Sunday, July 31, 2016

မြန်မာနိုင်ငံပြုပြင်ပြောင်းလဲမှုလုပ်ငန်းစဉ်များ၌ အမေရိကန်မှကူညီထောက်ပံ့နိုင်ရေးဆွေးနွေး


နေပြည်တော် ဇူလိုင် ၃ဝ

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့်သည် ဇူလိုင် ၂၅ ရက်က အမေရိကန်ပြည်ထောင်စု တက္ကဆတ်ပြည်နယ် ရထားပို့ဆောင်ရေးကော်မရှင်ဥက္ကဋ္ဌMr.David Porter ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ လက်ခံတွေ့ဆုံသည်။

တွေ့ဆုံပွဲတွင် နှစ်နိုင်ငံကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုမြှင့်တင်နိုင်ရေးအတွက် အလားအလာရှိသည့် ကဏ္ဍများ၊ လယ်ယာစိုက်ပျိုးရေး၊ အသေးစားအလတ်စားလုပ်ငန်းများ၊ အပင်နှင့် ပိုးမွှားရောဂါကင်းစင်ရေး(SPS) နှင့် သယ်ယူပို့ဆောင်ရေး(ူသါငျအငချ) ဆိုင်ရာကိစ္စရပ်များတွင် ကူညီထောက်ပံ့ပေးနိုင်ရေး၊ နှစ်နိုင်ငံ ဆက်ဆံမှုတွင် အစိုးရအချင်းချင်းသာမက၊ စီးပွားရေးလုပ်ငန်းရှင်များ၊ ပြည်သူများအချင်းချင်း ဆက်ဆံမှုတိုးမြှင့် ဆောင်ရွက်ရေးနှင့် မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲမှုလုပ်ငန်းစဉ်များ၌ လိုအပ်သည့်ကဏ္ဍများတွင် အမေရိကန် နိုင်ငံမှ ကူညီထောက်ပံ့ပေးနိုင်ရေးနှင့် နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာကိစ္စရပ်များကို အပြန်အလှန် ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိသည်။
(သတင်းစဉ်)

No comments:

Post a Comment