Sunday, July 31, 2016

မြန်မာနှင့် ကာတာနိုင်ငံအကြား အလုပ်သမားဆိုင်ရာကိစ္စရပ်များဆွေးနွေး

နေပြည်တော် ဇူလိုင် ၃ဝ

အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေသည် မြန်မာနိုင်ငံဆိုင်ရာ ကာတာနိုင်ငံသံရုံးမှ သံအမတ်ကြီး Mr. Hassan Bin Mohamed Rafei AI-Emadi အား ဇူလိုင် ၂၂ ရက် ညနေပိုင်းက နေပြည်တော်ရှိ ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၏ ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံခဲ့သည်။

မြန်မာနိုင်ငံနှင့် ကာတာနိုင်ငံတို့အကြား အလုပ်သမားရေးရာနှင့် အလုပ်အကိုင်အခွင့် အလမ်းများ ပူးပေါင်းဆောင်ရွက်ရေး၊ လုပ်သားစွမ်းရည်မြင့်မားရေးအတွက် ကျွမ်းကျင်မှုဆိုင်ရာသင်တန်းများ ဖွင့်လှစ်နိုင်ရေးအခြေအနေများနှင့် စပ်လျဉ်း၍ ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြောင်း သတင်းရရှိသည်။
(သတင်းစဉ်)

No comments:

Post a Comment