Sunday, July 31, 2016

မြန်မာ-ထိုင်း နှစ်နိုင်ငံဆက်ဆံရေး ပိုမိုတိုးတက်ကောင်းမွန်မှုဆိုင်ရာကိစ္စရပ်များ ဆွေးနွေး


နေပြည်တော် ဇူလိုင် ၃ဝ 

နှစ်နိုင်ငံဆက်ဆံရေး ပိုမိုတိုးတက်ကောင်းမွန်မှုဆိုင်ရာကိစ္စရပ်များ၊ နယ်စပ်လုံခြုံရေးဆိုင်ရာကိစ္စရပ်များ၊ နှစ်နိုင်ငံ နယ်စပ်သေရှိ ပြည်သူများအတွက် ဘက်စုံဖွံ့ဖြိုးတိုးတက်ရေး ဆိုင်ရာ လုပ်ငန်းစဉ်ကို ဆက်လက်ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ ကိစ္စရပ်များနှင့်စပ်လျဉ်း၍ နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရဲအောင်အား ထိုင်းနိုင်ငံ တရားရေးဝန်ကြီးH.E. Gen. Paiboon Koomchaya ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ ဇူလိုင် ၂၈ ရက်က ပြည်ထောင်စုဝန်ကြီး၏ ဧည့်ခန်းမ၌ လာရောက်တွေ့ဆုံစဉ် ဆွေးနွေးပြောကြားသည်။

ထိုသို့ တွေ့ဆုံစဉ် ၂ဝ၁၂ ခုနှစ်မှ ၂ဝ၁၈ ခုနှစ်အထိ စီမံကိန်းရန်ပုံငွေ ဘတ်သန်း (၃၅ဝ) ဖြင့် ထိုင်းနိုင်ငံမှ မယ်ဖာ့လုံ ဖောင်ဒေးရှင်းနှင့် မြန်မာနိုင်ငံမှ ပြည်ထဲရေးဝန်ကြီးဌာန၊ နယ်စပ်ရေးရာဝန်ကြီးဌာနတို့နှင့် ပူးပေါင်း၍ တာချီလိတ်နှင့် မိုင်းဆတ်ဒေသများတွင် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် နှစ်နိုင်ငံနယ်စပ်ဒေသများတွင် မူးယစ်ဆေးဝါး ထိန်းချုပ်နိုင်ရေးနှင့် ကျေးလက်လူမှုဘဝဖွံ့ဖြိုးတိုးတက်ရေးအတွက် အစားထိုးအသက်မွေးဝမ်းကြောင်း ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းအကောင်အထည်ဖော်ဆောင်ရွက်နေမှု အခြေ အနေများ နယ်စပ်ဒေသတည်ငြိမ်အေးချမ်းရေးနှင့် လက်နက်ကိုင်ပဋိပက္ခများ ချုပ်ငြိမ်းရေးအတွက် ပူးပေါင်းဆောင်ရွက်ရေး ဆိုင်ရာကိစ္စရပ်များ၊ အာဆီယံဒေသတွင်း နိုင်ငံ အချင်းချင်း ပိုမိုပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ ကိစ္စရပ်များအား အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိသည်။
(သတင်းစဉ်)

No comments:

Post a Comment