Sunday, July 31, 2016

လူနေမှုဘဝနှင့် ကျန်းမာရေးဆိုင်ရာ အခြေခံအချက်အလက်စစ်တမ်း ကွင်းဆင်းစာရင်းကောက်ယူခြင်း အသိအမှတ်ပြုလက်မှတ် ချီးမြှင့်

နေပြည်တော် ဇူလိုင် ၃ဝ

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ပြည်သူ့ကျန်းမာရေးဦးစီးဌာန၏ မြန်မာနိုင်ငံ လူနေမှုဘဝနှင့် ကျန်းမာရေး ဆိုင်ရာ အခြေခံအချက်အလက်စစ်တမ်း (၂ဝ၁၅-၁၆) ကွင်းဆင်းစာရင်းကောက်ယူခြင်းအတွက် အသိအမှတ်ပြု လက်မှတ် ချီးမြှင့်ခြင်းနှင့် အတွေ့အကြုံရှင်းလင်းပွဲ အခမ်းအနားကို ဇူလိုင် ၂၁ ရက် နံနက်ပိုင်းက ရွှေပြည်တော် ဟိုတယ်၌ကျင်းပရာ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေး တက်ရောက် အဖွင့်အမှာစကားပြောကြားခဲ့သည်။

ပြည်ထောင်စုဝန်ကြီးက ယခု ကောက်ယူရရှိလာသည့် အချက်အလက်များကို ဗဟိုတွင် စိစစ်ခြင်းပြုလုပ်နေပြီး ယခုနှစ် သြဂုတ်လ အကုန် စက်တင်ဘာလဆန်းလောက်တွင် အဓိကအညွှန်းကိန်း အစီရင်ခံစာထွက်ရှိရန် ကြိုးစားလျက်ရှိကြောင်း၊ ယခုရရှိလာသော အတွေ့အကြုံများကို နေ့စဉ်လုပ်ငန်းဆောင်ရွက်မှုများတွင် ကောင်းမွန်စွာအသုံးချနိုင်ရန်၊ အခြားစစ်တမ်းများတွင်လည်း ပါဝင်ဆောင်ရွက်ရင်း အတွေ့အကြုံကောင်းများပေးနိုင်ရန်၊ မြန်မာနိုင်ငံ၏ လူနေမှု ဘဝနှင့် ကျန်းမာရေးအဆင့်အတန်း မြင့်မားစေရန် တစ်တပ်တစ်အား ကြိုးစားလုပ်ဆောင်ပေးကြပါရန် တိုက်တွန်းပြောကြားခဲ့သည်။ ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများက အသိအမှတ်ပြုလက်မှတ်များ ချီးမြှင့်ခဲ့ပြီး အတွေ့အကြုံ ရှင်းလင်းပွဲကို ဇူလိုင် ၂၂ ရက်အထိ ကျင်းပခဲ့ကြောင်း သိရှိရသည်။
(သတင်းစဉ်)

No comments:

Post a Comment