Showing posts with label ပြည်တွင်းသတင်း. Show all posts
Showing posts with label ပြည်တွင်းသတင်း. Show all posts

Thursday, November 28, 2019

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ကိုရီးယားသမ္မတနိုင်ငံမှ နေပြည်တော်သို့ ပြန်လည်ရောက်ရှိ




Image may contain: 6 people, people smiling, people standing and suit
နေပြည်တော် နိုဝင်ဘာ ၂၇



ကိုရီးယားသမ္မတနိုင်ငံ ဘူဆန်မြို့၌ ရောက်ရှိနေသည့် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် သည် ယနေ့တွင် ပထမအကြိမ် မဲခေါင်-ကိုရီးယား ထိပ်သီးအစည်းအဝေးသို့ တက်ရောက်သည်။
နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်သည် ယနေ့ဒေသစံတော်ချိန် နံနက် ၁ဝ နာရီတွင် ပထမအကြိမ် မဲခေါင်-ကိုရီးယားထိပ်သီးအစည်းအဝေးသို့ တက်ရောက် ရန် ဘူဆန်မြို့ရှိ Nurimaru APEC House သို့ ရောက်ရှိရာ ကိုရီးယားနိုင်ငံ သမ္မတ မစ္စတာ မွန်ဂျေအင်းက ခင်မင်ရင်းနှီးစွာ ကြိုဆိုနှုတ်ဆက်ပြီး မှတ်တမ်းတင်ဓာတ်ပုံရိုက်သည်။
ထို့နောက် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်သည် ကိုရီးယား သမ္မတ၊ မဲခေါင်နိုင်ငံများမှ အစိုးရအဖွဲ့ အကြီးအကဲများနှင့်အတူ မှတ်တမ်း တင်ဓာတ်ပုံရိုက်သည်။
မဲခေါင် - ကိုရီးယား ပူးပေါင်း
ဆောင်ရွက်မှု အထောက်အကူပြု
ယင်းနောက် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်သည် ပထမအကြိမ် မဲခေါင်-ကိုရီးယား ထိပ်သီးအစည်း အဝေးသို့တက်ရောက်ပြီး ၂၀၁၁ ခုနှစ် က စတင်ခဲ့သည့် မဲခေါင်-ကိုရီးယား ပူးပေါင်းဆောင်ရွက်မှုမှာ အောင်မြင် မှုများရရှိခဲ့ပြီး မဲခေါင်ဒေသ ပြည်သူ များအတွက် အကျိုးဖြစ်ထွန်းစေခဲ့ပါ ကြောင်း၊ မဲခေါင်- ကိုရီးယားပူးပေါင်း ဆောင်ရွက်မှု လုပ်ငန်းစဉ်များအား ထိပ်သီးအစည်းအဝေး အဆင့်သို့ မြှင့်တင်နိုင်ခြင်းသည် မဲခေါင်-ကိုရီးယား နိုင်ငံ့ခေါင်းဆောင်များ၏ မဲခေါင်-ကိုရီးယားပူးပေါင်းဆောင်ရွက် မှုအပေါ် အလေးအနက်ထားမှုအား ပြသခြင်းဖြစ်ပါကြောင်း၊ ကိုရီးယား နိုင်ငံ၏ New Southern Policy၊ အာဆီယံ-ကိုရီးယား ပူးပေါင်း ဆောင်ရွက်မှုနှင့် မဲခေါင်-ကိုရီးယား ပူးပေါင်းဆောင်ရွက်မှုတို့သည် တစ်ခု နှင့်တစ်ခု အပြန်အလှန်အထောက် အကူပြုနေသည့်အတွက် ဒေသတွင်း ၌ ငြိမ်းချမ်းသာယာသော ပြည်သူ့ အခြေပြု လူမှုအသိုက်အဝန်းများ ထူထောင်ရေးအပေါ် များစွာအကျိုး ကျေးဇူးဖြစ်ထွန်းစေပါကြောင်း၊ ဇီဝ မျိုးစုံမျိုးကွဲ ထိန်းသိမ်းစောင့်ရှောက် ရေးနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးသည် နိုင်ငံများအားလုံး အတွက် အလွန်အရေးကြီးသော လုပ်ငန်းဖြစ်သည့် အားလျော်စွာ “မဲခေါင်-ကိုရီးယား ပူးပေါင်းဆောင် ရွက်မှု ဇီဝမျိုးစုံမျိုးကွဲ ထိန်းသိမ်း စောင့်ရှောက်ရေးစင်တာ”ကို မြန်မာ နိုင်ငံက အိမ်ရှင်နိုင်ငံအဖြစ် လက်ခံ တည်ထောင်ရန် အဆိုပြုလိုပါကြောင်း၊ မဲခေါင်-ကိုရီးယား ပူးပေါင်းဆောင် ရွက်မှုအရ မြန်မာနိုင်ငံတွင် ဆောင် ရွက်လျက်ရှိသည့် စီမံကိန်းများအား ကိုရီးယားသမ္မတနိုင်ငံမှ ရန်ပုံငွေ ထောက်ပံ့ခြင်းအတွက် ကျေးဇူးတင်ရှိ ပါကြောင်း ဆွေးနွေးပြောကြားသည်။
မဲခေါင်-ကိုရီးယား အနာဂတ်ပူးပေါင်းဆောင်ရွက်မှုများ
ထိပ်သီးအစည်းအဝေးတွင် ကိုရီးယားသမ္မတနိုင်ငံ သမ္မတ မစ္စတာ မွန်ဂျေအင်း၊ ထိုင်းနိုင်ငံဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီး(ငြိမ်း) ပရာယုဒ်ချန်အိုချာ တို့က ပူးတွဲသဘာပတိများအဖြစ် ဆောင်ရွက်ကြပြီး ကမ္ဘောဒီးယားနိုင်ငံ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေး ဝန်ကြီး မစ္စတာပရတ်ဆိုခွန်း၊ လာအို ပြည်သူ့ဒီမိုကရက်တစ်သမ္မတနိုင်ငံ ဝန်ကြီးချုပ် မစ္စတာ ထောင်လွန်း ဆီစုလစ်၊ ဗီယက်နမ်ဆိုရှယ်လစ် သမ္မတနိုင်ငံ ဝန်ကြီးချုပ် မစ္စတာ ငုယင်စွမ်းဖုတို့ တက်ရောက်ကာ မဲခေါင်-ကိုရီးယား အနာဂတ်ပူးပေါင်း ဆောင်ရွက်မှုများ ခေါင်းစဉ်ဖြင့် ဆွေးနွေးပြောကြားကြသည်။
အဆိုပါ ထိပ်သီးအစည်းအဝေး တွင် “မဲခေါင်မြစ်နှင့် ဟန်မြစ် ကြေညာ ချက်” “ Mekong – Han River Declaration” ကို ထုတ်ပြန်ကြေညာ ခဲ့သည်။
ယင်းကြေညာချက်အရ မဲခေါင် နိုင်ငံများနှင့် ကိုရီးယားနိုင်ငံတို့သည် လူသားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက် ရေး၊ စိုက်ပျိုးရေးနှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး၊ သတင်းအချက် အလက်နည်းပညာ၊ အခြေခံ အဆောက်အဦ၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး၊ သမားရိုးကျမဟုတ် သော လုံခြုံရေးဆိုင်ရာနှင့်ယဉ်ကျေးမှုနှင့် ခရီးသွားလာရေးကဏ္ဍတို့တွင် ပူးပေါင်းဆောင်ရွက်သွားမည် ဖြစ် ကြောင်း သိရသည်။
ထို့နောက် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်သည် မဲခေါင်-ကိုရီးယားဇီဝမျိုးစုံမျိုးကွဲ ထိန်းသိမ်းစောင့်ရှောက်မှုဆိုင်ရာပြပွဲ၌ ပြသ ထားမှုများအား ကြည့်ရှုသည်။
ယင်းနောက် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်သည် ဘူဆန်မြို့ ဆာစန်းခရိုင်ခန်းမ၌ ကိုရီးယားနိုင်ငံ ရောက် မြန်မာနိုင်ငံသားများနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံသည်။
မိမိနိုင်ငံသားများ အရေးကိစ္စ အလေးထား ဆောင်ရွက်ပေးမည်
တွေ့ဆုံပွဲတွင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က မြန်မာနိုင်ငံသား များအနေဖြင့် အိမ်ရှင်နိုင်ငံသားများ၏ လေးစားမှုရှိအောင် နေထိုင်လုပ်ကိုင် ကြရန်လိုကြောင်း၊ ပြည်ပရောက်နိုင်ငံ သားများအချင်းချင်း အပြန်အလှန် ရိုင်းပင်းကူညီ စောင့်ရှောက်ရန်လို ကြောင်းနှင့် မြန်မာသံရုံးအနေဖြင့် လည်း မိမိနိုင်ငံသားများ၏ အရေး ကိစ္စများကို ပိုမိုအလေးထားဆောင် ရွက်ပေးသွားမည်ဖြစ်ကြောင်း ပြော ကြားသည်။
ထို့နောက် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က ကိုရီးယားနိုင်ငံ ရောက် မြန်မာနိုင်ငံသားများ မေးမြန်း သည့် ကိုရီးယားနိုင်ငံ၌ မြန်မာအလုပ် သမားသံအရာရှိတစ်ဦး ထပ်မံခန့်ထား ပေးရေးကိစ္စ၊ ပညာရေးကဏ္ဍ ပိုမို ဖွံ့ဖြိုးတိုးတက်ရေး၊ အလုပ်သမား အာမခံကြေးများ ပြန်လည်ထုတ်ယူ ရာတွင် ပိုမိုလွယ်ကူအဆင်ပြေချောမွေ့ စေရေးနှင့် မြန်မာနိုင်ငံသို့ ငွေလွှဲပို့ ရာတွင် ပိုမိုလွယ်ကူမြန်ဆန်ရေး ကိစ္စရပ်များနှင့်စပ်လျဉ်းသည့် မေးခွန်း များအား ပြန်လည်ရှင်းလင်းပြောကြား ပြီး နိဂုံးချုပ်အမှာစကား ပြောကြား သည်။
ယင်းနောက် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်သည် ဒေသစံတော် ချိန် ညနေ ၃ နာရီခွဲတွင် ကိုရီးယား နိုင်ငံဘူဆန်မြို့မှ နေပြည်တော်သို့ အထူးလေယာဉ်ဖြင့် ပြန်လည်ထွက်ခွာ ကြရာ ကိုရီးယားသမ္မတနိုင်ငံ နိုင်ငံ ခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး Mr. Lee Tae Ho နှင့် တာဝန်ရှိသူများ၊ ကိုရီးယားနိုင်ငံဆိုင်ရာ မြန်မာ သံအမတ်ကြီး ဦးသန့်စင်နှင့်ဇနီး ဒေါက်တာနန်းမြတ်စိုး၊ မြန်မာနိုင်ငံ ဆိုင်ရာ ကိုရီးယားသံအမတ်ကြီး မစ္စတာ လီဆန်းဟွာ၊ ကိုရီးယားနိုင်ငံ ဆိုင်ရာ မြန်မာသံရုံးမှ မိသားစုများက ကိုရီးယား ဂုဏ်ပြုတပ်ဖွဲ့နှင့်အတူ ဘူဆန်မြို့ Gimhae လေတပ်ဌာနချုပ် လေဆိပ်၌ ပို့ဆောင်နှုတ်ဆက်ကြ သည်။
နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် သည် နေပြည်တော်သို့ ညပိုင်းတွင် ပြန်လည်ရောက်ရှိရာ ပြည်ထောင်စု ဝန်ကြီး ဦးကျော်တင့်ဆွေ၊ ဒုတိယ ဝန်ကြီး ဦးတင်မြင့်၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ရဲချုပ် ဒုတိယရဲဗိုလ်ချုပ်ကြီး အောင်ဝင်းဦး၊ မြန်မာနိုင်ငံဆိုင်ရာ ကိုရီးယားသံရုံးမှ သံမှူးကြီး Mr. JUNG Yung Soo နှင့် တာဝန်ရှိသူ များက နေပြည်တော်အပြည်ပြည် ဆိုင်ရာလေဆိပ်၌ ကြိုဆိုနှုတ်ဆက် ကြသည်။
ပြန်လည်လိုက်ပါ
နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်နှင့်အတူ အဖွဲ့ဝင်များအဖြစ် လိုက်ပါ ခဲ့ကြသည့် ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူ၊ ဦးကျော်တင်၊ ဒုတိယဝန်ကြီး ဒေါက်တာ မင်းရဲပိုင် ဟိန်း၊ နေပြည်တော်စည်ပင်သာယာ ရေးကော်မတီ ဒုတိယမြို့တော်ဝန် ဦးရဲမင်းဦးနှင့် ဌာနဆိုင်ရာတာဝန် ရှိသူများလည်း ပြန်လည်လိုက်ပါလာ ကြပြီး ကိုရီးယားသမ္မတနိုင်ငံ ဘူဆန် မြို့တွင်ကျင်းပသည့် ဒုတိယအကြိမ် အာဆီယံ-ကိုရီးယား ပြည်သူ့ ဝန်ဆောင်မှု တီထွင်ပြောင်းလဲရေး ဆိုင်ရာ ဝန်ကြီးအဆင့်အစည်းအဝေး နှင့် ပြပွဲအခမ်းအနားသို့ တက်ရောက် ခဲ့သည့် ပြည်ထောင်စုဝန်ကြီး ဦးမင်းသူ နှင့်အဖွဲ့လည်း ပြန်လည်လိုက်ပါ လာကြသည်။ သတင်းစဉ်

နိုင်ငံတော်သမ္မတ ဦးဝင်းမြင့် ၂၀၁၈ ခုနှစ်အတွက် အမျိုးသားစာပေတစ်သက်တာဆု၊ အမျိုးသားစာပေဆုနှင့် စာပေဗိမာန်စာမူဆုချီးမြှင့်ပွဲ အခမ်းအနားသို့ တက်ရောက်မိန့်ခွန်းပြောကြား




Image may contain: 4 people, people standing and child
ရန်ကုန် နိုဝင်ဘာ ၂၇



၂၀၁၈ ခုနှစ်အတွက် အမျိုးသားစာပေတစ်သက်တာဆု၊ အမျိုးသားစာပေဆုနှင့် စာပေဗိမာန်စာမူဆုချီးမြှင့်ပွဲ အခမ်းအနားကို ယနေ့ နံနက် ၉ နာရီတွင် ရန်ကုန်မြို့ ဆူးလေဘုရားလမ်းရှိ ရှန်ဂရီလာဟိုတယ်၌ ကျင်းပရာ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့် တက်ရောက်မိန့်ခွန်းပြောကြားပြီး အမျိုးသားစာပေတစ်သက်တာဆုရရှိသူများကို ဆုများ ပေးအပ်ချီးမြှင့်သည်။
ဆုချီးမြှင့်ပွဲ အခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီးများ ဖြစ်ကြသည့် ဒေါက်တာ ဖေမြင့်၊ သူရဦးအောင်ကို၊ ဒေါက်တာမျိုးသိမ်းကြီး၊ ရန်ကုန် တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးတင်မောင်ထွန်း၊ ဒုတိယဝန်ကြီး ဦးအောင်လှထွန်း၊ ရန်ကုန်တိုင်း ဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးများ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ ဌာန ဆိုင်ရာ အကြီးအကဲများ၊ ယခင် အမျိုးသားစာပေ တစ်သက်တာဆုရ ဆရာကြီးများ၊ စာပေဆုရွေးချယ်ရေး ကော်မတီဝင်များ၊ ဆုလက်ခံရယူကြ မည့်ပုဂ္ဂိုလ်များ၊ စာပေပညာရှင်ကြီး များ၊ စာပေလောကသားများ၊ စာပေ ချစ်မြတ်နိုးသူများ၊ စာပေဝါသနာရှင် များ၊ ၎င်းတို့၏ မိသားစုဝင်များနှင့် ဖိတ်ကြားထားသူများ တက်ရောက် ကြသည်။
ရင်းရင်းနှီးနှီးနှုတ်ဆက်
အခမ်းအနားမစတင်မီ နိုင်ငံတော် သမ္မတသည် ၂၀၁၈ ခုနှစ်အတွက် အမျိုးသား စာပေတစ်သက်တာဆုရ ဆရာကြီးများ၊ အမျိုးသားစာပေဆု စိစစ်ရွေးချယ်ရေးကော်မတီ ဥက္ကဋ္ဌ နှင့် အဖွဲ့ဝင်များ၊ အမျိုးသားစာပေဆု ရရှိကြသူများနှင့် စာပေဗိမာန်စာမူဆု ရရှိကြသူများအား ရင်းရင်းနှီးနှီး နှုတ်ဆက်သည်။
ယင်းနောက် နိုင်ငံတော်သမ္မတ သည် ၂၀၀၁ ခုနှစ်မှ ၂၀၁၈ ခုနှစ်အထိ တစ်သက်တာ စာပေဆုရ ပညာရှင် ကြီးများ၏ မှတ်တမ်းဓာတ်ပုံများ၊ ၂၀၀၉ ခုနှစ်မှ ၂၀၁၈ ခုနှစ်အထိ အမျိုးသားစာပေဆုရ စာအုပ်များနှင့် ၂၀၁၈ ခုနှစ်အတွင်း ထုတ်ဝေခဲ့သည့် စာအုပ်များ ခင်းကျင်းပြသထားမှုကို လှည့်လည်ကြည့်ရှုသည်။
ဆုမွန်ကောင်းတောင်း
ထို့နောက် ဆုချီးမြှင့်ပွဲအခမ်း အနားကို ကျင်းပရာ နိုင်ငံတော်သမ္မတ က မိန့်ခွန်းပြောကြားရာတွင် ယနေ့ ကျင်းပသည့် အမျိုးသားစာပေဆုနှင်း သဘင် အခမ်းအနားသို့ တက်ရောက် လာကြသည့် ပြည်ထောင်စုဝန်ကြီး များ၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရ အဖွဲ့ဝင်များ၊ လွှတ်တော်ကိုယ်စား လှယ်များ၊ စာပေဆုရွေးချယ်ရေး ကော်မတီဝင်များ၊ ဆုလက်ခံရယူကြ မည့်ပုဂ္ဂိုလ်များ၊ စာပေပညာရှင်များ၊ အသိပညာရှင် အတတ်ပညာရှင်များ၊ စာပေလောကသားများ၊ စာပေချစ် မြတ်နိုးသူများ၊ စာပေဝါသနာရှင် များနှင့် ဧည့်သည်တော်များအားလုံး မင်္ဂလာအပေါင်းနှင့် ခညောင်းကြ ပါစေကြောင်း ဆုမွန်ကောင်းတောင်း လျက် နှုတ်ခွန်းဆက်သအပ် ပါကြောင်း။
အသိအမှတ်ပြု ဂုဏ်ပြု
အမိမြန်မာနိုင်ငံတွင် နှစ်စဉ် နှစ်တိုင်း နတ်တော်လဆန်း ၁ ရက် တွင် စာဆိုတော်နေ့အခမ်းအနားကို ကျင်းပလာခဲ့သည်မှာ နှစ်ပေါင်း ၇၅ နှစ်ခန့် ရှိခဲ့ပြီဖြစ်ပါကြောင်း၊ မိမိနိုင်ငံ၏ ဘာသာသာသနာ၊ လူမှု ရေး၊ နိုင်ငံရေးနှင့် စီးပွားရေး၊ စာပေ ယဉ်ကျေးမှု အသိပညာအဖြာဖြာ တိုးတက်ဖွံ့ဖြိုးအောင် ခေတ်အဆက် ဆက်တွင် ကလောင်ကိုင်စွဲပြီး ပါဝင် ကြိုးပမ်းခဲ့ကြသည့် စာပေပညာရှင် စာဆိုတော်ကြီးများ၏ ဂုဏ်ကျေးဇူး များကို အသိအမှတ်ပြု ချီးမြှောက် ဂုဏ်ပြုသည့်အနေဖြင့် စာဆိုတော်နေ့ အခမ်းအနားများကို နိုင်ငံတစ်ဝန်း ခြိမ့်ခြိမ့်သဲ ကျင်းပကြပါကြောင်း၊ ယခုအချိန်တွင် ယင်းအစဉ်အလာ သည် ဂန္ထဝင်မြောက်မြန်မာ့ယဉ်ကျေး မှု အစဉ်အလာတစ်ရပ်အဖြစ် တည်ရှိ နေခဲ့ပြီဖြစ်ပါကြောင်း၊ ထို့ကြောင့် ယခုကဲ့သို့ မင်္ဂလာရှိသည့် အခမ်း အနားတွင် စာပေကိုချစ်မြတ်နိုးသူ စာပေပညာရှင်များ၊ စာပေလောက သားများကို လေးစားသူတစ်ယောက် အနေဖြင့် အမှာစကားပြောကြားခွင့် ရသည့်အတွက် ကြည်နူးဝမ်းမြောက် ရပါကြောင်း။
အစဉ်တစိုက်ဖွံ့ဖြိုးတိုးတက်လာ
မြန်မာစာပေသမိုင်းကို ပြန်ကြည့် လျှင် ပုဂံခေတ်မှအစပြုပြီး မျက်မှောက် ခေတ်အထိ ဖြတ်သန်းလာခဲ့သည်မှာ နှစ်ပေါင်းတစ်ထောင်နီးပါး သက်တမ်း ရှိခဲ့ပြီဖြစ်ပါကြောင်း၊ ရှည်ကြာလှ သည့် ယင်းကာလအတွင်း ပေါ်ထွန်း ခဲ့သည့် မြန်မာစာပေလက်ရာများသည် မြန်မာ့ယဉ်ကျေးမှု အမွေအနှစ်များ အဖြစ် ဂုဏ်ယူဖွယ်ရာ အခိုင်အမာ တည်ရှိနေပါကြောင်း၊ မြန်မာစာပေ သမိုင်းတွင် ရဟန်းစာဆို၊ လူစာဆို များစွာ ပေါ်ထွန်းခဲ့ပြီး ၎င်း စာပေပညာ ရှင်ကြီးများသည် နိုင်ငံသူ နိုင်ငံသား များအတွက် အဖိုးထိုက်တန်လှသည့် စာကောင်းပေမွန်များကို ရေးသား ဖွဲ့ဆိုခဲ့ကြပါကြောင်း၊ ပုဂံခေတ်၊ ပင်းယခေတ်၊ အင်းဝခေတ်၊ တောင်ငူ ခေတ်၊ ညောင်ရမ်းခေတ်၊ ကုန်းဘောင် ခေတ်၊ ကိုလိုနီခေတ်မှသည် ယနေ့ မျက်မှောက်ကာလအထိ မြန်မာစာပေ သည် အစဉ်တစိုက် ဖွံ့ဖြိုးတိုးတက် လာခဲ့ပါကြောင်း၊ ခေတ်အဆက်ဆက် ပုံသဏ္ဌာန်မျိုးစုံနှင့် ပေါ်ထွန်းခဲ့သည့် စာပေများသည် မြန်မာ့စာပေနှင့် ယဉ်ကျေးမှုအဆင့်အတန်း ဖွံ့ဖြိုး ရှင်သန်အောင် မြှင့်တင်ပေးခဲ့ကြပါ ကြောင်း။
မြန်မာ့ယဉ်ကျေးမှု အနုပညာ အဖြာဖြာ၏ ခက်မ မဏ္ဍိုင်ဖြစ်သည့်
မြန်မာစာပေနယ်ပယ်ကြီး ဖွံ့ဖြိုး တိုးတက်ရေးကို ရည်သန်မျှော်မှန်းပြီး မြန်မာမှု၊ မြန်မာ့ဓလေ့၊ မြန်မာ့ အတွေးအမြင်ကို ဖော်ကျူးထင်ဟပ် နိုင်စွမ်းရှိသည့် စာကောင်းပေမွန် များကို နိုင်ငံတော်အဆင့် အမျိုးသား စာပေဆုအဖြစ် ရွေးချယ်ပြီး စာဆို တော်နေ့ရောက်တိုင်း မင်္ဂလာတရား နှင့်အညီ နှစ်စဉ်ချီးမြှောက် ဂုဏ်ပြု နေခြင်းသည် နိုင်ငံတော်၏ မွန်မြတ်လှ သည့် အစဉ်အလာကောင်း ဖြစ်ပါ ကြောင်း။
ဆုအမျိုးအစား (၇)မျိုး ရှိလာ
အမျိုးသားစာပေဆုကို ပုံသဏ္ဌာန် အမျိုးမျိုးဖြင့် ပြောင်းလဲချီးမြှင့်လာ ခဲ့သည်မှာ နှစ်ပေါင်း ၇၀ ကျော်ရှိခဲ့ပြီ ဖြစ်ပါကြောင်း၊ ၁၉၄၇ ခုနှစ် ဩဂုတ်လ တွင် တည်ထောင်ခဲ့သည့် စာပေ ဗိမာန်သည် မြန်မာနိုင်ငံ ဘာသာပြန် စာပေအသင်းအဖြစ် ပြည်သူများ အသိဉာဏ်တိုးပွားရန်၊ ကမ္ဘာနှင့် ချိတ်ဆက်နိုင်ရန်အတွက် ဘာသာပြန် စာပေများကို ထုတ်ဝေဖြန့်ချိခဲ့သလို မြန်မာစာပေ ဖွံ့ဖြိုးရေးအတွက် လည်း စာပေဗိမာန်ကာလပေါ် ဝတ္ထု ဆုကို ၁၉၄၈ ခုနှစ်တွင် စတင်ချီးမြှင့် ခဲ့ပါကြောင်း၊ ယင်းနောက် စာပဒေသာ ဆု၊ ဘာသာပြန်ဆု စသည်ဖြင့် တိုးလာပြီး ၁၉၅၈ ခုနှစ်တွင် ဆုအမျိုး အစား (၇) မျိုးအထိ ရှိလာခဲ့ပါ ကြောင်း။
၁၉၆၂ ခုနှစ်တွင် ‘စာပေဗိမာန်ဆု’ ကို ‘အနုပညာဆိုင်ရာစာပေဆု’ ဟု အမည် ပြောင်းလဲခဲ့ပြီး ဘာသာရပ် ၉ မျိုးအထိ တိုးတက်ချီးမြှင့်ခဲ့ ပါကြောင်း၊ ၁၉၆၃ ခုနှစ်တွင် ပုံနှိပ်ပြီး စာအုပ်နှင့် ပုံမနှိပ်ရသေးသည့်စာမူ တို့ ပူးတွဲပြိုင်ပွဲဝင်ရသည့်စနစ် ကျင့်သုံးခဲ့ပါကြောင်း၊ ယင်းနောက် ၁၉၆၅ ခုနှစ်တွင် ‘အမျိုးသားစာပေဆု’ အမည်ဖြင့် ပြောင်းလဲချီးမြှင့်ခဲ့ ပါကြောင်း၊ ၁၉၆၉ ခုနှစ်တွင် ပြိုင်ပွဲ ဝင်ယှဉ်ပြိုင်ရသည့်စနစ်ကို ဖျက်သိမ်း ပြီး ပြက္ခဒိန်နှစ် တစ်နှစ်အတွင်း ပထမအကြိမ်ထုတ်ဝေခဲ့သည့် စာအုပ် များအနက် ဘာသာရပ်အလိုက် အကောင်းဆုံး တစ်အုပ်စီကို ရွေးချယ် ပြီး အမျိုးသားစာပေဆုအဖြစ် ချီးမြှင့်ခဲ့ သည့်စနစ်ကို ကျင့်သုံးခဲ့ပါကြောင်း၊ စာမူများကို ‘စာပေဗိမာန်စာမူဆု’ ဟု ပြောင်းလဲသတ်မှတ်ပြီး ပြိုင်ပွဲဝင် စနစ်ဖြင့် ဆုချီးမြှင့်ခဲ့သည်မှာ ယနေ့ အထိဖြစ်ပါကြောင်း၊ အကြောင်း အမျိုးမျိုးကြောင့် စက်တင်ပုံနှိပ်ခြင်း မပြုဖြစ်သေးသည့် ကလောင်ရှင်တို့၏ ကောင်းမွန်သည့်စာမူများ စာအုပ် အဖြစ်ထွက်ပေါ်လာစေရန် ရည်ရွယ် ချက်ဖြင့် စာပေဗိမာန်စာမူ ဆုများ ချီးမြှင့်ခဲ့ခြင်းဖြစ်ပါကြောင်း။
ဘာသာရပ် ၁၃ မျိုး ရှိလာ
အမျိုးသားစာပေဆုကို ဘာသာ ရပ် ၉ မျိုးမှ ဘာသာရပ်များ တဖြည်း ဖြည်း တိုးတက်ချီးမြှင့်လာခဲ့သည် မှာ ယခုနှစ်တွင် ဘာသာရပ် ၁၈ မျိုး ရှိလာခဲ့ပြီဖြစ်ပါကြောင်း၊ စာပေ ဗိမာန်စာမူဆု ပြိုင်ပွဲအတွက်လည်း ဘာသာရပ် ၉ မျိုးမှ တိုးတက်ချီးမြှင့် ခဲ့သည်မှာ ယခုဆိုလျှင် ဘာသာရပ် ၁၃ မျိုး ရှိလာခဲ့ပြီဖြစ်ပါကြောင်း။
ထို့ပြင် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်တွင် မြန်မာစာပေ အကျိုးကို ထူးချွန်ပြောင်မြောက်စွာ တစ်သက်တာလုံး အားထုတ်ရေးသား ပြုစုခဲ့သည့် ပုဂ္ဂိုလ်များ၏ ဆောင်ရွက် ချက်များကို နိုင်ငံတော်က အသိ အမှတ်ပြုသည့်အနေဖြင့် “အမျိုးသား စာပေ တစ်သက်တာဆု” ကို ၂၀၀၁ ခုနှစ်ကစပြီး နှစ်စဉ်ချီးမြှင့်ပေးအပ်ခဲ့ ပါကြောင်း။
တစ်သက်တာဆု ချီးမြှင့်
၂၀၀၁ ခုနှစ်မှ ၂၀၁၂ ခုနှစ်အထိ အမျိုးသားစာပေ တစ်သက်တာဆု ကို တစ်နှစ်လျှင် စာပေပညာရှင် တစ်ဦးမှ သုံးဦးအထိ ရွေးချယ်ချီးမြှင့် ခဲ့ပါကြောင်း၊ ပြီးခဲ့သည့်နှစ်တွင် မိမိ ဘဝတစ်လျှောက် သုတ၊ ရသစာပေ များကို တစိုက်မတ်မတ် ရေးသား ခဲ့သည့် စာရေးဆရာကြီး တစ်ဦးနှင့် စာပေဖွံ့ဖြိုးရေးဆိုင်ရာ၊ စာပေ သုတေသနဆိုင်ရာ လုပ်ငန်းများကို အစဉ်တစိုက် ကြိုးပမ်းလုပ်ဆောင် ခဲ့သည့် စာပေပညာရှင်ကြီး တစ်ဦး တို့ကို တစ်သက်တာဆု ချီးမြှင့်ခဲ့ပါ ကြောင်း၊ ယခုနှစ်တွင်လည်း စာရေး ဆရာကြီးတစ်ဦးနှင့် စာပေပညာရှင် ကြီးတစ်ဦးကို အမျိုးသားစာပေ တစ်သက်တာဆု ချီးမြှင့်မည်ဖြစ် သည့်အတွက် ကြည်နူးပီတိ ဖြစ်ရ ပါကြောင်း။
စာပေပညာရှင်များကို ချီးမြှင့် သည့်ဆုငွေများကိုလည်း တစ်နှစ်ထက် တစ်နှစ် ပိုမိုတိုးတက်ချီးမြှင့်နိုင်ခဲ့ ပါကြောင်း၊ စာပေဆုများကို ရွေးချယ် ရာတွင်လည်း ပြောင်းလဲလာသည့် ခေတ်စနစ်နှင့်အညီ ပွင့်လင်းမြင်သာ မှု ရှိရန်နှင့် အမှန်တကယ် ထိုက်တန် သော စာအုပ်များ၊ စာမူများကို ဆုရွေးချယ်ချီးမြှင့်နိုင်ရန် စနစ်တကျ ဆောင်ရွက်ခဲ့ပါကြောင်း၊ စာပေဆု ရွေးချယ်ရေးအဖွဲ့ ဖွဲ့စည်းရာတွင် စာပေ၏ ကဏ္ဍနယ်ပယ်စုံမှ အတွေ့ အကြုံကြွယ်ဝသည့် ပုဂ္ဂိုလ်များ ပါဝင် အောင် ဖွဲ့စည်းဆောင်ရွက်စေခဲ့ ပါကြောင်း၊ အမျိုးသားစာပေဆု စိစစ်ရွေးချယ်ရေးကော်မတီကို စာပေ ပညာရှင် ၅၄ ဦးဖြင့် လည်းကောင်း၊ စာပေဗိမာန်စာမူဆု စိစစ်ရွေးချယ် ရေးအဖွဲ့ကို စာပေပညာရှင် ၂၇ ဦးဖြင့် လည်းကောင်း ဖွဲ့စည်းပေးခဲ့ပြီး ဆုရသင့်ရထိုက်သည့်သူများ ဆုရရှိ စေရေးအတွက် ပဏာမရွေးချယ်မှု အဆင့်၊ ဆန်ခါတင်ရွေးချယ်မှုအဆင့်၊ အတည်ပြုရွေးချယ်မှု အဆင့်ဟူ၍ အဆင့် ၃ ဆင့်ဖြင့် ပညာရှင်များက လွတ်လပ်စွာ စိစစ်ရွေးချယ်ခဲ့သည် ကို တွေ့ရပါကြောင်း။
၂၀၁၈ ခုနှစ်အတွက် ပထမ အကြိမ် ပုံနှိပ်ထုတ်ဝေခဲ့သည့် စာအုပ် ပေါင်း ၂၀၄၁ အုပ်ထဲမှ အမျိုးသား စာပေဆုအတွက် သတ်မှတ်ထားသည့် ဘာသာရပ် ၁၈ ခုအနက် ဘာသာရပ် ၁၀ ခု၊ စာပေဗိမာန်စာမူဆုတွင် ပြိုင်ပွဲဝင်စာမူပေါင်း ၂၄၈ စောင်ထဲမှ စာပေဗိမာန်စာမူဆု ချီးမြှင့်ရန် သတ်မှတ်ထားသည့် ဘာသာရပ် ၁၃ ခုအနက် ဆုချီးမြှင့်ရန် ထိုက်တန် သည့် စာမူပေါင်း ၂၄ စောင်တို့ကို ရွေးချယ်ခဲ့ပြီးဖြစ်သည့်အတွက် ယခု အခမ်းအနားတွင် ဆုများ ချီးမြှင့် သွားမည်ဖြစ်ပါကြောင်း။
နိုင်ငံဖွံ့ဖြိုးရေး ဖြည့်ဆည်းသင့်
၂၀၁၈ ခုနှစ်အတွက် အမျိုးသား စာပေ တစ်သက်တာဆု ရရှိခဲ့သည့် ပညာရှင်ကြီးနှစ်ဦးသည် မြန်မာစာပေ လောက ဖွံ့ဖြိုးရေးနှင့် နိုင်ငံသူ နိုင်ငံသားများ အသိပညာကြွယ်ဝ ရေးအတွက် စာကောင်းပေမွန်များ ကို တစိုက်မတ်မတ် ရေးဖွဲ့ဖန်တီးခဲ့ ကြသူများဖြစ်သည့်အတွက် ဂုဏ်ယူ မိပါကြောင်း၊ အမျိုးသားစာပေဆု ရရှိခဲ့သည့် စာရေးသူများနှင့် စာအုပ် များကို ကြည့်မည်ဆိုလျှင်လည်း ခေတ်အတွေး၊ ခေတ်အမြင်များကို ထင်ဟပ်ဖော်ကျူးသည့် ရသစာပေ၊ သုတစာပေများကို ရေးဖွဲ့နိုင်သည့် အပြင် နိုင်ငံဖွံ့ဖြိုးရေးအတွက် ဖြည့်ဆည်းသင့်သည့် အသိပညာများ၊ အတတ်ပညာများကို ပြုစုရေးသား ထားသည့် စာအုပ်များဖြစ်ကြောင်း ဆုရွေးချယ်ရေးအဖွဲ့က သုံးသပ် ထောက်ခံထားသည်ကို တွေ့ရပါ ကြောင်း၊ အလားတူ စာပေဗိမာန် စာမူဆုတွင်လည်း ကလောင်ရင့် စာရေးဆရာများသာမက ကလောင်နု စာရေးဆရာများ၊ ကလောင်လတ် စာရေးဆရာများပါ ဆုအသီးသီး ရရှိ ကြသည်ကို တွေ့ရပြီး ဆုရစာမူများ သည်လည်း အကြောင်းအရာ စုံလင် ကာ စာပေအဆင့်အတန်းမီအောင်
ရေးဖွဲ့ထားကြကြောင်းကို ဆုရွေးချယ် ရေးအဖွဲ့က သုံးသပ်ထောက်ခံထား ပါကြောင်း၊ ဆုရရှိကြသည့် စာပေ ပညာရှင်အားလုံးအတွက် ဂုဏ်ယူ ဝမ်းမြောက်ပါကြောင်းနှင့် နိုင်ငံ၏ အကျိုး၊ အများပြည်သူ၏ အကျိုး အတွက် ကလောင်စွမ်းဖြင့် ဆတက် ထမ်းပိုး ဆက်လက်သယ်ပိုးနိုင်ကြ ပါစေဟု ဆုမွန်ကောင်းတောင်းအပ် ပါကြောင်း။
တန်ဖိုး ပိုမိုမြင့်မားလာ
အနာဂတ် ဒီမိုကရေစီ နိုင်ငံတော် သစ် တည်ဆောက်ရာတွင် ပြည်ထောင်စုကြီး အဘက်ဘက်က ဖွံ့ဖြိုးတိုးတက်ရေး၊ ပြည်တွင်း ငြိမ်းချမ်းရေး၊ ဒီမိုကရေစီဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်နိုင်ရေး တို့အတွက် စွမ်းရည်ထက်မြက်သည့် လူချွန်လူမွန်များ၊ မျိုးဆက်သစ် လူ့စွမ်းအား အရင်းအမြစ်များ၏ အခန်းကဏ္ဍသည် အလွန်အရေးကြီး ပါကြောင်း၊ စွမ်းရည်ထက်မြက်သည့် လူချွန်လူမွန်များ၊ အရည်အချင်း ပြည့်ဝသည့် လူငယ်များကို မွေးထုတ် ပေးရန် လိုအပ်သကဲ့သို့ ယင်းလူငယ် များ၏ အတွေးအခေါ်၊ ဆင်ခြင်တုံ တရား၊ စာနာစိတ်ထား၊ ဗဟုသုတ စသည်တို့၏ အရည်အသွေးများ ဖွံ့ဖြိုး ရန်လည်း လေ့ကျင့်သင်ကြားရမည် ဖြစ်ပါကြောင်း၊ ကိုယ်ရည်ကိုယ်သွေး၊ ကိုယ်စွမ်းကိုယ်စများ ဖွံ့ဖြိုးတိုးတက် စေရန်အတွက် တိုက်ကျွေးရမည့် “အာဟာရ” မှာ စာပေရတနာ ပင်ဖြစ်ပါကြောင်း၊ စာကောင်း ပေမွန် များသည် ရတနာထက် ပိုမိုတန်ဖိုး ရှိပြီး ပညာဗဟုသုတနှင့် ဉာဏ် အမြော်အမြင်တို့၏ ပင်မအရင်း အမြစ်ဖြစ်သလို ယင်းအကြား အမြင် ဗဟုသုတတို့သည်ပင်လျှင် ဘဝ အတွက် ခွန်အားများဖြစ်ပါကြောင်း၊ ဘဝခရီးတွင် အကြားအမြင် ဗဟုသုတ မရှိဘဲ လုံ့လစိုက်ထုတ်နေခြင်းသည် အလင်းရောင်မပါဘဲ လျှောက်လှမ်း နေခြင်းသာ ဖြစ်ပါကြောင်း၊ စာဖတ် ခြင်းသည်လည်း ဘဝအတွက် အတွေ့ အကြုံများ၊ သင်ခန်းစာများကို လေ့လာသင်ယူနေခြင်းပင် ဖြစ်ပါ ကြောင်း၊ ယင်းအတွေ့အကြုံများ၊ သင်ခန်းစာများကို ရယူကျင့်သုံး တတ်ပါက စာဖတ်သူများအတွက် ဘဝ၏ လမ်းပြမြေပုံကောင်း တစ်ခု ဖြစ်ပါကြောင်း၊ စာဖတ်ခြင်းက အသိပညာရစေပြီး လက်တွေ့ လိုက်နာကျင့်သုံးခြင်းက အတတ် ပညာကို ဖြစ်စေပါကြောင်း၊ ထိုအသိ ပညာနှင့် အတတ်ပညာကို ဟန်ချက် ညီစွာ အသုံးပြုပြီး ဘဝခရီးတွင် မယိုင်မလဲအောင် လျှောက်လှမ်းနိုင် ပါကြောင်း၊ စာမဖတ်ခြင်းက ဦးနှောက် အာဟာရငတ်စေပါကြောင်း၊ ကမ္ဘာ လောကကို မျက်ခြည်ပြတ်စေ ပါကြောင်း၊ လူတိုင်း စာကောင်း ပေမွန်များကို ဖတ်လာသည်နှင့်အမျှ မြန်မာ့လူ့အဖွဲ့အစည်း၏ တန်ဖိုး သည်လည်း ပိုမိုမြင့်မားလာမည်ဖြစ် ပါကြောင်း။
မကြာခင်က ကျင်းပခဲ့သည့် စာပေဆိုင်ရာ အခမ်းအနားပွဲများသို့ ပေးပို့ခဲ့သည့် နိုင်ငံတော်၏အတိုင်ပင်ခံ ပုဂ္ဂိုလ်၏ အမှတ်တရစကားများ ထဲတွင် စာပေသည် လူမှုရေးနှင့် ဆိုင်သလို နိုင်ငံရေးနှင့်လည်း ဆိုင်ကြောင်း၊ ခေတ်များကို မှတ်တမ်း တင်ရာတွင်လည်း သမိုင်းပညာရှင်၊ အတတ်ပညာရှင်များသာမက စာပေ အနုပညာရှင်များက မိမိတို့၏ အတွေးအခေါ်များ၊ ရသစွမ်းအား များနှင့် သရုပ်ဖော်ပေးခြင်းကလည်း ထိရောက်ကြောင်း မြွက်ကြားခဲ့ သည်ကို တွေ့ရှိရပါကြောင်း။
ပြုပြင်ပြောင်းလဲမှုပိုမိုအားကောင်း
ယနေ့ မြန်မာနိုင်ငံ၏ အသွင် ကူးပြောင်းမှုဖြစ်စဉ်သည် ရင့်ကျက် တည်ငြိမ်သည့် ဒီမိုကရေစီ နိုင်ငံရေး စနစ်တစ်ရပ်ကို ပုံဖော်နိုင်ရန် အားထုတ်ကြိုးပမ်းနေသည့် အချိန် ဖြစ်ပါကြောင်း၊ ဒီမိုကရေစီ အလေ့ အကျင့်ကောင်းများ ရရှိအောင် အနာဂတ်လူငယ်၊ လူရွယ်များကို အသိဉာဏ်ပညာပြည့်ဝစေရန်၊ ဒီမို ကရေစီကို မြတ်နိုးထိန်းသိမ်းတတ် ရန် ‘စာပေ’ အားဖြင့် ထိန်းကျောင်း လေ့ကျင့်ပေးရမည် ဖြစ်ပါကြောင်း၊ စာပေပညာရှင်များ၊ စာရေးဆရာ များက ရေးသားပြုစုလိုက်သည့် စာကောင်းပေမွန်များသည် စာဖတ် သူများ၏ စရိုက်လက္ခဏာ၊ အပြော အဆို၊ အပြုအမူ၊ အတွေးအမြင်များ ကို ကောင်းမွန်အောင် ပြောင်းလဲ ပေးနိုင်ပါကြောင်း၊ စာဖတ်သူများ တွင် မှန်ကန်သည့် အတွေးအခေါ် အယူအဆများ ဖြစ်ပေါ်လာစေ ခြင်းသည် မှန်ကန်သည့် ပြုပြင် ပြောင်းလဲမှုများကို ဦးတည်စေပါ ကြောင်း၊ လောလောလတ်လတ် ဒေသအမြင်၊ ကမ္ဘာ့အမြင်များကလည်း ချေးညှိတက်နေသည့် စိတ်ဓာတ် များ၊ ဟောင်းနွမ်းနေသည့် အစွဲအလမ်း များ၊ အဆိုးမြင်စိတ်များ၊ ကြမ်းတမ်း ခက်ထန်မှုများကို ဆေးကြောသန့်စင် နိုင်ပါကြောင်း၊ စာပေလောကသား များအနေဖြင့် တစ်ယောက်တစ်လက် တစ်တပ်တစ်အား စုပေါင်းဆောင်ရွက် ခြင်းဖြင့် ပြုပြင်ပြောင်းလဲမှုများကို ပိုမိုအားကောင်းစေပါကြောင်း။
ယနေ့ကျင်းပသည့် အခမ်းအနား သည် စာပေပညာရှင်ကြီးများက မိမိ တို့၏ စာပေဝါသနာ အရင်းခံအပေါ် တွင် တိုင်းပြည်နှင့် လူမျိုးအတွက် ထားရှိသည့် စိတ်စေတနာများ ထပ်ဆင့်ပြီး ရေးသားပြုစုခဲ့သည့် စာပေလက်ရာများနှင့် ၎င်းတို့ ထမ်းရွက်ခဲ့သည့် စာပေတာဝန်များ အတွက် နိုင်ငံတော်က ဂုဏ်ပြုချီးမြှင့် သည့် အခမ်းအနား ဖြစ်ခြင်းကြောင့် ကာယကံရှင် စာပေပညာရှင်ကြီး များနည်းတူ မိမိတို့လည်း ဝမ်းမြောက် ဝမ်းသာ မုဒိတာပွားကြရပါကြောင်း။
စာကောင်းပေမွန် ဖန်တီးရေးဖွဲ့နိုင်
မြန်မာ့သမိုင်း တစ်လျှောက် စာပေစွမ်းအားနှင့် မြန်မာ့ဂုဏ် မြင့်မားအောင်၊ အကျိုးစီးပွား တိုးတက် အောင် ဆောင်ရွက်ခဲ့သည့် ရဟန်း စာဆို၊ လူပုဂ္ဂိုလ်စာဆိုကြီးများကို ချီးကျူးပူဇော်ဂုဏ်ပြုခြင်းသည် မြန်မာ တို့၏ ဂုဏ်ယူဖွယ်ရာ အစဉ်အလာ တစ်ရပ် ဖြစ်ပါကြောင်း၊ ယင်းအစဉ် အလာကောင်း အဓွန့်ရှည်တည်တံ့ ရန်အတွက် စာပေပညာရှင်များ ရော၊ စာပေကို တန်ဖိုးထားသည့်ပုဂ္ဂိုလ်များ အဖွဲ့အစည်းများကပါ လက်ဆင့်ကမ်း ထိန်းသိမ်းစောင့်ရှောက်သွားကြရန် တိုက်တွန်းလိုပါကြောင်း၊ စာပေ ပညာရှင်များအနေဖြင့်လည်း စာပေ ဆိုင်ရာ ကျင့်ဝတ်၊ နီတိများကို ထိန်းသိမ်းပြီး ခေတ်နှင့်စနစ်ကို ထင်ဟပ်သော၊ နိုင်ငံကို ကောင်းကျိုး ပြုသော၊ နိုင်ငံ့ပုံရိပ်ကို မြှင့်တင်နိုင် သော စာကောင်းပေမွန်များ ဖန်တီး ရေးဖွဲ့နိုင်ကြပါစေဟု ဆုမွန်ကောင်း တောင်းအပ်ပါကြောင်း။
ယနေ့ အခမ်းအနားသို့ တက်ရောက်လာကြသည့် အစိုးရ အဖွဲ့ဝင်များ၊ လွှတ်တော် ကိုယ်စား လှယ်များ၊ စာပေပညာရှင်ကြီးများ၊ စာပေဆုရရှိသူများ၊ စာပေဆုများ အောင်မြင်စွာ ချီးမြှင့်နိုင်အောင် အချိန်အား၊ လူအားစိုက်ထုတ်ပြီး စာပေစေတနာ အပြည့်အဝဖြင့် ဆောင်ရွက်ပေးခဲ့ကြသည့် အမျိုးသား စာပေဆု စိစစ်ရွေးချယ်ရေး ကော်မတီနှင့် စာပေဗိမာန်စာမူဆု စိစစ်ရွေးချယ်ရေးအဖွဲတို့မှ ဥက္ကဋ္ဌ များ၊ အဖွဲ့ဝင်များ၊ ပညာရှင်များ၊ စာပေလောကသားများ အားလုံး ကို အထူးကျေးဇူးတင်ရှိပါကြောင်း နှင့် မြန်မာစာပေလောက ဖွံ့ဖြိုး တိုးတက်ရေးအတွက် ဆက်လက် ပူးပေါင်း ပါဝင်ဆောင်ရွက်ပေးကြရန် အလေးအနက် မေတ္တာရပ်ခံအပ် ပါကြောင်း ပြောကြားသည်။
ထို့နောက် နိုင်ငံတော်သမ္မတ သည် ၂၀၁၈ ခုနှစ်အတွက် အမျိုးသား စာပေ တစ်သက်တာဆုရရှိကြသည့် စာရေးဆရာကြီး ဦးတင်မောင်မြင့် နှင့် စာပေပညာရှင် ဆရာကြီး ဦးထွန်းအောင်ချိန်တို့ကို ဆုများ ပေးအပ်ချီးမြှင့်သည်။
ဆုများပေးအပ်ချီးမြှင့်
ဆက်လက်၍ ပြည်ထောင်စု ဝန်ကြီး ဒေါက်တာဖေမြင့်က ၂၀၁၈ ခုနှစ်အတွက် အမျိုးသားစာပေဆု ရရှိကြသည့် ဝတ္ထုရှည်ဆုရ ဂျူး၊ ဝတ္ထုတိုဆုရ မြစ်ကျိုးအင်း၊ ကဗျာဆုရ ကိုသန်းထွန်းနှင့် စာပဒေသာဆုရ မသန်းသန်း(မန်းတက္ကသိုလ်) တို့ကို လည်းကောင်း၊ ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကိုက ၂၀၁၈ ခုနှစ် အတွက် အမျိုးသား စာပေဆုရရှိကြ သည့် ဘာသာပြန် (ရသ)ဆုရ ဝေယံဘုန်း၊ သုတပဒေသာ(ဝိဇ္ဇာ)ဆုရ မြဝင်း (ဒဿန)နှင့် သုတပဒေသာ (အသုံးချသိပ္ပံ)ဆုရ မောင်ကျေးရေ (ဦးမြင့်သိန်း)တို့ကို လည်းကောင်း၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မျိုးသိမ်းကြီးက ၂၀၁၈ ခုနှစ်အတွက် အမျိုးသားစာပေဆု ရရှိကြသည့် နိုင်ငံရေးစာပေဆုရ အောင်မြင့်ဦး (မဟာဝိဇ္ဇာ)၊ အင်္ဂလိပ်ဘာသာ(သုတ)ဆုရ Kyaw Zwa Moe နှင့် ရသ စာတမ်း (အက်ဆေး)ဆုရ မင်းချမ်းမွန် တို့ကို လည်းကောင်း ဆုများပေးအပ် ချီးမြှင့်သည်။
ထို့နောက် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးတင်မောင်ထွန်း က ၂၀၁၈ ခုနှစ်အတွက် စာပေဗိမာန် စာမူဆုရရှိကြသည့် ဝတ္ထုရှည် ပထမ ဆုရ ကေ(တောင်တန်းပြာ)၊ ဝတ္ထုရှည် ဒုတိယဆုရ ယွန်းမြတ်မွှန်းသျှန်၊ ဝတ္ထုရှည် တတိယဆုရ မောင်နေခြည် (ပြည်)၊ ဝတ္ထုတိုပေါင်းချုပ် ပထမဆုရ သုတိဩဘာ(ဆင်ပေါင်ဝဲ)၊ ဝတ္ထုတို ပေါင်းချုပ် ဒုတိယဆုရ နေစိုးသော်၊ ဝတ္ထုတိုပေါင်းချုပ် တတိယဆုရ ကျိုက်စကောခင်စိုး၊ ကဗျာ ပေါင်းချုပ် ပထမဆုရ မောင်ဟန်တင့် (ပင်လည် ဘူး)နှင့် ကဗျာပေါင်းချုပ် ဒုတိယဆုရ ခက်လှိုင်းကျော်တို့ကို လည်းကောင်း၊ ဒုတိယဝန်ကြီး ဦးအောင်လှထွန်းက ၂၀၁၈ ခုနှစ်အတွက် စာပေဗိမာန် စာမူဆုရရှိကြသည့် ကဗျာပေါင်းချုပ် တတိယဆုရ အထဝါစိုး (မန္တလေး)၊ သုတပဒေသာ(ဝိဇ္ဇာ) ဒုတိယဆုရ မေမြန်မာ၊ သုတပဒေသာ(ဝိဇ္ဇာ) တတိယဆုရ မောင်ခွန်နွယ် (အင်းလေး)၊ သုတပဒေသာ(သိပ္ပံ) ပထမဆုရ ကိုတူး (သာယာမြိုင်)၊ သုတပဒေသာ(သိပ္ပံ) တတိယဆုရ မောင်အောင်(မွေးကု)၊ စာပဒေသာ ပထမဆုရ ထက်ခိုင်၊ စာပဒေသာ ဒုတိယဆုရ မင်းသျှင်အောင်(တွံတေး)နှင့် စာပဒေသာ တတိယဆုရ နေအောင်သူ(ကနီ) တို့ကိုလည်း ကောင်း၊ ရန်ကုန်တိုင်းဒေသကြီး စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးမြင့်သောင်းက ၂၀၁၈ ခုနှစ်အတွက် စာပေဗိမာန် စာမူဆုရရှိကြသည့် မြန်မာ့ယဉ်ကျေးမှုနှင့် အနုပညာ ဆိုင်ရာစာပေ ဒုတိယဆုရ ဇော်လွင်ဦး (ဟင်္သာတ)၊ ကလေးစာပေ ပထမ ဆုရ မောင်လွန်းမြိုင်(ပင်လည်ဘူး)၊ ကလေးစာပေ ဒုတိယဆုရ ပုလော စိုးနံ့သာ၊ ကလေးစာပေ တတိယဆုရ ညွန့်ဝင်း(နတ်တလင်း)၊ လူငယ်စာပေ ဒုတိယဆုရ တင်လင်းဇော်၊ လူငယ် စာပေတတိယဆုရ နိုက်၊ ပြဇာတ် စာပေ ဒုတိယဆုရ ငွေလမင်း(မကွေး)နှင့် ပြဇာတ်စာပေ တတိယဆုရ မောင်လွယ်အိတ် တို့ကိုလည်းကောင်း ဆုများ ပေးအပ်ချီးမြှင့်ကြသည်။
ကျေးဇူးတင်စကားပြောကြား
ယင်းနောက် စာပေဆုရရှိသူများ ကိုယ်စား ၂၀၁၈ ခုနှစ်အတွက် အမျိုးသားစာပေ တစ်သက်တာဆု ရရှိသည့် စာပေပညာရှင် ဆရာကြီး ဦးထွန်းအောင်ချိန်က ကျေးဇူးတင် စကားပြောကြားသည်။
စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်
ထို့နောက် နိုင်ငံတော်သမ္မတ၊ ပြည်ထောင်စုဝန်ကြီးများ၊ ရန်ကုန် တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီး၊ ရန်ကုန်တိုင်းဒေသ ကြီး စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး တို့သည် အမျိုးသားစာပေ တစ်သက်တာဆုရ ဆရာကြီးများနှင့် လည်းကောင်း၊ အမျိုးသားစာပေဆုရ ပုဂ္ဂိုလ်များနှင့်လည်းကောင်း၊ စာပေ ဗိမာန် စာမူဆုရ ပုဂ္ဂိုလ်များနှင့် လည်းကောင်း စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကြသည်။
အခမ်းအနား အပြီးတွင် နိုင်ငံတော်သမ္မတသည် အခမ်းအနား သို့ တက်ရောက်လာကြသူများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက် ခဲ့သည်။ သတင်းစဉ်

Wednesday, November 27, 2019

ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ အမျိုးသားအဆင့်ရေအရင်း အမြစ်ကော်မတီရှေ့လုပ်ငန်းစဉ် ညှိနှိုင်းအစည်းအဝေး (၃/၂၀၁၉) သို့ တက်ရောက် ရေရှားပါးမှုပြဿနာ ရေရှည်လျော့ပါးစေရေးအတွက် ရေရှည်အစီအမံများ ဆောင်ရွက်ကြစေလို




Image may contain: 4 people, people sitting, table and indoor
နေပြည်တော် နိုဝင်ဘာ ၂၆




အမျိုးသားအဆင့် ရေအရင်းအမြစ်ကော်မတီ၏ ရှေ့လုပ်ငန်းစဉ် ညှိနှိုင်းအစည်း အဝေး (၃/၂၀၁၉)ကို ယနေ့နံနက် ၉ နာရီက နေပြည်တော်ရှိ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပရာ အမျိုးသားအဆင့် ရေအရင်းအမြစ်ကော်မတီ ဥက္ကဋ္ဌ ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ တက်ရောက်အမှာစကားပြောကြားသည်။
အစည်းအဝေးသို့ ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဦးသန့်စင်မောင်၊ ဦးအုန်းဝင်းနှင့် ဦးဝင်းခိုင်၊ ဒုတိယဝန်ကြီးများဖြစ်ကြသည့် ဦးတင်မြင့်၊ ဦးကျော်မျိုးနှင့် ဦးစိုးအောင်၊ အမျိုးသားအဆင့် ရေအရင်းအမြစ်ကော်မတီဝင်များ၊ အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များ၊ အကြံပေးအဖွဲ့ဝင်များ၊ ကျွမ်းကျင်သူများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
အစည်းအဝေးတွင် ဒုတိယသမ္မတက အမျိုးသားအဆင့် ရေအရင်းအမြစ် ကော်မတီ ဖွဲ့စည်းပြီးနောက် ရေနှင့်ဆက်နွှယ်သည့်ကဏ္ဍများ ဖွံ့ဖြိုးတိုးတက်ရေး၊ ရေအရင်းအမြစ်များ ထိရောက်စွာစီမံခန့်ခွဲရေးနှင့် အကျိုးရှိစွာအသုံးချနိုင်ရေး၊ နိုင်ငံတကာအဖွဲ့အစည်းများနှင့် ထိရောက်အကျိုးရှိစွာ ပူးပေါင်းဆောင်ရွက်ရေး တို့တွင် အထောက်အကူပြုနိုင်ရန်၊ ရေအရင်းအမြစ်ကဏ္ဍဆိုင်ရာလုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်မှုများနှင့် ပတ်သက်၍ ပေါင်းစပ်ညှိနှိုင်း
ဆောင်ရွက်ရန်နှင့် ရှေ့လုပ်ငန်းစဉ်များ နှင့် ပတ်သက်၍ ဝိုင်းဝန်းညှိနှိုင်း ဆွေးနွေးရန် ကော်မတီ၏ ရှေ့လုပ်ငန်း စဉ် ညှိနှိုင်းအစည်းအဝေးများကို ကျင်းပလျက်ရှိရာ ယခုအကြိမ်သည် (၁၁)ကြိမ်မြောက် ရှိပြီဖြစ်ပါကြောင်း။
ညှိနှိုင်း အစည်းအဝေးများမှ တစ်ဆင့် ရေနှင့်ဆက်နွှယ်သည့် ဝန်ကြီးဌာန အဖွဲ့အစည်းများအကြား ညှိနှိုင်းဆောင်ရွက်ရမည့်လုပ်ငန်းများ၊ ကော်မတီ၏ လုပ်ငန်းစဉ်များ အကောင်အထည်ဖော် ဆောင်ရွက်မှု နှင့် ရေဆိုင်ရာပြဿနာများ ဖြေရှင်းမှု တို့တွင် ထိရောက်စွာ ညှိနှိုင်းဆောင် ရွက်နိုင်ခဲ့ကြပါကြောင်း။
ကြိုးပမ်းဆောင်ရွက်
၂၀၁၈ ခုနှစ်အတွင်း ရေကြီး ရေလျှံမှု ဖြစ်ပွားခဲ့သည့် တိုင်းဒေသကြီး နှင့် ပြည်နယ်များတွင် ကရင် ပြည်နယ်၊ မွန်ပြည်နယ်နှင့် တနင်္သာရီ တိုင်းဒေသကြီးတို့ ပါဝင်ခဲ့ကြပြီး ရေကြီးရေလျှံမှုလျော့ပါးရေးအတွက် ကော်မတီများဖွဲ့စည်းမှု၊ ရေတို၊ ရေလတ်နှင့် ရေရှည်အစီအမံ များ ရေးဆွဲဆောင်ရွက်မှုတို့အတွက် ကြိုးပမ်းဆောင်ရွက်ခဲ့ကြသည်များကို တွေ့ရှိရပါကြောင်း၊ ယခုနှစ် မိုးရာသီ ကာလ၌ ကရင်ပြည်နယ်၊ မွန်ပြည်နယ် နှင့် တနင်္သာရီတိုင်းဒေသကြီးတို့တွင် ရေကြီးရေလျှံမှုနှင့် မွန်ပြည်နယ် ပေါင်မြို့နယ်တွင် မြေပြိုမှုများ ဖြစ်ပွား ခဲ့သည်ကို တွေ့ရှိခဲ့ရပါကြောင်း၊ ရေကြီးရေလျှံမှုနှင့် ပတ်သက်၍ နယ်သာလန်နိုင်ငံသို့ နှစ်နိုင်ငံ ပူးတွဲ ညှိနှိုင်းကော်မတီမှတစ်ဆင့် ဆက် သွယ် အကူအညီတောင်းခံချက်အရ စက်တင်ဘာ လလယ်ခန့်တွင် နယ်သာလန်ပညာရှင်များပါဝင်သည့် Disaster Risk Reduction Team လာရောက်ခဲ့ပြီး ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်အတွင်းရှိ ဘေးအန္တရာယ် ကြုံတွေ့ခဲ့ရသော ဒေသများသို့ လေ့လာခဲ့ပါကြောင်း၊ လေ့လာမှု အစီရင်ခံစာကို အဆိုပါအဖွဲ့မှ ပေးပို့ တင်ပြမည်ဖြစ်ပြီး ပေးပို့လာပါက သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့များနှင့် ဝန်ကြီး ဌာနအဖွဲ့အစည်းများသို့ ဆက်လက် ဖြန့်ဝေပေးသွားမည် ဖြစ်ပါကြောင်း။
ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်သွားကြရမည်
ယခုအခါ မိုးတွင်းကာလကုန်ဆုံး ပြီဖြစ်သဖြင့် သောက်သုံးရေနှင့် စိုက်ပျိုးရေရှားပါးမှု ပြဿနာများ ပေါ်ပေါက်လာနိုင်သည့် အလားအလာ များရှိရာ သက်ဆိုင်ရာဝန်ကြီးဌာန အဖွဲ့အစည်းများအနေဖြင့် တိုင်း ဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့ အစည်းများနှင့်ပူးပေါင်း၍ ကြိုတင် ပြင်ဆင် ဆောင်ရွက်ထားကြရမည် ဖြစ်ပါကြောင်း၊ ရေရှားပါးမှုပြဿနာ ရေရှည် လျော့ပါးစေရေးအတွက် လတ်တလော ရေတိုဖြေရှင်းမှုများ အတွက်သာမက ရေရှည်အစီအမံများ ကိုလည်း လျာထားတင်ပြဆောင်ရွက် ကြစေလိုပါကြောင်း၊ ရေလှောင်တမံ ကြီးများမှတစ်ဆင့် သောက်သုံးရေနှင့် စိုက်ပျိုးရေပေးဝေရေး၊ ရေအား လျှပ်စစ်ထုတ်လုပ်ရေး၊ ရေကြီးမှုနှင့် ရေရှားပါးမှု လျော့နည်းသက်သာစေ ရေးနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးတို့ကို ထည့်သွင်း စဉ်းစား ပေါင်းစပ်ညှိနှိုင်းဆောင်ရွက် သွားကြရမည် ဖြစ်ပါကြောင်း။
သဘာဝသယံဇာတများ တူးဖော် ထုတ်လုပ်မှုကြောင့် ဖြစ်ပေါ်လာနိုင် သည့် ရေအရင်းအမြစ်များ ညစ်ညမ်းမှု လျှော့ချရေးအတွက် ထုတ်ပြန်ထား သည့် ဥပဒေ၊ နည်းဥပဒေ၊ အမိန့် ကြော်ငြာစာများအား မြေပြင်တွင် လိုက်နာမှု ရှိ၊ မရှိကို သက်ဆိုင်ရာ ဝန်ကြီးဌာန အဖွဲ့အစည်းများအနေဖြင့် အရေးတကြီး ဆောင်ရွက်ရမည့် လုပ်ငန်းတစ်ရပ်အဖြစ် အလေးထား စစ်ဆေးကြပ်မတ်ပေးကြရမည် ဖြစ်ပါ ကြောင်း၊ ရတနာနယ်မြေများအတွင်း စိမ်းလန်းစိုပြည်ရေးနှင့် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေးတို့ အတွက် မိုးရာသီကာလ သစ်ပင် စိုက်ပျိုးခြင်းလုပ်ငန်းများကို နှစ်စဉ် အရှိန်အဟုန်မပြတ် ဆောင်ရွက်သွား ကြရမည် ဖြစ်ပါကြောင်း။
အမျိုးသားအဆင့် ရေအရင်း အမြစ်ကော်မတီနှင့် ရေဆိုင်ရာဝန်ကြီး ဌာန အဖွဲ့အစည်းများအနေဖြင့် ရေကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် အပြည်ပြည်ဆိုင်ရာနှင့် ဒေသတွင်း နိုင်ငံများ အဖွဲ့အစည်းများနှင့် ပူးပေါင်း ဆောင်ရွက်လျက်ရှိရာ အဆိုပါ ပူးပေါင်းဆောင်ရွက်မှုများ၊ စီမံကိန်း များ၊ လေ့လာမှုများသည်နိုင်ငံနှင့် နိုင်ငံသားအများစုအတွက် အမှန် တကယ် ထိရောက်အကျိုးရှိရန် လိုအပ်ပါကြောင်း၊ ပူးပေါင်းဆောင် ရွက်မှုများနှင့် ပတ်သက်၍ သက်ဆိုင် ရာ ဝန်ကြီးဌာနအဖွဲ့အစည်းများ အကြား လိုအပ်သလို ပူးပေါင်းညှိနှိုင်း ပံ့ပိုးပါဝင်ဆောင်ရွက်သွားကြရမည် ဖြစ်ပါကြောင်း။
ဘဏ္ဍာငွေများစွာကျခံ
နိုင်ငံတော်အနေဖြင့် ရေကဏ္ဍ အပါအဝင် ကဏ္ဍစုံဖွံ့ဖြိုးတိုးတက် စေရန် နှစ်စဉ် ဘဏ္ဍာငွေများစွာကို ကျခံဆောင်ရွက်လျက်ရှိရာ နိုင်ငံ တော်၏ ဘဏ္ဍာငွေများသုံးစွဲကြရာတွင် ဥပဒေများ၊ ဘဏ္ဍာရေးစည်းမျဉ်းများ၊ ညွှန်ကြားချက်များနှင့်အညီ စနစ် တကျ ကြီးကြပ်ဆောင်ရွက်သွားကြ ရမည် ဖြစ်ပါကြောင်း။
နိုင်ငံအတွက် အရေးတကြီး လိုအပ်နေသည့် အမျိုးသားရေဥပဒေ ပြုစုရေးနှင့် ပတ်သက်၍ အချိန်မီပြီးစီး အောင် ဆက်လက်ဆောင်ရွက်သွား ကြရမည်ဖြစ်ပြီး တည်ဆဲဥပဒေများ၊ နည်းဥပဒေများနှင့် အဆိုပါရေဥပဒေ တွင် ချိတ်ဆက်ဆောင်ရွက်နိုင်ရန် အလေးထား ဆောင်ရွက်ကြရမည် ဖြစ်ပါကြောင်း၊ ဝန်ကြီးဌာနအဖွဲ့ အစည်းများအကြား ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ကြရမည့်ကိစ္စရပ်များနှင့် လိုအပ်ချက်များကို ပွင့်လင်းမြင်သာစွာ ဆွေးနွေးတင်ပြကြစေလိုပါကြောင်း။
ကော်မတီနှင့် ဆက်နွှယ်သည့် ဝန်ကြီးဌာန အဖွဲ့အစည်းများရှိ ကော်မတီဝင်များနှင့် ကိုယ်စားလှယ် များအနေဖြင့် ရေနှင့်ဆက်နွှယ်သည့် လုပ်ငန်းဆောင်ရွက်မှုများ၊ နိုင်ငံ တကာ အဖွဲ့အစည်းများနှင့် ပူးပေါင်း ဆောင်ရွက်မှုများ၊ ဝန်ကြီးဌာန အဖွဲ့ အစည်းများအကြား ညှိနှိုင်းဆောင် ရွက်ရန်ကိစ္စရပ်များ၊ အကြံပြုချက် များနှင့် စပ်လျဉ်း၍ ဝိုင်းဝန်းဆွေးနွေး အကြံပြုပေးကြစေလိုပါကြောင်း၊ နိုင်ငံ နှင့် ပြည်သူများအတွက် အကျိုးရှိ စေသည့် ရေအရင်းအမြစ် ဘက်စုံ စီမံခန့်ခွဲမှုစနစ် အောင်မြင်စွာ အကောင်အထည်ဖော် ဆောင်ရွက်ရေး နှင့် ရေကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး အတွက် သက်ဆိုင်ရာဝန်ကြီးဌာန အဖွဲ့အစည်းများ အနေဖြင့်လည်း ဆက်လက်ဝိုင်းဝန်းကြိုးပမ်းဆောင် ရွက်သွားကြမည် ဖြစ်ပါကြောင်း ပြောကြားသည်။
ထို့နောက် ကော်မတီဒုတိယဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင် က အမျိုးသားရေဥပဒေထွက်ပေါ်လာရေးနှင့် စပ်လျဉ်းသည့် အကောင် အထည်ဖော် ဆောင်ရွက်နေမှုများ၊ နွေရာသီရေရှားပါးမှုအတွက် ကြိုတင် ပြင်ဆင် ဆောင်ရွက်လျက်ရှိသည့် အခြေအနေများနှင့် မြစ်ချောင်းထိန်းသိမ်းမှုအခြေအနေများကို ရှင်းလင်း တင်ပြသည်။
ယင်းနောက် ကော်မတီတွဲဖက် အတွင်းရေးမှူး ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန ခေတ္တညွှန်ကြားရေးမှူးချုပ် ဦးဝင်းလှိုင်က အမျိုးသားအဆင့် ရေအရင်းအမြစ်ကော်မတီ (၂/၂၀၁၉) အစည်းအဝေးဆုံးဖြတ်ချက်များအပေါ် အကောင်အထည်ဖော်ဆောင်ရွက်မှု ပြီးစီးမှုများနှင့် အမျိုးသားအဆင့် ရေအရင်းအမြစ်ကော်မတီ၏ လုပ်ငန်း ဆောင်ရွက်မှု အခြေအနေများကို ရှင်းလင်းတင်ပြသည်။
ထို့နောက် အကြံပေးအဖွဲ့ဥက္ကဋ္ဌ ဦးချိုချိုက ရာသီဥတုပြောင်းလဲမှုနှင့် ပတ်သက်၍ ရေကဏ္ဍအပေါ် သက်ရောက်မှုများကို ဆွေးနွေးတင်ပြ သည်။
ယင်းနောက် အကြံပေးအဖွဲ့ အတွင်းရေးမှူး ဒေါက်တာခင်နီနီသိန်း က ရေကဏ္ဍတွင် ပါဝင်ကူညီဆောင် ရွက်နေကြသည့် ပြည်တွင်းကုမ္ပဏီ များအား အမျိုးသားအဆင့် ရေအရင်း အမြစ်ကော်မတီအနေဖြင့် လိုအပ် သလို စိစစ်ပံ့ပိုးပေးနိုင်ရန် အကြံပြု ဆွေးနွေးတင်ပြသည်။
ကဏ္ဍအလိုက် ရှင်းလင်းဆွေးနွေး
ထို့နောက် ရေနှင့်ဆက်နွှယ်သည့် လုပ်ငန်းဆောင်ရွက်မှုများ၊ ယခင် အစည်းအဝေး ဆုံးဖြတ်ချက်များနှင့် ပတ်သက်၍ လျှပ်စစ်နှင့် စွမ်းအင် ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်၊ သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်း၊ ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီး ဌာန ဒုတိယဝန်ကြီး ဦးတင်မြင့်၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးစိုးအောင်၊ ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲ ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဗိုလ်ဗိုလ်ကျော်၊ ပတ်ဝန်းကျင် ထိန်းသိမ်းရေးဦးစီးဌာန ညွှန်ကြား ရေးမှူးချုပ် ဦးလှမောင်သိန်း၊ အဆင့် မြင့် ပညာဦးစီးဌာန ညွှန်ကြားရေးမှူး ချုပ် ဒေါက်တာသိန်းဝင်း၊ စက်မှု ပူးပေါင်းဆောင်ရွက်ရေး ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာစိုးနိုင်၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီး ဌာန ဝန်ကြီးရုံး ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသာထွန်းကျော်၊ စီမံကိန်း နှင့် ဘဏ္ဍာရေးဝန်ကြီးဌာနမှ ညွှန်ကြား ရေးမှူးချုပ် ဒေါ်သွေးသွေးချစ်နှင့် တာဝန်ရှိသူများက သက်ဆိုင်ရာ ကဏ္ဍများအလိုက် ရှင်းလင်းဆွေးနွေး တင်ပြကြပြီး ကော်မတီဒုတိယဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင် က ဖြည့်စွက်ရှင်းလင်းဆွေးနွေးသည်။
ယင်းနောက် အမျိုးသားအဆင့်ရေအရင်းအမြစ်ကော်မတီ ကော်မတီ ဥက္ကဋ္ဌ ဒုတိယသမ္မတ ဦးဟင်နရီ ဗန်ထီးယူက ရှင်းလင်းဆွေးနွေး အကြံ ပြုတင်ပြချက်များနှင့် စပ်လျဉ်း၍ ပေါင်းစပ်ညှိနှိုင်းပေးပြီး အခမ်းအနား ကို ရုပ်သိမ်းလိုက်သည်။
သတင်းစဉ်

ရှမ်းပြည်နယ် ရင်းနှီးမြှုပ်နှံမှုဖိုရမ် ၂၀၁၉ ကို တောင်ကြီးမြို့တွင် ကျင်းပ




Image may contain: 18 people, people standing, wedding and indoor
နေပြည်တော် နိုဝင်ဘာ ၂၆



ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွား ဆက်သွယ်ရေးဝန်ကြီးဌာန မြန်မာ နိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်နှင့် ရှမ်းပြည်နယ် ရင်းနှီးမြှုပ်နှံမှုကော်မတီ တို့ ပူးပေါင်း၍ Deutsche Gesellschaftfur International Zusammenarbeit (GIZ)၏ ပါဝင် ကူညီမှုဖြင့် ရှမ်းပြည်နယ်အတွင်း စိုက်ပျိုးရေးကဏ္ဍ မြှင့်တင်နိုင်ရန် ရည်ရွယ်၍ ရှမ်းပြည်နယ်ရင်းနှီးမြှုပ် နှံမှု ဖိုရမ်ကို ယနေ့တွင် ရှမ်းပြည်နယ် တောင်ကြီးမြို့ရှိ Royal Taunggyi Hotel ၌ ကျင်းပသည်။
ပြခန်းများ ခင်းကျင်းပြသ
အခမ်းအနားသို့ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ မြန်မာ နိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်ဥက္ကဋ္ဌ ဦးသောင်းထွန်း၊ ရှမ်းပြည်နယ်ဝန်ကြီး ချုပ်ဒေါက်တာလင်းထွဋ်၊ မြန်မာနိုင်ငံ ဆိုင်ရာ ဂျာမနီ သံအမတ်ကြီး Mr. Thomas Neisinger ၊ ရှမ်းပြည် နယ် ဝန်ကြီးများ၊ ဌာနဆိုင်ရာ အရာရှိကြီးများ၊ မြန်မာနိုင်ငံအခြေ စိုက် ပြည်ပသံရုံးများနှင့် နိုင်ငံတကာ အဖွဲ့အစည်းများမှ တာဝန်ရှိသူများ၊ နိုင်ငံခြား ရင်းနှီးမြှုပ်နှံသူများ၊ ပြည်တွင်း စီးပွားရေးလုပ်ငန်းရှင်များနှင့် ရှမ်းပြည်နယ်တွင် ရင်းနှီးမြှုပ်နှံရန် စိတ်ဝင်စားသည့် တရုတ်နိုင်ငံ၊ ဂျာမနီ နိုင်ငံ၊ နယ်သာလန်နိုင်ငံ၊ ဗြိတိန်နိုင်ငံ၊ အမေရိကန်နိုင်ငံ၊ သြစတြေးလျနိုင်ငံ၊ ရုရှားနိုင်ငံ၊ ဂျပန်နိုင်ငံ၊ ကိုရီးယားနိုင်ငံ၊ စင်ကာပူနိုင်ငံ၊ မလေးရှားနိုင်ငံနှင့် ကမ္ဘောဒီးယားနိုင်ငံတို့မှ နိုင်ငံခြား ရင်းနှီးမြှုပ်နှံသူ ၉၂ ဦး တက်ရောက် ခဲ့ကြသည်။ ထို့ပြင် ဖိုရမ်နှင့်အတူ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ပြခန်းများ လည်း ခင်းကျင်းပြသခဲ့သည်။
ဖဲကြိုးဖြတ်ဖွင့်လှစ်ပေး
ဖိုရမ်ဖွင့်ပွဲကို မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်ဥက္ကဋ္ဌ ဦးသောင်း ထွန်း၊ ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်၊ မြန်မာနိုင်ငံ ဆိုင်ရာ ဂျာမနီသံအမတ်ကြီး Mr. Thomas Neisinger တို့မှ ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ပြီး အဖွင့်အမှာ စကားပြောကြားကြသည်။
စိုက်ပျိုးရေးဖွံ့ဖြိုးတိုးတက်မှု
မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်ဥက္ကဋ္ဌ ဦးသောင်းထွန်းက အမှာစကား ပြောကြားရာတွင် “မြန်မာနိုင်ငံသည် စိုက်ပျိုးရေးကို အခြေခံသည့် နိုင်ငံတစ်နိုင်ငံဖြစ်သည့် အတွက် စိုက်ပျိုးရေးကဏ္ဍသည် စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှု ရည်မှန်းချက်များ အောင်မြင်ရေး အတွက် အရေးကြီးပါကြောင်း၊ စားနပ် ရိက္ခာဖူလုံစေရန်နှင့် အားလုံးပါဝင် သည့် ဖွံ့ဖြိုးတိုးတက်မှုအတွက် စိုက်ပျိုးရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်မှု သည် လွန်စွာအရေးပါကြောင်း၊ ထို့ကြောင့် နိုင်ငံ၏ဖွံ့ဖြိုးတိုးတက်မှု တွင် ပါဝင်နိုင်ရန်အတွက် စိုက်ပျိုး ရေးဆိုင်ရာထုတ်ကုန်များ ပိုမိုတိုးမြှင့် ထုတ်လုပ်နိုင်ရန် ကြိုးပမ်းဆောင်ရွက် လျက်ရှိပါကြောင်း၊ ဤဖိုရမ်မှ ရှမ်းပြည်နယ်အတွင်း စိုက်ပျိုးရေး ကဏ္ဍရင်းနှီးမြှုပ်နှံမှုများ တိုးတက် လာရေး ဆောင်ကြဉ်းပေးနိုင်မည်ဟု ယုံကြည်ပါကြောင်း” ပြောကြားသည်။
ဖွင့်ပွဲအခမ်းအနားပြီးနောက် ရှမ်း ပြည်နယ်၏ စိုက်ပျိုးရေးကဏ္ဍဆိုင်ရာရင်းနှီးမြှုပ်နှံမှု အခွင့်အလမ်းများ စကားဝိုင်းဆွေးနွေးပွဲကို ဆက်လက် ကျင်းပသည်။
မွန်းလွဲပိုင်းတွင် စီးပွားရေး လုပ်ငန်းရှင်များ တွေ့ဆုံပွဲကို ဆက်လက် ကျင်းပသည်။
ရင်းနှီးမြှုပ်နှံမှုအလားအလာရှိ
ရှမ်းပြည်နယ် ရင်းနှီးမြှုပ်နှံမှု ဖိုရမ်သို့ တက်ရောက်နေသူများသည် အေးသာယာစက်မှုဇုန် အပါအဝင် ရင်းနှီးမြှုပ်နှံမှု အလားအလာရှိသော နေရာများသို့ သွားရောက်လေ့လာ ကြည့်ရှုကြမည်ဖြစ်ကြောင်း သိရ သည်။ သတင်းစဉ်

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌဦးလှသိန်း “မြန်မာနိုင်ငံရှိ နိုင်ငံရေးပါတီများအတွက် ကျား/မ ရေးရာတန်းတူညီမျှမှု လမ်းညွှန်၊ ကြီးပွားတိုးတက်ရေးအတွက် အမြန်ဆုံးနည်းလမ်း” စာအုပ်အထူးမိတ်ဆက်ပွဲ အခမ်းအနားသို့ တက်ရောက်



Image may contain: one or more people and indoor
နေပြည်တော် နိုဝင်ဘာ ၂၆



မြန်မာနိုင်ငံရေးသင်တန်းကျောင်း Myanmar School of Politics (MySoP)က ကျင်းပသည့် “မြန်မာနိုင်ငံရှိနိုင်ငံရေးပါတီများအတွက် ကျား/မ ရေးရာ တန်းတူညီမျှမှုလမ်းညွှန်၊ ကြီးပွားတိုးတက်ရေးအတွက် အမြန်ဆုံးနည်းလမ်း” စာအုပ် အထူးမိတ်ဆက်ပွဲအခမ်းအနားကို ယနေ့ နံနက် ၉ နာရီခွဲတွင် နေပြည်တော်ရှိ Grand Amara ဟိုတယ်၌ ကျင်းပသည်။
အခမ်းအနားသို့ ကော်မရှင်ရုံးမှ တာဝန်ရှိသူများ၊ နယ်သာလန်သံရုံးမှ ကိုယ်စားလှယ်များ၊ နိုင်ငံရေးပါတီ များမှ တာဝန်ရှိသူများ၊ အစိုးရ မဟုတ်သော အဖွဲ့အစည်းများမှ ပုဂ္ဂိုလ်များနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။
အလေးထားကူညီ
အခမ်းအနားတွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးလှ သိန်းက ဒီမိုကရေစီနိုင်ငံများတွင် နိုင်ငံသားတိုင်း တန်းတူညီမျှဖြစ်သည် ဆိုသည့် အခြေခံမူကို အလေးထား ကြပါကြောင်း၊ ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင် အရွေးခံခြင်းနှင့် ဆန္ဒမဲပေးခြင်းတို့သည် လူသား အားလုံး ကျား/မတန်းတူညီမျှပါဝင် ခွင့်ရှိသော လူ့အခွင့်အရေးတစ်ရပ် ဖြစ်ပါကြောင်း၊ ကျင်းပပြီးစီးခဲ့သည့် ရွေးကောက်ပွဲများတွင် အမျိုးသမီး များ ဝင်ရောက်ယှဉ်ပြိုင် အရွေးခံခြင်း နှင့် စပ်လျဉ်း၍ ၂၀၁၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲတွင် ကိုယ်စား လှယ်လောင်း ၃၀၆၉ ဦးအနက် အမျိုးသမီးဦးရေ ၁၂၇ ဦးဝင်ရောက် ယှဉ်ပြိုင်ခဲ့ပြီး လွှတ်တော်တွင် (၄ ဒသမ ၁) ရာခိုင်နှုန်း ရွေးချယ် ခဲ့ပါကြောင်း၊ ၂၀၁၅ခုနှစ်အထွေထွေ ရွေးကောက်ပွဲတွင် ကိုယ်စားလှယ် လောင်း ၆၀၃၈ ဦးအနက် အမျိုးသမီး ဦးရေ ၈၀၀ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး လွှတ်တော်တွင် အမျိုးသမီး ရွေးချယ် ခံရမှု (၁၃) ရာခိုင်နှုန်းအထိမြင့်တက်ခဲ့ပါကြောင်း၊ ရွေးကောက်ပွဲတွင် အမျိုးသမီးများ ပိုမိုပါဝင်လာစေရန် အတွက် နိုင်ငံရေးပါတီများအနေဖြင့် အလေးထားကူညီ ဆောင်ရွက်ပေး စေလိုပါကြောင်း။
အထောက်အကူပြု
မြန်မာနိုင်ငံအနေဖြင့် အမျိုးသမီး များအား နည်းမျိုးစုံဖြင့် ခွဲခြား ဆက်ဆံမှု ပပျောက်ရေးဆိုင်ရာ သဘောတူစာချုပ်The Convention on the Elimination of all Forms of Discrimination Against Women (CEDAW) ပါ အချက်အလက်များကို လိုက်နာ အကောင်အထည်ဖော် ဆောင်ရွက်ရန် ၁၉၉၇ ခုနှစ်တွင် သဘောတူ လက်မှတ်ရေးထိုးခဲ့ပါ ကြောင်း၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အနေဖြင့် (CEDAW) တွင် ပါဝင်သည့် ရွေးကောက်ပွဲဆိုင်ရာ လုပ်ငန်းစဉ်များ၊ ရွေးကောက် တင်မြှောက်ခြင်းနှင့် ရွေးကောက်ခံပိုင်ခွင့်စသည့်ကဏ္ဍများတွင် ကျား/မတန်းတူညီမျှရေး၊ အမျိုးသမီးကဏ္ဍ မြှင့်တင်ရေးကိစ္စရပ်များကို ဆောင် ရွက်လျက်ရှိပါကြောင်း၊ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် အနေဖြင့် ကျား/မရေးရာ တန်းတူညီမျှရေး လုပ်ငန်းတာဝန်များအရ ကော်မရှင် အဖွဲ့ခွဲအဆင့်ဆင့်တွင် အမျိုးသမီး အဖွဲ့ဝင်ပါဝင်မှု မြှင့်တင်ရေးဆောင် ရွက်ခဲ့ရာ တိုင်းဒေသကြီး၊ ပြည်နယ်ကော်မရှင်အဖွဲ့ခွဲများတွင် ၂၆ ရာခိုင် နှုန်း၊ ခရိုင်အဆင့်တွင် ၁၆ ရာခိုင်နှုန်း နှင့် မြို့နယ် အဆင့်တွင် ၁၅ ရာခိုင် နှုန်းထိ တာဝန်ပေးအပ်ခဲ့ပါကြောင်း၊ အမျိုးသမီး ဝန်ထမ်းများကိုလည်း တိုးမြှင့်ခန့်ထားနိုင်ခဲ့ပြီး လက်ရှိအချိန် တွင် ကော်မရှင်ရုံးနှင့်ကော်မရှင်အဖွဲ့ခွဲ ရုံးအဆင့်ဆင့်တွင် အမျိုးသမီး ဝန်ထမ်း ၅၈ ရာခိုင်နှုန်းထိ ခန့်အပ် ပြီးဖြစ်ပါကြောင်း၊ နိုင်ငံရေးပါတီများ အနေဖြင့် လွှတ်တော်ကိုယ်စားလှယ် လောင်းအမည်စာရင်း တင်သွင်းရာ တွင် အမျိုးသမီးများပါဝင်မှုကို ဦးစားပေးဆောင်ရွက်စေလိုပါကြောင်း၊ ယခု ထုတ်ဝေမည့်စာအုပ်သည် နိုင်ငံရေး ပါတီများအတွက် ကျား/မ တန်းတူ ညီမျှရေးကို မြှင့်တင်ဆောင်ရွက်ရာ တွင် များစွာ အထောက်အကူပြုစေမည် ဖြစ်ပါကြောင်း ပြောကြားသည်။
ဆက်လက်၍ မြန်မာနိုင်ငံဆိုင်ရာ နယ်သာလန်သံရုံးမှ ကိုယ်စားလှယ် Ms. Linda van der Horst နှင့် အင်ဒို နီးရှား လွှတ်တော်အမတ်ဟောင်း Ms. Eva K Sundari တို့က အမှာစကား ပြောကြားခဲ့ပြီး အခမ်းအနားကို ရုပ်သိမ်း ခဲ့ကြောင်း သိရသည်။
သတင်းစဉ်

အဂတိလိုက်စားမှုတိုက်ဖျက်ရေးလုပ်ငန်းများနှင့် စပ်လျဉ်းသည့် အတွေ့အကြုံများဖလှယ်နိုင်ရေးစကားဝိုင်းနှင့် အဂတိလိုက်စားမှုအပေါ် ထင်မြင်ယူဆချက်ညွှန်းကိန်း(CPI) ဆွေးနွေးပွဲ ကျင်းပ




Image may contain: 18 people, people smiling
နေပြည်တော် နိုဝင်ဘာ ၂၆



အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် ဥက္ကဋ္ဌ ဦးအောင်ကြည်သည် အပြည်ပြည်ဆိုင်ရာပွင့်လင်းမြင်သာမှု (ချက်သမ္မတနိုင်ငံ) မစ်ရှင်အဖွဲ့ (Transparency International – Czech Republic) ၏ ညွှန်ကြားရေးမှူး Mr. David Ondracka နှင့်အဖွဲ့အား ယနေ့မွန်းလွဲ ၁ နာရီက နေပြည်တော်ရှိ မင်္ဂလာသီရိဟိုတယ်၌ လက်ခံတွေ့ဆုံသည်။
တွေ့ဆုံစဉ် နိုင်ငံတကာတွင် ကျင့်သုံးဆောင်ရွက်လျက် ရှိသည့် အဂတိလိုက်စားမှု တိုက်ဖျက်ရေးဆိုင်ရာ ကောင်းမွန်သောအလေ့အထများနှင့် အတွေ့အကြုံများ၊ အဂတိလိုက်စားမှုကျူးလွန်ရာမှရရှိသည့် ပိုင်ဆိုင်ပစ္စည်း များကို ပြန်လည်ရယူနိုင်ရေးဆိုင်ရာကိစ္စရပ်များ၊ ကော်မရှင် အနေဖြင့် ဆောင်ရွက်လျက်ရှိသည့် ဥပဒေအခြေခံအဆောက် အဦခိုင်မာရေး၊ အသိပညာပေးရေး၊ တားဆီး ကာကွယ်ရေး၊ စုံစမ်းစစ်ဆေးရေးဆိုင်ရာများ၊ စိန်ခေါ်မှုများနှင့် နှစ်ဖက်အဖွဲ့ အစည်းအကြား ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာကိစ္စ၊ အကူအညီပေးရေးဆိုင်ရာ ကိစ္စများနှင့်စပ်လျဉ်း၍ အမြင်ချင်းဖလှယ် ဆွေးနွေးသည်။
ဆက်လက်၍ Corruption Perception Index-CPI တွက်ချက်သတ်မှတ်မှုနှင့် စပ်လျဉ်းသည့် ဆွေးနွေးပွဲကို မွန်းလွဲ ၃ နာရီတွင် ကျင်းပရာ TI မှ ကျွမ်းကျင် ပညာရှင် Mr. OndrejCakl က CPI တွက်ချက်သတ်မှတ်သည့် အခြေခံ အချက်များအပေါ် ရှင်းလင်းခဲ့ပြီး တက်ရောက်လာကြ သူများက အပြန်အလှန်မေးမြန်း ဆွေးနွေးခဲ့ကြသည်။
ဆွေးနွေးပွဲသို့ ကော်မရှင်အတွင်းရေးမှူး၊ အဖွဲ့ဝင် များနှင့် ကော်မရှင်ရုံး ဝန်ထမ်းများ၊ ဆက်စပ်သော ပြည်ထောင်စုဝန်ကြီးဌာနများမှ အဆင့်မြင့်အရာရှိများ တက်ရောက်ခဲ့ကြသည်။ သတင်းစဉ်

သံအမတ်ကြီး ဦးမျိုးသန့်ဖေ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သမ္မတထံ ခန့်အပ်လွှာပေးအပ်




နေပြည်တော် နိုဝင်ဘာ ၂၇



တရုတ်ပြည်သူ့သမ္မတနိုင်ငံဆိုင်ရာ အထူးအာဏာကုန် လွှဲအပ်ခြင်းခံရသော ပြည်ထောင်စုသမ္မတမြန်မာ နိုင်ငံတော် သံအမတ်ကြီး ဦးမျိုးသန့်ဖေသည် ၎င်း၏ သံအမတ် ခန့်အပ်လွှာကို ၂၀၁၉ ခုနှစ် နိုဝင်ဘာလ ၂၂ ရက်နေ့တွင် ပေကျင်းမြို့၌ တရုတ်ပြည်သူ့ သမ္မတနိုင်ငံ သမ္မတ မစ္စတာ ရှီကျင့်ဖျင်ထံ ပေးအပ်ခဲ့ပြီး ဖြစ်ပါသည်။
သတင်းစဉ်

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈ ခုနှစ်) ပြင်ဆင်ရေး ပူးပေါင်းကော်မတီအစည်းအဝေး(၆၁/၂၀၁၉) ကျင်းပ




Image may contain: one or more people, people sitting and indoor
နေပြည်တော် နိုဝင်ဘာ ၂၆



ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်) ပြင်ဆင်ရေး ပူးပေါင်းကော်မတီ အစည်းအဝေး (၆၁/၂၀၁၉)ကို ယနေ့ မွန်းလွဲ ၁ နာရီက ပြည်ထောင်စု လွှတ်တော် D ဆောင် ဒုတိယထပ် အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အစည်းအဝေးသို့ ဖွဲ့စည်းပုံ အခြေခံဥပဒေ (၂၀၀၈ ခုနှစ်) ပြင်ဆင် ရေး ပူးပေါင်းကော်မတီဥက္ကဋ္ဌ ပြည်ထောင်စုလွှတ်တော် ဒုတိယ နာယက၊ ပြည်သူ့လွှတ်တော် ဒုတိယ ဥက္ကဋ္ဌ ဦးထွန်းအောင်(ခ)ဦးထွန်း ထွန်းဟိန်၊ ပူးပေါင်းကော်မတီ အတွင်းရေးမှူး ဒေါက်တာမြတ်ဉာဏ စိုး၊ တွဲဖက်အတွင်းရေးမှူး ဦးဌေးဝင်း အောင်(ခ)ဦးပြုံးချို၊ အဖွဲ့ဝင်များ ဖြစ်ကြသည့် နိုင်ငံရေးပါတီများ မှ လွှတ်တော်ကိုယ်စားလှယ်များ၊ တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ်များနှင့် ပြည်ထောင်စု လွှတ်တော်ရုံးမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။ သတင်းစဉ်

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အာဆီယံ-ကိုရီးယား ဆွေးနွေးဖက်ဆက်ဆံရေး နှစ်(၃၀)ပြည့် အထိမ်းအမှတ် ထိပ်သီးအစည်းအဝေး၊ မြန်မာ-ကိုရီးယား နှစ်နိုင်ငံ တွေ့ဆုံပွဲနှင့် နှစ်နိုင်ငံနားလည်မှုစာချွန်လွှာလက်မှတ်ရေးထိုးပွဲ အခမ်းအနားသို့ တက်ရောက်




Image may contain: 11 people, people smiling, people standing and suit
ဘူဆန် နိုဝင်ဘာ ၂၆



ကိုရီးယားသမ္မတနိုင်ငံ ဘူဆန်မြို့၌ ရောက်ရှိနေသည့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် ယနေ့တွင် အာဆီယံ- ကိုရီးယား ဆွေးနွေးဖက်ဆက်ဆံရေး နှစ်(၃၀)ပြည့် အထိမ်းအမှတ် ထိပ်သီးအစည်းအဝေး၊ ASEAN-ROK Startup Summit and Innovation Showcase 2019 ဖွင့်ပွဲအခမ်းအနား၊ မြန်မာ-ကိုရီးယား နှစ်နိုင်ငံ တွေ့ဆုံပွဲနှင့် နှစ်နိုင်ငံ နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးပွဲ အခမ်းအနားတို့သို့ တက်ရောက်သည်။
နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်သည် ဒေသစံတော်ချိန် နံနက် ၉ နာရီ ၁၅ မိနစ်တွင် အာဆီယံ-ကိုရီးယား ဆွေးနွေးဖက်ဆက်ဆံရေး နှစ်(၃၀) ပြည့် အထိမ်းအမှတ် ထိပ်သီးအစည်းအဝေးသို့ တက်ရောက်ရန် ဘူဆန်မြို့ရှိ BEXCO Convention Hall သို့ ရောက်ရှိရာ ကိုရီးယားနိုင်ငံ သမ္မတ မစ္စတာ မွန်ဂျေအင်းက ခင်မင်ရင်းနှီးစွာ ကြိုဆိုနှုတ်ဆက်ပြီး မှတ်တမ်းတင်ဓာတ်ပုံ ရိုက်သည်။
ထို့နောက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်သည် ကိုရီးယားသမ္မတ၊ အာဆီယံနိုင်ငံများမှ နိုင်ငံအကြီးအကဲများ၊ အစိုးရအဖွဲ့အကြီးအကဲများနှင့် အတူ မှတ်တမ်းဓာတ်ပုံရိုက်သည်။
ယင်းနောက် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်သည် အာဆီယံ-ကိုရီးယားဆွေးနွေးဖက်ဆက်ဆံရေး နှစ်(၃၀)ပြည့် အထိမ်းအမှတ် ထိပ်သီး အစည်းအဝေးသို့ တက်ရောက်ပြီး ပြီးခဲ့သည့် နှစ်(၃၀) ကာလအတွင်း အာဆီယံ-ကိုရီးယား ပူးပေါင်း ဆောင်ရွက်မှုအား ပြန်လည် သုံးသပ်ပြီး အနာဂတ်ကာလတွင် မိတ်ဖက်သစ်ဆက်ဆံရေး တိုးမြှင့်နိုင် မည့် အလားအလာများနှင့် စပ်လျဉ်း ၍ ဆွေးနွေးသည်။
ဖွင့်ပွဲတက်ရောက်
ဆက်လက်၍ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်သည် ASEAN- ROK Startup Summit and Innovation Showcase 2019 ဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက်သည်။
အခမ်းအနားတွင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်သည် ကိုရီးယား သမ္မတ၊ အာဆီယံနိုင်ငံများမှ နိုင်ငံ အကြီးအကဲများ၊ အစိုးရအဖွဲ့ အကြီး အကဲများနှင့်အတူ ASEAN-ROK Startup Summit and Innovation Showcase 2019 ဖွင့်လှစ်ပေးပြီး မှတ်တမ်းတင်ဓာတ်ပုံရိုက်သည်။
ထို့နောက် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်သည် ကိုရီးယား သမ္မတ၊ အာဆီယံနိုင်ငံများမှ နိုင်ငံ အကြီးအကဲများ၊ အစိုးရအဖွဲ့ အကြီး အကဲများနှင့်အတူ Innovation Showcase 2019 ပြခန်း၌ ပြသ ထားသည့် တီထွင်ဖန်တီးမှုအသစ် များအား လိုက်လံကြည့်ရှုသည်။
ယင်းနောက် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်သည် ဘူဆန်မြို့ Nurimaru APEC House ၌ ကိုရီးယား ကျွန်းဆွယ် တည်ငြိမ်အေးချမ်းရေး နှင့် ဖွံ့ဖြိုးတိုးတက်ရေးကိစ္စရပ်များ နှင့် စပ်လျဉ်း၍ ဆွေးနွေးရန် ကျင်းပ သည့် အာဆီယံ - ကိုရီးယား ခေါင်းဆောင်များ သီးသန့် နေ့လယ်စာ စားပွဲသို့ တက်ရောက်သည်။
မြန်မာ-ကိုရီးယား နှစ်နိုင်ငံတွေ့ဆုံ
ထို့နောက် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်သည် ဘူဆန်မြို့ Westin Chosun ဟိုတယ်၌ ကျင်းပ သည့် မြန်မာ - ကိုရီးယား နှစ်နိုင်ငံ တွေ့ဆုံပွဲသို့ တက်ရောက်သည်။
တွေ့ဆုံပွဲတွင် နှစ်နိုင်ငံ ရှိရင်းစွဲ ချစ်ကြည်ရင်းနှီးမှု ဆက်လက် တိုးတက်ခိုင်မာရေး၊ မကြာသေးမီက မြန်မာနိုင်ငံသို့ လာရောက်ခဲ့သည့် ကိုရီးယားသမ္မတ၏ ခရီးစဉ်အတွင်း နှစ်နိုင်ငံအကြား သဘောတူခဲ့သည့် ကိစ္စရပ်များ အကောင်အထည်ဖော် ရာ၌ တိုးတက်မှုအခြေအနေများ၊ ယဉ်ကျေးမှု၊ ပညာရေး၊ စိုက်ပျိုးရေး၊ ရေလုပ်ငန်း၊ သဘာ၀ပတ်ဝန်းကျင် ထိန်းသိမ်းရေး၊ အခြေခံအဆောက် အအုံများနှင့် ကျေးလက်ဒေသဖွံ့ဖြိုး ရေးကဏ္ဍများ အကျိုးတူပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်သွားရေး၊ ပြည်သူအချင်းချင်း ထိတွေ့ဆက်ဆံမှု ပိုမိုတိုးတက်ရေးဆိုင်ရာ ကိစ္စရပ်များ နှင့် စပ်လျဉ်း၍ ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေးကြသည်။
နားလည်မှုစာချွန်လွှာလက်မှတ်ထိုး
တွေ့ဆုံပွဲအပြီးတွင် နှစ်နိုင်ငံ နားလည်မှုစာချွန်လွှာ လက်မှတ် ရေးထိုးပွဲကို ဆက်လက်ကျင်းပရာ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် ကိုရီးယား သမ္မတနိုင်ငံ သမ္မတ မစ္စတာ မွန်ဂျေအင်းတို့ ရှေ့မှောက်၌ စိုက်ပျိုး ရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူနှင့် ကိုရီးယား သမ္မတနိုင်ငံ ပင်လယ်သမုဒ္ဒရာနှင့် ငါးလုပ်ငန်းဝန်ကြီးဌာန ဝန်ကြီး Mr. Moon Seong-Hyeok တို့က “ငါးလုပ်ငန်းဆိုင်ရာ ပူးပေါင်း ဆောင်ရွက်မှုနားလည်မှုစာချွန်လွှာ” ကို လည်းကောင်း၊ ကိုရီးယားသမ္မတ နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးသန့်စင်နှင့် ကိုရီးယားသမ္မတနိုင်ငံ ဒုတိယဝန်ကြီးချုပ်နှင့် ပညာရေး ဝန်ကြီးဌာန ဝန်ကြီး Mrs. YooEun Hea တို့က “အသက်မွေးဝမ်းကျောင်း ဆိုင်ရာ သင်တန်းများ ပူးပေါင်း ဆောင်ရွက်ရေး နားလည်မှုစာချွန်လွှာ” ကို လည်းကောင်း၊ ကိုရီးယားသမ္မတ နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးသန့်စင်နှင့် ကိုရီးယားသမ္မတနိုင်ငံ သဘာဝပတ်ဝန်းကျင် ဝန်ကြီး Mr. Cho Myung–Rae တို့က “သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ကဏ္ဍ ပူးပေါင်းဆောင်ရွက်ရေး ဆိုင်ရာ နားလည်မှုစာချွန်လွှာ” ကို လည်းကောင်း လက်မှတ်ရေးထိုး ကြပြီး အပြန်အလှန်လဲလှယ်ကြသည်။
ယင်းနောက် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်သည် ဘူဆန်မြို့ရှိ ASEAN Culture House သို့ ရောက်ရှိ ပြီး ကိုရီးယားသမ္မတ မစ္စတာ မွန်ဂျေအင်းနှင့် ဇနီး ကင်မ်ဂျောင်းဆု၊ အာဆီယံနိုင်ငံများမှ နိုင်ငံ အကြီး အကဲများ၊ အစိုးရအဖွဲ့အကြီးအကဲ များနှင့်အတူ ကမ္ဘောဒီးယား၊ လာအို၊ ဗီယက်နမ်၊ ထိုင်းနှင့် မြန်မာနိုင်ငံတို့မှ ပြသထားသည့် ယဉ်ကျေးမှု ပြခန်း များအား လိုက်လံကြည့်ရှုသည်။
ဂုဏ်ပြုညစာစားပွဲ တက်ရောက်
ထို့နောက် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်သည် ကိုရီးယား သမ္မတနှင့် ဇနီးတို့က မဲခေါင်ဒေသ နိုင်ငံများမှ ခေါင်းဆောင်များအား တည်ခင်းဧည့်ခံသည့် ကြိုဆိုနှုတ်ဆက် ဂုဏ်ပြုညစာစားပွဲသို့ တက်ရောက် သည်။
ညစာမသုံးဆောင်မီ နိုင်ငံတော် ၏ အတိုင်ပင်ခံပုဂ္ဂိုလ်သည် ကိုရီးယား သမ္မတနှင့် ဇနီး၊ မဲခေါင်ဒေသနိုင်ငံ များမှ အစိုးရအဖွဲ့အကြီးအကဲများနှင့် ဇနီးများနှင့်အတူ မှတ်တမ်းတင် ဓာတ်ပုံရိုက်သည်။
သတင်းစဉ်

Tuesday, November 26, 2019

၂၀၁၉ ခုနှစ် ကြားဖြတ်လူဦးရေသန်းခေါင်စာရင်း နည်းပြသင်တန်း အမှတ်စဉ်(၃) ဖွင့်ပွဲ ကျင်းပ




Image may contain: one or more people
နေပြည်တော် နိုဝင်ဘာ ၂၅ 




၂၀၁၉ ခုနှစ် ကြားဖြတ်လူဦးရေ သန်းခေါင်စာရင်း နည်းပြသင်တန်း အမှတ်စဉ် (၃) သင်တန်းဖွင့်ပွဲကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည် တော်ရှိ အလုပ်သမား၊ လူဝင်မှုကြီး ကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီး ဌာန အစည်းအဝေးခန်းမ၌ ကျင်းပ သည်။
အနီးစပ်ဆုံး မှန်ကန်စွာ ခန့်မှန်းနိုင်
သင်တန်းဖွင့်ပွဲတွင် ကြားဖြတ် သန်းခေါင်စာရင်း ဗဟိုကော်မတီဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေက မိမိတို့ဝန်ကြီးဌာနအနေဖြင့် လူဦးရေ နှင့် အိမ်အကြောင်းအရာ သန်းခေါင် စာရင်းကြီးကို တစ်နိုင်ငံလုံးအတိုင်း အတာဖြင့် ၂၀၁၄ ခုနှစ်က အောင်မြင် စွာ ကောက်ယူနိုင်ခဲ့ပြီးဖြစ်ပါကြောင်း၊ ကောက်ယူရရှိသည့် သန်းခေါင်စာရင်း အချက်အလက်များကိုလည်း နိုင်ငံ တော်ဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းများ တွင်သာမက ၂၀၃၀ ပြည့်နှစ်၊ စဉ်ဆက် မပြတ် ဖွံ့ဖြိုးတိုးတက်ရေးရည်မှန်း ချက်ပန်းတိုင်များ ရရှိအောင် ဆောင်ရွက်ရာတွင် ဆန်းစစ်လေ့လာမှု လုပ်ငန်းများအတွက် အသုံးပြုလျက် ရှိပါကြောင်း၊ သန်းခေါင်စာရင်းကို ၁၀ နှစ်တစ်ကြိမ် ကောက်ယူရမည် ဖြစ်သည့်အတွက် ၂၀၂၄ ခုနှစ်တွင် နောက်တစ်ကြိမ် ထပ်မံကောက်ယူ မည်ဖြစ်ပါကြောင်း၊ နေ့စဉ်နှင့်အမျှ တိုးတက်ပြောင်းလဲနေသည့် ယနေ့ ခေတ်ကာလတွင် မြန်မာနိုင်ငံ၏ လက်ရှိနှင့် အနာဂတ်လူဦးရေ၊ လူမှု စီးပွားရေးဆိုင်ရာ စာရင်းအင်းအချက် အလက်များကို အချိန်နှင့်တစ်ပြေးညီ အနီးစပ်ဆုံး မှန်ကန်စွာ ခန့်မှန်းနိုင်ရန် လိုအပ်ပါ ကြောင်း၊ ထို့ကြောင့် ၂၀၁၄ နှင့် ၂၀၂၄ ခုနှစ် ကြားကာလသည် (၁၀)နှစ်ခန့် ကွာဟနေသည့်အတွက် စာရင်းအင်းလိုအပ်ချက်များ ဖြည့် ဆည်းနိုင်ရန် ကြားကာလဖြစ်သည့် ၂၀၁၉ ခုနှစ်တွင် ကြားဖြတ် သန်းခေါင်စာရင်းကောက်ယူရန် မိမိ တို့ဝန်ကြီးဌာနက ပြင်ဆင်ဆောင်ရွက် ခဲ့ခြင်းဖြစ်ပါကြောင်း။
ကြားဖြတ်သန်းခေါင်စာရင်းကို လေးသုတ်ခွဲပြီး ကောက်ယူသွား မည်ဖြစ်ပါကြောင်း၊ ပထမသုတ် အဖြစ် ကချင်ပြည်နယ်၊ ချင်းပြည်နယ် နှင့် ပြည်ထောင်စုနယ်မြေ (နေပြည် တော်)တို့တွင်လည်းကောင်း၊ ဒုတိယ သုတ်အဖြစ် ကယားပြည်နယ်၊ ကရင် ပြည်နယ်၊ မွန်ပြည်နယ်၊ တနင်္သာရီ တိုင်းဒေသကြီးနှင့် ဧရာဝတီတိုင်း ဒေသကြီးတို့တွင် လည်းကောင်း၊ တတိယသုတ်အဖြစ် ပဲခူးတိုင်းဒေသ ကြီး၊စစ်ကိုင်းတိုင်းဒေသကြီးနှင့် မကွေး တိုင်းဒေသကြီးတို့တွင်လည်းကောင်း၊ စတုတ္ထသုတ်အဖြစ် ရှမ်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ ရန်ကုန်တိုင်းဒေသ ကြီးနှင့် မန္တလေးတိုင်းဒေသကြီးတို့ တွင်လည်းကောင်း ကောက်ယူသွား မည်ဖြစ်ပါကြောင်း။
နည်းပြသင်တန်းဖွင့်လှစ်ပို့ချ
ယခုလက်ရှိတွင် ကချင်ပြည်နယ်၊ ချင်းပြည်နယ်နှင့် ပြည်ထောင်စု နယ်မြေ (နေပြည်တော်) တို့တွင် နိုဝင် ဘာ ၁၈ ရက်မှစ၍ ကောက်ယူနေပြီ ဖြစ်ပါကြောင်း၊ ဒုတိယသုတ် ကောက် ယူမည့် ကယားပြည်နယ်၊ ကရင်ပြည် နယ်၊ တနင်္သာရီနှင့် ဧရာဝတီတိုင်း ဒေသကြီးတို့အတွက် နေပြည်တော် တွင် နည်းပြသင်တန်းကို နိုဝင်ဘာ ၁၃ရက်မှ ၂၃ရက်အထိ ဖွင့်လှစ်ပို့ချခဲ့ ပြီး ခရိုင်သင်တန်းများကို ဆက်လက် ဖွင့်လှစ်ဆောင်ရွက်၍ စာရင်း ကောက်ယူခြင်းလုပ်ငန်းကို ဒီဇင်ဘာ ၁၁ ရက်မှ ၂၄ ရက်အထိ ဆောင်ရွက် သွားမည်ဖြစ်ပါကြောင်း။
တတိယသုတ် ကောက်ယူမည့် ပဲခူး၊ စစ်ကိုင်းနှင့် မကွေးတိုင်းဒေသ ကြီးတို့အတွက် နည်းပြသင်တန်းကို နိုဝင်ဘာ ၂၅ ရက်မှ ဒီဇင်ဘာ ၅ ရက် အထိ ဖွင့်လှစ်ပို့ချမည်ဖြစ်ပြီး ခရိုင် သင်တန်းများကို ဆက်လက် ဆောင်ရွက်၍ စာရင်းကောက်ယူခြင်း လုပ်ငန်းကို ၂၀၂၀ ပြည့်နှစ်၊ ဇန်နဝါရီ ၂ ရက်မှ ၁၅ ရက်အထိ ဆောင်ရွက် သွားမည်ဖြစ်ပါကြောင်း၊ ယခုတတိယ သုတ် နည်းပြသင်တန်းပြီးပါက စတုတ္ထသုတ်ကောက်ယူမည့် ရှမ်း ပြည်နယ်၊ ရခိုင်ပြည်နယ်၊ ရန်ကုန် တိုင်းဒေသကြီးနှင့် မန္တလေးတိုင်း ဒေသကြီးတို့အတွက် နည်းပြ သင်တန်းကို ဒီဇင်ဘာ ၉ ရက်မှ ၁၉ ရက်အထိ ဖွင့်လှစ်မည်ဖြစ်ပြီး ခရိုင်သင်တန်းများ ဆက်လက်ဖွင့်လှစ် ၍ စာရင်းကောက်ယူခြင်းလုပ်ငန်းကို ဇန်နဝါရီ ၁၅ ရက်မှ ၂၈ ရက်အထိ ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ ကြားဖြတ်သန်းခေါင်စာရင်းကောက်ယူရာတွင် တစ်နိုင်ငံလုံးအတိုင်းအတာ ဖြင့် နမူနာစာရင်းကောက်ကွက်ပေါင်း ၄၀၀၀ ကျော် ကောက်ယူမည်ဖြစ်ပါ ကြောင်း၊ ကြားဖြတ်သန်းခေါင်စာရင်း ကောက်ယူရာမှာ ၂၀၁၄ သန်းခေါင် စာရင်းကောက်ယူစဉ်ကကဲ့သို့ မေးခွန်း စာရွက်ကို အသုံးပြုသည့်နည်းဖြင့် ကောက်ယူမည်မဟုတ်ဘဲ နိုင်ငံ အတော်များများတွင် အသုံးပြုနေ ပြီဖြစ်သည့် ကွန်ပျူတာအထောက် အကူပြု လူတစ်ဦးချင်းမေးမြန်းစာရင်း ကောက်ယူသည့်စနစ် (Computer-assisted Personal Interviewing-CAPI)ကို အသုံးပြုကောက်ယူသွား မည်ဖြစ်ပါကြောင်း၊ သန်းခေါင်စာရင်း လုပ်ငန်းတွင် Mobile Tablet ကို အသုံးပြု၍ CAPI စနစ်ဖြင့် စာရင်း ကောက်ယူခြင်းသည် ပထမဆုံး အတွေ့အကြုံ ဖြစ်ပါကြောင်း၊ သင်တန်းသားများသည် ယခု သင်တန်းဆင်းပြီးပါက သက်ဆိုင် ရာခရိုင်များတွင်ဖွင့်လှစ်မည့် စာရင်း စစ်၊ စာရင်းကောက်သင်တန်းများ တွင် သင်တန်းနည်းပြများအဖြစ် တာဝန်ယူဆောင်ရွက်ကြရမည်ဖြစ်ပါ ကြောင်း။
ကြားဖြတ်လူဦးရေ သန်းခေါင် စာရင်းလုပ်ငန်းစဉ်ကြီး အောင်မြင်အောင်ဆောင်ရွက်နိုင်ရန်မှာ ယနေ့ သင်တန်းသားများ၏ အခန်းကဏ္ဍ သည် အလွန်အရေးကြီးပါကြောင်း၊ ထို့ကြောင့် သင်တန်းသား၊ သင်တန်း သူများအနေဖြင့် စာရင်းကောက်ယူ ခြင်းဆိုင်ရာ နည်းပညာများကို နှစ်ပတ်တာ သင်တန်းကာလအတွင်း ဂရုတစိုက်ဖြင့် နားလည်သဘော ပေါက်အောင် သင်ယူလေ့လာကြရန် နှင့် မရှင်းလင်းသည်များကိုလည်း ပွင့်ပွင့်လင်းလင်းမေးမြန်း ဆွေးနွေး ဆောင်ရွက်ကြရန်လိုကြောင်း၊ စာရင်း ကောက်ယူရာတွင်လည်း ဒေသရှိဌာန ဆိုင်ရာတာဝန်ရှိသူများနှင့် ပေါင်းစပ် ညှိနှိုင်းကာ လုပ်ငန်းအခက်အခဲများရှိ ပါက အချိန်မီတင်ပြ ဆောင်ရွက် ကြရန်နှင့် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေး အတွက် အရေးပါ သည့်လုပ်ငန်းစဉ်၌ တစ်တပ်တစ်အား ပါဝင်ကူညီ ဆောင်ရွက်ပေးနေခြင်းဖြစ်သည်ဟု ခံယူကာ ကြိုးပမ်းဆောင်ရွက်ကြရန် တိုက်တွန်းပါကြောင်း ပြောကြား သည်။
သင်တန်းကာလ နှစ်ပတ်
၂၀၁၉ ခုနှစ် ကြားဖြတ်လူဦးရေသန်းခေါင်စာရင်းကို ၂၀၁၄ ခုနှစ်နှင့် ၂၀၂၄ ခုနှစ်ကြားကာလရှိ မြန်မာ နိုင်ငံ၏ လူဦးရေနှင့် လူမှုစီးပွားရေး ဆိုင်ရာ စာရင်းအင်းအချက်အလက် များကို အချိန်နှင့်တစ်ပြေးညီ အနီးစပ် ဆုံးမှန်ကန်စွာ ခန့်မှန်းနိုင်ရန်၊ ၂၀၁၄ ခုနှစ် သန်းခေါင်စာရင်း အချက် အလက်များ၏ ပြောင်းလဲမှုများအား နှိုင်းယှဉ်လေ့လာ သုတေသနပြုနိုင် ရန်၊ မြန်မာနိုင်ငံ၏ ရေရှည်တည်တံ့ ခိုင်မြဲပြီး ဟန်ချက်ညီသော ဖွံ့ဖြိုး တိုးတက်မှုစီမံကိန်း (Myanmar Sustainable Development Plan– MSDP) ကို အကောင်အထည်ဖော်ရာ တွင် လိုအပ်သောအညွှန်းကိန်းများ ရရှိနိုင်ရန် စသည့်ရည်ရွယ်ချက်ဖြင့် လေးသုတ်ခွဲကာ ကောက်ယူမည်ဖြစ် ပြီး ခရိုင်အဆင့် ကိုယ်စားပြုနမူနာ ကောက်ကွက်များ ပြုစုကောက်ယူ မည်ဖြစ်ကြောင်းနှင့် ယခုတတိယ သုတ် ဖွင့်လှစ်သည့် နည်းပြသင်တန်း အမှတ်စဉ် (၃) တွင် ပဲခူး၊ စစ်ကိုင်းနှင့် မကွေးတိုင်းဒေသကြီးတို့မှ နည်းပြ ဆောင်ရွက်မည့် သက်ဆိုင်ရာခရိုင် ဦးစီးမှူးရုံးများမှ အရာထမ်း ၂၂ ဦးနှင့် ဒေသခံလူငယ် ၄၄ ဦး၊ ပြည်သူ့ အင်အားဦးစီးဌာန (ရုံးချုပ်) မှ ၂၅ ဦး စုစုပေါင်းသင်တန်းသား/ သင်တန်း သူ ၉၁ ဦးတက်ရောက်၍ သင်တန်း ကာလ ရက်သတ္တပတ် နှစ်ပတ်ကြာ ဖွင့်လှစ်မည်ဖြစ်ကြောင်း သိရ သည်။
သတင်းစဉ်

၂၀၁၉ ခုနှစ် အမျိုးသမီးများအပေါ်အကြမ်းဖက်မှုပပျောက်ရေး (၁၆) ရက်တာလှုပ်ရှားမှုအထိမ်းအမှတ်အခမ်းအနားကျင်းပ




Image may contain: one or more people and people standing
နေပြည်တော် နိုဝင်ဘာ ၂၅ 




အမျိုးသမီးများအပေါ်အကြမ်းဖက်မှုပပျောက်ရေး (၁၆)ရက်တာလှုပ်ရှားမှု အထိမ်းအမှတ်အခမ်းအနားကို ယနေ့နံနက် ပိုင်းတွင် နေပြည်တော်ရှိ မင်္ဂလာသီရိဟိုတယ်၌ ကျင်းပသည်။
အခမ်းအနားသို့ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးလှ သိန်း၊ မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုး သမီးကော်မတီ ဒုတိယဥက္ကဋ္ဌ၊ လူမှု ဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေးဝန်ကြီးဌာန ဒုတိယ ဝန်ကြီးဦးစိုးအောင်၊ ပြည်သူ့လွှတ် တော်၊ နိုင်ငံသားများ၏ မူလအခွင့် အရေးဆိုင်ရာကော်မတီဥက္ကဋ္ဌ၊ အမျိုး သားလွှတ်တော်နှင့် ပြည်သူ့ လွှတ်တော်မှ အမျိုးသမီးနှင့် ကလေး သူငယ်အခွင့်အရေးဆိုင်ရာ ကော်မတီ ဥက္ကဋ္ဌများ၊ အတွင်းရေးမှူးများ၊ ပြည်ထောင်စုဝန်ကြီးများ၏ ဇနီးများ၊ လွှတ်တော် ကိုယ်စားလှယ်များ၊ UNFPA, Deputy Representative ၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ်များ၊ ဌာနဆိုင်ရာများမှကိုယ်စားလှယ်များ၊ မြန်မာ နိုင်ငံလုံးဆိုင်ရာ အမျိုးသမီးကော်မတီ ဝင်များ၊ INGOs/ NGOs များမှ ကိုယ်စားလှယ်များ တက်ရောက် သည်။
လူထုလမ်းလျှောက်ပွဲများ
အခမ်းအနားတွင် မြန်မာနိုင်ငံ လုံးဆိုင်ရာ အမျိုးသမီးကော်မတီ ဒုတိယဥက္ကဋ္ဌက ၂၀၁၈ ခုနှစ်မှစ၍ အမျိုးသမီးများအပေါ် အကြမ်းဖက်မှု ပပျောက်ရေး (၁၆) ရက်တာ လှုပ်ရှားမှု အထိမ်းအမှတ်အခမ်းအနားကို နိုင်ငံ တော်အဆင့် အခမ်းအနားပုံစံဖြင့် ဆောင်ရွက်ခဲ့ပါကြောင်း၊ နှစ်အလိုက် ကုလသမဂ္ဂမှ ဆောင်ပုဒ်များ ချမှတ် ပေးလျက်ရှိရာ ယခုနှစ်အတွက် ဆောင်ပုဒ်မှာ“Generation Equality Stands Against Rape!” “မုဒိမ်းမှု များတားဆီးဖို့၊ မုဒိမ်းမှုများ ပပျောက်ဖို့ အားလုံးပူးပေါင်း ဆောင်ရွက်ကြပါစို့” ပဲဖြစ်ပါကြောင်း၊ အမျိုးသမီးများအပေါ် အကြမ်းဖက်မှု ပပျောက်ရေး အကြိုလှုပ်ရှားမှုများ အနေဖြင့် လူထုလမ်းလျှောက်ပွဲ များ၊ အကြိုညှိနှိုင်းဆွေးနွေးပွဲများကို လည်း ဆောင်ရွက်ခဲ့သကဲ့သို့ တိုင်းဒေသကြီး/ ပြည်နယ်များအားလုံး တွင်လည်း ကျား၊ မအခြေပြု အကြမ်း ဖက်မှုဆိုင်ရာ အသိပညာပေးသင်တန်း များ၊ အလုပ်ရုံဆွေးနွေးပွဲများ၊ သက်ငယ်မုဒိမ်း အသိပညာပေး ပိုစတာစိုက်ထူခြင်းများကို သက်ဆိုင် ရာ တိုင်းဒေသကြီး၊ ပြည်နယ် အမျိုး သမီးကော်မတီများ၏ ဦးဆောင်မှုဖြင့် ဆောင်ရွက်လျက်ရှိပါကြောင်း။
အကြမ်းဖက်မှုတားဆီး
ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ-(၂၁) ရာစု ပင်လုံတတိယ အစည်းအဝေး၏ ပြည်ထောင်စု သဘောတူစာချုပ်တွင် ဆွေးနွေးခဲ့ မှုများ၌ ငြိမ်းချမ်းရေးစကားဝိုင်းများနှင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ တွင် အမျိုးသမီးများပူးပေါင်းပါဝင်ရေး နှင့်စပ်လျဉ်း၍ ကဏ္ဍအသီးသီးတွင် အမျိုးသမီးများ အနည်းဆုံး (၃၀) ရာခိုင်နှုန်းပါဝင်ရေးကို အားပေးဖို့ဆို သည့် အချက်လည်းပါဝင်ပါကြောင်း၊ ထို့အပြင် ပဋိပက္ခအတွင်း အမျိုးသမီး များအပေါ် အကြမ်းဖက်မှုတားဆီး ကာကွယ်ရေး လုပ်ငန်းစဉ်များနှင့် စပ်လျဉ်း၍ ပဋိပက္ခအတွင်းအမျိုးသမီး များအား အကြမ်းဖက်မှု တားဆီး ကာကွယ်ရေးနှင့် တုံ့ပြန်ဆောင်ရွက် ရေးဆိုင်ရာ အမျိုးသားအဆင့် ကော်မတီ၏ လုပ်ငန်းစီမံချက် (မူကြမ်း)ကိုလည်း ရေးဆွဲထားရှိပြီး ဖြစ်ပါကြောင်း၊ အမျိုးသမီးများအပေါ် အကြမ်းဖက်မှုများမှ တားဆီး ကာကွယ်ရေးအတွက် မိမိတို့ဝန်ကြီး ဌာနအနေဖြင့် ၂၄နာရီ၊ Help Line ဝန်ဆောင်မှုကို၂၀၁၆ခုနှစ်မှစတင်၍ ထူထောင်ထားရှိပြီး ဖြေရှင်းဆောင် ရွက်ပေးလျက်ရှိကာ လက်ရှိအချိန်ထိ တရားရင်ဆိုင်စရိတ် ထောက်ပံ့ခြင်း၊ အသက်မွေးဝမ်းကျောင်း ထောက်ပံ့ ခြင်းအနေဖြင့် ကျပ်သန်းပေါင်း၁၅၀ ကျော်ကို ထောက်ပံ့ပေးနိုင်ခဲ့ပါ ကြောင်း။
အမျိုးသမီးများ၏ ကဏ္ဍစုံဖွံ့ဖြိုးရေး
ထို့အပြင် တရားရင်ဆိုင်ရေး၊ ကျန်းမာရေး၊ ပညာရေးအကူအညီ များရရှိရန် ချိတ်ဆက်ဆောင်ရွက် ပေးလျက်ရှိပါကြောင်း၊ One Stop Women Support Center (OSWSC) (၄)ခု တည်ထောင်၍ အကြမ်းဖက်ခံရ သည့် အမျိုးသမီးများကို ယာယီ လက်ခံစောင့်ရှောက်ပေးပြီး စိတ်လူမှု ရေးဆိုင်ရာ ပံ့ပိုးကူညီမှုများလည်း ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ သုတေသနအနေဖြင့် အမျိုးသမီးများ ၏ ဘဝတစ်လျှောက်အတွေ့အကြုံ များဆိုင်ရာ လေ့လာမှုစစ်တမ်းအား လူမှုဝန်ထမ်းဦးစီးဌာန၊ ဗဟိုစာရင်း အင်းအဖွဲ့၊ UNFPA တို့ ပူးပေါင်း ဆောင်ရွက်လျက်ရှိပါကြောင်း၊ ၂၀၁၉ ခုနှစ် မြန်မာအမျိုးသမီးများနေ့အခမ်း အနားတွင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်၏ လမ်းညွှန်ချက်ဖြစ်သည့် အမျိုးသမီးများ၏ ကဏ္ဍစုံဖွံ့ဖြိုးရေး အတွက် လုပ်ငန်းအစီအစဉ်များ၊ စီမံကိန်းများ၊ စီမံချက်များ ချမှတ် ဆောင်ရွက်ရာတွင် သက်ဆိုင်ရာ အစိုးရဌာနများ၊ လွှတ်တော်များ၊ INGOs/NGOs များ၊ ပုဂ္ဂလိကလုပ်ငန်း ရှင်များ၊ လူမှုရေးစီးပွားရေးနယ်ပယ် များမှ အဖွဲ့အစည်းများအနေဖြင့် ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ကြရန် လိုအပ်ပါကြောင်း ပြောကြားသည်။
ဆက်လက်၍ UNFPA Deputy Representative Ms. Nelida Rodri gues က UN Message အားဖတ်ကြား သည်။
ရှေ့ဆက်ဆောင်ရွက်မည့်လုပ်ငန်း
ထို့နောက် အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေး စကား ဝိုင်းဆွေးနွေးပွဲကို ဆောင်ရွက်ရာ အမျိုးသားလွှတ်တော်၊ အမျိုးသမီးနှင့် ကလေးသူငယ်အခွင့်အရေးဆိုင်ရာ ကော်မတီဥက္ကဋ္ဌ ဒေါက်တာ တင်တင် ဝင်း၊ ပြည်သူ့လွှတ်တော်အမျိုးသမီးနှင့် ကလေးသူငယ် အခွင့်အရေးဆိုင်ရာ ကော်မတီဥက္ကဋ္ဌ ဒေါက်တာခင်စိုးစိုး ကြည်၊ လူမှုဝန်ထမ်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ စန်းစန်းအေး၊ ပြည်သူ့ကျန်းမာရေး ဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာမြင့်မြင့်သန်း၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ဒုရဲမှူးကြီး ဒေါ်မီနီဦး၊ ပြည်ထောင်စုရှေ့နေချုပ်ရုံး၊ ဒုတိယ ညွှန်ကြားရေးမှူး ဦးသန်းဌေး၊ Maristope International မြန်မာ နိုင်ငံဆိုင်ရာ ညွှန်ကြားရေးမှူး ဒေါက်တာစစ်နိုင်တို့က ဦးဆောင် ဆွေးနွေးမှုများ ဆောင်ရွက်ရာတွင် အမျိုးသမီးများအပေါ်အကြမ်းဖက်မှုများနှင့် ပတ်သက်၍ လက်ရှိ ဆောင်ရွက်မှုများ၊ ကြုံတွေ့နေရသည့် အခက်အခဲများ၊ ရှေ့ဆက်ဆောင်ရွက် မည့်လုပ်ငန်းစဉ်များ စသည့်အချက် များအား ဆွေးနွေးတင်ပြကြပြီး တက်ရောက်လာသည့် ဧည့်သည် တော်များက အပြန်အလှန်မေးခွန်း မေးမြန်းခြင်းများ ဆောင်ရွက်ခဲ့ကြ ကြောင်း သိရသည်။ သတင်းစဉ်

ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ အကြိမ်(၃၀)မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ အောင်နိုင်ရေးအလံအပ်နှင်းခြင်း အခမ်းအနားသို့ တက်ရောက်




Image may contain: 1 person, sitting
နေပြည်တော် နိုဝင်ဘာ ၂၅




ဖိလစ်ပိုင်သမ္မတနိုင်ငံတွင် ကျင်းပမည့် အကြိမ်(၃၀)မြောက် အရှေ့တောင် အာရှအားကစားပြိုင်ပွဲ အောင်နိုင်ရေး အလံအပ်နှင်းခြင်း အခမ်းအနားကို ယနေ့မွန်းလွဲ ၁နာရီက နေပြည်တော်ရှိ ဝဏ္ဏသိဒ္ဓိ အားကစားရုံ(B) ၌ ကျင်းပ ရာ ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ တက်ရောက် အမှာစကားပြောကြား သည်။
အခမ်းအနားသို့ ပြည်ထောင်စု ဝန်ကြီးများဖြစ်ကြသည့် ဒုတိယ ဗိုလ်ချုပ်ကြီးစိန်ဝင်း၊ ဦးအုန်းဝင်းနှင့် ဒေါက်တာမြင့်ထွေး၊ ပြည်ထောင်စု ရှေ့နေချုပ် ဦးထွန်းထွန်းဦး၊ ပြည် ထောင်စုစာရင်းစစ်ချုပ် ဦးမော်သန်း၊ ဒုတိယဝန်ကြီးများ ဖြစ်ကြသည့် ဗိုလ်ချုပ်အောင်သူ၊ ဦးခင်မောင်တင်၊ ဦးအောင်လှထွန်း၊ ဦးတင်မြင့်၊ ဦးသာဦး၊ ဦးဝင်းမော်ထွန်း၊ ဒေါက်တာမြလေးစိန်၊ ဦးကျော်လင်း၊ ဦးစိုးအောင်နှင့် ဦးလှမော်ဦး၊ မြန်မာနိုင်ငံ အိုလံပစ်ကောင်စီအဖွဲ့ဝင်များ၊ အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေးမှူး ချုပ်များ၊ မြန်မာနိုင်ငံ အားကစားအဖွဲ့ချုပ် များမှ ဥက္ကဋ္ဌများနှင့် အတွင်းရေးမှူးများ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များ၊ အလှူရှင်များ၊ ပြိုင်ပွဲဝင်အားကစားအဖွဲ့ အုပ်ချုပ်သူများ၊ နည်းပြများ၊ ပြိုင်ပွဲဝင် အားကစားသမားများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
မိတ်ဆက်ဂါရ၀ပြု
ရှေးဦးစွာ ဒုတိယသမ္မတအား အကြိမ် (၃၀)မြောက် အရှေ့တောင်အာရှအားကစား ပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ကြမည့် မြန်မာ အားကစားအဖွဲ့များက မိတ်ဆက်ဂါရ၀ပြု ကြသည်။
ထို့နောက် ဒုတိယသမ္မတက အမှာ စကား ပြောကြားရာတွင် အားကစား မောင်မယ်များသည် မိမိတို့ ရက်ရှည်လများ လေ့ကျင့်ထားသည်များကို ပြိုင်ပွဲတွင် အစွမ်းကုန်ထုတ်သုံးနိုင်ရန် ကာယပိုင်းရော၊ စိတ်ဓာတ်ပိုင်းပါ အဆင့်အမြင့်ဆုံးအခြေ အနေသို့ ရောက်ရှိနေကြရမည်ဖြစ်ပါကြောင်း။
အစွမ်းကုန် ကြိုးပမ်းယှဉ်ပြိုင်
ပြိုင်ပွဲတွင် အားကစားနည်း ၅၆ မျိုး ထည့်သွင်းကျင်းပမည်ဖြစ်သော်လည်း မြန်မာ နိုင်ငံအနေဖြင့် အချိန်ယူစခန်းသွင်းလေ့ကျင့် စေပြီး အဆင့်မီစွာ ပါဝင်ယှဉ်ပြိုင်နိုင်မည့် အားကစားနည်း ၃၁ မျိုးတွင် အားကစား သမား စုစုပေါင်း ၃၅၁ ဦး၊ အုပ်ချုပ်သူနှင့် နည်းပြ ၁၂၇ ဦးနှင့် အုပ်ချုပ်မှုအဖွဲ့ ၄၃ ဦးတို့ကို စနစ်တကျ ဖွဲ့စည်းယှဉ်ပြိုင်သွားမည်ဖြစ်ပါ ကြောင်း၊ အားကစားမောင်မယ်များ၏ ဇွဲ၊ စိတ်ဓာတ်အပြည့်အဝဖြင့် ပြင်းပြင်းထန်ထန် လေ့ကျင့်ပြင်ဆင်နေမှုများကို အားကစား သမိုင်းတွင် မှတ်တမ်းတင်နိုင်အောင် တက်ညီ လက်ညီ အစွမ်းကုန် ကြိုးပမ်းယှဉ်ပြိုင်သွားကြရမည်ဖြစ်ပါကြောင်း၊ ယခု သွားရောက်ယှဉ်ပြိုင်ကြမည့် မြန်မာ အားကစားအဖွဲ့အနေဖြင့် ယခင် ပါဝင် ယှဉ်ပြိုင်ခဲ့သည့် အကြိမ်များထက် ဆုတံဆိပ် များ ပိုမိုရရှိအောင် စွမ်းဆောင်ပေးနိုင် မည်ဆိုပါက မြန်မာအားကစားအဖွဲ့၏ အောင်မြင်မှုသမိုင်းကို ပြောင်းလဲမှတ်တမ်း တင်သွားနိုင်မည် ဖြစ်ပါကြောင်း။
သတိပြုကြရမည်
အားကစားအောင်မြင်မှုဖြင့် နိုင်ငံတော် ၏ ဂုဏ်သိက္ခာမြှင့်တင်နိုင်ရေးအတွက် ယခုကဲ့သို့သော နိုင်ငံတကာအားကစားပြိုင်ပွဲ တစ်ရပ်သို့ နိုင်ငံ့ကိုယ်စားပြုသွားရောက် ယှဉ်ပြိုင်ရခြင်းသည် ထူးခြားသည့် ဂုဏ်ဒြပ် နှင့် အခွင့်အလမ်းဖြစ်သည်ကို အုပ်ချုပ်သူများ၊ နည်းပြများနှင့် အားကစားသမားများအားလုံး သတိချပ်စေလိုပါကြောင်း၊ ထို့အတူ နိုင်ငံနှင့် လူမျိုး၏ ဂုဏ်သိက္ခာပါ ဆက်စပ်နေသည့် အတွက် ပြိုင်ပွဲတိုင်း အနိုင်ရရှိရေးသည် အမျိုးသားရေးတာဝန်တစ်ရပ်အဖြစ် မြန်မာ အားကစားအဖွဲ့ဝင်အားလုံး၏ ပခုံးထက်တွင် ရှိနေသည်ကို သတိပြုကြရမည်ဖြစ်ပါကြောင်း။
အမိ မြန်မာနိုင်ငံတော်ကြီးကို နိုင်ငံတကာ နှင့် ရင်ပေါင်တန်းနိုင်ရေးအတွက် နယ်ပယ်စုံ၊ ကဏ္ဍစုံ အားထုတ်ကြိုးပမ်းဆောင်ရွက်လျက် ရှိရာ အားကစားကဏ္ဍကိုလည်း နိုင်ငံတကာ အဆင့်မီလာသည်အထိ ဖွံ့ဖြိုးတိုးတက်စေရန် မျှော်မှန်း၍ စနစ်တကျအစီအမံများ ချမှတ် ကြိုးပမ်းဆောင်ရွက်နေပါကြောင်း၊ အဆိုပါ မျှော်မှန်းချက်ရောက်ရှိ ပြည့်၀စေရန် ယခု ပြိုင်ပွဲအပါအဝင် နိုင်ငံတကာအားကစားပြိုင်ပွဲ များတွင် အားကစားမောင်မယ်များ၏ ယှဉ်ပြိုင်အနိုင်ယူနိုင်မှုဆိုသည့် တစ်ဦးချင်း စွမ်းဆောင်ရည်နှင့် အသင်းလိုက် စွမ်းဆောင် ရည်များကို ထုတ်ဖော်ပြသသွားကြရမည် ဖြစ်ပါကြောင်း။
အောင်လံတလူလူ လွင့်ပျံနေစေရန်
ထို့ကြောင့် အကြိမ်(၃၀)မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ကြမည့် မြန်မာအားကစား အဖွဲ့သို့ အပ်နှင်းလိုက်မည့် ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော်၏ အလံတော် သည် နိုင်ငံ၏ဂုဏ်ဒြပ်နှင့် အမျိုးသားရေး တာဝန်ကိုပါ ကိုယ်စားပြုနေသည်ဆိုသည့် ခံယူချက်ဖြင့် ပြိုင်ပွဲတိုင်းတွင် နိုင်ငံတော်၏ အောင်လံတလူလူ လွင့်ပျံနေစေရန် အားကစား စိတ်ဓာတ်နှင့် အမျိုးသားရေးစိတ်ဓာတ်တို့ကို နှလုံးသားနှင့် ဦးနှောက်တို့တွင် အမြဲတစေ ကိန်းဝပ်နေစေပြီး အစွမ်းရှိသမျှ ရေကုန် ရေခမ်း ကြိုးပမ်းယှဉ်ပြိုင်သွားကြရန် အလေး အနက် တိုက်တွန်းမှာကြားလိုပါကြောင်း။
အကြိမ်(၃၀)မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲကြီးသို့ သွားရောက် ယှဉ်ပြိုင်နိုင်ရေး အဘက်ဘက်က ကူညီ အားပေးခဲ့ကြသည့် တိုင်းရင်းသားစီးပွားရေး လုပ်ငန်းရှင်များ၊ စေတနာရှင် ပြည်သူများနှင့် အားကစားဝါသနာရှင်များအားလုံးကိုလည်း အထူးကျေးဇူးတင်ရှိပါကြောင်း။
နိုင်ငံကိုယ်စားပြု သွားရောက်ယှဉ်ပြိုင် ကြမည့် နိုင်ငံ့လက်ရွေးစင်အားကစားသမား များသည် နည်းစနစ် ပိုင်နိုင်ကျွမ်းကျင်မှု၊ အားကစားစိတ်ဓာတ်ပြည့်ဝမှု၊ စွမ်းဆောင်ရည် မြင့်မားမှုနှင့် စံချိန်စံညွှန်းကောင်းမွန်မှု စသည့်အချက်များ ပြည့်ပြည့်ဝဝ ခိုင်ခိုင် မာမာရှိနေပြီဟု ယုံကြည်ထားသည့်အတွက် နိုင်ငံချစ်စိတ်နှင့် မျိုးချစ်စိတ်ကို အရင်းတည် ၍ ဇွဲ၊ လုံ့လနှင့် ဝီရိယစိုက်ထုတ်ကာ အစွမ်း ကုန် ကြိုးပမ်းသွားကြရန် ထပ်မံတိုက်တွန်း မှာကြားလိုပါကြောင်း။
နိုင်ငံနှင့် လူမျိုးဂုဏ်ကို မြှင့်တင်
မြန်မာအားကစားအဖွဲ့ဝင်များ အားလုံး အနေဖြင့် နိုင်ငံနှင့် လူမျိုးဂုဏ်ကို မြှင့်တင်နိုင် ရေးဆိုသည့် အမျိုးသားရေး သန္နိဋ္ဌာန်ဖြင့် ရေကုန်ရေခမ်း ကြိုးပမ်းယှဉ်ပြိုင်သွားကြပါ၊ ပြိုင်ပွဲကာလအတွင်း စဉ်ဆက်မပြတ် လေ့ကျင့် ရင်း အသင်းအဖွဲ့စိတ်ဓာတ်၊ မိသားစု စိတ်ဓာတ်ဖြင့် အချင်းချင်း ရိုင်းပင်းကူညီ သွားကြပါ၊ အဆင့်ဆင့် စီမံကွပ်ကဲအုပ်ချုပ်မှု ကို ခံယူပြီး စည်းကမ်းနှင့်အညီ စုဖွဲ့သွားလာ လှုပ်ရှားကြပါ၊ မြန်မာ့ယဉ်ကျေးမှု၊ မြန်မာ့ ဓလေ့စရိုက် အစဉ်အလာကောင်းများနှင့်အညီ ယဉ်ကျေးပျူငှာစွာ ပြုမူကျင့်ကြံနေထိုင်သွား ကြပါ၊ အနိုင်မခံ၊ အရှုံးမပေး ကြံ့ခိုင်သည့် စိတ်ဓာတ်၊ မလျှော့သည့် ဇွဲ၊ လုံ့လတို့ဖြင့် ရင်ဆိုင်ယှဉ်ပြိုင်၍ ဆုတံဆိပ်များရရှိအောင် စွမ်းဆောင်ခဲ့ကြပါ၊ ယခု SEA Games ပြိုင်ပွဲမှ အတွေ့အကြုံကောင်း၊ သင်ခန်းစာကောင်း များ ဖော်ထုတ်ရယူခဲ့ကြပါ၊ နိုင်ငံကြီးသား စိတ်ဓာတ်ဖြင့် တရားမျှတ သန့်ရှင်းစွာ ယှဉ်ပြိုင်၍ အရှေ့တောင်အာရှဒေသ ညီနောင် နိုင်ငံများအကြား ရှိရင်းစွဲချစ်ကြည်ရင်းနှီးမှုကို ပိုမိုမြှင့်တင်ပေးနိုင်သည့် အားကစား ချစ်ကြည်ရေး သံတမန်ကောင်းတာဝန်များ ကို ကျေပွန်ခဲ့ကြပါ၊ အားကစားဖြင့် တိုင်းပြည်၏ဂုဏ်ကို မြှင့်တင်ပေးနိုင်သည့် အားကစားသူရဲကောင်း မောင်မယ်များ အနေဖြင့် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံ တော်၏ အောင်လံလွင့်ပျံနေအောင် စွမ်းဆောင်သွားကြပါဟု အလေးအနက် တိုက်တွန်းမှာကြားလိုပါကြောင်း ပြောကြား သည်။
ထို့နောက် ဒုတိယသမ္မတ ဦးဟင်နရီ ဗန်ထီးယူက ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မြင့်ထွေးထံ အောင်နိုင်ရေးအလံကို အပ်နှင်း သည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက အကြိမ်(၃၀)မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်မည့် အားကစားအဖွဲ့၏ ကြိုတင်ပြင်ဆင် ဆောင်ရွက်ထားရှိမှု အခြေ အနေများကို ရှင်းလင်းတင်ပြသည်။
ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်
ထို့နောက် အကြိမ်(၃၀)မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်မည့် အားကစားအဖွဲ့ထံ အလှူရှင်များက အလှူငွေများ ပေးအပ် လှူဒါန်းကြရာ ပြည်ထောင်စုဝန်ကြီးများ ဖြစ်ကြသည့် ဒေါက်တာမြင့်ထွေး၊ ဒုတိယ ဗိုလ်ချုပ်ကြီး စိန်ဝင်းနှင့် ဦးအုန်းဝင်းတို့က လက်ခံရယူကြပြီး ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်သည်။
လှည့်လည်ကြည့်ရှု
ယင်းနောက် ဒုတိယသမ္မတ ဦးဟင်နရီ ဗန်ထီးယူသည် အကြိမ်(၃၀)မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ကြမည့် အားကစားအဖွဲ့ဝင် များအား နှုတ်ဆက်အားပေးပြီး အားကစား နည်းများအလိုက် အားကစားပြိုင်ပွဲများတွင် အသုံးပြုမည့် ပြိုင်ပွဲဝင်ပစ္စည်းများ ခင်းကျင်း ပြသထားရှိမှုကို လှည့်လည်ကြည့်ရှုသည်။
အကြိမ်(၃၀)မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲကို ဖိလစ်ပိုင်နိုင်ငံ၌ ၂၀၁၉ ခုနှစ် နိုဝင်ဘာ ၃၀ ရက်မှ ဒီဇင်ဘာ ၁၁ ရက် အထိ ကျင်းပသွားမည် ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်

ဒုတိယသမ္မတ ဦးမြင့်ဆွေ အကြိမ် (၂၀) မြောက် မြန်မာ့တိုင်းရင်းဆေးသမားတော်များညီလာခံနှင့် နှီးနှောဖလှယ်ပွဲ ကျင်းပရေးဦးစီးကော်မတီနှင့် လုပ်ငန်းကော်မတီ ညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်




Image may contain: 6 people
နေပြည်တော် နိုဝင်ဘာ ၂၅



အကြိမ်(၂၀)မြောက် မြန်မာ့တိုင်းရင်း ဆေးသမားတော်များ ညီလာခံနှင့် နှီးနှောဖလှယ်ပွဲ ကျင်းပရေးဦးစီး ကော်မတီနှင့် လုပ်ငန်းကော်မတီ ညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက် ၉ နာရီခွဲက နေပြည်တော်ရှိ ကျန်းမာ ရေးနှင့် အားကစားဝန်ကြီးဌာန ရုံးအမှတ်(၄) အစည်းအဝေးခန်းမ၌ ကျင်းပရာ ဦးစီးကော်မတီ နာယက၊ ဒုတိယသမ္မတ ဦးမြင့်ဆွေ တက်ရောက် ၍ အမှာစကား ပြောကြားသည်။
အစည်းအဝေးသို့ ကျန်းမာရေး နှင့် အားကစားဝန်ကြီးဌာန ပြည် ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေး၊ ဒုတိယဝန်ကြီး ဒေါက်တာ မြလေးစိန်၊ ပြည်သူ့လွှတ်တော် ကျန်းမာရေးနှင့် အားကစား ဖွံ့ဖြိုးတိုးတက်ရေး ကော်မတီဥက္ကဋ္ဌ ဒေါက်တာစံရွှေဝင်း၊
အမျိုးသားလွှတ်တော် ကျန်းမာရေး အားကစားနှင့် ယဉ်ကျေးမှုဆိုင်ရာကော်မတီ ဥက္ကဋ္ဌ ဒေါက်တာ ဇော်လင်းထွဋ်၊ ဦးစီးကော်မတီဝင်များ၊ လုပ်ငန်းကော်မတီဝင် များ၊ ဆပ်ကော်မတီ (၉)ခုမှ ကော်မတီဝင်များ တက်ရောက် ကြသည်။
ညှိနှိုင်းအစည်းအဝေးတွင် ဦးစီးကော်မတီနာယက၊ ဒုတိယသမ္မတ ဦးမြင့်ဆွေက အကြိမ်(၂၀) မြောက် မြန်မာ့ တိုင်းရင်းဆေးသမားတော်များညီလာခံကို အောင်မြင်စွာ ကျင်းပနိုင်ရန်အတွက် နိုင်ငံတော်သမ္မတရုံးက ၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလ ၂၂ ရက်တွင် အကြိမ်(၂၀)မြောက် မြန်မာ့ တိုင်းရင်းဆေးသမားတော်များညီလာခံနှင့် နှီးနှောဖလှယ်ပွဲ ကျင်းပရေးဦးစီးကော်မတီကို (၈)ဦးဖြင့် ဖွဲ့စည်းခဲ့ပြီး လုပ်ငန်းတာဝန် (၆) ရပ် ချမှတ်ပေးခဲ့ပါကြောင်း။
ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ရမည်
ဦးစီးကော်မတီ၏ လုပ်ငန်းတာဝန်များကို အောင်မြင် စွာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန်အတွက် ယခင်နှစ်များကဲ့သို့ လုပ်ငန်းကော်မတီ (၁) ခုနှင့် ဆပ်ကော်မတီ (၉)ခုကို ဖွဲ့စည်းပြီး လုပ်ငန်းတာဝန်များ ချမှတ်ကာ သက်ဆိုင်ရာကဏ္ဍများအလိုက် ဝိုင်းဝန်းပူးပေါင်း ညှိနှိုင်းဆောင်ရွက်ရမည်ဖြစ်ပါကြောင်း။
ယနေ့ကျင်းပသည့် အစည်းအဝေးသည် အကြိမ် (၂၀) မြောက် မြန်မာ့တိုင်းရင်းဆေးသမားတော်များညီလာခံ နှင့် နှီးနှောဖလှယ်ပွဲကို အောင်မြင်စွာကျင်းပနိုင်ရေးအတွက် သက်ဆိုင်ရာ ကဏ္ဍများအလိုက် ဆောင်ရွက်ရမည့်လုပ်ငန်း တာဝန်များနှင့် လိုအပ်သည်များကို ဝိုင်းဝန်းပူးပေါင်း ညှိနှိုင်းဆောင်ရွက်သွားကြရန် ဖြစ်ပါကြောင်း၊ မြန်မာ့ တိုင်းရင်းဆေးသမားတော်များ ညီလာခံနှင့် နှီးနှောဖလှယ်ပွဲ များကို ရန်ကုန်မြို့တွင် (၆)ကြိမ်၊ နေပြည်တော်တွင် (၁၃) ကြိမ် စုစုပေါင်း (၁၉)ကြိမ်အထိ အောင်မြင်စွာကျင်းပ နိုင်ခဲ့ပြီး ကျင်းပပြီးခဲ့သည့် ညီလာခံအဆက်ဆက်တွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနတစ်ခုတည်းဖြင့် တာဝန်ယူဆောင်ရွက်နိုင်ခဲ့သည်မဟုတ်ဘဲ နှီးနွှယ်ဆက်စပ် နေသည့် ဝန်ကြီးဌာနများ၏ ပူးပေါင်းပါဝင်မှုများကြောင့် အောင်မြင်စွာ ကျင်းပနိုင်ခဲ့ခြင်းဖြစ်ပါကြောင်း၊ ထို့ကြောင့် ယခုကျင်းပမည့် အကြိမ်(၂၀)မြောက် ညီလာခံနှင့် နှီးနှော ဖလှယ်ပွဲတွင်လည်း ဆက်စပ်နေသည့် ဝန်ကြီးဌာနများ အနေဖြင့် အစဉ်အလာမပျက် ဝိုင်းဝန်းပူးပေါင်းကူညီ ဆောင်ရွက်ပေးစေလိုပါကြောင်း။
ပညာရှင်များပါဝင်သည့် ဆွေးနွေးပွဲကျင်းပရန်စီစဉ်ထား
ယခုကျင်းပမည့် အကြိမ်(၂၀)မြောက် မြန်မာ့တိုင်းရင်း ဆေးသမားတော်များညီလာခံနှင့် နှီးနှောဖလှယ်ပွဲတွင် ယခင်နှစ်များက ဆောင်ရွက်ခဲ့သည့်အတိုင်း နိုင်ငံတော် သမ္မတက သဝဏ်လွှာပေးပို့မည်ဖြစ်ပြီး ဒုတိယသမ္မတက အခမ်းအနားကို ဖွင့်လှစ်မည်ဖြစ်ပါကြောင်း၊ ဖွင့်ပွဲ အခမ်းအနားပြီးပါက ညီလာခံကို ဆက်လက်ကျင်းပသွား မည်ဖြစ်ကာ ညနေပိုင်းတွင် ဂုဏ်ပြုညစာစားပွဲဖြင့် တည်ခင်းဧည့်ခံမည် ဖြစ်ပါကြောင်း၊ နောက်ရက်တွင် နှီးနှောဖလှယ်ပွဲ ဆက်လက်ပြုလုပ်သွားမည် ဖြစ်ပါကြောင်း၊ အဆိုပါအခမ်းအနားသို့ တိုင်းရင်းဆေးကောင်စီဝင်များ၊ အနယ်နယ်အရပ်ရပ်က ညီလာခံကိုယ်စားလှယ်များ၊ ပြည်တွင်း၊ ပြည်ပက အစိုးရမဟုတ်သော အဖွဲ့အစည်းများ နှင့် အသင်းအဖွဲ့များမှ ကိုယ်စားလှယ်များ စုစုပေါင်း ၃၂၈ ဦးခန့် တက်ရောက်မည့်အပြင် တိုင်းရင်းဆေးပညာ ရပ်ဝန်း အလွှာအသီးသီးမှ တိုင်းရင်းဆေးပညာရှင်များနှင့် ဘာသာရပ်ဆိုင်ရာ နှီးနွှယ်သောပညာရှင်များ ပါဝင်သည့် ဆွေးနွေးပွဲကျင်းပရန် စီစဉ်ထားပါကြောင်း။
ရည်ရွယ်ချက်
အကြိမ်(၂၀)မြောက် မြန်မာ့တိုင်းရင်းဆေးသမားတော် များညီလာခံကို ကျင်းပရသည့် ရည်ရွယ်ချက်(၄)ချက်မှာ “မြန်မာ့တိုင်းရင်းဆေးလောက ဘက်စုံအဆင့်အတန်း မြင့်မားရေးနှင့် မြန်မာ့တိုင်းရင်းဆေးပညာ အရည်အသွေး ဖွံ့ဖြိုးတိုးတက်မှု ပိုမိုရရှိစေရန်” ၊ “မြန်မာ့တိုင်းရင်း ဆေးဆရာတို့၏ အရည်အချင်းနှင့် ကျင့်ဝတ်ဂုဏ်သိက္ခာ ပိုမိုမြင့်မားလာစေရန်”၊ “တိုင်းရင်းဆေးပညာ ပိုမိုဖွံ့ဖြိုး တိုးတက်ရန် ပြည်တွင်း၊ ပြည်ပရှိ ဆက်စပ်နှီးနွှယ်ပညာရှင် များ၊ အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်ရန်”နှင့် “တိုင်းရင်းဆေးဝါးကုန်ကြမ်းများ ပြည်တွင်း၌ ဖူလုံစွာ ရရှိစေရန်အတွက် ဦးစီးဌာန ပရဆေးဥယျာဉ်များအပြင် ပုဂ္ဂလိကလုပ်ငန်းရှင်များကလည်း ပူးပေါင်းပါဝင် ဆောင်ရွက်လာစေရန်” တို့ဖြစ်ပါကြောင်း။
ထို့ပြင် မြန်မာ့တိုင်းရင်းဆေးသမားတော်များ နှီးနှော ဖလှယ်ပွဲကို ကျင်းပရသည့် ရည်ရွယ်ချက်(၄)ချက်မှာ “မြန်မာ့တိုင်းရင်းဆေးပညာ ကုထုံးများဖြင့် ပြည်သူလူထု၏ ကျန်းမာရေးကို ပိုမိုထိရောက်စွာ စောင့်ရှောက်မှုပေးနိုင်ရန် အတွက် အရည်အသွေးပြည့်ဝသည့် တိုင်းရင်းဆေး ပညာရှင်များ လေ့ကျင့်ပေးရန်”၊ “အန္တရာယ်ကင်းရှင်း၍ အရည်အသွေးမြင့်မားသည့် အစွမ်းထက် တိုင်းရင်းဆေးဝါး များ ပေါ်ထွက်လာစေရေးအတွက် တိုင်းရင်းဆေးသုတေသန လုပ်ငန်းများ ပိုမိုတိုးချဲ့ဆောင်ရွက်ရန်”၊ “တိုင်းရင်းဆေးဖြင့် ပြည်သူလူထုအား ပဏာမ ကျန်းမာရေးစောင့်ရှောက်မှု ပေးခြင်းနှင့် ကျန်းမာရေးအသိပညာပေးခြင်း လုပ်ငန်းများ ကို ကျေးလက်ဒေသအထိ ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက် နိုင်ရန်အတွက် တိုင်းရင်းဆေးဆရာများ၏ အစွမ်းထက် ကုထုံးများဖြင့် ပူးပေါင်းပါဝင်ဆောင်ရွက်ရန်” နှင့် “ပြောင်းလဲလာသည့် နိုင်ငံတကာစီးပွားရေး မူဝါဒနှင့်အညီ အာဆီယံစီးပွားရေးအသိုက်အဝန်းတွင် မြန်မာ့တိုင်းရင်း ဆေးဝါးများ ပြည်ပသို့တင်ပို့နိုင်ရေး၊ ပြည်ပမှ အရည် အသွေးပြည့်မီသော တိုင်းရင်းဆေးဝါးများ တင်သွင်းလာ စေရေး ဆောင်ရွက်ရန်” တို့ဖြစ်ပါကြောင်း။
ဦးစီးကော်မတီ၊ လုပ်ငန်းကော်မတီနှင့် ဆပ်ကော်မတီ များအနေဖြင့် သက်ဆိုင်ရာကဏ္ဍအလိုက် လုပ်ဆောင်ရမည့် လုပ်ငန်းတာဝန်များကို သေချာစွာပူးပေါင်းညှိနှိုင်း ဆောင်ရွက်သွားရန်၊ ညီလာခံ၏ ရည်မှန်းချက်နှင့် ညီလာခံ က ထွက်ပေါ်လာသည့် လုပ်ငန်းလမ်းညွှန်ချက်များကို အကောင်အထည်ဖော်ရန် လိုအပ်ပါကြောင်း၊ ညီလာခံ၏ အကြံပြုချက်များသည် များစွာအကျိုးရှိပြီး ၎င်းအကြံပြု ချက်များကို အကောင်အထည်ဖော် ဆောင်ရွက်နိုင်ပါက မြန်မာ့တိုင်းရင်းဆေးဝါးများသည် နိုင်ငံတကာကို ထိုးဖောက်နိုင်မည်ဖြစ်ပါကြောင်း၊ ယခုနှစ်အခမ်းအနားတွင် တိုင်းရင်းဆေးပညာရပ်၏ တိမ်မြုပ်နေသော ဝိဇ္ဇာဓရဆိုင်ရာ ဗီဒီယိုမှတ်တမ်းတင်ပြကွက်များ၊ မြန်မာနိုင်ငံမှ တိုင်းရင်းဆေးမှတ်တိုင်များစာအုပ် မိတ်ဆက်သည့်ပြကွက်များ၊ တိုင်းရင်းဆေးပညာဦးစီးဌာနတွင် တိုင်းရင်းဆေးဝါး မှတ်ပုံတင် လျှောက်ထားလာပါက အွန်လိုင်းစနစ်ဖြင့် ဆောင်ရွက်ပေးနိုင်ရေး ကြိုးပမ်းဆောင်ရွက်နေမှုများကို တင်ပြသွားမည်ဟုသိရှိရ၍ ထူးခြားမှုရှိပါကြောင်း၊ ညီလာခံက ချမှတ်ထားသည့် လုပ်ငန်းလမ်းညွှန်ချက်များကို နောင်နှစ်ညီလာခံမတိုင်မီတွင် အကောင်အထည်ဖော် နိုင်ရန် ကြိုးပမ်းဆောင်ရွက်ကြဖို့ တိုက်တွန်းပြောကြား လိုပါကြောင်း။
ကြိုတင်ပြင်ဆင်
ဦးစီးကော်မတီ၊ လုပ်ငန်းကော်မတီနှင့် ဆပ်ကော်မတီ များအနေဖြင့် အကြိမ်(၂၀)မြောက် မြန်မာ့တိုင်းရင်းဆေး သမားတော်များညီလာခံနှင့် နှီးနှောဖလှယ်ပွဲကို အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ယခင်နှစ်ကျင်းပခဲ့ သည့် အတွေ့အကြုံများအပေါ်အခြေခံပြီး အကောင်းဆုံး ဖြစ်အောင် ကြိုတင်ပြင်ဆင် ဆောင်ရွက်သွားကြရန်နှင့် အဘက်ဘက်မှ လစ်ဟာမှုမရှိအောင် ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်သွားကြရန် လိုအပ်ပါကြောင်း။
အစည်းအဝေးသို့ တက်ရောက်လာကြသည့် ပုဂ္ဂိုလ်များ အနေဖြင့် အကြိမ်(၂၀)မြောက် မြန်မာ့တိုင်းရင်းဆေးသမား တော်များညီလာခံနှင့် နှီးနှောဖလှယ်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရန်အတွက် သက်ဆိုင်ရာကဏ္ဍများအလိုက် ဆောင်ရွက်နေမှုအခြေအနေများ၊ ဆောင်ရွက်မည့် အစီအမံ များနှင့် လိုအပ်သည့်အကြံပြုချက်များကို ပွင့်ပွင့်လင်းလင်း ဆွေးနွေးကြရန် ပြောကြားသည်။
ရှင်းလင်းတင်ပြ
ထို့နောက် ဦးစီးကော်မတီဥက္ကဋ္ဌ၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မြင့်ထွေးက (၁၉)ကြိမ်မြောက် မြန်မာ့တိုင်းရင်းဆေးသမားတော်များညီလာခံနှင့် နှီးနှောဖလှယ်ပွဲ၏ ဆုံးဖြတ်ချက် များအပေါ် အကောင်အထည်ဖော် ဆောင်ရွက်နေမှု အခြေအနေများ၊ တိုင်းရင်းဆေးသင်တန်းသားများကို နိုင်ငံခြားသို့ သင်တန်းများစေလွှတ်နေမှု အခြေအနေ၊ မြန်မာ့တိုင်းရင်းဆေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်နေမှုအခြေအနေ၊ တိုင်းရင်းဆေးသုတေသန လုပ်ငန်းများ တိုးချဲ့လုပ်ဆောင်နိုင်ရန် ဘဏ္ဍာငွေလျာထားမှု အခြေအနေ၊ ပြည်သူများအား တိုင်းရင်းဆေးနှင့်ပတ်သက်၍ အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်နေမှုအခြေအနေ၊ အရည်အသွေးပြည့်ဝသည့် တိုင်းရင်းဆေးသမားတော်များ ပေါ်ထွက်လာရေးအတွက် စီမံဆောင်ရွက်ထားရှိမှု အခြေအနေနှင့် မြန်မာ့တိုင်းရင်းဆေးကောင်စီအဖွဲ့ ဖွဲ့စည်းနိုင်ရေးအတွက် ဆက်လက်ဆောင်ရွက်သွားမည့်အခြေအနေများကို ရှင်းလင်းတင်ပြသည်။
ဆက်လက်၍ ဦးစီးကော်မတီ တွဲဖက်အတွင်းရေးမှူး၊ တိုင်းရင်းဆေးပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာမိုးဆွေက အကြိမ်(၂၀)မြောက် မြန်မာ့တိုင်းရင်း ဆေးသမားတော်များညီလာခံနှင့် နှီးနှောဖလှယ်ပွဲ ကျင်းပရေးအတွက် ဆောင်ရွက်ထားရှိမှုအခြေအနေများနှင့် ဆက်လက်ဆောင်ရွက်မည့် အစီအမံများကို Power Point ဖြင့် ရှင်းလင်းတင်ပြသည်။
ယင်းနောက် မြန်မာ့တိုင်းရင်းဆေးသမားတော်များ ညီလာခံနှင့် နှီးနှောဖလှယ်ပွဲကျင်းပရေး လုပ်ငန်း ကော်မတီနှင့် ဆပ်ကော်မတီအဖွဲ့ဝင်များဖြစ်ကြသော ပြည်ထဲရေးဝန်ကြီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ ဒုတိယရဲချုပ် ရဲဗိုလ်ချုပ် အောင်နိုင်သူ၊ နေပြည်တော်စည်ပင်သာယာရေး ကော်မတီဌာနမှူး ဦးဇော်ထွန်း၊ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီး ဌာန ဒုတိယအင်ဂျင်နီယာချုပ် ဦးကြီးဇေယျ၊ ပြန်ကြားရေး ဝန်ကြီးဌာန မြန်မာ့အသံနှင့် ရုပ်မြင်သံကြားမှ ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးမျိုးမြင့်အောင်၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ပြည်သူ့ကျန်းမာရေးနှင့် ကုသရေး ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာစိုးဦးနှင့် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ပါမောက္ခ ဒေါက်တာခင်ဇော်တို့က အခမ်းအနား အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် သက်ဆိုင်ရာကဏ္ဍများအလိုက် ဆောင်ရွက်ထားရှိမှု အခြေအနေများ၊ ဆက်လက်ဆောင်ရွက်မည့် အစီအမံ များနှင့် လိုအပ်သည့် အကြံပြုချက်များကို ရှင်းလင်းတင်ပြ ကြသည်။
ထို့နောက် ဦးစီးကော်မတီ နာယက ၊ ဒုတိယသမ္မတ ဦးမြင့်ဆွေက တင်ပြချက်များအပေါ် ပေါင်းစပ်ညှိနှိုင်းပေးပြီး နိဂုံးချုပ်အမှာစကား ပြောကြားကာ အစည်းအဝေးကို ရုပ်သိမ်းလိုက်သည်။ သတင်းစဉ်

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်) ပြင်ဆင်ရေးပူးပေါင်းကော်မတီ အစည်းအဝေး (၆၀/၂၀၁၉)ကျင်းပ




Image may contain: 1 person, sitting, table and indoor
နေပြည်တော် နိုဝင်ဘာ ၂၅


ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်) ပြင်ဆင်ရေးပူးပေါင်းကော်မတီအစည်းအဝေး (၆၀/၂၀၁၉)ကို ယနေ့ မွန်းလွဲ ၁ နာရီက ပြည်ထောင်စု လွှတ်တော် D ဆောင် ဒုတိယထပ် အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အစည်းအဝေးသို့ ဖွဲ့စည်းပုံ အခြေခံဥပဒေ (၂၀၀၈ခုနှစ်) ပြင်ဆင် ရေး ပူးပေါင်းကော်မတီဥက္ကဋ္ဌ ပြည်ထောင်စုလွှတ်တော် ဒုတိယ နာယက၊ ပြည်သူ့လွှတ်တော် ဒုတိယ ဥက္ကဋ္ဌ ဦးထွန်းအောင်(ခ)ဦးထွန်းထွန်း ဟိန်၊ ပူးပေါင်းကော်မတီအတွင်း ရေးမှူး ဒေါက်တာမြတ်ဉာဏစိုး၊ တွဲဖက်အတွင်းရေးမှူး ဦးဌေးဝင်း အောင်(ခ)ဦးပြုံးချို၊ အဖွဲ့ဝင်များ ဖြစ်ကြသည့် နိုင်ငံရေးပါတီများမှ လွှတ်တော် ကိုယ်စားလှယ်များ၊ တပ်မတော်သားလွှတ်တော်ကိုယ်စား လှယ်များနှင့် ပြည်ထောင်စု လွှတ်တော်ရုံးမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။ သတင်းစဉ်

ပြည်ထောင်စုတရားသူကြီးချုပ် ဦးထွန်းထွန်းဦး (၇)ကြိမ်မြောက် အာဆီယံတရားသူကြီးချုပ်များကောင်စီ အစည်းအဝေးသို့ တက်ရောက်



Image may contain: 10 people, people standing, suit and indoor
နေပြည်တော် နိုဝင်ဘာ ၂၅




ပြည်ထောင်စု တရားသူကြီးချုပ် ဦးထွန်းထွန်းဦးသည် နိုဝင်ဘာ ၂၂ ရက်မှ ၂၃ ရက်အထိ ထိုင်းနိုင်ငံ ဖူးခက်မြို့နှင့် ဘန်ကောက်မြို့တို့ တွင် ကျင်းပသည့် (၇)ကြိမ်မြောက် အာဆီယံ တရားသူကြီးချုပ်များ ကောင်စီအစည်းအဝေးသို့ တက်ရောက် ခဲ့သည်။
နှုတ်ခွန်းဆက်စကား ပြောကြား
ထိုင်းနိုင်ငံ ဖူးခက်မြို့ Phuket Marriot Resort & Spa ၊ Merlin Beach တွင် ပြုလုပ်သည့် (၇)ကြိမ် မြောက် အာဆီယံတရားသူကြီးချုပ် များကောင်စီ အစည်းအဝေးသို့ အာဆီယံနိုင်ငံများ၏ တရားသူကြီး ချုပ်များ၊ တရားရေးအကြီးအကဲများ နှင့် ကိုယ်စားလှယ်အဖွဲ့ဝင်များ၊ အာဆီယံ ဒုတိယအတွင်းရေးမှူးချုပ် တို့ တက်ရောက်ပြီး အစည်းအဝေး တွင် အာဆီယံတရားသူကြီးချုပ် များကောင်စီ အဖွဲ့ဝင်များနှင့်အတူ ပြည်ထောင်စု တရားသူကြီးချုပ်က နှုတ်ခွန်းဆက်စကား ပြောကြားသည်။
ယင်းနောက် (၇)ကြိမ်မြောက် အာဆီယံ တရားသူကြီးချုပ်များ ကောင်စီအစည်းအဝေး ပထမနေ့ တွင် အာဆီယံနိုင်ငံများ၏ တရား သူကြီးချုပ်များနှင့် ကိုယ်စားလှယ် အဖွဲ့များက အာဆီယံတရားရေး သတင်းအချက်အလက်ပေါ်တယ် (ASEAN Judiciaries Portal- AJP)၊ အာဆီယံဒေသတွင်း တရားမမှုခင်း ဆင့်စာဆင့်ဆိုမှု လွယ်ကူစေရေး (Facilitating Service of Civil Processes within ASEAN)၊ မှုခင်းစီမံ ခန့်ခွဲမှုနည်းလမ်းများနှင့် တရားရုံး ဆိုင်ရာ နည်းပညာအသုံးပြုမှု (Case Management and Court Technology)၊ တရားစီရင်ရေးဆိုင်ရာ လေ့ကျင့်ခြင်းနှင့် သင်ကြားပေးခြင်း (Judicial Education and Training)၊ နိုင်ငံဖြတ်ကျော် ဖြစ်ပွားသည့် မိသားစု မှုခင်းဆိုင်ရာ ကလေးသူငယ်အငြင်း ပွားမှုများ ဖြေရှင်းရေး (ASEAN Cross-Border Disputes Involving Children)၊ အာဆီယံနှင့် အခြား မိတ်ဖက်နိုင်ငံများ တွေ့ဆုံဆွေးနွေး မှုပြုခြင်း (ASEAN + Meeting)၊ အာဆီယံ တရားသူကြီးချုပ်များ ကောင်စီ၏ အနာဂတ် လုပ်ငန်းရပ် များအတွက် လေ့လာရေးအဖွဲ့(Study Group on the Future Work of the CACJ) အပါအဝင် ကောင်စီသို့ အခြား အဆိုပြုတင်ပြလာသည့် ကိစ္စများ နှင့် စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြရာ ပြည်ထောင်စုတရားသူကြီးချုပ်က ယင်းကဏ္ဍရပ်များအလိုက် မြန်မာ နိုင်ငံ၏ ဆောင်ရွက်နေမှုများ၊ ဆက်လက် ဆောင်ရွက်သွားမည့် ကိစ္စရပ်များကို ပါဝင်ဆွေးနွေးခဲ့ သည်။ ထို့ပြင် ၂၀၁၇ ခုနှစ် ဇန်နဝါရီလ မှစ၍ အာဆီယံအဖွဲ့အစည်းကြီး၏ ဆက်နွှယ်သည့် အဖွဲ့အစည်း (Entity Associated with ASEAN) အဖြစ် အသိအမှတ်ပြုထားပြီး ဖြစ်သည့် အာဆီယံ တရားသူကြီးချုပ်များ ကောင်စီ၏ ပဋိညာဉ်စာတမ်း (Charter of the CACJ)ကို အတည် ပြုခဲ့ပြီး (၇)ကြိမ်မြောက် အာဆီယံ တရားသူကြီးချုပ်များ ကောင်စီ အစည်းအဝေး၏ ဆွေးနွေးချက် နှင့် သဘောတူညီချက်များကို “ဘန်ကောက်ကြေညာချက်” (The Bangkok Declaration)အဖြစ် ထုတ်ပြန်နိုင်ရန် ဆွေးနွေးခဲ့သည်။
ပြည်ထောင်စုတရားသူကြီးချုပ် ဦးထွန်းထွန်းဦးသည် နိုဝင်ဘာ ၂၃ ရက် ညနေပိုင်းတွင် ဘန်ကောက်မြို့ ထိုင်းနိုင်ငံ တရားရုံးချုပ် အဆောက် အအုံတွင် ကျင်းပသည့် (၇)ကြိမ် မြောက် အာဆီယံတရားသူကြီးချုပ် များ ကောင်စီအစည်းအဝေးက ထုတ်ပြန်သည့် “ဘန်ကောက် ကြေညာချက်” လက်မှတ်ရေးထိုးပွဲ အခမ်းအနားသို့ တက်ရောက်ပြီး အာဆီယံနိုင်ငံများမှ တရားသူကြီး ချုပ်များ၊ တရားရေးအကြီးအကဲ များ၊ ကိုယ်စားလှယ်များနှင့်အတူ ကြေညာချက်အား လက်မှတ်ရေးထိုး ခဲ့သည်။ ယင်းနောက် ထိုင်းနိုင်ငံ တရားရုံးချုပ်တွင် ထိုင်းနိုင်ငံ တရား ရုံးချုပ်ဥက္ကဋ္ဌ ၊ တရားသူကြီးချုပ် The Hon. Slaikate Wattanapan က တည်ခင်းဧည့်ခံသည့် ဂုဏ်ပြု ညစာစားပွဲသို့ တက်ရောက်ခဲ့သည်။
ပြန်လည်ရောက်ရှိ
ပြည်ထောင်စုတရားသူကြီးချုပ် ဦးထွန်းထွန်းဦး ခေါင်းဆောင်သည့် မြန်မာ ကိုယ်စားလှယ်အဖွဲ့သည် နိုဝင်ဘာ ၂၄ ရက် ညနေပိုင်းတွင် ရန်ကုန်မြို့သို့ ပြန်လည်ရောက်ရှိ ကြောင်း သိရသည်။
သတင်းစဉ်

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ASEAN-ROK CEO Summit ဖွင့်ပွဲအခမ်းအနားတက်ရောက်၊ ASEAN-ROK Culture Innovation Summit နှင့် ASEAN-ROK CEO Summit (Session-3) တို့သို့ တက်ရောက်မိန့်ခွန်းပြောကြား




Image may contain: 7 people, people smiling, people standing and suit
ဘူဆန် နိုဝင်ဘာ ၂၅



ကိုရီးယားသမ္မတနိုင်ငံ ဘူဆန်မြို့၌ ရောက်ရှိနေသည့် နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် ယနေ့ တွင် ASEAN-ROK CEO Summit ဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက်ပြီး ASEAN-ROK Culture Innovation Summit နှင့် ASEAN-ROK CEO Summit(Session-3) တို့သို့ တက်ရောက် မိန့်ခွန်းပြောကြားသည်။
နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်သည် ယနေ့ဒေသစံတော်ချိန် နံနက် ၁ဝနာရီခွဲတွင် ဘူဆန်မြို့ BEXCO Exhibition Center-2 ၌ ကျင်းပသည့် ASEAN-ROK CEO Summit ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်သည်။
ဖွင့်ပွဲအခမ်းအနား မစတင်မီ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် ကိုရီးယားနိုင်ငံသမ္မတ မစ္စတာ မွန်ဂျေအင်း၊ ထိုင်းနိုင်ငံ ဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီး(ငြိမ်း) ပရာယုဒ်ချန်အိုချာ၊ လာအိုနိုင်ငံ ဝန်ကြီးချုပ် မစ္စတာ ထောင်လွန်းဆီစုလစ်၊ အာဆီယံ နှင့် ကိုရီးယားနိုင်ငံတို့မှ စီးပွားရေးဆိုင်ရာ အမှုဆောင်အရာရှိချုပ်များနှင့် မှတ်တမ်းတင် ဓာတ်ပုံရိုက် သည်။
ထို့နောက် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်သည် ASEAN-ROK Culture Innovation Summit သို့ တက်ရောက်သည်။
ယင်းနောက် နိုင်ငံတော်၏အတိုင်ပင်ခံ ပုဂ္ဂိုလ်သည် ကိုရီးယားသမ္မတ နိုင်ငံသမ္မတ၊ ထိုင်းနိုင်ငံ ဝန်ကြီးချုပ်၊ လာအိုနိုင်ငံ ဝန်ကြီးချုပ်၊ အာဆီယံနှင့် ကိုရီးယားနိုင်ငံ ယဉ်ကျေးမှု ကဏ္ဍများမှ တာဝန်ရှိသူများနှင့် မှတ်တမ်းတင် ဓာတ်ပုံရိုက်သည်။
ထို့နောက် နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်သည် “Growing with Art” ခေါင်းစဉ် ဖြင့် မိန့်ခွန်းပြောကြားသည်။
(နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ မိန့်ခွန်းအား စာမျက်နှာ ၅ တွင် ဖော်ပြထားပါသည်)
ယင်းနောက် နိုင်ငံတော်၏အတိုင်ပင်ခံ ပုဂ္ဂိုလ်သည် ဘူဆန်နိုင်ငံခြားဘာသာသင် တက္ကသိုလ်သို့ ရောက်ရှိပြီး ပါမောက္ခချုပ် မစ္စတာ ဂျောင်ဂီယောင်းနှင့် တာဝန်ရှိသူများ အား ရင်းရင်းနှီးနှီး တွေ့ဆုံသည်။
မှတ်တမ်းတင်ဓာတ်ပုံရိုက်
တွေ့ဆုံပွဲအပြီးတွင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်သည် ပါမောက္ခချုပ်၊ တာဝန် ရှိသူများနှင့် မှတ်တမ်းတင်ဓာတ်ပုံရိုက်သည်။
ထို့နောက် နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်သည် ကိုရီးယားနိုင်ငံ၌ လာရောက် ပညာသင်ကြားနေကြသည့် မြန်မာ ကျောင်းသား ကျောင်းသူများ၊ ဘူဆန်နိုင်ငံခြား ဘာသာသင်တက္ကသိုလ်တွင် မြန်မာစာအထူး ပြုသင်ယူနေကြသည့် ကျောင်းသား ကျောင်းသူ များနှင့် ရင်းရင်းနှီးနှီး တွေ့ဆုံသည်။
ပြန်လည်ရှင်းလင်းဖြေကြား
တွေ့ဆုံပွဲတွင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က မြန်မာကျောင်းသား၊ ကျောင်းသူများ နှင့် ကိုရီးယားကျောင်းသား၊ ကျောင်းသူ များမေးမြန်းသည့် ပြည်သူများနှင့် ကျောင်း သား များအကြား ယဉ်ကျေးမှုရေးရာကိစ္စ၊ ချစ်ကြည်ရင်းနှီးမှုတိုးမြှင့်ရေးကိစ္စ၊ ကျောင်း သားလူငယ်ထုအကြား မူးယစ်ဆေးဝါးသုံးစွဲမှု ပပျောက်ရေးကိစ္စ၊ မြန်မာစာပညာသင်ကြား နေမှုအခြေအနေနှင့် မြန်မာနိုင်ငံ၏ လွတ်လပ် တက်ကြွပြီး ဘက်မလိုက်သော နိုင်ငံခြားရေး မူဝါဒကျင့်သုံးနေမှုအခြေအနေတို့ စပ်လျဉ်း သည့်မေးခွန်းများအပေါ် ပြန်လည်ရှင်းလင်း ဖြေကြားပြီး
ဆရာ ဆရာမများ၊ ကျောင်းသား ကျောင်းသူ များနှင့် စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံ ရိုက်သည်။
ဘာသာရပ် ၂၃ ခု သင်ကြား
ဘူဆန်နိုင်ငံခြားဘာသာသင် တက္ကသိုလ် ကို ၁၉၈၂ ခုနှစ်တွင် စတင်တည်ထောင်ခဲ့ပြီး မြန်မာစာဌာနကို ၁၉၉၂ ခုနှစ်တွင် ဖွင့်လှစ်ခဲ့ ကြောင်း၊ အဆိုပါတက္ကသိုလ်တွင် ဘာသာရပ် ၂၃ ခုကို သင်ကြားလျက်ရှိပြီး ယခုအခါ ကိုရီးယားကျောင်းသား ကျောင်းသူ ၁၂၀ သည် မြန်မာစာအထူးပြု သင်ကြားလျက်ရှိကြောင်း သိရသည်။
မိန့်ခွန်းပြောကြား
ယင်းနောက် နိုင်ငံတော်၏အတိုင်ပင်ခံ ပုဂ္ဂိုလ်သည် BEXCO Exhibition Center-2 ၌ ကျင်းပသည့် ASEAN-ROK CEO Summit (Session-3)သို့ တက်ရောက်ပြီး “New Par-tnership for ASEAN and Korea Businesses” ခေါင်းစဉ်ဖြင့် မိန့်ခွန်းပြောကြား သည်။
(နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ မိန့်ခွန်းအား စာမျက်နှာ ၆ တွင် ဖော်ပြထားပါသည်)
ဂုဏ်ပြုညစာစားပွဲ
တက်ရောက်
ညပိုင်းတွင် နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်သည် ကိုရီးယားသမ္မတနိုင်ငံသမ္မတ မစ္စတာ မွန်ဂျေအင်းနှင့် ဇနီး ကင်မ်ဂျောင်းဆု တို့က အာဆီယံ-ကိုရီးယား ဆွေးနွေးဖက် ဆက်ဆံရေး နှစ်(၃၀)ပြည့် အထိမ်းအမှတ် ထိပ်သီးအစည်းအဝေးသို့ တက်ရောက်ရန် ဘူဆန်မြို့တွင် ရောက်ရှိနေကြသည့် အာဆီယံ နိုင်ငံများမှ နိုင်ငံအကြီးအကဲများ၊ အစိုးရအဖွဲ့ အကြီးအကဲများ၊ ဝန်ကြီးများ၊ ဒုတိယဝန်ကြီး များနှင့် အဆင့်မြင့်အရာရှိကြီးများအား ဘူဆန် မြို့ Hilton ဟိုတယ်၌ တည်ခင်းဧည့်ခံသည့် ကြိုဆိုဂုဏ်ပြုညစာစားပွဲသို့ တက်ရောက် သည်။
သတင်းစဉ်

Monday, November 25, 2019

၁၉၁၉ ခုနှစ်တွင် တည်ထောင်ခဲ့သော ကျွန်းစိုက်ခင်း နှစ်(၁၀၀)ပြည့် အခမ်းအနားကျင်းပ မြန်မာနိုင်ငံသစ်တောများ ပြန်လည်တည်ထောင်ရေး ၁၀ နှစ် စီမံကိန်းရေးဆွဲ အကောင်အထည်ဖော်ဆောင်ရွက်ခဲ့




Image may contain: one or more people, people sitting, table and outdoor
နေပြည်တော် နိုဝင်ဘာ ၂၄




၁၉၁၉ ခုနှစ်တွင် တည်ထောင်စိုက်ပျိုးခဲ့သည့် ကျွန်းစိုက်ခင်း သက်တမ်း နှစ်(၁၀၀)ပြည့် အခမ်းအနားကို ယနေ့ နံနက် ၉ နာရီတွင် ပဲခူးတိုင်းဒေသကြီး ပြည်ခရိုင် ပေါက်ခေါင်းမြို့နယ် တောင်နဝင်းကြိုးဝိုင်း အကွက်အမှတ် (၂၀) တွင် ကျင်းပသည်။
ကြီးမားသည့်စိန်ခေါ်မှု
အခမ်းအနားတွင် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်းက ပဲခူးရိုးမသည် ဧရာဝတီ မြစ်နှင့် စစ်တောင်းမြစ်၏ ရေဝေရေလဲ ဧရိယာဖြစ်ပြီး ဧရိယာအားဖြင့် ဧက ၁၂၅ သိန်းရှိကြောင်း၊ ပဲခူး၊ ရန်ကုန်၊ မကွေး၊ မန္တလေးစသည့် တိုင်းဒေသ ကြီးများနှင့် နေပြည်တော်ကောင်စီ နယ်မြေတို့အတွင်း ကျရောက်ပါ ကြောင်း၊ ၁၉၈၁ ခုနှစ်မှ စတင် ဆောင်ရွက်ခဲ့သည့် အမျိုးသား သစ်တောသယံဇာတ စာရင်းကောက် စီမံကိန်း (NFI) အချက်အလက်များအရ တစ်ဧက ကျွန်းပေါက်ရောက်မှုသည် ၁ ဒသမ ၈ ရာခိုင်နှုန်းရှိသည်ကို သိရ ပါကြောင်း၊ ၁၉၈၈ ခုနှစ်မှ ၂ဝ၁၀ ပြည့်နှစ်ကာလအတွင်း နိုင်ငံ၏ အမျိုးမျိုးသော အမျိုးသားသယံဇာတ များကို အလွန်အကျွံ ထုတ်ယူခဲ့ကြပါ ကြောင်း၊ မြန်မာနိုင်ငံ၏ သစ်တော ဖုံးလွှမ်းမှုသည် FRA 2015 အရ နိုင်ငံ ဧရိယာ၏ ၄၂ ဒသမ ၉၂ ရာခိုင်နှုန်း ဖြစ်ပါကြောင်း၊ နှစ်စဉ်ပြုန်းတီးမှု နှုန်းသည် နိုင်ငံဧရိယာ၏ ၁ ဒသမ ၇ ရာခိုင်နှုန်းခန့် ဖြစ်သည့်အတွက် ကြီးမားသည့် စိန်ခေါ်မှုတစ်ခု ဖြစ်ပါ ကြောင်း၊ ထို့ကြောင့် သစ်တော ဖုံးလွှမ်းမှု ပြန်လည်ကောင်းမွန်လာ စေရေး မြန်မာနိုင်ငံသစ်တောများ ပြန်လည်တည်ထောင်ရေး စီမံကိန်းကို ၂ဝ၁၇-၂ဝ၁၈ မှ ၂ဝ၂၆-၂ဝ၂၇ အထိ ၁၀ နှစ် စီမံကိန်းရေးဆွဲပြီး အကောင် အထည်ဖော်ဆောင်ရွက်ခဲ့ရာ ယခု ဆိုလျှင် သုံးနှစ်တာ ရှိပြီဖြစ်ပါကြောင်း။
စီးပွားရေးကျွန်းစိုက်ခင်းများ
ပဲခူးရိုးမဒေသတွင် သစ်ထုတ်ယူ မှုများကို မြန်မာဘုရင်များလက်ထက် မှ ၂၀၁၅ ခုနှစ်အထိ နှစ်ပေါင်းများစွာ စဉ်ဆက်မပြတ် ထုတ်ယူခဲ့ကြသဖြင့် အဆိုပါထုတ်ယူမှုများကို ပြန်လည် ဖြည့်တင်းချိန်ညှိနိုင်ရန် ရည်ရွယ်ချက် ဖြင့် စီးပွားရေးကျွန်းစိုက်ခင်းများကို စီးပွားဖြစ် စိုက်ပျိုးတည်ထောင်ခဲ့ သည်ကို တွေ့ရှိရပါကြောင်း။
ပဲခူးတိုင်းဒေသကြီး ပေါက်ခေါင်း မြို့နယ်တွင် ၁၉၈၁ ခုနှစ်မှ ၂ဝ၁၉ ခုနှစ်အထိ ကျွန်းစိုက်ခင်းဧရိယာဧက ၃၆ဝ၈ဝ ကို တည်ထောင်ပြီးဖြစ်ပါ ကြောင်း၊ တည်ထောင်ခဲ့သည့် အဆိုပါ စိုက်ခင်းများအနက် အကြောင်း အမျိုးမျိုးကြောင့် လျော့နည်းခဲ့ရသည့် စိုက်ခင်းများကို MRRP စီမံကိန်းအရ စီးပွားရေးစိုက်ခင်းဟောင်း ပြန်လည် ဆယ်တင်ခြင်း အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပြီး စိုက်ခင်း ဧရိယာများ ပြန်လည်ဖြစ်ထွန်းလာ စေရေးကိုလည်း ဦးတည်ဆောင်ရွက် လျက်ရှိပါကြောင်း။
လွန်ခဲ့သည့် နှစ်ပေါင်း ၁ဝဝ က စိုက်ပျိုးခဲ့သည့် ကျွန်းစိုက်ခင်းတစ်ခင်း ၏ လက်ရှိပကတိတည်ရှိမှုကို လေ့လာ သုံးသပ်ခြင်းဖြင့် သမိုင်းထဲက စိုက်ခင်း ၏ ဖြစ်ပေါ်တိုးတက်မှုများကို မှန်းဆ နိုင်မည်ဖြစ်ပြီး အနာဂတ်စိုက်ခင်းများ ၏ လားရာကိုလည်း တွက်ဆမျှော်မှန်း နိုင်မည် ဖြစ်ပါကြောင်း။
ရှေးယခင်က သစ်တောပညာရှင် များသည် သဘာဝ၏အတိုးအပွားကို သာထုတ်ယူခဲ့ကြပြီး သဘာဝသစ်တော များအပေါ် ထိခိုက်မှုအနည်းဆုံး ဖြစ်စေမည့် လူသားစွမ်းအားဖြင့် တည်ထောင်သော သစ်တောစိုက်ခင်း များ၏ပမာဏအရွယ်အစားကို ချင့်ချိန် တည်ထောင်ခဲ့ကြသည်ဟု ယူဆမိ ပါကြောင်း၊ ယခုရောက်ရှိနေသည့် တောင်နဝင်းကြိုးဝိုင်း အကွက် အမှတ် (၂ဝ) အတွင်း ၁၉၁၈ ခုနှစ်တွင် ဧက ၈ဝ၊ ၁၉၁၉ ခုနှစ်တွင် ဧက ၈ဝ၊ ၁၉၂ဝ ပြည့်နှစ်တွင် ဧက ၃ဝ နှင့် ၁၉၂၁ ခုနှစ်တွင် ၇၈ ဧကဖြင့် ကျွန်းစိုက်ခင်း များကို စုစုပေါင်း ၂၆၈ ဧကသာ တည်ထောင်ခဲ့သည်ကို ကြည့်ခြင်း အားဖြင့် သိရှိသတိပြုနိုင်မည်ဖြစ် ကြောင်း၊ အဆိုပါကျွန်းစိုက်ခင်း ၂၆၈ ဧက အတွင်း ၂ဝဝ၃ ခုနှစ်တွင် ကောက်ယူခဲ့သည့်စာရင်းအရ အပင် စုစုပေါင်း ၇၃၄၆ ပင်ရှိ၍ လုံးပတ် လေးပေနှင့် အထက် ၅၆၆၃ ပင် ရှိသည့်အတွက် ကြီးထွားမှုကောင်းမွန် သည့်စိုက်ခင်းများ ဖြစ်ပါကြောင်း၊ ၂ဝဝ၃ ခုနှစ်တွင် မြန်မာ့သစ်လုပ်ငန်းက အဆိုပါ ၂၆၈ ဧကအနက် ၂၄၃ ဧက အတွင်း အပြောင်ရှင်းစနစ်ဖြင့် ခုတ်လှဲ ထုတ်ယူခဲ့ရာ စုစုပေါင်း ၅၁၅၂ ဒသမ ဝ၇ တန်ထွက်ရှိ၍ ၁ ဧက ပျမ်းမျှတန် ၂ဝ ခန့် ထွက်ရှိသည်ကို တွေ့ရှိရပါ ကြောင်း ပြောကြားသည်။
နှစ် ၁၀၀ ကျော် စိုက်ခင်းများ
ထို့နောက် ပဲခူးတိုင်းဒေသကြီး သစ်တောဦးစီးဌာန ညွှန်ကြားရေးမှူး ဦးဇော်ဦးက ပဲခူးတိုင်းဒေသကြီး အတွင်းရှိ စိုက်ခင်းများ စိုက်ပျိုး တည်ထောင်ပြီးစီးမှု အခြေအနေနှင့် ပြည်ခရိုင် ပေါက်ခေါင်းမြို့နယ် တောင်နဝင်းကြိုးဝိုင်းအတွင်းရှိ နှစ် ၁၀၀ ကျော် စိုက်ခင်းများ၏ အခြေ အနေများကို တင်ပြသည်။
မွန်းလွဲပိုင်းတွင် ပြည်ထောင်စု ဝန်ကြီးသည် အုတ်တွင်း-ပေါက်ခေါင်း ကားလမ်း မိုင်တိုင်အမှတ် ၈၉ / ၃ အနီးရှိ တောင်ငူခရိုင် ဖြူးမြို့နယ် ဖြူးကွန်းကြိုးဝိုင်း အကွက်အမှတ် ၈ အတွင်း စိုက်ပျိုးတည်ထောင်ထား သော ၁/၂၀၁၉ စီးပွားရေးကျွန်းစိုက်ခင်း ဧက ၂၀၀ သို့ရောက်ရှိပြီး ကျွန်းစိုက် ခင်းအတွင်း သီးနှံ၊ သစ်တောရောနှော စိုက်ပျိုးသည့် တောင်ယာစနစ်ဖြင့် နနွင်းပင်နှင့် ကျွန်းပင်များရောနှော စိုက်ပျိုးထားမှု အခြေအနေများအား ကြည့်ရှုသည်။
ကျွန်းစိုက်ခင်း ၁၂၅ ဧက
ထို့နောက် ပြည်ထောင်စုဝန်ကြီး သည် အုတ်တွင်း-ပေါက်ခေါင်း ကားလမ်းဘေး မိုင်တိုင်အမှတ် ၉ဝ/ဝ အနီး အုတ်တွင်းမြို့နယ် သစ်တော ဦးစီးဌာနမှ စိုက်ပျိုးတည်ထောင်ထား သည့် ၁/၂၀၁၆ ကျွန်းစိုက်ခင်း ၁၂၅ ဧက တတိယနှစ် ပေါင်းရှင်းဆောင်ရွက် ပြီးစီးမှုကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။ သတင်းစဉ်