Sunday, July 31, 2016

CLMV အစည်းအဝေးကျင်းပနိုင်ရေးအတွက် အခမ်းအနားပြင်ဆင်ဆောင်ရွက်နေ

 
 
 နေပြည်တော် ဇူလိုင် ၃ဝ

ရန်ကုန်မြို့ ကမ္ဘာအေးဘုရားလမ်းရှိMelia ဟိုတယ်သို့ ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်း မောင်သည် ဇူလိုင် ၂၃ ရက် နံနက်ပိုင်းက ရောက်ရှိပြီး “င်္Four Countries- One Destination” Conference (CLMV) နှင့် အခမ်းအနားများ ကျင်းပ မည့်နေရာများ၊ အစီအစဉ်များကို ကြည့်ရှု စစ်ဆေးခဲ့သည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီး သည် ဝန်ကြီးဌာနအမည်ပေါက်သော ရန်ကုန်မြို့ မင်္ဂလာဒုံမြို့နယ် ကျောက်ရေ တွင်းလမ်းရှိ မြေနေရာသို့ ရောက်ရှိပြီး အဆိုပါ မြေနေရာ၌ ခရီးသွားလုပ်ငန်း ဆိုင်ရာ အဆောက်အအုံများ တည်ဆောက် နိုင်ရေးအတွက် ကြည့်ရှုစစ်ဆေးသည်။ ညနေပိုင်း၌ ရန်ကုန်မြို့ အင်းလျားကန် ဟိုတယ်တွင် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ကရင်တိုင်းရင်းသားလူမျိုးရေးရာ ဝန်ကြီးနှင့် တွေ့ဆုံ၍ ရန်ကုန်တိုင်း ဒေသကြီးအတွင်း ခရီးစဉ်ဒေသအသစ်များ ဖော်ထုတ်ရေး၊ ဟိုတယ်နှင့် ခရီးသွား လုပ်ငန်းများ ရေရှည်စနစ် တကျ ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်မည့်အစီအစဉ်များနှင့် လာမည့် နိုဝင်ဘာ ၂၈ ရက်မှ ဒီဇင်ဘာ ၅ ရက်အထိ ကျင်းပမည့် ပြင်သစ်-မြန်မာ နှစ်နိုင်ငံ (၅၅)နှစ်မြောက် ယဉ်ကျေးမှုဆိုင်ရာ အထိမ်းအမှတ်ပွဲ ကျင်းပနိုင်ရေးအတွက် ဆောင်ရွက်မှုအစီအစဉ် များကို ဆွေးနွေးခဲ့ကြောင်း သတင်းရရှိသည်။(သတင်းစဉ်)

No comments:

Post a Comment