇူလိုင် ၂၉ ရက် တွင် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌ ဦးလှသိန်းက ဥက္ကဋ္ဌ၊ ခုံအဖွဲ့ဝင်များအဖြစ် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ဝင်များ ဖြစ်ကြသည့် ဦးအောင်မြင့်၊ ဦးစိုးရယ်၊ ဦးထွန်းခင်၊ ဦးလှတင့်တို့ ပါဝင်သည့် စုံညီခုံရုံးက ကချင်ပြည်နယ် ဆော့လော် မြို့နယ် မဲဆန္ဒနယ် အမှတ်(၁) ပြည်နယ် လွှတ်တော် ကိုယ်စားလှယ်အဖြစ် ဒေါ်လွမ်းလမ်း ရွေးကောက်တင်မြှောက် ခံရခြင်းသည် အတည်ဖြစ်သည်ဟု မူလရွေးကောက်ပွဲခုံအဖွဲ့(၂)၏ ဆုံးဖြတ် ချက်ကို အတည်ပြုကြောင်း စရိတ်နှင့် တကွပယ်သည့် အပြီးသတ်အမိန့်ချမှတ် ခဲ့ကြောင်း သိရှိရသည်။

(သတင်းစဉ်)

ပြည်သူကယုံကြည်ကိုးစားထိုက်သည့် ဥပဒေအရာရှိကောင်းများဖြစ်လာစေရန် ဥပဒေနှင့်အညီ မှန်မှန်ကန်ကန်နှင့် တရားမျှတမှုရှိရေးအတွက် စေတနာထားလုပ်ကိုင်ဆောင်ရွက်ကြရန် မှာကြား


Myanmaalinn's photo.
 နေပြည်တော် ဇူလိုင် ၃ဝ

ပြည်ထောင်စုရှေ့နေချုပ် ဦးထွန်းထွန်းဦးသည် ဇူလိုင် ၂၉ ရက် ညနေ ၄ နာရီက ပြည်ထောင်စုရှေ့နေချုပ်ရုံး အစည်း အဝေးခန်းမ၌ ကျင်းပသည့် ဥပဒေအရာရှိအဆင့်(၄)မှ အဆင့် (၃ )သို့ ရာထူးတိုးစာမေးပွဲ လာရောက်ဖြေဆိုကြသော ရုံးချုပ်၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးမှ ဥပဒေအရာရှိ အဆင့် (၄)များနှင့် တွေ့ဆုံပွဲသို့ တက်ရောက်၍ နိုင်ငံတော်၏ မူဝါဒများ နှင့် လုပ်ငန်းဆိုင်ရာများကို မှာကြားခဲ့သည်။
ထိုသို့ အမှာစကားပြောကြားရာတွင် ပြည်ထောင်စု ရှေ့နေချုပ်အဖြစ် တာဝန်ယူပြီးချိန်မှစ၍ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးမှ ရာထူးတိုးစာမေးပွဲ လာရောက်ဖြေဆိုကြ သည့် အဆင့်ဆင့်သော ဥပဒေအရာရှိများကို တွေ့ဆုံ၍ လုပ်ငန်း ဆိုင်ရာများ လမ်းòန်မှာကြားခဲ့သည်မှာ ယခုဆိုလျှင် (၃)ကြိမ် မြောက် ဖြစ်ပါကြောင်း၊ အလားတူ ရန်ကုန်နှင့် မ္တလေးမြို့များသို့ တရားဥပဒေစိုးမိုးရေးစင်တာနှင့် ဥပဒေရေးရာလုပ်ငန်းများ အတွက် သွားရောက်ခဲ့စဉ်က သက်ဆိုင်ရာ တိုင်းဒေသကြီး အတွင်းရှိ ဥပဒေအရာရှိများကိုတွေ့ဆုံ၍လည်း လုပ်ငန်းဆိုင်ရာ များ မှာကြားခဲ့ပါကြောင်း၊ ယခုကဲ့သို့ တစ်နိုင်ငံလုံးရှိ ဒေသ အသီးသီးတွင် တာဝန်ထမ်းဆောင်နေကြသော ဥပဒေအရာရှိ များကို မိမိတို့ တာဝန်ထမ်းဆောင်ရသည့် လုပ်ငန်းတာဝန်များ နှင့် စပ်လျဉ်း၍ ကောင်းစွာ နားလည်သဘောပေါက်ပြီး တာဝန် ကိုကျေပွန်စွာ ထမ်းဆောင်ကြရေးအတွက် အခါအခွင့်သင့်တိုင်း တွေ့ဆုံမှာကြားရခြင်းဖြစ်ကြောင်း၊ နိုင်ငံတော်အကြီးအကဲ များက အဂတိတရားကင်းစင်သော လူ့အသိုင်းအဝိုင်း ဖော် ဆောင်ရေး၊ နိုင်ငံတော်တွင် တရားဥပဒေစိုးမိုးမှုရှိပြီး နိုင်ငံသူ နိုင်ငံသားများအားလုံး တရားဥပဒေ၏ ကာကွယ်မှုအောက် တွင် လုံလုံခြုံခြုံရှိစေရေး၊ တရားမျှတမှုရှိရေး၊ ကောင်းမွန် သက်ရောက်မှုရှိသည့် ဥပဒေများဖြစ်စေရေး စသည်တို့ကို လမ်းòန်ခဲ့ပါကြောင်း၊ အဆိုပါ လမ်းòန်မှုများနှင့်အညီ ပြည်ထောင်စုရှေ့နေချုပ်ရုံး၏ လုပ်ငန်းတာဝန်များကို အကောင် အထည်ဖော်လျက်ရှိရာ ဥပဒေအရာရှိ တစ်ဦးချင်းစီအနေဖြင့် ပြည်သူကိုအကျိုးပြုသည့်၊ ပြည်သူက ယုံကြည်ကိုးစားထိုက် သည့် ဥပဒေအရာရှိကောင်းများ ဖြစ်လာစေရန် စိတ်ဓာတ်ခံယူ ချက်များထားရှိ၍ ကြိုးပမ်းဆောင်ရွက်ကြရမည် ဖြစ်ကြောင်း၊ မိမိတို့၏ လုပ်ငန်းတာဝန်များကိုထမ်းဆောင်ရာတွင် ဥပဒေနှင့် အညီ မှန်မှန်ကန်ကန်နှင့် တရားမျှတမှုရှိရေးအတွက် စေတနာ ထား လုပ်ကိုင်ဆောင်ရွက်ကြရန်၊ ကိုယ်ကျင့်သိက္ခာထိန်းသိမ်း ၍ အဂတိတရားကင်းရှင်းစွာဖြင့် နေထိုင်ဆောင်ရွက်ကြရန်၊ ဥပဒေရေးရာများတွင် နှံ့စပ်ကျွမ်းကျင်ရေးအတွက် စဉ်ဆက် မပြတ် လေ့လာဆည်းပူးကြရန် လိုအပ်ကြောင်း လမ်းòန် မှာကြားခဲ့သည်။
အဆိုပါအခမ်းအနားသို့ ဒုတိယရှေ့နေချုပ် ဦးဝင်းမြင့်၊ အမြဲတမ်းအတွင်းဝန် ဒေါ်နုနုယဉ်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယòန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများနှင့် ရာထူးတိုးစာမေးပွဲဖြေဆိုမည့် ဥပဒေအရာရှိ အဆင့်(၄) ၁ဝ၁ ဦးတို့ တက်ရောက်ခဲ့ကြသည်။

(သတင်းစဉ်)

31.7.2016 မြန်မာ့အလင်း ကာတွန်း

မကြာမီကျင်းပမည့် ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ -(၂၁)ရာစုပင်လုံတွင် တိုင်းရင်းသားညီအစ်ကိုများ အများဆုံး ပါဝင်ပူးပေါင်းနိုင်အောင် ဆောင်ရွက်သွားမည်



 နေပြည်တော် ဇူလိုင် ၃ဝ

ဒေါက်တာတင်မျိုးဝင်း ဥက္ကဋ္ဌအဖြစ်ဦးဆောင်သည့် ငြိမ်းချမ်းရေးကော်မရှင်နှင့် ''ဝ'' ပြည်သွေးစည်းညီညွတ် ရေးပါတီ ဗဟိုပေါလစ်ဗျူရို အမြဲတမ်းကော်မတီ ဒုတိယအထွေထွေအတွင်းရေးမှူးချုပ် ဦးပေါက်ယူယိ ဦးဆောင်သည့် ''ဝ''အထူးဒေသ (၂) ကိုယ်စားလှယ်အဖွဲ့သည် ယနေ့နံနက် ၁ဝ နာရီတွင် နေပြည်တော်ရှိ ရွှေစံအိမ်ဟိုတယ်၌ တွေ့ဆုံကြသည်။
ထိုသို့တွေ့ဆုံခဲ့မှုနှင့်စပ်လျဉ်း၍ ငြိမ်းချမ်းရေးကော်မရှင်အတွင်းရေးမှူး ဒုတိယ ဗိုလ်ချုပ်ကြီး(ငြိမ်း)ဦးခင်ဇော်ဦးက '' ''ဝ''အထူးဒေသ (၂)ကိုယ်စားလှယ်တွေအနေနဲ့ မနေ့က နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်တို့နဲ့ တွေ့ဆုံမှုတွေမှာ ပွင့်ပွင့်လင်းလင်း၊ တန်းတူရည်တူမှုရှိရှိ ဆွေးနွေး နိုင်ခဲ့တဲ့အတွက် သူတို့အနေနဲ့ များစွာဝမ်းသာတဲ့အကြောင်းပြောပါတယ်၊ ''ဝ''အထူးဒေသ (၂) ဟာ အရင် အစိုးရ၊ တပ်မတော်တို့နဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေမှာ စိတ်ရောကိုယ်ရော ပူးပေါင်းဆောင်ရွက်ခဲ့သလို အခုလက်ရှိအစိုးရ၊ တပ်မတော်တို့နဲ့လည်း ငြိမ်းချမ်းရေးအတွက် ဆက်လက်ပြီး အပြည့်အဝ ပူးပေါင်းဆောင် ရွက်သွားမှာ ဖြစ်တဲ့အကြောင်း၊ နိုင်ငံတော်ရဲ့ ငြိမ်းချမ်းရေးကို မျှော်လင့်ချက်ကြီးစွာထားရှိပြီး လေးလေး နက်နက်လည်းထားကြောင်း၊ ဒါပေမယ့် နိုင်ငံရဲ့အခြေအနေအရ အခက်အခဲတွေရှိနိုင်တဲ့အကြောင်း၊ အဲဒီ အခက်အခဲတွေကို အခုလို မကြာခဏတွေ့ဆုံဆွေးနွေး ညှိနှိုင်းအဖြေရှာတဲ့ နည်းလမ်းနဲ့သွားမယ်ဆိုရင် ပြေလည်သွားနိုင်မယ့်အကြောင်း၊ မိမိတို့ ညီအစ်ကိုတွေပူးပေါင်းပြီး ငြိမ်းချမ်းရေးကို တည်ဆောက်သွားနိုင် မယ်လို့ ယုံကြည်ပါကြောင်း'' နှစ်ဖက်တွေ့ဆုံမှုအပြီး မီဒီယာများနှင့် တွေ့ဆုံစဉ် ပြောကြားခဲ့ပြီး နိုင်ငံရေး ဆွေးနွေးမှု မူဘောင်ပြန်လည်သုံးသပ် သည့် ဆွေးနွေးပွဲတက်ရောက်ရန် ဖိတ်ကြားခြင်းနှင့် ပတ်သက်၍လည်း မေးမြန်းမှုများကို ရှင်းလင်းဖြေကြားပေး ခဲ့ကြောင်း ဖြည့်စွက်ပြောကြားသည်။
''သူတို့မေးတဲ့ နိုင်ငံရေးဆွေးနွေးမှု မူဘောင် ပြန်လည်ဆွေးနွေးမယ့် ကိစ္စတွေ ဟာ NCA ကနေ ပေါ်ပေါက်လာတာဖြစ်ပါ တယ်။NCA ဆိုတာ တစ်နိုင်ငံလုံးပစ်ခတ် တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်လို့ ခေါင်းစဉ်တပ်ထားပေမယ့်လည်း ပစ်ခတ် တိုက်ခိုက်မှုရပ်စဲရေး တစ်ခုတည်းသာ မဟုတ်ဘဲ နိုင်ငံရေးဆွေးနွေးမှုတွေပါ ပါဝင်ပါတယ်။ ဒါကြောင့် နိုင်ငံရေး ဆွေးနွေးမှုတွေ ဆောင်ရွက်နိုင်ဖို့အတွက် နိုင်ငံရေးဆွေးနွေးမှု မူဘောင်ကို ရေးဆွဲရ ပါတယ်။ ညီလာခံကို ဘယ်လိုကျင်းပမယ်။ ကိုယ်စားလှယ် အချိုးအစားတွေကို ဘယ်လိုခွဲဝေကြမယ်။ ဘယ်လိုခေါင်းစဉ် တွေဆွေးနွေးကြမယ် စသည်ဖြင့် ဒီလို အချက်တွေကို မူဘောင်မှာ အသေးစိတ် ရေးဆွဲထားပါတယ်။
အရင်ရေးဆွဲထားတဲ့ နိုင်ငံရေး ဆွေးနွေးမှုမူဘောင်ကို မူတည်ပြီးတော့ ပထမအကြိမ်ညီလာခံကို အရင်အစိုးရ လက်ထက်က ကျင်းပနိုင်ခဲ့ပါတယ်။ အဲဒီ ရေးဆွဲထားတဲ့ မူဘောင်မှာ ပြင်ဆင်ခွင့် ရှိတယ်လို့ ပါရှိပါတယ်။ အရင်အခြေအနေ နဲ့ လက်ရှိအခြေအနေက ပြောင်းလဲလာပြီဖြစ်တဲ့အတွက်ကြောင့် မူဘောင်ကို ပြင်ဆင်ပြောင်းလဲဖို့လည်း လိုအပ်လာပါ တယ်။ ပြင်ဆင်ပြောင်းလဲဖို့ လိုအပ်လာ သလို ပြင်ဆင်ပြောင်းလဲနိုင်ခွင့်လည်း ရှိတဲ့အတွက်ကြောင့် ဒါကို တိုင်းရင်းသား ညီအစ်ကိုတွေနဲ့ ပြန်လည်ဆွေးနွေး ညှိနှိုင်းပြီး မူဘောင်ကိုသုံးသပ်မယ်။ ပြီးရင် ပြင်ဆင်သင့်တာတွေကို ပြင်ဆင်မယ်။ ပြီးရင် ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ - (၂၁) ရာစု ပင်လုံကို ကျင်းပမှာ ဖြစ်ပါတယ်။
ဒီငြိမ်းချမ်းရေး ညီလာခံကို ကျွန်တော်တို့ တိုင်းရင်းသားညီအစ်ကိုတွေ ပူးပေါင်းပြီး လုပ်ထားတယ်ဆိုတာမျိုး ပေါ်လွင်အောင် ဆောင်ရွက်နေတာဖြစ်ပါ တယ်။ သူတို့တွေကိုလည်း ဒီထဲမှာ ပါဝင် လာခြင်းအားဖြင့် တို့လည်းပိုင်ဆိုင်တယ်။ တို့တွေအတူတကွ ဆောင်ရွက်ခဲ့တယ် ဆိုတဲ့ ခံစားမှုမျိုးရနိုင်အောင် ဆောင် ရွက်နေတာဖြစ်ပါတယ်''ဟု ''ဝ''အထူး ဒေသ (၂) အဖွဲ့အား ရှင်းပြခဲ့မှုနှင့်စပ်လျဉ်း ၍ ဦးခင်ဇော်ဦးက ပြောသည်။
''ဝ''အထူးဒေသ (၂) အဖွဲ့အနေဖြင့် ¤င်းတို့၏ခေါင်းဆောင်များကို ဆက်လက် တင်ပြပြီး ယခု မူဘောင်ဆွေးနွေးပွဲတွင် ပါဝင်လာနိုင်အောင် ကြိုးစားမည်ဟု ပြောကြားခဲ့ကြောင်းလည်း ဦးခင်ဇော်ဦး က မီဒီယာများကို ဆက်လက်ပြောကြား ခဲ့သည်။
ထို့ပြင် မိမိတို့အနေဖြင့်လည်း မကြာမီကျင်းပမည့် ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ -(၂၁)ရာစုပင်လုံ တွင် တိုင်းရင်းသားညီအစ်ကိုများ တတ်နိုင်သမျှ အများဆုံး ပါဝင်ပူးပေါင်း ဆောင်ရွက်နိုင်အောင် ဆောင်ရွက်သွား မှာဖြစ်သည်ဟု''ဝ''အထူးဒေသ (၂) အဖွဲ့ အား ပြောကြားခဲ့ကြောင်း ဦးခင်ဇော်ဦး က ဆိုသည်။
ငြိမ်းချမ်းရေးကော်မရှင်သည် အထူး ဒေသ (၄)မိုင်းလားအဖွဲ့နှင့်လည်း ရန်ကုန် မြို့ အမျိုးသားပြန်လည်သင့်မြတ်ရေး နှင့် ငြိမ်းချမ်းရေးဗဟိုဌာန၌ သြဂုတ် ၂ ရက် မွန်းလွဲ ၁ နာရီတွင် တွေ့ဆုံရန် စီစဉ် ထားကြောင်း သိရသည်။
ငြိမ်းချမ်းရေး ဆွေးနွေးမှုလုပ်ငန်း များ တာဝန်ယူဆောင်ရွက်နိုင်ရန်နှင့် အမျိုးသား ပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာနက ချမှတ်ပေး သော လုပ်ငန်းတာဝန်များ အကောင် အထည်ဖော်ဆောင်ရွက်နိုင်ရန်အတွက် နိုင်ငံတော်သမ္မတက ငြိမ်းချမ်းရေး ကော်မရှင်ကို ၂ဝ၁၆ ခုနှစ် ဇူလိုင်လ ၁၁ ရက်နေ့က ဖွဲ့စည်းပေးခဲ့ခြင်းဖြစ် သည်။
ငြိမ်းချမ်းရေးကော်မရှင်အနေဖြင့်(Nationwide Ceasefire Agree- ment- NCA)ကို အခြေခံ၍ အကောင် အထည်ဖော်ဆောင်ရွက်မည့် ပြည်ထောင် စု ငြိမ်းချမ်းရေး ညီလာခံ-(၂၁) ရာစု ပင်လုံကို ၂ဝ၁၆ ခုနှစ် သြဂုတ်လ စတုတ္ထ ပတ် နောက်ဆုံးထား၍ ကျင်းပနိုင်ရေး ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်းနှင့် ပါဝင်သင့် ပါဝင်ထိုက်သူများ ပါဝင်နိုင် ရေးအတွက် အကြိုပြင်ဆင်ရေး လုပ်ငန်း စဉ်များ ဆောင်ရွက်လျက်ရှိကြောင်း သိရ သည်။

ကျော်သူထက်

ထင်သာမြင်သာ ပြုပြင်စရာ



အမှိုက်များစည်းကမ်းမဲ့စွာစွန့်ပစ်ခြင်း တားမြစ်ပေးစေလို
ပဲခူးတိုင်းဒေသကြီး ရေတာရှည်မြို့နယ် ဆွာမြို့တောင်ဘက်အဝင် ရန်ကုန်-မ္တလေး ကားလမ်း အနောက်ဘက်ဘေး၌ အမှိုက်များစည်းကမ်းမဲ့စွာစွန့်ပစ်ခြင်းကြောင့် အနံ့အသက်များဆိုးရွားခြင်းအပြင် မြို့၏ပုံရိပ်ကိုပါထိခိုက်နေသည့်အတွက် အဆိုပါ အမှိုက်များစွန့်ပစ်မှုကို ထိရောက်စွာဆောင်ရွက်သင့်ကြောင်း ပြောဆိုနေကြသည်။ စည်ပင်သာယာဈေးမှ အမှိုက်များအား မြို့နယ်စည်ပင်သာယာရေးအဖွဲ့က နေ့စဉ် စနစ်တကျသိမ်းဆည်းပေးနေသော်လည်း ရပ်ကွက်များရှိ စွန့်ပစ်အမှိုက်များအား ဆိုက်ကား၊ သုံးဘီးဆိုင်ကယ်၊ ဆိုင်ကယ်နောက်တွဲယာဉ်များဖြင့် နေ့စဉ်လာရောက် စွန့်ပစ်ခြင်းကြောင့် တစ်နေ့ထက်တစ်နေ့ ပိုမိုများပြားလာနေသည်။
''မြို့အဝင်ဆိုင်းဘုတ်နဲ့ကပ်နေတာရယ်၊ နေ့စဉ်ကားလမ်းတစ်လျှောက်သွားလာ နေကြတဲ့ ခရီးသွားတွေမြင်ရင် ဒီမြို့က အလွန်စည်းကမ်းမဲ့တဲ့ မြို့လို့ အထင်ရောက် သွားနိုင်တဲ့အတွက် မြို့သူ/မြို့သားတွေအနေနဲ့ အမှိုက်ကို စနစ်တကျ စွန့်ပစ် သင့်ပါတယ်''ဟု မြို့ခံတစ်ဦးက ပြောကြားသည်။ နေ့စဉ်ထွက်ရှိလျက်ရှိသည့် အမှိုက်များအား စွန့်ပစ်ရန် မြေနေရာရှားပါးခြင်းနှင့် အမှိုက်များအား မီးရှို့ဖျက်ဆီး သည့် စနစ်ထားရှိနိုင်ပါက ယခုထက်အဆင်ပြေစေနိုင်မည်ဖြစ်ကြောင်း အဆိုပါ မြို့ခံကပင်ဆက်၍ပြောသည်။
 
ကိုလွင်(ဆွာ)

မြန်မာ့အလင်း အယ်ဒီတာ့အာဘော်




 
နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်ရာတွင် လိုအပ်သောအရင်းအနှီးကို စုဆောင်းခြင်း

နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးဟုဆိုလိုက်သည်နှင့် (ငွေကြေး)ရင်းနှီးမြှုပ်နှံမှု၊ နည်းပညာ၊ သဘာဝသယံဇာတနှင့် လူ့စွမ်းအားအရင်းအမြစ် စသော အခြေခံအကြောင်းအရာများကို ကနဦးတွေးမြင်မိကြသည်။ လက်တွေ့ အားဖြင့်လည်း ဖွံ့ဖြိုးဆဲနိုင်ငံတစ်နိုင်ငံအနေဖြင့် မိမိနိုင်ငံ၏ စီးပွားရေး ဖွံ့ဖြိုးတိုးတက်အောင်ဆောင်ရွက်ရာတွင် ရှေးဦးစွာ ရင်ဆိုင်ကြရသည်မှာ ငွေကြေးအရင်းအနှီး ချို့တဲ့မှုပြဿနာပင်ဖြစ်သည်။  နိုင်ငံဖွံ့ဖြိုးတိုးတက် ရေးအတွက် လိုအပ်သောအရင်းအနှီးကို မည်သို့ရှာဖွေမည်နည်းဟူသော ပ္ဆုာအတွက်မူ အဖြေများအမျိုးမျိုးရှိသည်။
''အရင်းသည် ချွေတာစုဆောင်းမှုကြောင့်  တိုးပြီး သုံးဖြုန်းခြင်း ကြောင့် လျော့ပါးသည်။ လူတစ်ယောက်၏ဝင်ငွေထဲမှ စုဆောင်းမှုသည် အရင်းအစုအပုံကိုတိုးစေပြီး နောက်ထပ်အလုပ်လုပ်မည့်လက်များကို ကျွေးမွေးခန့်ထားနိုင်သည်။ သို့မဟုတ် ထိုသို့ပြုလုပ်သူတို့ကို ထုတ်ချေးခြင်း ဖြင့် ထိုသူ၏အမြတ်ထဲမှ ဝေစုတစ်စုကို အတိုးတစ်ခုအဖြစ်ရရှိစေနိုင်သည်။ ပုဂ္ဂလိကတစ်ဦးချင်း၏ အရင်းသည် သူ၏နှစ်စဉ်ဝင်ငွေ သို့မဟုတ် တိုးပွား မှုများ  gains  ထဲမှ စုဆောင်းဖြစ်ပေါ်ရသလို လူ့အဖွဲ့အစည်းတစ်ခုတွင် လည်း ထိုပါဝင်သော ပုဂ္ဂလိကတစ်ဦးချင်းတို့၏ စုဆောင်းမှုအားလုံးအပေါ် တည်မည်''ဟူ၍   ကျမ်းရိုးဘောဂဗေဒပညာရှင်   အဒမ်စမစ်က ၎င်း၏ ''နိုင်ငံများ၏ဥစ္စာဓန''  (Wealth of Nations) စာအုပ်တွင် ဖော်ပြ ခဲ့သည်။
နိုင်ငံဖွံ့ဖြိုးတိုးတက်ရေး သို့မဟုတ် ဆင်းရဲတွင်းမှ ရုန်းထွက်နိုင်ရေး အတွက်  အားထုတ်မှုပြုရမည်မှာ   မလွဲမသွေလိုအပ်ချက်ပင်ဖြစ်သည်။ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအတွက် လိုအပ်သောအရင်းအနှီးစုဆောင်းမှု ကို ပြုလုပ်ရာတွင်  အမျိုးသားဝင်ငွေ၏ ၁ဝ ရာခိုင်နှုန်းမှ ၁၂ ရာခိုင်နှုန်း အထိ ရင်းနှီးမြှုပ်နှံသင့်ကြောင်း၊  နိုင်ငံတစ်ခု၏  စီးပွားရေးတိုးတက်မှု ဖြစ်စဉ်ဆိုသည်မှာ ၅  ရာခိုင်နှုန်းစုဆောင်းသည့်  နိုင်ငံတစ်ခုအဖြစ်မှ ၁၂ ရာခိုင်နှုန်းအထိ   စုဆောင်းသည့်  နိုင်ငံတစ်ခုအဖြစ်  ကူးပြောင်းသည့် ဖြစ်စဉ်ပင်ဖြစ်ကြောင်း   အမေရိကန်စီးပွားရေးပညာရှင်    အာသာလူးဝစ်က ပြောကြားခဲ့သည်။
ဖွံ့ဖြိုးဆဲနိုင်ငံတစ်နိုင်ငံ (သို့မဟုတ်) နိုင်ငံ့လူဦးရေ၏ ၂၆ ရာခိုင်နှုန်း ဆင်းရဲမွဲတေနေသည့် နိုင်ငံတစ်ခုအနေဖြင့် အမျိုးသားဝင်ငွေ၏ ၁ဝ ရာခိုင်နှုန်းကို စုဆောင်းရန် မဖြစ်နိုင်ဟု ယူဆနိုင်ကြစေကာမူ အရင်းအနှီး စုဆောင်းနိုင်မှုသည် လူတို့၏ပျမ်းမျှဝင်ငွေ အဆင့်အတန်းပေါ်တွင် မတည် ကြောင်း စီးပွားရေးပညာရှင်များက ဆိုထားကြပြီး ဖွံ့ဖြိုးဆဲနိုင်ငံများတွင် အရင်းအနှီးချို့တဲ့ရခြင်းမှာ ပြည်သူများ၏စုဆောင်းလိုစိတ် နိမ့်ကျခြင်း (Low propensity to save) နှင့် ရင်းနှီးမြှုပ်နှံမှုပြုရန် ဆွဲဆောင်မှု အားနည်းခြင်း (Weak inducement to save)  တို့ကြောင့်ဖြစ် ကြောင်း ပြောကြားထားသည်ကိုလည်း သတိမူကြရမည်ဖြစ်သည်။
နိုင်ငံအတွက် အရင်းအနှီးစုဆောင်းမှုဟုဆိုရာတွင် အစိုးရက ထိရောက် သော အခွန်ကောက်ခံမှုစနစ်ကို ကျင့်သုံးခြင်း၊ ထိရောက်သောဘဏ္ဍာ ရေးအဆောက်အအုံများကို ဖွဲ့စည်းတည်ဆောက်ခြင်းနှင့် ပုဂ္ဂလိက အရင်း အနှီးများကို ထိထိရောက်ရောက် စုစည်းခြင်း  စသည့်နည်းလမ်းများကို ကျင့်သုံးသွားရမည်ဟု ဆိုထားသည်။ ဖွံ့ဖြိုးဆဲနိုင်ငံများတွင် ပိုလျှံသော အရင်းအနှီးအများစုမှာ    ကုန်ထုတ်အစွမ်းသတ္တိမဲ့သော   နေရာများ (အထူးသဖြင့် ပကာသနစားသုံးမှုများ)သို့ စီးဝင်နေသည်ဟုဆိုရာ မိမိတို့ နိုင်ငံတွင်လည်း ယင်းသို့သော သာဓကများစွာကို နေ့စဉ်မျက်မြင်တွေ့ရှိနိုင် သည်။ မြန်မာနိုင်ငံတွင် Lamborghini  ကဲ့သို့သော တန်ဖိုးကြီးက္ဘာ ကျော်ကားသုံးစွဲနိုင်မှုကို တွေ့ရ၍ အံ့သြသွားခဲ့ရသော နိုင်ငံခြားသားများ၊ နောက်ဆုံးပေါ် တီဗွီအမျိုးအစားသစ်တစ်မျိုးကို မြန်မာ့ဈေးကွက်တွင် မူလမျှော်လင့်ထားသည်ထက်  အဆများစွာ  ပိုမိုရောင်းချနိုင်ခဲ့သဖြင့် မတွေးတတ်အောင်ဖြစ်ခဲ့ရသော အရောင်းကိုယ်စားလှယ်များ၊ က္ဘာကျော် ကြက်ကြော်ဆိုင်တွင် တန်းစီတိုးဝှေ့ဝယ်ယူစားသောက်ကြသည့် သာဓက အချို့က မိမိတို့နိုင်ငံတွင် ပိုလျှံနေသော  အရင်းအနှီးများရှိနေသည်ကို ထင်ထင်ရှားရှား ပြသနေခြင်းဖြစ်သည်ဟု ဆိုချင်ပါကြောင်း။         ။

ဧရာဝတီမြစ်ရေတက်၍ လူနှင့်နွားများ ပြောင်းရွှေ့



The Mirror Daily's photo.
အောင်လံ ဇူလိုင် ၃ဝ
မကွေးတိုင်းဒေသကြီး သရက်ခရိုင် အောင်လံမြို့နယ်၌ ဇူလိုင်၃ဝ ရက် မွန်းတည့် ၁၂ နာရီ တွင် ဧရာဝတီမြစ်ရေ စိုးရိမ်ရေမှတ် ၂၄၇၅ စင်တီမီတာသို့ ရောက်ရှိခဲ့သဖြင့် မြေနိမ့်ပိုင်းနေထိုင်သူများမှာ ပြောင်းရွှေ့မှုများရှိခဲ့သည်။
ယနေ့ တွင် မြို့ပေါ်ရပ်ကွက်ဖြစ်သည့် သရက်တောရပ်ကွက်မှ အိမ်ထောင်စု ၁၁ စုသည် အနီးနားတွင် ယာယီတဲများထိုး၍လည်းကောင်း၊ နီးစပ်ရာဆွေမျိုး များအိမ်တွင်လည်းကောင်း နေထိုင်လျက်ရှိကြပြီး သရက်နှင့် အောင်လံမြို့ ကြားရှိ ရေလည်ကျွန်းကျေးရွာမှ ပြည်သူများသည် သရက်မြို့နယ်တာဝန်ရှိသူ များ၏စီစဉ်မှုဖြင့် လူနှင့်နွားများကို ဇက်ရေယာဉ်ဖြင့် နီးစပ်ရာဆွေမျိုးများထံ ပို့ဆောင်ပေးခဲ့သည်။
ယမန်နေ့က ပိတောက်ကုန်းကျေးရွာတွင် အိမ်ထောင်စု ငါးစု နွား ၄၂ ကောင်၊ တန်ဘိုးကျေးရွာဘုန်းတော်ကြီးကျောင်းတွင် အိမ်ထောင်စု သုံးစု နွား ၁၃ ကောင်၊ အင်းကုန်းကျေးရွာတွင် အိမ်ထောင်စု တစ်စု နွား ၄၂ ကောင် ၊ အင်းပေါက်ကျေးရွာတွင် အိမ်ထောင်စု တစ်စု၊ ရုံးဆိပ်ကျေးရွာတွင်အိမ်ထောင် စု ၁၁ စုတို့ ပြောင်းရွှေ့နေထိုင်လျက်ရှိကြသည် ။
သိန်းလွင်(ပြန်/ဆက်)

ရန်ကုန်အသင်း အိမ်ကွင်း၌ သရေကျ



The Mirror Daily's photo.
သတင်းနှင့်ဓာတ်ပုံ 

ရှိုင်းထက်ဇော်

ရန်ကုန် ဇူလိုင် ၃ဝ
၂ဝ၁၆ ရာသီ ဗိုလ်ချုပ်အောင်ဆန်းဒိုင်း ရှုံးထွက်ပြိုင်ပွဲ ဆီမီးဖိုင်နယ် (ပထမကျော့) အဖြစ် ရန်ကုန်နှင့်ရတနာပုံ အသင်းတို့ ယနေ့ညနေပိုင်းက သုဝဏ္ဏကွင်းတွင် ယှဉ်ပြိုင်ကြရာ တစ်ဂိုးစီသရေကျခဲ့သည်။
ရန်ကုန် - တစ်ဂိုး၊ ရတနာပုံ- တစ်ဂိုး
ယခုရာသီတွင် ဖလားနှစ်လုံးမျှော်မှန်းနေသည့် ရတနာပုံအသင်းသည် အဝေးကွင်း၌ သရေကစားနိုင်ခဲ့၍ ဗိုလ်လုပွဲတက်ရန် မျှော်လင့်ချက်ပိုကောင်းသွားခဲ့သည်။ ရန်ကုန်အသင်းသည် အိမ်ကွင်း၌ အနိုင်ရရှိရန်ကြိုးပမ်းခဲ့သော်လည်း သရေရလဒ်ကြောင့် ဒုတိယအကျော့တွင် ရုန်းကန်ရတော့မည်ဖြစ်သည်။
MNL ထိပ်သီးနှစ်သင်း တွေ့ဆုံသည့်အပြင် ဗိုလ်လုပွဲတက်ရောက်ရေးအတွက် အမာခံကစားသမား အစုံအလင်ဖြင့် ပွဲထွက်ခဲ့သည်။ ပွဲအစပိုင်းတွင် ရတနာပုံအသင်း ဖိကစားနိုင်ခဲ့သော်လည်း ၁ဝ မိနစ်နောက်ပိုင်းတွင် ရန်ကုန်အသင်းပွဲကိုထိန်းချုပ်နိုင်ခဲ့ပြီး ရတနာပုံ ဂိုးပေါက် ကို ခြိမ်းခြောက်လာနိုင်သည်။ ၃၄ မိနစ်တွင် ရတနာပုံ အသင်းမှ ဗာတူနာနှင့်အောင်သူတို့ အပိုင်ကန်ခွင့်ရသော်လည်း အသုံးမချနိုင်ခဲ့ပေ။ ၄၃ မိနစ်တွင် ရန်ကုန်အသင်း ဂိုးစရခဲ့ပြီး မာဆယ်လိုကသွင်းယူခဲ့ခြင်းဖြစ်သည်။
ဒုတိယပိုင်းအစတွင် ရတနာပုံ အသင်းချေပဂိုးပြန်ရခဲ့ပြီး တိုက်စစ်မှူး မာတူနာက သွင်းယူခဲ့ခြင်းဖြစ်သည်။ ယင်းနောက်ပိုင်းတွင် နှစ်သင်းစလုံးအနိုင်ရရှိရေးအတွက် ကစားသမား အပြောင်းအလဲပြုလုပ်ကာ တိုက်စစ် မြှင့်ခဲ့သည်။ မိနစ် ၇ဝ နောက်ပိုင်းတွင် ရတနာပုံအသင်းက သရေရလဒ်ကို ထိန်းကစားသွားခဲ့ပြီး ရန်ကုန်အသင်း အခွင့်အရေးပိုရခဲ့သည်။ မိနစ် ၈ဝ ကျော်တွင် ရန်ကုန်အသင်း ဂိုးရနိုင်သည့် အခွင့်အရေးနှစ်ကြိမ် ရရှိခဲ့သော်လည်း ဒေးဗစ်ဒန်းအသုံးမချ နိုင်ခဲ့၍ သရေရလဒ်ဖြင့်ပြီးဆုံးခဲ့ခြင်း ဖြစ်သည်။
ယနေ့ပွဲ
ရှုံးထွက် ဆီမီးဖိုင်နယ်
(သုဝဏ္ဍကွင်း)
မကွေး - ဇွဲကပင်

ရက် ၁ဝဝ အတွင်း လုပ်ငန်းများဆောင်ရွက်ပြီးစီးမှုအခြေအနေများ သုံးသပ်ဆွေးနွေး




The Mirror Daily's photo.


နေပြည်တော် ဇူလိုင် ၃ဝ

ဝန်ကြီးဌာန၏ ရက် ၁ဝဝ စီမံချက်ပါ လုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်ပြီးစီးမှုအပေါ် သုံးသပ် ဆွေးနွေးပွဲအား ဇူလိုင် ၂၈ ရက် နံနက်ပိုင်းက လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထား ရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက ရက် ၁ဝဝ စီမံချက်ပါလုပ်ငန်းများ အောင်မြင်မှုရှိ၊ မရှိကို ပြည်သူက အဆုံးအဖြတ်ပေးမှာဖြစ်သဖြင့် ပြည်သူ့အသံကို နားထောင်ရန်လိုကြောင်း၊ အစိုးရအနေဖြင့် ပွင့်လင်း မြင်သာသော စနစ်တစ်ခုသို့ ပြောင်းလဲနေပြီဖြစ်သဖြင့် အမှန်တကယ် ပြောင်းလဲစေရန်မှာ တာဝန်ရှိသူ အဆင့် ဆင့်တွင် တာဝန်ယူမှု၊ တာဝန်ခံမှုရှိရန် အရေးကြီးကြောင်း၊ အမှန်တကယ်ပြောင်းလဲခြင်းရှိ၊ မရှိနှင့် မိမိတို့ဆောင်ရွက် ချက်များ မှန်၊ မမှန်ကိုလည်း ပြည်သူကပေးမည့်အဖြေကို စောင့်ကြည့်ရန်ဖြစ်ကြောင်း ပြောကြားသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် မွန်းလွဲပိုင်းတွင် Myanmar Chefs ArtrS Co.,Ltd. President, Mr. Oliver E Soe Thet ဦးဆောင်သောအဖွဲ့အား ဝန်ကြီးဌာနရှိ မေခလာခန်းမတွင် တွေ့ဆုံပြီး ရခိုင်ပြည်နယ် ရှိ ရေဘေးသင့်ပြည်သူများအတွက် အဝတ်အထည်နှင့် ကလေးအစားအစာများ လှူဒါန်းနိုင်ရေးကိစ္စနှင့် စပ်လျဉ်း၍ ဂျာမနီနိုင်ငံရှိ ဆိပ်ကမ်းမှတစ်ဆင့် ကွန်တိန်နာများဖြင့် မြန်မာနိုင်ငံသို့ပို့ဆောင်နိုင်ရေး၊ အလှူပစ္စည်းစာရင်းများ မှန်ကန်မှုရှိစေရေး၊ ရေဘေးသင့်ပြည်သူများ လက်ဝယ်သို့ တိုက်ရိုက်ရောက်ရှိစေရေး၊ ဆိပ်ကမ်းမှ စနစ်တကျ ထုတ်ယူရရှိနိုင်ရေးနှင့် အခွန်ကင်းလွတ်ခွင့်ရရှိရေး ညှိနှိုင်း ဆောင်ရွက်ပေးနိုင်မှု အခြေအနေများကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးကြသည်။
(ကြေးမုံ)

ဧရာဝတီမြစ်ရေမြင့်တက်မှုကြောင့် စာသင်ကျောင်းအချို့ပိတ်ထားရ




The Mirror Daily's photo.


စစ်ကိုင်း ဇူလိုင် ၃ဝ

ဧရာဝတီမြစ်ရေသည် စစ်ကိုင်းမြို့၏ စိုးရိမ်ရေမှတ် စင်တီမီတာ ၁၁၅ဝ အထက် ၄၃ စင်တီမီတာကျော်လွန်နေကြောင်း သိရသည်။

စစ်ကိုင်းမြို့ လင်းဇင်းရပ်ကွက်နေထိုင်သူ ဦးရင်မောင်က ''ကျွန်တော်တို့ အခုလို ဧရာဝတီမြစ်ရေတွေတိုးလာတာ အခုတစ်ကြိမ်နဲ့ဆို သုံးကြိမ်ရှိသွားပြီ။ တော်တော်လေး ဒုက္ခရောက်ပါတယ်။ ဟိုနားဒီနားသွားဖို့ကို မလွယ်တော့ဘူး။ စားဖို့ ဈေးထွက် ဝယ်ရသေးတယ်။ ကိုယ်ပိုင်လှေ မဝယ်နိုင်ဘူး။ လှေခက ဘယ်သွားသွား ကျပ် ၂ဝဝ၊ တခြားရပ်ကွက်က ဒီထက်များတယ်။ တချို့ဆို ကား၊ ဆိုင်ကယ်တွေကို နီးစပ်ရာရေမဝင် တဲ့နေရာတွေမှာ အကူအညီတောင်းပြီး အပ်ထားရတယ်။ ရေရှည်ဆို မလွယ်ဘူး။ သက်ဆိုင်တဲ့အဖွဲ့အစည်းတွေ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေက ကား၊ ဆိုင်ကယ် အအပ်ခံပေးမယ့်နေရာလေးတွေ လုပ်ပေးထားသင့်တယ်လို့အကြံပြုချင်ပါတယ်။ နောက်ထပ်မတိုးပါနဲ့တော့လို့သာ ဆုတောင်းနေရတော့တယ်'' ဟု ပြောသည်။

စစ်ကိုင်းမြို့တွင် ဧရာဝတီမြစ်ရေတိုးလာခြင်းကြောင့် မြို့ပေါ်ရပ်ကွက်များအပါအဝင် ကျေးရွာပေါင်း ၂ဝ ကျော်နှင့် ကျောင်းပေါင်း ၁၉ ကျောင်း ရေနစ်မြုပ်လျက်ရှိကြောင်း သိရသည်။
(ခိုင်ဇေယျ)

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ၏ မျက်နှာစုံညီအစည်းအဝေးပြီးဆုံး ဖြည့်စွက်ပြင်ဆင်ချက်များဖြင့် ဘုံသဘောထားများရယူစုစည်းနိုင်ခဲ့



The Mirror Daily's photo.


သတင်း - ရဲခေါင်ညွန့်
ဓာတ်ပုံ - ဖိုးထောင်
မိုင်ဂျာယန် ဇူလိုင် ၃ဝ

ကချင်ပြည်နယ် မိုင်ဂျာယန်တွင် ဇူလိုင် ၂၆ ရက်မှ ၃ဝ ရက် အထိ ငါးရက်တာပြုလုပ်ခဲ့သည့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ၏ မျက်နှာစုံညီအစည်းအဝေးတွင် အဓိကရည်ရွယ်ချက်နှစ်ခုဖြစ်သည့် ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ-(၂၁)ရာစုပင်လုံကျင်းပရေးအတွက် အကြိုညှိနှိုင်းခြင်းနှင့် အနာဂတ်ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စုတည်ဆောက်ခြင်းဆိုင်ရာ ဘုံသဘောထား ရပ်တည်ချက်များ ရယူရေးတို့ကို အခြေခံ၍ အပြန်အလှန် ဆွေးနွေးချက်များ၊ ဖြည့်စွက်ချက်များ၊ ပြင်ဆင်ချက်များဖြင့် ဘုံသဘောထားများကို ရယူစုစည်းနိုင်ခဲ့ကြောင်း သိရသည်။

ယနေ့ ပဉ္စမနေ့အစည်းအဝေးကို နံနက် ၈ နာရီခွဲတွင် စတင်ကျင်းပခဲ့ပြီး သဘာပတိအဖြစ် KIO ဒုတိယဥက္ကဋ္ဌ ဦးအင်ဘန်လက တာဝန်ယူဆောင်ရွက်ခဲ့သည်။

ယနေ့ပြုလုပ်သည့် အစည်းအဝေးတွင် အလုပ်အဖွဲ့ အသီးသီးမှ ထပ်မံပြင်ဆင်ရေးသားထားသည့် စာတမ်းများ အား တင်သွင်းဆွေးနွေးခြင်း၊ နိုင်ငံရေးဆွေးနွေးပွဲများနှင့် ပြည်တွင်းငြိမ်းချမ်းရေးဖြစ်စဉ်တွင် ဆက်စပ်ညှိနှိုင်းပူးပေါင်း ဆောင်ရွက်ရေးအစီအစဉ်များ ရေးဆွဲခြင်း၊ အစည်းအဝေး ထုတ်ပြန်ကြေညာချက်အား ဖတ်ကြားအတည်ပြုခြင်းတို့ကို ပြုလုပ်ခဲ့ကြသည်။

ယနေ့အစည်းအဝေးကို ည ၇ နာရီတွင် ရုပ်သိမ်း ခဲ့ပြီး အစည်းအဝေးကျင်းပရေးကော်မတီဥက္ကဋ္ဌ ခူဦးရယ် က ကျေးဇူးတင်စကားပြောကြား၍ သဘာပတိက အခမ်း အနား ပိတ်သိမ်းသည့် နှုတ်ခွန်းဆက်အမှာစကားပြောကြားခဲ့သည်။ အခမ်းအနားအပြီးတွင် အစည်းအဝေးကျင်းပ ရေးကော်မတီဥက္ကဋ္ဌ ခူဦးရယ်ဦးဆောင်၍ သတင်းစာရှင်းလင်းပွဲပြုလုပ်ခဲ့သည်။

ကန့်ကွက်လွှာအမှုအမှတ်(၂)၊ (၃၇)အား စီရင်ချက်(အမိန့်) များချမှတ်ခြင်း



The Mirror Daily's photo.


နေပြည်တော် ဇူလိုင် ၃၁

ရခိုင်ပြည်နယ် ရမ်းဗြဲမြို့နယ် ပြည်သူ့လွှတ်တော် မဲဆန္ဒနယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးကျော်ခင်က ရမ်းဗြဲမြို့နယ် ပြည်သူ့လွှတ်တော်မဲဆန္ဒနယ် ရခိုင်အမျိုးသား ပါတီမှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ရွှေ အပေါ် ကန့်ကွက်လွှာတင်သွင်းခဲ့သည့် ရွေးကောက်ပွဲ ကန့်ကွက်လွှာ အမှုအမှတ်(၂၈/၂ဝ၁၅)ကို ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးစိုးရယ်က ဥက္ကဋ္ဌ၊ ဦးသောင်းလှိုင်နှင့် ဦးဇော်လင်းမောင်တို့ ခုံအဖွဲ့ဝင်များ အဖြစ်ပါဝင်သည့် ရွေးကောက်ပွဲခုံအဖွဲ့(၂)က ကြားနာ စစ်ဆေးပြီး ၂ဝ၁၆ ခုနှစ် ဇူလိုင် ၂၉ ရက်တွင် ရခိုင် ပြည်နယ် ရမ်းဗြဲမြို့နယ် ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ရွှေ(ရခိုင် အမျိုးသားပါတီ)၏ ရွေးကောက်တင်မြှောက်ခံရခြင်းသည် ပျက်ပြယ်ခြင်းမရှိ တရားဝင်အတည်ဖြစ်ပြီး လျှောက်ထားသူ ဦးကျော်ခင်(ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ)၏ ကန့်ကွက်လျှောက်ထားမှုကို စရိတ်နှင့်တကွပယ်သည့် စီရင်ချက်(အမိန့်) ချမှတ်ခဲ့ကြောင်း သိရှိရသည်။

ရခိုင်ပြည်နယ် မင်းပြားမြို့နယ် ပြည်သူ့လွှတ်တော် မဲဆန္ဒနယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးသခင်ချိုက မင်းပြားမြို့နယ် ပြည်သူ့လွှတ်တော်မဲဆန္ဒနယ် ရခိုင်အမျိုးသားပါတီမှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးစစ်နိုင်အပေါ် ကန့်ကွက်လွှာတင်သွင်းခဲ့သည့် ရွေးကောက်ပွဲကန့်ကွက်လွှာအမှုအမှတ်(၃၇/၂ဝ၁၅)ကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးစိုးရယ်က ဥက္ကဋ္ဌ၊ ဦးသောင်းလှိုင်နှင့် ဦးဇော်လင်းမောင်တို့ ခုံအဖွဲ့ဝင် များအဖြစ်ပါဝင်သည့် ရွေးကောက်ပွဲခုံအဖွဲ့(၂)က ကြားနာ စစ်ဆေးပြီး ၂ဝ၁၆ ခုနှစ် ဇူလိုင် ၂၉ ရက်တွင် ရခိုင် ပြည်နယ် မင်းပြားမြို့နယ် ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးစစ်နိုင်၏ ရွေးကောက် တင်မြှောက်ခံရခြင်းသည် ပျက်ပြယ်ခြင်းမရှိ တရားဝင် အတည်ဖြစ်ပြီး လျှောက်ထားသူ ဦးသခင်ချို (ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ)၏ ကန့်ကွက်လျှောက်ထားမှုကို စရိတ်နှင့်တကွပယ်သည့် စီရင်ချက်(အမိန့်) ချမှတ်ခဲ့ကြောင်း သိရှိရသည်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အနေဖြင့် ၁၁-၁၂-၂ဝ၁၅ ရက်နေ့မှစ၍ ရွေးကောက်ပွဲကန့်ကွက်လွှာ အမှု(၄၅)မှုကို ကြားနာစစ်ဆေးခဲ့ရာ ၂၉-၇-၂ဝ၁၆ ရက်နေ့ အထိ စီရင်ချက်(အမိန့်) ချမှတ်ပြီး (၂၃) မှုနှင့် စစ်ဆေးရန် (၂၂)မှု ကျန်ရှိကြောင်းနှင့် အမှုများအမြန်ပြီးပြတ်နိုင်ရေး နေ့စဉ်ရုံးထိုင်ကြားနာစစ်ဆေးလျက်ရှိကြောင်း သတင်းရရှိသည်။
(သတင်းစဉ်)

ဗီယက်နမ်နိုင်ငံတွင်ကျင်းပသော အဆို၊ အက၊ အတီး ပွဲတော်သို့ သွားရောက်ယှဉ်ပြိုင်ခဲ့သည့် အနုပညာဦးစီးဌာနမှ ဆုရအနုပညာရှင်များနှင့်တွေ့ဆုံခြင်း



The Mirror Daily's photo.
အမေးနှင့်အရေး - မင်းမင်းဇော် (ကလေး)

ဓာတ်ပုံ - ထိန်နန်နော်

ကမ္ဘောဒီးယား၊ လာအို၊ မြန်မာ၊ ထိုင်းနှင့် ဗီယက်နမ်နိုင်ငံတို့မှ အနုသုခုမပညာရှင်များပါဝင်ယှဉ်ပြိုင်ကြသည့် ၂ဝ၁၆ ခုနှစ် အဆို၊ အက၊ အတီးပွဲတော်(Festival of Song, Dance and Music – 2016) ကို ဗီယက်နမ်နိုင်ငံ ကွမ်ထွီးပြည်နယ် ဒွန်ဟာမြို့ရှိ ပြဇာတ်ရုံ၌ ဇူလိုင် ၁၈ ရက်မှ ၂၅ ရက်ထိ ကျင်းပခဲ့သည်။
အဆိုပါပြိုင်ပွဲတွင် မြန်မာနိုင်ငံက ရွှေတံဆိပ်တစ်ခုနှင့် ငွေတံဆိပ် လေးခုရရှိခဲ့ကြောင်း သိရှိရသည့်အတွက် ပြိုင်ပွဲသို့သွားရောက်ယှဉ်ပြိုင်ခဲ့သည့် အဖွဲ့ခေါင်းဆောင်နှင့် အနုပညာဦးစီးဌာနမှ ဆုရအနုပညာရှင်များ၏ စကားသံများကို ဖော်ပြလိုက်ပါသည်။
ဦးအောင်ဆန်းဦး
အဖွဲ့ခေါင်းဆောင်
ဒုတိယညွှန်ကြားရေးမှူးချုပ်
အနုပညာဦးစီးဌာန

၂ဝ၁၆ ခုနှစ် အဆို၊ အက၊ အတီး ပွဲတော်မှာ (CLMTV) နိုင်ငံတွေ ဖြစ်တဲ့ ကမ္ဘောဒီးယား၊ လာအို၊ မြန်မာ၊ ထိုင်းနဲ့ ဗီယက်နမ်နိုင်ငံတွေက အနုပညာရှင်တွေ ပါဝင်ယှဉ်ပြိုင်ကြတယ်။
အဲဒီပြိုင်ပွဲကို (CLMTV)နိုင်ငံ တွေအချင်းချင်း ရင်းနှီးမှု၊ စည်းလုံး ညီညွတ်မှုတွေပိုမိုရရှိဖို့၊ CLMTV နိုင်ငံတွေအကြား ယဉ်ကျေးမှုဖလှယ်ဖို့၊ CLMTV နိုင်ငံတွေရဲ့ ယဉ်ကျေးမှု အနုသုခုမတွေကို ဒီပွဲတော်ကြီးမှာ ဖော်ထုတ်ပြသနိုင်ဖို့၊ အနုပညာရှင် အချင်းချင်းတွေ့ဆုံရင်းနှီးခွင့်နဲ့ အနု ပညာရပ်ပိုင်းဆိုင်ရာတွေ ဖလှယ်ခွင့် ရရှိဖို့ ရည်ရွယ်ကျင်းပခဲ့ခြင်းဖြစ်ပါတယ်။
ပြိုင်ပွဲမကျင်းပမီ နှစ်လအလိုမှာ ဗီယက်နမ်နိုင်ငံရဲ့ ဖိတ်ခေါ်စာရပါ တယ်။ အဲဒီထဲမှာ အင်အား ၂ဝ ထက် မပိုရဘူး။ ယှဉ်ပြိုင်ချိန် မိနစ် ၆ဝ ကနေ ၇ဝ အတွင်းဖြစ်ရမယ်လို့ ပါတယ်။ ဒီပြိုင်ပွဲမှာ ပါဝင်ယှဉ်ပြိုင်ဖို့ အတွက် မြန်မာ့ရိုးရာအနုသုခုမပညာ ရပ်စစ်စစ်တွေကိုပဲ ဖော်ထုတ်တင်ဆက်ပြသယှဉ်ပြိုင်နိုင်ဖို့ အစီ အစဉ်ရေးဆွဲခဲ့ပါတယ်။ နောက်တစ်ခု က CLMTV နိုင်ငံတွေ စည်းလုံး ညီညွတ်မှုရှိစေမယ့် သရုပ်ဖော် ကကွက်ကိုလည်း ရေးဆွဲခဲ့ပါတယ်။ ယှဉ်ပြိုင်အစီအစဉ်နဲ့ သင့်တော်မယ့် သူတွေကို ရွေးချယ်လေ့ကျင့်ခဲ့ပါတယ်။ ပြိုင်ပွဲဝင်ခါနီးအချိန်အထိ ယှဉ်ပြိုင် မယ့်ကကွက်တွေကို အသေးစိတ် လေ့ကျင့်ခဲ့ပါတယ်။
ဒီပြိုင်ပွဲမှာ မြန်မာနိုင်ငံအနေနဲ့ မြန်မာ့ရိုးရာအနုသုခုမပညာဖြစ်တဲ့ ပခန်းကိုကြီးကျော်အက၊ မကိုဋ်လေး ကောက်ယိမ်းအက၊ စည်တိုယိမ်းအက၊ ပုဂံ၊ အင်းဝ၊ ကုန်းဘောင်နဲ့ မျက်မှောက်ခေတ် (ခေတ်လေးခေတ်) အက၊ ကြော့ရှင်းလှပဒေါင်းအက၊ သင်္ကြန်အက၊ မြန်မာတိုင်းရင်းသား တွေရဲ့အက၊ CLMTV သရုပ်ဖော် တင်ဆက်မှုအက၊ နှစ်ပါးသွားအကနဲ့ ဗီယက်နမ်သီချင်းဆိုတဲ့အစီအစဉ်တွေ ထည့်သွင်းယှဉ်ပြိုင်ခဲ့ပါတယ်။
ပြိုင်ပွဲမှာ ကြော့ရှင်းလှပဒေါင်းအက က ရွှေတံဆိပ်ဆု၊ ခေတ်လေးခေတ် အက၊ မန်းတောင်ရိပ်ခိုသင်္ကြန်ယိမ်း အက၊ CLMTV သရုပ်ဖော်မှုအကနဲ့ ခိုင်ပန်းစုံနှစ်ပါးသွားအကတွေက ငွေတံဆိပ်ဆုတွေ ရရှိခဲ့ပါတယ်။
ကမ္ဘောဒီးယား၊ လာအို၊ မြန်မာ၊ ထိုင်းနိုင်ငံတွေက တစ်ဖွဲ့စီပါဝင် ယှဉ်ပြိုင်ပါတယ်။ အိမ်ရှင်ဖြစ်တဲ့ ဗီယက်နမ်နိုင်ငံကတော့ တစ်ဖွဲ့ကို အင်အား ၄ဝ အောက်မလျော့တဲ့ အကအဖွဲ့ ၁၇ ဖွဲ့ပါဝင်ယှဉ်ပြိုင်ပါ တယ်။ ဆက်တင်ပစ္စည်းတွေကလည်း စုံစုံလင်လင်ပါပဲ။
၂ဝ၁၂-၂ဝ၁၃ ခုနှစ်တုန်းက တစ်ကြိမ်ယှဉ်ပြိုင်ခဲ့ကြပြီး အခု ၂ဝ၁၆ ခုနှစ်မှာ ထပ်မံယှဉ်ပြိုင်ကြတာ ဖြစ်ပါ တယ်။ ၂ဝ၁၉ ခုနှစ်မှာ ထပ်မံကျင်းပ ဦးမယ်လို့ သိရပါတယ်။
ဒီလိုပြိုင်ပွဲတွေမှာ ပါဝင်ယှဉ်ပြိုင်ခွင့် ရတဲ့အတွက် မြန်မာ့အနုသုခုမပညာ ရဲ့အဆင့်အတန်းမြင့်မားမှုကို တခြား နိုင်ငံတွေ လက်တွေ့ကိုယ်တိုင်ကိုယ်ကျ မြင်တွေ့ခွင့်ရရှိခဲ့ပါတယ်။ ဒီလို ဖော်ထုတ်ပြသခွင့်ရတဲ့အတွက်လည်း နိုင်ငံနဲ့လူမျိုးကိုယ်စား ဂုဏ်ယူရ ပါတယ်။
အမှတ်ပေးတဲ့အပိုင်းကို အကြမ်း ဖျင်းပြောရရင် ကကွက်ကဟန်၊ အကရဲ့အချိုးအဆစ် ကျနမှု၊ နောက်ခံ တေးဂီတရဲ့ဆွဲဆောင်နိုင်မှု၊ တေးဂီတ နဲ့ စည်းချက်ဝါးချက်ကျနမှု၊ ဝတ်စားဆင်ယင် ထုံးဖွဲ့မှုတွေအပေါ် မူတည်ပြီး အကဲဖြတ်အမှတ်ပေး ပါတယ်။
မသင်းသင်းမိုး
ရွှေတံဆိပ်ဆုရှင်

ကျွန်မတို့ မြန်မာနိုင်ငံက ပါဝင်ယှဉ်ပြိုင်ခဲ့တဲ့ ယိမ်းအစီအစဉ် ၁၂ ခု ထဲက ကြော့ရှင်းလှပဒေါင်းအက အစီအစဉ်နဲ့ ရွှေတံဆိပ်ဆုရရှိပါတယ်။ ကြော့ရှင်းလှပဒေါင်းအကရဲ့ ထူးခြားတဲ့ကကွက်ကကြိုးတွေနဲ့ ဆရာတွေရဲ့ စနစ်ကျတဲ့ သင်ကြားပြသမှုတွေကြောင့် ဒီဆုကို ရရှိခဲ့ခြင်းဖြစ်ပါတယ်။ မြန်မာ့ယဉ်ကျေးမှုကို ဖော်ထုတ်ပြသ ခွင့်ရတယ်၊ ရွှေတံဆိပ်ဆုလည်းရတယ်ဆိုတော့ မြန်မာနိုင်ငံသားတစ်ဦး အနေနဲ့ ဝမ်းသာဂုဏ်ယူမိပါတယ်။
မနီလာသိန်း
ငွေတံဆိပ်ဆု

ပုဂံ၊ အင်းဝ၊ ကုန်းဘောင်နဲ့ မျက်မှောက်ခေတ် (ခေတ်လေးခေတ်) အကနဲ့ ငွေတံဆိပ်ဆုရခဲ့ပါတယ်။ တစ်ခေတ်ကို နှစ်ဦးစီပါဝင်ယှဉ်ပြိုင်ပါတယ်။ ကျွန်မက ကုန်းဘောင်ခေတ်အကနဲ့ ပါဝင်ယှဉ်ပြိုင်ခဲ့ပါတယ်။ သင်ကြားပြသပေးတဲ့ဆရာ ဆရာမတွေက အကောင်းဆုံးသင်ကြားပြသပေးသလို ကျွန်မတို့ကလည်း သေချာ သင်ယူခဲ့ပါတယ်။ ပြိုင်ပွဲမှာ အကတွေ အများကြီးကြားက ဒီလို ငွေတံဆိပ်ဆုရတဲ့အတွက် ဂုဏ်ယူ ဝမ်းသာပါတယ်။
မဇာနည်အောင်
ငွေတံဆိပ်ဆု

ဗီယက်နမ်နိုင်ငံမှာ ယှဉ်ပြိုင်တဲ့ပြိုင်ပွဲမှာ ကျွန်မက သင်္ကြန်အကနဲ့ ငွေ တံဆိပ်ဆုရရှိခဲ့ပါတယ်။ ဒီလိုယှဉ်ပြိုင် ဖို့အတွက် ကြိုတင်ပြင်ဆင်လေ့ကျင့် ခဲ့ရပါတယ်။ သူ့ယဉ်ကျေးမှု ကိုယ့်ယဉ် ကျေးမှုတွေ ဖလှယ်ခွင့်ရရှိခဲ့ပါတယ်။
ကျွန်မတို့နိုင်ငံရဲ့ ယဉ်ကျေးမှုတွေ၊ မြန်မာအမျိုးသမီးတွေရဲ့ ယဉ်ကျေးသိမ်မွေ့မှုတွေကို အဓိကပြသနိုင်ခဲ့ တယ်လို့ပြောချင်တယ်။ နိုင်ငံ့ဂုဏ်ဆောင်ပြီး ဆုတွေရခဲ့လို့ ဝမ်းသာ ရတယ်။
မောင်ဇေယျာလင်း
ငွေတံဆိပ်ဆု

ကျွန်တော်ကတော့ ခိုင်ပန်းစုံယိမ်း အကနဲ့ ဒုတိယဆု ငွေတံဆိပ်ရရှိခဲ့ပါတယ်။ ခိုင်ပန်းစုံနှစ်ပါးသွားယိမ်း အကမှာ အတွဲ သုံးတွဲနဲ့ ပါဝင်ယှဉ်ပြိုင် ခဲ့ပါတယ်။ နှစ်ပါးသွားအကရဲ့ ကစု ကကွက်မျိုးစုံကို ထည့်သွင်းကပြ ယှဉ်ပြိုင်ခဲ့ပါတယ်။ တင်ဆက်နေကြ အကဖြစ်ပြီး ပြိုင်ပွဲနဲ့သင့်လျော်တယ် ဆိုပြီး ရွေးချယ်ယှဉ်ပြိုင်စေတဲ့အတွက် အခက်အခဲမရှိ ယှဉ်ပြိုင်နိုင်ခဲ့ပါတယ်။ သူတို့နိုင်ငံတွေရဲ့ လျှပ်စစ်မီးအသုံးချ မှုတွေ၊ ဆက်တင်အခမ်းအနားတွေက တော့ အားကျစရာပါပဲ။
မမာလာမြင့်အောင်
ငွေတံဆိပ်ဆု

ပြိုင်ပွဲဝင်မယ့်အစီအစဉ် ၁၂ ခုထဲက CLMTV သရုပ်ဖော်မှုယိမ်းအကနဲ့ငွေတံဆိပ်ဆု ရရှိခဲ့ပါတယ်။ CLMTV နိုင်ငံတွေရဲ့ တီးလုံး တီးကွက်တွေနဲ့ ယှဉ်ပြိုင်ခဲ့ရတာ ဖြစ်ပါတယ်။ အဖွဲ့ဝင်တွေအားလုံးကို ကိုယ်စားပြုတဲ့ ကကွက်တွေလည်း ဖြစ်ပါတယ်။ မြန်မာ့ကိုယ်ပိုင်ယဉ်ကျေးမှုတွေကို မြန်မာလူမျိုးတိုင်း တန်ဖိုး ထားမြတ်နိုးစေချင်တယ်။ မြန်မာတွေ ရဲ့ယဉ်ကျေးမှုတွေကို ပြသခွင့်ရခဲ့တယ်။ သူတို့ယဉ်ကျေးမှုတွေကို လေ့လာခွင့်ရတယ်။ ဒီလိုယှဉ်ပြိုင်ရ တဲ့ပွဲမှာ ငွေတံဆိပ်ဆုရတဲ့အတွက် ဂုဏ်ယူမိပါတယ်။

ရာသီဥတုဆိုးရွားလာမှုနှင့် ဘေးအန္တရာယ်များကျရောက်လာမှုအပေါ် ခံနိုင်ရည် စွမ်းအားတည်ဆောက်ခြင်းနှင့် လိုက်လျောညီထွေစွာနေထိုင်ခြင်း အလုပ်ရုံဆွေးနွေးပွဲ ကျင်းပ




The Mirror Daily's photo.


နေပြည်တော် ဇူလိုင် ၃ဝ

မြန်မာနိုင်ငံအပါအဝင် ကမ္ဘာ့နိုင်ငံများအားလုံးသည် ကမ္ဘာကြီးပူနွေးလာမှုနှင့် အတူ ရာသီဥတုဖောက်ပြန်မှုများကြောင့် သဘာဝဘေးအန္တရာယ်များကို ခံစားနေကြရသည်။ ကြိုတင်မခန့်မှန်းနိုင်သည့် သဘာဝဘေးအန္တရာယ်များ ကျရောက်ပါက ထိခိုက်ပျက်စီးဆုံး ရှုံးမှုများ လျော့နည်းစေရေး၊ ရင်ဆိုင်တုံ့ပြန်နိုင်စွမ်းရှိရေးနှင့် လိုက်လျောညီစွာ နေထိုင်နိုင်ရေးတို့အတွက် အလုပ်ရုံဆွေးနွေးပွဲကို ဇူလိုင် ၂၉ ရက်က နေပြည်တော်ရှိ Grand Amara Hotel ၌ ကျင်းပခဲ့သည်။

ဆွေးနွေးပွဲတွင် BRACED စီမံကိန်းအကြောင်း မိတ်ဆက်ခြင်းနှင့် မဟာဗျူဟာများကို ရှင်းလင်းခြင်း၊ ဘေးဒဏ်ခံနိုင်စွမ်း လုပ်ငန်းစီမံချက် များ၊ လက်တွေ့လုပ်ဆောင်မှုများနှင့် ပေါင်းစပ်ထားရှိမှုများ၊ သဘာဝဘေးနှင့် ရာသီဥတုပြောင်းလဲမှု အန္တရာယ်များ ကျရောက်မှုအပေါ် ဌာနဆိုင်ရာများ၏ အစီအစဉ်များနှင့် မူဝါဒများကို BRACED Alliance မှ တာဝန်ရှိသူများ၊ Action Aid ၊ World Vision ၊ Plan International ၊ UN Habitat ၊ Myanmar Environment Association ၊ RIMES တို့မှ ကိုယ်စားလှယ်များက အသီးသီးရှင်းလင်းဆွေးနွေးကြပြီး ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာကိုကိုနိုင်က ဖြည့်စွက် ဆွေးနွေးသည်။

ယင်းနောက် တက်ရောက်လာကြသည့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မိတ်ဖက်အဖွဲ့အစည်းများ၊ လှုမှုရေး အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေးဦးစီးဌာနတို့မှ တာဝန်ရှိသူများက ဘေးဒဏ်ခံနိုင်ခြင်းဆိုင်ရာ ဆက်သွယ်ဆောင်ရွက်မှုများ၊ ဌာနဆိုင်ရာများ၏ လုပ်ဆောင်ချက်များကို ဆွေးနွေးကြသည်။

BRACED စီမံကိန်းသည် နိုင်ငံတကာဖွံ့ဖြိုးရေးဌာန (DFID)၏ ရန်ပုံငွေထောက်ပံ့မှုဖြင့် မိတ်ဖက်အဖွဲ့အစည်း ခြောက်ခုစုပေါင်းကာ ဘေးဒဏ်ခံနိုင်စွမ်းတည်ဆောက်ခြင်း၊ ရာသီဥတုလွန်ကဲမှုများနှင့် သဟဇာတဖြစ်အောင် နေထိုင်ခြင်းနှင့် ဘေးအန္တရာယ်စီမံကိန်းများအတွက် လုပ်ငန်းများ ဆောင်ရွက်လုပ်ကိုင် နေခြင်းဖြစ်သည်။
ဇေယျာ(မိုင်ရာ)

ပထမအကြိမ် နိုင်ငံရေးစာပေစာတမ်းဖတ်ပွဲနှင့် မိုးရာသီစာအုပ်ဈေးရောင်းပွဲ ဒုတိယနေ့ ဆက်လက်ကျင်းပ



The Mirror Daily's photo.
ရန်ကုန် ဇူလိုင် ၃ဝ
ပြန်ကြားရေးဝန်ကြီးဌာနက ကြီးမှူးကျင်းပသည့် ပထမအကြိမ် နိုင်ငံရေးစာပေ စာတမ်းဖတ်ပွဲနှင့် မိုးရာသီစာအုပ်ဈေးရောင်းပွဲ ဒုတိယနေ့ကို ယနေ့ နံနက် ၉ နာရီတွင် ရန်ကုန်မြို့ သိမ်ဖြူလမ်းရှိ ပုံနှိပ်ရေးနှင့်ထုတ်ဝေရေးဦးစီးဌာန ဗဟိုပုံနှိပ်စက်ရုံ၌ ဆက်လက်ကျင်းပသည်။
စာတမ်းဖတ်ပွဲ ဒုတိယနေ့ နံနက်ပိုင်းတွင် သဘာပတိများအဖြစ် ဦးကိုလေး(ကိုလေး-အင်းဝဂုဏ်ရည်)၊ ဦးမြဟန်(မြဟန်)နှင့် ဦးကျော်နိုင် (ထက်မြက်)တို့က ဆောင်ရွက်ကြပြီး စာတမ်းရှင် ဒေါက်တာခင်အေး(မောင်ခင်မင်-ဓနုဖြူ)က ''ရှေးခေတ်မြန်မာ့နိုင်ငံရေးစာပေ''၊ ဦးသန်းဌေး (သင့်နော်)က ''လက်လှမ်းမီသမျှ မြန်မာ့နိုင်ငံရေး စာပေအင်အားစုသို့ချဉ်းကပ်ခြင်း''နှင့် ဦးအောင်မြင့်ဦး(အောင်မြင့်ဦး-လူထု)က ''ဆရာကြီးသခင်ကိုယ်တော်မှိုင်းရဲ့ မိန့်ခွန်းများထဲမှ နိုင်ငံရေးအဘိဓမ္မာ''စာတမ်းတို့ကို ဖတ်ကြားကြသည်။
မွန်းလွဲပိုင်းတွင် သဘာပတိများအဖြစ် ဦးတင်လှိုင်(လယ်တွင်းသား စောချစ်)၊ ဒေါက်တာခင်အေး(မောင်ခင်မင်-ဓနုဖြူ)နှင့် ဦးကိုကို(ကို-တက္ကသိုလ်)တို့က ဆောင်ရွက်ကြပြီး စာတမ်းရှင် ဦးအေးမောင်(အေးမောင်ကျော်)က ''လစ်ဘရယ်ဒီမိုကရေစီကောက်ကြောင်းနှင့် မြန်မာ့အကူးအပြောင်း''၊ ဦးမိုး မြင့်ဝင်း(မိုးမြင့်ဝင်း-နည်းပညာ)က ''ဖဆပလဝန်ကြီးချုပ် သခင်နု၏ ပြည်တွင်း ငြိမ်းချမ်းရေးဆောင်ရွက်မှုကို လေ့လာသုံးသပ်ချက်''နှင့် ဦးကျော်ဇံလှ (ညီစေမင်း)က ''နိုင်ငံရေးစာပေများကပြောတဲ့ တိုင်းရင်းသားလက်နက်ကိုင်လှုပ်ရှား မှုများ''စာတမ်းများကိုဖတ်ကြားကြပြီး တက်ရောက်လာကြသူများ၏ မေးမြန်းချက်များကိုပြန်လည်ဖြေကြားကာ ဒုတိယနေ့စာတမ်းဖတ်ပွဲကို ရပ်နားသည်။
ထို့နောက် ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် နာယက သူရဦးတင်ဦးနှင့် တာဝန်ရှိသူများက သဘာပတိများနှင့်စာတမ်းရှင်များအား ဂါရဝပြုလက်ဆောင်များနှင့် ဥာဏ်ပူဇော်ခများကို ပေးအပ်ချီးမြှင့်ကြသည်။
မိုးရာသီစာအုပ်ဈေးရောင်းပွဲ ဒုတိယနေ့တွင် စာအုပ်တိုက်များမှစာအုပ်ဆိုင် ၁၇၁ ဆိုင်ကို ဖွင့်လှစ်ရောင်းချပေးလျက်ရှိရာ စာပေပညာရှင်များ၊ စာပေဝါသနာရှင် ရဟန်းရှင်လူပြည်သူများနှင့် ဆရာ ဆရာမများ၊ ကျောင်းသား ကျောင်းသူများ အထူးများပြားပြီး တစ်နေရာတည်းတွင် လိုချင်သည့်စာအုပ်များကို တစုတစည်းတည်း လာရောက်ဝယ်ယူအားပေးခဲ့ကြ၍ ပထမနေ့ထက်ပင် ပိုမိုစည်ကားများပြားလျက်ရှိကြောင်း တွေ့ရသည်။
ဒုတိယနေ့ စာတမ်းဖတ်ပွဲနှင့်စာအုပ်ဈေးရောင်းပွဲတော်သို့ ပညာရှင်များ၊ စာပေဝါသနာရှင်များ၊ နိုင်ငံရေးနှင့် နိုင်ငံရေးစာပေစိတ်ဝင်စားသူများ၊ ဖိတ်ကြား ထားသူများနှင့် ဆရာ ဆရာမများ၊ ကျောင်းသား ကျောင်းသူများ တက်ရောက် ကြသည်။
ပထမအကြိမ် နိုင်ငံရေးစာပေစာတမ်းဖတ်ပွဲနှင့် မိုးရာသီစာအုပ် ဈေးရောင်းပွဲကို ဇူလိုင် ၃၁ ရက်တွင် တတိယနေ့ အပြီးသတ်ဆက်လက်ကျင်းပသွားမည်ဖြစ်ရာ စာတမ်းဖတ်ပွဲတွင် စာတမ်းရှင် ဦးမောင်မောင်ဦး(ဟိန်းလတ်)က ''နိုင်ငံတကာနိုင်ငံရေးခေါင်းဆောင်များ၏ အတ္ထုပ္ပတ္တိ(ပြည်ပ)''၊ ဦးသန်းအုန်း (မောင်ဇေယျာ)က ''မြန်မာ့နိုင်ငံရေးအတ္ထုပ္ပတ္တိစာပေ (၁၉၃၇-၁၉၈၇)''၊ ဦးရဲနိုင်အောင်(ကိုဝ)က ''နိုင်ငံရေးဘောဂဗေဒစာပေများ၏ နိုင်ငံရေးအကျိုး သက်ရောက်မှု''၊ ဦးမော်လင်း(မော်လင်း)က ''မြန်မာ့နိုင်ငံရေးနှင့် စာနယ်ဇင်းများ''၊ ဦးဇော်လင်း (လင်းအေး)က ''မြန်မာနိုင်ငံအမျိုးသားလွတ်မြောက်ရေး လှုပ်ရှားမှုများနှင့် နိုင်ငံရေးစာပေ (၁၉ဝဝ-၁၉၄ဝ)''နှင့် ဦးကိုကိုလှိုင် (ကိုကိုလှိုင်)က ''ခေတ်ပြိုင်နိုင်ငံတကာ နိုင်ငံရေးအတွေးအခေါ်များ'' စာတမ်းများကို ဖတ်ကြားကြမည်ဖြစ်သည်။
သတင်း- ရီရီမြင့်၊ ဥမ္မာသန့်၊ ဓာတ်ပုံ- ဇော်မင်းလတ်