Sunday, July 31, 2016

ဧရာဝတီမြစ်ရေတက်၍ လူနှင့်နွားများ ပြောင်းရွှေ့



The Mirror Daily's photo.
အောင်လံ ဇူလိုင် ၃ဝ
မကွေးတိုင်းဒေသကြီး သရက်ခရိုင် အောင်လံမြို့နယ်၌ ဇူလိုင်၃ဝ ရက် မွန်းတည့် ၁၂ နာရီ တွင် ဧရာဝတီမြစ်ရေ စိုးရိမ်ရေမှတ် ၂၄၇၅ စင်တီမီတာသို့ ရောက်ရှိခဲ့သဖြင့် မြေနိမ့်ပိုင်းနေထိုင်သူများမှာ ပြောင်းရွှေ့မှုများရှိခဲ့သည်။
ယနေ့ တွင် မြို့ပေါ်ရပ်ကွက်ဖြစ်သည့် သရက်တောရပ်ကွက်မှ အိမ်ထောင်စု ၁၁ စုသည် အနီးနားတွင် ယာယီတဲများထိုး၍လည်းကောင်း၊ နီးစပ်ရာဆွေမျိုး များအိမ်တွင်လည်းကောင်း နေထိုင်လျက်ရှိကြပြီး သရက်နှင့် အောင်လံမြို့ ကြားရှိ ရေလည်ကျွန်းကျေးရွာမှ ပြည်သူများသည် သရက်မြို့နယ်တာဝန်ရှိသူ များ၏စီစဉ်မှုဖြင့် လူနှင့်နွားများကို ဇက်ရေယာဉ်ဖြင့် နီးစပ်ရာဆွေမျိုးများထံ ပို့ဆောင်ပေးခဲ့သည်။
ယမန်နေ့က ပိတောက်ကုန်းကျေးရွာတွင် အိမ်ထောင်စု ငါးစု နွား ၄၂ ကောင်၊ တန်ဘိုးကျေးရွာဘုန်းတော်ကြီးကျောင်းတွင် အိမ်ထောင်စု သုံးစု နွား ၁၃ ကောင်၊ အင်းကုန်းကျေးရွာတွင် အိမ်ထောင်စု တစ်စု နွား ၄၂ ကောင် ၊ အင်းပေါက်ကျေးရွာတွင် အိမ်ထောင်စု တစ်စု၊ ရုံးဆိပ်ကျေးရွာတွင်အိမ်ထောင် စု ၁၁ စုတို့ ပြောင်းရွှေ့နေထိုင်လျက်ရှိကြသည် ။
သိန်းလွင်(ပြန်/ဆက်)

No comments:

Post a Comment