Sunday, July 31, 2016

ရက် ၁ဝဝ အတွင်း လုပ်ငန်းများဆောင်ရွက်ပြီးစီးမှုအခြေအနေများ သုံးသပ်ဆွေးနွေး




The Mirror Daily's photo.


နေပြည်တော် ဇူလိုင် ၃ဝ

ဝန်ကြီးဌာန၏ ရက် ၁ဝဝ စီမံချက်ပါ လုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်ပြီးစီးမှုအပေါ် သုံးသပ် ဆွေးနွေးပွဲအား ဇူလိုင် ၂၈ ရက် နံနက်ပိုင်းက လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထား ရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက ရက် ၁ဝဝ စီမံချက်ပါလုပ်ငန်းများ အောင်မြင်မှုရှိ၊ မရှိကို ပြည်သူက အဆုံးအဖြတ်ပေးမှာဖြစ်သဖြင့် ပြည်သူ့အသံကို နားထောင်ရန်လိုကြောင်း၊ အစိုးရအနေဖြင့် ပွင့်လင်း မြင်သာသော စနစ်တစ်ခုသို့ ပြောင်းလဲနေပြီဖြစ်သဖြင့် အမှန်တကယ် ပြောင်းလဲစေရန်မှာ တာဝန်ရှိသူ အဆင့် ဆင့်တွင် တာဝန်ယူမှု၊ တာဝန်ခံမှုရှိရန် အရေးကြီးကြောင်း၊ အမှန်တကယ်ပြောင်းလဲခြင်းရှိ၊ မရှိနှင့် မိမိတို့ဆောင်ရွက် ချက်များ မှန်၊ မမှန်ကိုလည်း ပြည်သူကပေးမည့်အဖြေကို စောင့်ကြည့်ရန်ဖြစ်ကြောင်း ပြောကြားသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် မွန်းလွဲပိုင်းတွင် Myanmar Chefs ArtrS Co.,Ltd. President, Mr. Oliver E Soe Thet ဦးဆောင်သောအဖွဲ့အား ဝန်ကြီးဌာနရှိ မေခလာခန်းမတွင် တွေ့ဆုံပြီး ရခိုင်ပြည်နယ် ရှိ ရေဘေးသင့်ပြည်သူများအတွက် အဝတ်အထည်နှင့် ကလေးအစားအစာများ လှူဒါန်းနိုင်ရေးကိစ္စနှင့် စပ်လျဉ်း၍ ဂျာမနီနိုင်ငံရှိ ဆိပ်ကမ်းမှတစ်ဆင့် ကွန်တိန်နာများဖြင့် မြန်မာနိုင်ငံသို့ပို့ဆောင်နိုင်ရေး၊ အလှူပစ္စည်းစာရင်းများ မှန်ကန်မှုရှိစေရေး၊ ရေဘေးသင့်ပြည်သူများ လက်ဝယ်သို့ တိုက်ရိုက်ရောက်ရှိစေရေး၊ ဆိပ်ကမ်းမှ စနစ်တကျ ထုတ်ယူရရှိနိုင်ရေးနှင့် အခွန်ကင်းလွတ်ခွင့်ရရှိရေး ညှိနှိုင်း ဆောင်ရွက်ပေးနိုင်မှု အခြေအနေများကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးကြသည်။
(ကြေးမုံ)

No comments:

Post a Comment