Sunday, July 31, 2016

ဖလော်ရီဒါပြည်နယ်၌ ဇီကာဗိုင်းရပ်စ်ကူးစက်ခံရ

Myanmaalinn's photo.
ဖလော်ရီဒါ ဇူလိုင် ၃ဝ

အမေရိကန်ပြည်ထောင်စု ဖလော်ရီဒါပြည်နယ် ကျန်းမာရေးအာဏာပိုင်များက ဇီကာဗိုင်းရပ်စ်နှင့်ပတ်သက်၍ သတင်းထုတ်ပြန်ခဲ့ ရာ ခြင်မှတစ်ဆင့် ကူးစက်သည့် ဇီကာဗိုင်းရပ်စ်ကူးစက်ခြင်းမှာတိုင်းပြည်အတွင်း ပထမဆုံးပင်ဖြစ်ကြောင်း ဆိုသည်။
ဇီကာဗိုင်းရပ်စ်ပိုးဖြစ်ပွားရာဒေသသို့ သွားရောက်ခြင်းမရှိဘဲ၊ ဇီကာဗိုင်းရပ်စ်ပိုးရှိသူနှင့်လည်း ထိတွေ့နေထိုင်ခြင်းမရှိဘဲ အမျိုးသားသုံးဦးနှင့် အမျိုးသမီးတစ်ဦး ဗိုင်းရပ်စ်ကူးစက်ခြင်းခံရကြောင်း သောကြာနေ့၌ အာဏာပိုင်များက ကြေညာသည်။ ကူးစက်ခံရသူ လူနာလေးဦးစလုံးမှာဒေသအတွင်းမှ ခြင်များအကိုက်ခံရ၍ ကူးစက်ခံရခြင်းဖြစ်ကြောင်း သိရသည်။ မီယာမီအလယ်ပိုင်းဒေသ၌ ကူးစက်ခံရခြင်းဖြစ်ပြီး ရောဂါပိုးသယ်ဆောင်လာသောခြင်သည် အခြားလူတစ်ဦးကို ကိုက်ခဲ့ခြင်းကြောင့် ကူးစက်ရခြင်းဖြစ်ကြောင်း ပြောခဲ့သည်။ ယခုအချိန်ထိ ဖလော်ရီဒါအတွင်း ရောဂါပိုးသယ်ဆောင်ထားသော ခြင်မတွေ့ရှိရသေးပေ။ သို့သော် ကျန်းမာရေး အာဏာပိုင်အဖွဲ့က ကူးစက်မှုမပြန့်ပွားအောင် ထိန်းချုပ်ဆောင်ရွက်လျက်ရှိသည်။ နွေရာသီခရီးသွား ရာသီအစတွင် ဖြစ်ပွားခြင်းဖြစ်ပြီး ဖလော်ရီဒါပြည်နယ်သည် က္ဘာတစ်ဝန်းလုံးမှ ခရီးသွားများဝင်ရောက်ရာ ဒေသလည်းဖြစ်သည်။
ဇီကာဗိုင်းရပ်စ်သည်ကိုယ်ဝန်ဆောင်မိခင်များကူးစက်ခြင်းခံရပါက ကလေးမွေးဖွားလာသည့်အခါ ကလေးငယ်၌ ချို့ယွင်း ချက်များပါလာနိုင်သည်။ ဇီကာဗိုင်းရပ်စ်သည် တောင်အမေရိက အပါအဝင် နိုင်ငံပေါင်း ၆၇ နိုင်ငံနှင့် အချို့သောနယ်မြေများ၌ ဖြစ်ပေါ် လျက်ရှိကြောင်း အတည်ပြုထားသည်။

(အင်န်အိတ်ခ်ျကေ)

No comments:

Post a Comment