Sunday, July 31, 2016

ယဉ်ကျေးမှုအမွေအနှစ်များ ကာကွယ်ခြင်းနှင့် လူ့အရင်းအမြစ်ဖွံ့ဖြိုးမှု မြန်မာ-ဂျပန် ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ စာတမ်းဖတ်ပွဲကျင်းပ

နေပြည်တော် ဇူလိုင် ၃ဝ

မြန်မာနိုင်ငံရှိ ယဉ်ကျေးမှုအမွေအနှစ်များအား ကာကွယ်ခြင်းနှင့် လူ့အရင်းအမြစ်ဖွံ့ဖြိုးတိုးတက်မှုအပေါ် ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနနှင့် ကျိုတိုတက္ကသိုလ်တို့ ပူးပေါင်းဆောင်ရွက်သည့် စာတမ်းဖတ်ပွဲနှင့် သင်တန်းဖွင့်ပွဲအခမ်းအနားကို အမျိုးသားပြတိုက် (နေပြည်တော်)၌ ဇူလိုင် ၂၁ နံနက် ၉ နာရီတွင် ကျင်းပရာ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန် ဒေါက်တာ ဒေါ်နန္ဒာမွှန်းက အဖွင့်အမှာစကားပြောကြားခဲ့ပြီး ဂျပန်နိုင်ငံ ကျိုတိုတက္ကသိုလ်မှ ပါမောက္ခ မစ္စတာ Ari Ide Ektessabi က ပူးပေါင်းဆောင်ရွက်မှုအစီအစဉ်နှင့် ပတ်သက်၍ ရှင်းလင်းပြောကြားသည်။ 

Symposium and Training Program on Digitization and Conservation of Cultural Heritage Assets သို့ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက် ဦးစီးဌာန၊ သမိုင်းသုတေသနနှင့် အမျိုးသား စာကြည့်တိုက်ဦးစီးဌာနမှ ဝန်ထမ်း ၂ဝ နှင့် ပညာရေးဝန်ကြီးဌာန၊ ရန်ကုန်တက္ကသိုလ်နှင့် တောင်ငူတက္ကသိုလ်တို့မှ ဆရာ၊ ဆရာမ ၂ဝ အပါအဝင် စုစုပေါင်း သင်တန်းသား/ သင်တန်းသူ ၄ဝ ပါဝင်တက်ရောက်၍ စာတမ်းများဖတ်ကြားကြကြောင်း သတင်းရရှိသည်။ (သတင်းစဉ်)

No comments:

Post a Comment