Sunday, July 31, 2016

ဧရာဝတီမြစ်ရေမြင့်တက်မှုကြောင့် စာသင်ကျောင်းအချို့ပိတ်ထားရ




The Mirror Daily's photo.


စစ်ကိုင်း ဇူလိုင် ၃ဝ

ဧရာဝတီမြစ်ရေသည် စစ်ကိုင်းမြို့၏ စိုးရိမ်ရေမှတ် စင်တီမီတာ ၁၁၅ဝ အထက် ၄၃ စင်တီမီတာကျော်လွန်နေကြောင်း သိရသည်။

စစ်ကိုင်းမြို့ လင်းဇင်းရပ်ကွက်နေထိုင်သူ ဦးရင်မောင်က ''ကျွန်တော်တို့ အခုလို ဧရာဝတီမြစ်ရေတွေတိုးလာတာ အခုတစ်ကြိမ်နဲ့ဆို သုံးကြိမ်ရှိသွားပြီ။ တော်တော်လေး ဒုက္ခရောက်ပါတယ်။ ဟိုနားဒီနားသွားဖို့ကို မလွယ်တော့ဘူး။ စားဖို့ ဈေးထွက် ဝယ်ရသေးတယ်။ ကိုယ်ပိုင်လှေ မဝယ်နိုင်ဘူး။ လှေခက ဘယ်သွားသွား ကျပ် ၂ဝဝ၊ တခြားရပ်ကွက်က ဒီထက်များတယ်။ တချို့ဆို ကား၊ ဆိုင်ကယ်တွေကို နီးစပ်ရာရေမဝင် တဲ့နေရာတွေမှာ အကူအညီတောင်းပြီး အပ်ထားရတယ်။ ရေရှည်ဆို မလွယ်ဘူး။ သက်ဆိုင်တဲ့အဖွဲ့အစည်းတွေ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေက ကား၊ ဆိုင်ကယ် အအပ်ခံပေးမယ့်နေရာလေးတွေ လုပ်ပေးထားသင့်တယ်လို့အကြံပြုချင်ပါတယ်။ နောက်ထပ်မတိုးပါနဲ့တော့လို့သာ ဆုတောင်းနေရတော့တယ်'' ဟု ပြောသည်။

စစ်ကိုင်းမြို့တွင် ဧရာဝတီမြစ်ရေတိုးလာခြင်းကြောင့် မြို့ပေါ်ရပ်ကွက်များအပါအဝင် ကျေးရွာပေါင်း ၂ဝ ကျော်နှင့် ကျောင်းပေါင်း ၁၉ ကျောင်း ရေနစ်မြုပ်လျက်ရှိကြောင်း သိရသည်။
(ခိုင်ဇေယျ)

No comments:

Post a Comment