Sunday, July 31, 2016

ထင်သာမြင်သာ ပြုပြင်စရာ



အမှိုက်များစည်းကမ်းမဲ့စွာစွန့်ပစ်ခြင်း တားမြစ်ပေးစေလို
ပဲခူးတိုင်းဒေသကြီး ရေတာရှည်မြို့နယ် ဆွာမြို့တောင်ဘက်အဝင် ရန်ကုန်-မ္တလေး ကားလမ်း အနောက်ဘက်ဘေး၌ အမှိုက်များစည်းကမ်းမဲ့စွာစွန့်ပစ်ခြင်းကြောင့် အနံ့အသက်များဆိုးရွားခြင်းအပြင် မြို့၏ပုံရိပ်ကိုပါထိခိုက်နေသည့်အတွက် အဆိုပါ အမှိုက်များစွန့်ပစ်မှုကို ထိရောက်စွာဆောင်ရွက်သင့်ကြောင်း ပြောဆိုနေကြသည်။ စည်ပင်သာယာဈေးမှ အမှိုက်များအား မြို့နယ်စည်ပင်သာယာရေးအဖွဲ့က နေ့စဉ် စနစ်တကျသိမ်းဆည်းပေးနေသော်လည်း ရပ်ကွက်များရှိ စွန့်ပစ်အမှိုက်များအား ဆိုက်ကား၊ သုံးဘီးဆိုင်ကယ်၊ ဆိုင်ကယ်နောက်တွဲယာဉ်များဖြင့် နေ့စဉ်လာရောက် စွန့်ပစ်ခြင်းကြောင့် တစ်နေ့ထက်တစ်နေ့ ပိုမိုများပြားလာနေသည်။
''မြို့အဝင်ဆိုင်းဘုတ်နဲ့ကပ်နေတာရယ်၊ နေ့စဉ်ကားလမ်းတစ်လျှောက်သွားလာ နေကြတဲ့ ခရီးသွားတွေမြင်ရင် ဒီမြို့က အလွန်စည်းကမ်းမဲ့တဲ့ မြို့လို့ အထင်ရောက် သွားနိုင်တဲ့အတွက် မြို့သူ/မြို့သားတွေအနေနဲ့ အမှိုက်ကို စနစ်တကျ စွန့်ပစ် သင့်ပါတယ်''ဟု မြို့ခံတစ်ဦးက ပြောကြားသည်။ နေ့စဉ်ထွက်ရှိလျက်ရှိသည့် အမှိုက်များအား စွန့်ပစ်ရန် မြေနေရာရှားပါးခြင်းနှင့် အမှိုက်များအား မီးရှို့ဖျက်ဆီး သည့် စနစ်ထားရှိနိုင်ပါက ယခုထက်အဆင်ပြေစေနိုင်မည်ဖြစ်ကြောင်း အဆိုပါ မြို့ခံကပင်ဆက်၍ပြောသည်။
 
ကိုလွင်(ဆွာ)

No comments:

Post a Comment