Sunday, July 31, 2016

ဧရာဝတီမြစ်ရေဝင်ရောက်မှုကြောင့် စာသင်ကျောင်းများ ပိတ်ထားခဲ့ရပြီး အိမ်များအတွင်း ရေများဝင်ရောက်


ကသာ ဇူလိုင် ၃ဝ

စစ်ကိုင်းတိုင်းဒေသကြီး ကသာခရိုင် ကသာနှင့် ထီးချိုင့်မြို့နယ် တို့၌ ဇူလိုင် ၂၉ ရက်က ဧရာဝတီမြစ်ရေ မြင့်တက်လာမှုကြောင့် ကသာမြို့နယ်တွင် စာသင်ကျောင်း ၃၄ ကျောင်း၊ ထီးချိုင့် မြို့နယ်တွင် စာသင်ကျောင်း ၂၅ ကျောင်းတို့ရေဝင်သဖြင့် ပိတ်ထားရပြီး အိမ်များအတွင်းသို့လည်း ရေများဝင်ရောက်ခဲ့ ကြောင်း သိရသည်။ ဧရာဝတီမြစ်ရေ ဝင်ရောက်မှုကြောင့် ထီးချိုင့်မြို့ပေါ်ရှိ အမှတ် (၃)ရပ်ကွက်နှင့် အမှတ် (၄) ရပ်ကွက် ရှိ အိမ်ထောင်စုများကို ကျောက်စေတီဘုန်းကြီးကျောင်းနှင့် ရွှေစည်းခုံဘုန်းကြီးကျောင်းတို့၌ ကယ်ဆယ်ရေးစခန်း ဖွင့် လှစ်ထားပြီး လူနှင့် တိရ္ဆာန်များ ထိခိုက်ဒဏ်ရာရမှု မရှိ ကြောင်း သိရသည်။

မြို့နယ်အုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ တပ်မတော်သားများ၊ ရဲတပ်ဖွဲ့နှင့် မီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့တွင်းမီဒီယာများ၊ လူမှု ရေးအသင်းများနှင့် ဌာနဆိုင်ရာများ ပူးပေါင်းပါဝင်၍ ရေဝင် ဒေသများကို ပံ့ပိုးကူညီမှုများ ဆောင်ရွက်ပေးခဲ့ကြကြောင်း သိရသည်။
ငွေအိုး (ကသာ)

No comments:

Post a Comment