Sunday, July 31, 2016

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ ဦးသိန်းစိန်နှင့် ''ဝ''အထူးဒေသ (၂)မှ ဦးပေါက်ယူယိ ဦးဆောင်သည့် အဖွဲ့၊ အထူးဒေသ (၄) မိုင်းလားမှ ဦးစိုင်းလင်းဦးဆောင်သည့်အဖွဲ့တို့ တွေ့ဆုံ

Myanmaalinn's photo.
 နေပြည်တော် ဇူလိုင် ၃ဝ

''ဝ''အထူးဒေသ(၂) မှ ''ဝ'' ပြည်သွေးစည်းညီညွတ်ရေးပါတီ ဗဟိုပေါလစ်ဗျူရိုအမြဲတမ်းကော်မတီ ဒုတိယအထွေထွေအတွင်းရေး မှူးချုပ် ဦးပေါက်ယူယိ ဦးဆောင်သည့် အဖွဲ့ (အပေါ်ပုံ)နှင့် အထူးဒေသ(၄) မိုင်းလား၊ ငြိမ်းချမ်းရေးနှင့် စည်းလုံးရေးကော်မတီဥက္ကဋ္ဌ ဦးစိုင်းလင်း ဦးဆောင်သည့်အဖွဲ့တို့သည် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ ဦးသိန်းစိန်အား ယနေ့ နံနက်ပိုင်းတွင် နေပြည်တော်ရှိ ပါတီဌာနချုပ်အစည်းအဝေးခန်းမ၌ သွားရောက်တွေ့ဆုံသည်။
ထိုသို့ တွေ့ဆုံရာတွင် တိုင်းရင်းသားပြည်သူအားလုံး လက်ခံနိုင်သော စစ်မှန်သည့် ငြိမ်းချမ်းရေးဖော်ဆောင်ရေးကိစ္စရပ်များ၊ နိုင်ငံအတွင်း တိုင်းရင်းသားအားလုံး ဥမကွဲ သိုက်မပျက် စည်းလုံးညီညွတ်စွာ နေထိုင်နိုင်ရေးနှင့် နယ်စပ်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြကြောင်း သိရှိရသည်။

(သတင်းစဉ်)

No comments:

Post a Comment