Sunday, July 31, 2016

အရည်အသွေးမီ ချုပ်ထည်များရရှိရေး အသုံးပြုသည့်စက်ပစ္စည်းများ ကောင်းမွန်စေရန်နှင့် လုပ်သားများ ကျွမ်းကျင်မှုရှိရန် လေ့ကျင့်ပေး


နေပြည်တော် ဇူလိုင် ၃ဝ

ရန်ကုန်တိုင်းဒေသကြီး သန်လျင်မြို့နယ်ရှိ စက်မှုဝန်ကြီးဌာနမှ ရွှေစကားကုမ္ပဏီလီမိတက်သို့ ငှားရမ်းထားသည့် အမှတ်(၁၈)အထည်ချုပ်စက်ရုံ(သန်လျင်)သို့ စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ချိုသည် ဇူလိုင် ၂၄ ရက် နံနက်ပိုင်းက ရောက်ရှိပြီး ပြည်ထောင်စုဝန်ကြီးက အရည်အသွေးမီ ချုပ်ထည်များရရှိရေး အတွက် အသုံးပြုသည့်စက်ပစ္စည်းများ ကောင်းမွန်စေရန်နှင့် လုပ်သားများကိုလည်း ကျွမ်းကျင်မှုရှိအောင် လေ့ကျင့်ပေးရန်၊ ဈေးကွက်သုတေသနပြုလုပ်ပြီး ဈေးကွက်ထိုးဖောက်ရန် မှာကြားကာ စက်ရုံအတွင်း အထည်ချုပ်လုပ်သည့် နည်းစဉ်အဆင့်ဆင့်နှင့် သီလဝါဆည်မှ ပတ်ဝန်းကျင်ရှိ စက်ရုံ/အလုပ်ရုံများသို့ ရေ ဖြန့်ဖြူးပေးနေမှုအခြေအနေတို့ကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့သည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် စက်မှုဝန်ကြီးဌာနမှ မိဘဂုဏ်ရည် ထုတ်လုပ်မှုကုမ္ပဏီလီမိတက်သို့ ငှားရမ်းထားသည့် အမှတ်(၃)အထည်ချုပ်စက်ရုံ (သန်လျင်)နှင့် သန်လျင်ကျောက်ပြားစက်ရုံအတွင်းLeader One (Myanmar) Limited တို့သို့ ရောက်ရှိပြီး စက်ရုံမှထုတ်လုပ်ထားသည့် ထုတ်ကုန်များနှင့် ထုတ်လုပ်မှု နည်းစဉ်အဆင့်ဆင့်ကို လည်းကောင်း၊ စက်မှုဝန်ကြီးဌာနမှ မြတ်မိဘကုမ္ပဏီသို့ ငှားရမ်းထားသည့် စက္ကူထုပ်ပိုး ပစ္စည်းစက်ရုံ(သန်လျင်)သို့ ရောက်ရှိပြီး စက္ကူထုပ်ပိုးခွံများ ထုတ်လုပ်မှုနည်းစဉ်အဆင့်ဆင့်ကို လည်းကောင်း လှည့်လည်ကြည့်ရှုစစ်ဆေးပြီး လုပ်ငန်းလိုအပ်ချက်များ မှာကြားခဲ့ကြောင်း သတင်းရရှိသည်။
(သတင်းစဉ်)

No comments:

Post a Comment