Sunday, May 31, 2015

စားသုံးရန်မသင့်သော စားသောက်ကုန် တာချီလိတ်မြို့တွင် ဖျက်ဆီး




The Mirror Daily's photo.
တာချီလိတ် မေ ၃ဝ

စားသုံးရန်မသင့်၍ ပြည်သူ့ဘဏ္ဍာအဖြစ် သိမ်းဆည်းထားသောခန့်မှန်း တန်ဖိုး ကျပ် ၂ ဒသမ ၈၆၅ သန်း တန်ဖိုးရှိ စားသောက်ကုန်များကို တာချီလိတ်မြို့နယ် အကောက်ခွန်ဦးစီးဌာနမှူးရုံးအတွင်းတွင် ဖျက်ဆီးခဲ့ကြောင်း သိရသည်။


Mobile Team ဖမ်းဆီးမှု သုံးကြိမ်မှ အများပြည်သူ စားသုံးရန်မသင့်၍ပြည်သူ့ဘဏ္ဍာအဖြစ် သိမ်းဆည်း ထားသော ဘီယာများ၊ FDA ထောက်ခံချက်မပါရှိသော အချိုရည်များ၊ DRC ခွင့်ပြုချက်မပါရှိသော ဆေးဝါးများ၊ လူသုံးကုန်နှင့် စားသုံးရန်မသင့် သော စားသောက်ကုန်ပစ္စည်းများကို မေ ၂၈ ရက်က တာချီလိတ်မြို့နယ်၌ ဖျက်ဆီးခဲ့သည်။


ယင်းသို့ ဖျက်ဆီးရာတွင် စုစုပေါင်း ခန့်မှန်းတန်ဖိုးငွေကျပ်သန်း ၂ ဒသမ ၈၆၅ ရှိ စားသုံးရန်မသင့်၍ ပြည်သူ့ဘဏ္ဍာအဖြစ် သိမ်းဆည်းထားသော Eeo ဘီယာများ၊ စားသောက်ကုန် ပစ္စည်းများ FDA ထောက်ခံချက်မပါ ရှိသော Lactasoy ပဲနို့အချိုရည်များ၊ DRC ခွင်ပြုချက်မပါရှိသော Bashi Quick Slimming Capsule ဆေးဝါး များပင် ဖြစ်သည်။


ထို့အပြင် မြန်မာ့စိုက်ပျိုးရေး လုပ်ငန်းမှ ခွင့်ပြုချက် မရရှိထားသောဗူာငထ ပိုးသတ်ဆေးနှင့် ပေါင်းသတ်ဆေးစိုက်ပျိုးရေးသုံး ဆေးပစ္စည်များလည်းပါဝင်ပြီး ယင်းပစ္စည်းများအား တာချီလိတ်မြို့အကောက်ခွန်ဦးစီးဌာနမှူးရုံးအတွင်း၌ စနစ်တကျ ကျင်း
တူးပြီး ဖျက်ဆီးမှုကြီးကြပ်ရေးအဖွဲ့ဖြင့် စားသောက်ကုန်များအား ဖွင့်ဖောက်ကာ ကျင်းအတွင်းသို့ လောင်းထည့်၍ ဖျက်ဆီးခဲ့သည်။ယင်းနေ့က ကြီးကြပ်မှုအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အကောက်ခွန်ဦးစီးမှူး ဒုတိယညွှန်ကြားရေးမှူး ဦးကျော်ညွန့်အောင်နှင့် ကူးသန်းရောင်းဝယ်ရေးနှင့် စားသုံးသူရေးရာဦးစီးဌာန ဦးစီးအရာရှိ ဦးမောင်မောင် ဦးဆောင်သောအဖွဲ့ စုံဖြင့် စားသုံးရန်နှင့် သုံးစွဲရန်မသင့် သောပစ္စည်းများကိုဖျက်ဆီးခဲ့ကြသည်။ မော်ကြီး(တြိဂံနယ်မြေ)

သရက်မြို့နယ် ငလှိုင်ခြုံကျေးရွာအနီး ငါးခူအိုင်ရေနံမှော်အတွင်း မီးလောင်မှုဖြစ်ပွား



The Mirror Daily's photo.
 


သရက် မေ ၃ဝ

သရက်မြို့နယ် ငလှိုင်ခြုံကျေးရွာအနီးရှိ ငါးခူအိုင် ရေနံမှော်အတွင်း စွမ်းအင်ဝန်ကြီးဌာန၏ ခွင့်ပြုချက်မရှိဘဲ ယာမြေအတွင်း တရားမဝင် ရေနံတူးဖော်နေသော ရေနံတွင်းမှ မီးလောင်မှုဖြစ်ပွားခဲ့ရာ ရေနံခပ်ပစ္စည်းများ မီးလောင်ဆုံးရှုံးခဲ့ပြီး လူတစ်ဦးဒဏ်ရာရရှိခဲ့သည်။

ဖြစ်စဉ်မှာ မေ ၂၉ ရက် နံနက် ၁ဝ နာရီက ကျော်သူရ (၃၃)နှစ်၏ ယာမြေအတွင်း ဦးကံသွယ် (၃၉)နှစ် ဝယ်ထောင်ကျေးရွာ မြိုင်မြို့နယ်နေသူသည် တူးယူပြီး ရေနံတွင်းမှ ရေနံခပ်ယူနေစဉ် ခပ်ခွက်နှင့် ရေနံတွင်း ကာပိုက်ပွတ်တိုက်မိရာမှ မီးလောင်မှုဖြစ်ပွားခဲ့ရာ ကလပ်အုံးအင်ဂျင်စက် နှစ်စုံနှင့် ရေနံခပ်ပစ္စည်းများ၊ ခပ်ယူပြီး ရေနံစိမ်းလေးပီပါတို့ မီးလောင်ဆုံးရှုံးခဲ့ရပြီး ရေနံခပ်ယူသူ တွင်းပိုင်ရှင် ဦးကံသွယ်(၃၉)နှစ်မှာ ဘယ်ဘက်ဒူးအောက် မီးလောင်ဒဏ်ရာနှင့် ဘယ်လက်တို့၌ မီးလောင်ဒဏ်ရာများရရှိသဖြင့် သရက်ခရိုင် ပြည်သူ့ဆေးရုံ ကြီးသို့ တင်ပို့ခဲ့သည်။

ဖြစ်စဉ်နှင့်ပတ်သက်၍ ဦးကံသွယ်နှင့် ကျော်သူရ ပိတောက်ပင်ကျေးရွာတို့အား သရက်ရဲစခန်းမှ အမှုဖွင့် အရေးယူထားကြောင်း သိရသည်။
အောင်ကြီး(သရက်)

ရန်ကုန် - မန္တလေး အမြန်လမ်းမကြီး၌ ယာဉ်တိမ်းမှောက်မှုဖြစ်ပွား





The Mirror Daily's photo.
 


နေပြည်တော် မေ ၃ဝ

နေပြည်တော်ကောင်စီနယ်မြေ ဥတ္တရသီရိမြို့နယ် ပိုတက်ကျေးရွာ အနီး ရန်ကုန်-မန္တလေး အမြန်လမ်းမ ကြီး မိုင်တိုင်(၂၂၇/၅) နှင့် (၂၂၇/၆) ကြားတွင် ယနေ့နံနက် ၆ နာရီခွဲက ယာဉ်တိမ်းမှောက်မှုတစ်ခု ဖြစ်ပွားခဲ့သည်။
ဖြစ်စဉ်မှာ နေပြည်တော်မှ မန္တလေးဘက်သို့ ယာဉ်မောင်း ဦးကျော်ဝင်း အသက်(၆၁)နှစ် မောင်း နှင်လာသော 8D/ ----- လိုက်ထရပ် အဖြူရောင်ယာဉ်မှာ ဝဲဘက် နောက်ဘီးကျွတ်ထွက်ပြီး တိမ်းမှောက်သွားခဲ့ရာ ယာဉ်ပေါ်တွင်ပါရှိသူ ၂၁ ဦးအနက် နေပြည်တော် ပုဗ္ဗသီရိ မြို့နယ် ညောင်ပင်ကြီးစုကျေးရွာတွင် နေထိုင်သူ ဒေါ်စန်းပို(၅ဝ)နှစ်မှာ အခင်းဖြစ်နေရာတွင် သေဆုံးပြီး ဒဏ်ရာရရှိသူ လူနာ ၁၄ ဦးအား ဘုရားတောင်အမြန်လမ်းမကြီး ရဲစခန်းမှ ရဲအုပ်စိန်ဝင်းနှင့်အဖွဲ့က နေပြည်တော် ခုတင်(၁ဝဝဝ)ဆေးရုံ သို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
(ရွှေရဲရင့်)

အာဆင်နယ်အား တန်ပြန်တုံ့ပြန်ရန် ဝီရှိုင်းယားအား ဝင်းဂါးတိုက်တွန်း




The Mirror Daily's photo.
 

အာဆင်နယ်နည်းပြ အာစင်ဝင်းဂါးက ကွင်းလယ်လူ ဝီရှိုင်းယားအနေဖြင့် ဒဏ်ရာပြဿနာများ ကြုံတွေ့နေခဲ့စဉ်အတွင်း အာဆင်နယ်၏ စိတ်ရှည်သည်းခံခဲ့မှုများကို ကြည့်ခြင်းအားဖြင့် ၎င်းကိုအာဆင်နယ်က မည်မျှအလိုရှိခဲ့သည်ကို သိရှိနိုင်ကြောင်း၊ ထို့အတွက်ကြောင့် ကစားသမားကိုယ်တိုင် အသင်းအပေါ် တန်ပြန်တုံ့ပြန်ရမည်ဟု သတိပေးစကား ဆိုခဲ့သည်။ ဝီရှိုင်းယားက အာဆင်နယ်မှ ၎င်းအား ရောင်းချမည်ကို ပူပန်နေပြီး ယခုနှစ်နွေတွင်စာချုပ်သစ် ထပ်မံသက်တမ်းတိုးမြှင့်မှုတွင် ဝီရှိုင်းယား မပါဝင်ခြင်းမှာ အသင်းနှင့်ချုပ်ဆိုထားသော စာချုပ်သက်တမ်းသုံးနှစ် ကျန်ရှိနေ သေး၍ ဖြစ်ကြောင်းလည်း ဝင်းဂါးက တစ်ဆက်တစ်စပ်တည်းပင် ပြောကြားခဲ့သည်။

မန်စီးတီးက လီဗာပူးသို့ ပြောင်းရွှေ့ကစားမည့် ဂျိမ်းစ်မီနာ နေရာ၌ အစားထိုးရန် ဝီရှိုင်းယားအား အလိုရှိနေသည်။
ဝင်းဂါးက ''ကျွန်တော်သူ့ကို (၁၇)နှစ် အရွယ်ကတည်းက ပျိုးထောင်လာခဲ့တာပါဗျာ။ သူ့ကို အသင်းမှာပဲ အမြဲရှိနေစေချင်သလို စာချုပ်သက်တမ်းလည်း ထပ်မံတိုးမြှင့်ဖို့ရှိနေပါတယ်။ သူ့အပေါ် ကျွန်တော်တို့ ဘယ်လောက်အလိုရှိသလဲဆိုတာကို သူဒဏ်ရာရနေတုန်းက ပြုခဲ့တဲ့အသင်းရဲ့ ဆက်ဆံမှုအပေါ်ကြည့်ရင်သိမှာပါ''ဟု ပြောခဲ့သည်။

ဝီရှိုင်းယားမှာ လက်ရှိအာဆင်နယ် ကွင်းလယ်ကစားသမားများ ဖြစ်သော အိုဇေးလ်၊ ဖလာမီနီ၊ ကာဇိုလာတို့ ခြေစွမ်းပြနေသောကြောင့် ဒဏ်ရာပြဿနာများ ကြုံတွေ့ခဲ့ရပြီးနောက်ပိုင်း အင်္ဂလန်အသင်း ကစားဖော်ဝဲလ်ကော့နှင့်အတူ အသင်း၏ ပထမဦးစားပေး ကစားသမားစာရင်းတွင် ပါဝင်ခွင့် ပျောက်ဆုံးနေသော ကစားသမားလည်း ဖြစ်သည်။ အာဆင်နယ်၏ ဝက်ဘရွန်းနှင့် ပရီမီယာလိဂ် ရာသီပိတ်ပွဲစဉ်တွင် ဝီရှိုင်းယားနှင့် ဝဲလ်ကော့ တို့ နှစ်ဦးစလုံး ဂိုးသွင်းယူကာ ခြေစွမ်းပြခဲ့ကြသည်။
ရွိုင်ယန်ဟေဒင် စုစည်းသည်။

ဆီဗီလာ၏ ယူရိုပါလိဂ် စံချိန်သစ်တွင် ပါဝင်ခွင့်ရ၍ ဂုဏ်ယူကြောင်း ဘက်ကာပြော






The Mirror Daily's photo.
 



ဆီဗီလာ ယူရိုပါလိဂ်အောင်ပွဲ၏ အဓိက သူရဲကောင်းကားလို့စ် ဘက်ကာအား လီဗာပူး၊ အေစီမီလန်၊ စပါး၊ မန်ချက်စတာ ယူနိုက်တက် အသင်းများက ခေါ်ယူရန် စိတ်ဝင်စား နေရာ ဘက်ကာက ¤င်း၏ အနာဂတ် အတွက် ကြိုတင်စဉ်းစားခြင်းမရှိဘဲ အရာအားလုံးမှာ ဘုရားသခင် အလိုအတိုင်းသာဖြစ်သည်ဟု တုံ့ပြန်ခဲ့သည်။ ဘက်ကာက လက်ရှိဆီဗီလာ ကစားသမားဘဝကို အပြည့်အဝ ကျေနပ်သော်လည်း နောက်နှစ် ဘောလုံးရာသီတွင် အပြောင်းအလဲ တစ်ခုဖြစ်နိုင်သေးကြောင်းလည်း ဆိုခဲ့သည်။

''ဒီနွေမှာ ဘာတွေဆက်ဖြစ်လာမလဲ ဆိုတာ ကျွန်တော်မသိပါဘူး။ ကျွန်တော့်အနာဂတ်ဟာ ဘုရားသခင် အလိုကျအတိုင်းပဲပေါ့ဗျာ။ ဒါပေမယ့် ဆီဗီလာက ဒီနှစ်မှာ ချန်ပီယံလိဂ်ဝင် ခွင့် ကစားရမှာဆိုတော့ ဒါကလည်း ကျွန်တော့်အိပ်မက်ပါ။ ကျွန်တော် ငယ်ငယ်ကတည်းက ချန်ပီယံလိဂ် ပွဲတွေကို ရုပ်မြင်သံကြားမှာ ကြည့်ရှုရ တာ ဘာနဲ့မှမတူတဲ့ ခံစားချက်တစ်ခု ဖြစ်ခဲ့ပြီး အခုကိုယ်တိုင် ဝင်ကစားရမှာ ဖြစ်တဲ့အတွက် ဒီကလည်း မထွက်ခွာ ချင်ပါဘူး။ အခုဆို ကျွန်တော့်ကို ဥရောပအသင်းကြီး အတော်များများ က စိတ်ဝင်စားနေတဲ့အပေါ်လည်း တကယ့်ကို ဂုဏ်ယူမိပါတယ်''ဟု ဘက်ကာက ပြောကြားခဲ့သည်။
ဘက်ကာက ယူရိုပါလိဂ်ဗိုလ်လုပွဲကစားပြီးနောက် စိတ်လှုပ်ရှားလွန်း၍ ငိုခဲ့မိကြောင်း၊ ဆီဗီလာ၏ ယူရိုပါလိဂ် စံချိန်သစ်တွင် တစ်စိတ်တစ်ပိုင်း အဖြစ် ပါဝင်ခွင့်ရခြင်းအတွက် အလွန်ဂုဏ်ယူမိကြောင်းလည်း ပြောခဲ့သည်။
ရွိုင်ယန်ဟေဒင် စုစည်းသည်။

နာလန်ဒါတက္ကသိုလ် အဓိပတိအဖြစ် စင်ကာပူနိုင်ငံခြားရေးဝန်ကြီးဟောင်း ဂျော့ယိုးအား အိန္ဒိယရွေးချယ်


 
နယူးဒေလီ မေ ၃ဝ
အိန္ဒိယနိုင်ငံ၏ ရှေးအကျဆုံးသင်ကြားရေးစင်တာ များအနက် တစ်ခုဖြစ်သည့် နာလန်ဒါတက္ကသိုလ် အဓိပတိရာထူး ဆက်ခံသူအဖြစ် စင်ကာပူ နိုင်ငံခြားရေး ဝန်ကြီးဟောင်း ဂျော့ယိုးအား ရွေးချယ်လိုက်ကြောင်း မေ ၃ဝ ရက်က ဆင်ဟွာသတင်းတစ်ရပ်တွင် ရေးသား ဖော်ပြသည်။
စင်ကာပူနိုင်ငံခြားရေးဝန်ကြီးဟောင်း ဂျော့ယိုးသည် နာလန်ဒါတက္ကသိုလ်၏ အဓိပတိသစ် ဖြစ်လာမည်ဟု အိန္ဒိယပြည်ထဲရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ ဗီကာဆွာရပ်က တွစ်တာ၌ ရေးသားထားသည်။ ဂျော့ယိုး သည် လက်ရှိ နာလန်ဒါတက္ကသိုလ် အဓိပတိဖြစ်သူ အိန္ဒိယ နိုင်ငံသား နိုဗယ်လ်ဆုရှင် အမတ်ယာဆန်ထံမှ မကြာမီ ရာထူးလက်ခံတော့မည်ဖြစ်သည်။ နာလန်ဒါတက္ကသိုလ်ကို အိန္ဒိယနိုင်ငံအရှေ့ပိုင်း ဘီဟာပြည်နယ် နာလန်ဒါမြို့၌ ရှေးဟောင်း သင်ကြားရေးစင်တာတစ်ခု ပြန်လည်ဖော် ထုတ်မှုတစ်ခုအဖြစ် ဖန်တီးထားခြင်းဖြစ်သည်။
ပထမဆုံးသော ပညာသင်ကာလကို ယာယီကျောင်း ဆောင်များတွင် အမျိုးသမီးငါးဦးအပါအဝင် ကျောင်းသား ၁၅ ဦးဖြင့် ၂ဝ၁၄ ခုနှစ် စက်တင်ဘာလတွင် စတင်ခဲ့သော် လည်း ခေတ်မီတက္ကသိုလ် ပရဝဏ်မှာ ၂ဝ၂ဝ ခုနှစ်တွင် ဆောက်လုပ်မှုပြီးစီးရန် မျှော်မှန်းထားသည်။
ဆင်ဟွာ။

ပီရက်ဇ်ရဲ့ စီမံကိန်းတွေကြောင့်မပျော်မရွှင်ဖြစ်နေတဲ့ စီရိုနယ်လ်ဒို





The Mirror Daily's photo.


ရီးယဲလ်ဥက္ကဋ္ဌ ပီရက်ဇ်သည် အန်စလော့တီအား ထုတ်ပယ်ကာ ဘင်နီတက်ဇ်အား အစားထိုးခန့်အပ်ခဲ့ခြင်း၊ ဂါရတ်ဘေးလ်အပေါ် မမျှမတ ဆက်ဆံနေခြင်းတို့ကြောင့် အဆိုပါ ကိစ္စရပ်များအပေါ် စီရိုနယ်လ်ဒိုက မနှစ်ခြိုက်နိုင်ခဲ့သည့်အတွက် လာမည့်နွေရာသီ အပြောင်းအရွှေ့ ကာလ၌ ရီးယဲလ်မှထွက်ခွာရန် အလားအလာကောင်းနေပြီ ဖြစ်သည်။ စပိန်နိုင်ငံထုတ် ဒွန်ဘလွန်စာစောင်တွင် အန်စလော့တီ ထွက်ခွာသွားပြီးနောက် တိုက်စစ်မှူးစီရို နယ်လ်ဒိုနှင့် ဥက္ကဋ္ဌပီရက်ဇ်တို့ကြား ဆက်ဆံရေးမှာ အေးစက်လာခဲ့ပြီး ပီရက်ဇ်၏ဆုံးဖြတ်ချက်များကို ရိုနယ်လ် ဒိုဘက်က လက်ခံရန် ခက်ခဲနေခဲ့သည်ဟု ဖော်ပြခဲ့သည်။

ထို့ကြောင့် စီရိုနယ်လ်ဒိုက ၎င်း၏ အနာဂတ်နှင့် ပတ်သက်၍ ပီရက်ဇ်နှင့် တွေ့ဆုံဆွေးနွေးသွားရန်တောင်းဆိုထားသည်။ အဆိုပါပေါ်တူဂီတိုက်စစ်မှူးသည် နည်းပြအန်စလော့တီထွက်ခွာသွားခြင်းအပေါ် မပျော်ရွှင်နိုင်ဘဲ ၎င်းအီတလီနည်းပြကိုပင် စာချုပ်သက်တမ်းကုန်ဆုံးသည်အထိ ရီးယဲလ်အား ဆက်လက်ကိုင်တွယ်ခွင့်ပေးသင့်ကြောင်း လူသိရှင်ကြားဝေဖန်ပြောဆိုမှုများ ပြုလုပ်ခဲ့သည်။ ထို့ပြင် စီရိုနယ်လ်ဒို၏ နှစ်(၃ဝ)ပြည့်မွေးနေ့ပွဲ ကျင်းပခဲ့ရာတွင် ကလပ်အသင်း တာဝန်ရှိသူများက တက်ရောက်ခြင်းမရှိခဲ့သည်ကိုလည်း ကစားသမားဖက်မှ စိတ်ကွက်နေမှုများ လည်းရှိခဲ့သည်။ တစ်ဖက်တွင်လည်း ပီအက်စ်ဂျီအသင်း က စီရိုနယ်လ်ဒိုအတွက် ပြောင်းရွှေ့ကြေး ယူရို ၁၂၅ သန်းကိုပင် ပေးချေရန် အသင့်ရှိနေသည်ဟု ဆိုထားခဲ့ရာ အသင်းနှင့် စာချုပ်သက်တမ်းနှစ်နှစ်သာ ကျန်ရှိတော့သည့် စီရိုနယ်လ်ဒို၏ ရီးယဲလ်မှ ထွက်ခွာခွင့် ကိစ္စရပ်မှာ ပီရက်ဇ်၏ ထွက်ခွာခွင့်ပေး၊ မပေးဆိုသည့်ဆုံးဖြတ်ချက် အပေါ်တွင်သာ မူတည်နေသည်။
ရွိုင်ယန်ဟေဒင် စုစည်းသည်။

LADIES′ CODE အဖွဲ့မှ ရိုက်စ်နှင့် ယွန်ဘီတို့အတွက် အမှတ်တရအောက်မေ့ပွဲ ဂျပန်တွင်ကျင်းပမည်





The Mirror Daily's photo.
တောင်ကိုရီးယားနိုင်ငံ၏ LADIES′ CODE အဖွဲ့မှ ရိုက်စ်နှင့် ယွန်ဘီ တို့ကို အောက်မေ့သတိရသည့် အနေဖြင့် ကျင်းပမည့် အထိမ်းအမှတ် ပွဲကို Polaris Entertainment နှင့်အတူ ဂျပန်နိုင်ငံ တိုကျိုမြို့ရှိ ရှင်ဂါဟွာဟိုတယ်ခန်းမတွင် ပြုလုပ်သွားမည်ဖြစ်ကြောင်းသိရသည်။

မေ ၂၉ ရက်တွင် Polaris Entertainment မှ တာဝန်ရှိသူတစ်ဦး က''Rise and Eun Bi Memorial Concert ကျင်းပနိုင်ဖို့အတွက် မိသားစုဝင်တွေနဲ့ သေချာဆွေးနွေး ညှိနှိုင်းပြီးမှ ပွဲနဲ့ပတ်သက်တဲ့သတင်း အချက်အလက်တွေကို ဆက်လက်ပြီး အသေးစိတ် ထုတ်ပြန်ပေးသွားမှာ ဖြစ်ပါတယ်'' ဟု enews သို့ ပြောကြား ခဲ့သည်။

ကေပေါ့ပ်အဖွဲ့ဖြစ်သည့် LADIES′ CODE သည်၂ဝ၁၃ ခုနှစ်တွင် Girl နှင့် Pretty Prettyတေး သီချင်းများဖြင့် အနုပညာလောကသို့ စတင်ဝင်ရောက်လာခဲ့ကာ ၂ဝ၁၄ ခုနှစ် သြဂုတ်လတွင် ယာဉ်မတော် တဆမှုဖြစ်ပြီးအဖွဲ့မှ ရိုက်စ်နှင့် ယွန်ဘီတို့ အသက်ဆုံးရှုံးခဲ့ရသည်။

ယခုပြုလုပ်မည့်အမှတ်တရပွဲသည် ရိုက်စ်နှင့် ယွန်ဘီတို့ကိုဆုံးရှုံးခဲ့ရသည့်အတွက် ပြုလုပ်ပေးမည့် ပထမဆုံး အမှတ်တရ အထိမ်းအမှတ်ပွဲလည်းဖြစ်သည်။
ဆုမြတ်

ဗီယက်နမ်ကို ကာကွယ်ရေးလက်နက်များ ရောင်းချရန် ခွင့်ပြုမည်ဟုဆို


 
စင်ကာပူ မေ ၃ဝ
တောင်တရုတ်ပင်လယ်အတွင်း တရုတ်နိုင်ငံ၏ ကျွန်းတုများ တည် ဆောက်ရေးစီမံကိန်းများကြောင့် အာရှ ပစိဖိတ်ဒေသတွင် တင်းမာမှု များ အရှိန်မြင့်နေစဉ် ဗီယက်နမ် နိုင်ငံသို့ ကာကွယ်ရေးလက်နက်များ ပိုမိုထောက်ပံ့ရန် လိုအပ်ကြောင်း အမေရိကန်အထက်လွှတ်တော်အမတ် ဂျွန်မက်ကိန်းက ယနေ့ပြောသည်။
သို့သော် ဟနွိုင်းကို လက်နက်များ ရောင်းချခြင်းမပြုရန် တားမြစ်ပိတ်ပင် ထားမှုအား နောက်ဆုံးဖြေလျှော့မှု အရ ရေကြောင်းကာကွယ်ရေး လက်နက်များကို အကန့်အသတ် ဖြင့်သာ ရောင်းချပေးရမည်ဖြစ် သည်။
အမေရိကန် ထိပ်တန်းတာဝန် ရှိသူတစ်ဦး၏အဆိုအရ ကာကွယ်ရေး ဝန်ကြီး အက်ရှ်တန်ကာတာသည် ဗီယက်နမ်တာဝန်ရှိသူများနှင့် လာမည့် ရက်ပိုင်းအတွင်း တွေ့ဆုံ၍ ခွင့်ပြုထား သော ရေကြောင်းကာကွယ်ရေး လက်နက်များ ထောက်ပံ့ရေးဆွေးနွေး မည်ဖြစ်သည်။
ဝန်ကြီးကာတာသည် ၁ဝ ရက်ကြာ မည့် အာရှခရီးစဉ်အစအဖြစ် စင်ကာပူ နိုင်ငံ၌ ကျင်းပသော နိုင်ငံတကာ လုံခြုံရေးညီလာခံတွင် မိန့်ခွန်းပြောခဲ့ သည်။
မဟာဗျူဟာလေ့လာရေး ထိပ်သီး ဆွေးနွေးပွဲဆိုင်ရာ နိုင်ငံတကာ အင်စတီကျုသို့ တက်ရောက်လျက် ရှိသည့် မက်ကိန်းက ဗီယက်နမ်အပေါ် ပိတ်ပင်ထားမှုကို တဖြည်းဖြည်း ဖယ်ရှားသွားခြင်းကို တွေ့မြင်လိုသော ဆန္ဒရှိသည်။ တရုတ်နိုင်ငံနှင့် ပဋိပက္ခ ဖြစ်ခဲ့သော် အသုံးပြုရန်အတွက် ဟနွိုင်းကို ကာကွယ်ရေးလက်နက်များ ပိုမိုထောက်ပံ့သင့်သည်ဟု ၄င်းက ပြောသည်။
၎င်းက ထပ်မံပြောကြားသည်မှာ လူ့အခွင့်အရေးချိုးဖောက်ရာ၌ လည်း ကောင်း၊ လူစုလူဝေးကို ထိန်းချုပ်ရာ၌ လည်းကောင်း အသုံးပြုမည့်လက်နက် များကို ဆက်လက်ပိတ်ပင်ထားရမည် ဖြစ်သည်။
တောင်တရုတ်ပင်လယ် အတွင်း ကာကွယ်ရေးစွမ်းရည်များ တိုးတက် လာစေရန် ရည်ရွယ်ပြီး ဗီယက်နမ် နိုင်ငံအပေါ် လက်နက်များ မရောင်း ချရန် ပိတ်ပင်ထားခြင်းအား အမေရိကန် နိုင်ငံက လွန်ခဲ့သည့်အောက်တိုဘာလ တွင် တစ်စိတ်တစ်ပိုင်း ဖြေလျှော့ပေးခဲ့ သည်။
ရိုက်တာ။

ကမ်းနားလမ်းမသစ်၏ သစ်တောလမ်းမှတ်တိုင်အနီးရှိ ဖြတ်လမ်းတွင် လမ်းအသုံးပြုခစတင်ကောက်ခံ၍ ယာဉ်ပိတ်ဆို့မှုလျော့ကျလာ




The Mirror Daily's photo.


ရန်ကုန် မေ ၃ဝ

မေ ၂၈ ရက်မှစ၍ အရှည်ငါးမိုင်ကျော်ရှိ ရန်ကုန်ဆိပ်ကမ်းအနီးရှိ ကမ်းနားလမ်းမ ကွန်ကရစ်လမ်းသစ်၏ သစ်တောလမ်းမှတ်တိုင်အနီးရှိ ဖြတ်လမ်းယာဉ်ဝင်၊ ထွက်ပေါက်တွင် လမ်းအသုံးပြုခပေးဆောင်စေခြင်းများ ပြုလုပ်လာသည်ကို မြင်တွေ့ရသည်။
ဝန်ထမ်းမိသားစုများ သွားလာရေးလွယ်ကူရန် ဖြတ်လမ်း ဝင်၊ ထွက်ပေါက်များ ပြုလုပ်ပေးထားခြင်းဖြစ်သည်။ ဝင်၊ ထွက်ပေါက်များတွင် ဘယ်မကွေ့ရ၊ ညာမကွေ့ရ၊ အတည့်ဖြတ်ရန် လမ်းညွှန်များစိုက်ထူခဲ့ရာ ယခုအခါ ပန်းဆိုးတန်း-ဒလကူးတို့သင်္ဘောဆိပ်အဝင် လမ်းထိပ်တွင် မြင်တွေ့ ရဆဲဖြစ်သည်။

လမ်းမတော်မြို့နယ် ဘုန်းကြီးလမ်းထိပ်တွင် မြစ်ဝကျွန်းပေါ် သင်္ဘောဆိပ်သို့သွားရောက်သည့် ယာဉ်များအတွက် ဖြတ်လမ်းကျယ်ဖွင့်ထားခဲ့သည်။ သို့သော် ကမ်းနားလမ်းရထားစတင်ပြေးဆွဲသည့် ၂ဝ၁၃ ခုနှစ် ဒီဇင်ဘာ ၇ ရက်မတိုင်မီ ဒီဇင်ဘာ ၆ ရက်မှစ၍ ယာဉ်ဝင်၊ ထွက်၍မရရန် တုံးကြီးများဖြင့် ကာရံထားခဲ့သည်။ အနှေးယာဉ်များသာ ဝင်၊ ထွက်၍ ရသည်။
ယင်းသို့ ပိတ်သည့်အချိန်မှစ၍ ထော်လီကွေ့မှတ်တိုင်၊ သစ်တောလမ်း မှတ်တိုင်အနီးရှိ ဖြတ်လမ်းပေါက်များတွင် ယာဉ် ဝင်/ထွက်မှုများလာသည်။ ထော်လီကွေ့တွင် ယာဉ်တစ်စီးစာ၊ သစ်တောမှတ်တိုင်အနီးတွင် ယာဉ် အဝင်၊ အထွက် တစ်စီးအတွက် တုံးကြီးများ ကာရံဖွင့်လှစ်ပေးခဲ့သည်။ ကမ်းနားလမ်း ဟောင်းပေါ်မှ ယာဉ်အသွားအလာ စောင့်ဆိုင်းရသဖြင့် အဆိုပါဖြတ်လမ်းပေါက်များနှင့် ဖြတ်လမ်းအပေါက်အနီးရှိ လမ်းသစ်ပေါ်ရှိ လမ်းလယ်ကြောတို့တွင် ယာဉ်များ တန်းစီစောင့်ဆိုင်းမှုများရှိလာသည်။ လမ်းလယ်ကြောမှ ဖြတ်လမ်း သို့ဝင်ရန် လမ်းပိတ်ရပ်ထားသဖြင့် ကမ်းနားလမ်းမသစ်၏ အလုံမြို့နယ်အတွင်း နာရီရှည်ယာဉ်ပိတ်ဆို့မှု မကြာခဏတွေ့ကြုံခဲ့ရသည်ဟု ယင်းလမ်းကြောင်းပေါ် ဖြတ်သန်းနေရသော ကုန်သေတ္တာတင်ယာဉ်မောင်းတစ်ဦးက ဆိုသည်။

သစ်တောလမ်းထိပ်ဖြတ်လမ်းတွင် လမ်းအသုံးပြုခကောက်ခံခြင်း၊ ထော်လီကွေ့ဖြတ်လမ်းတွင် ပြင်ဆင်ရန်ပိတ်ထားခြင်းများရှိသဖြင့် ယင်းနေရာ တစ်ဝိုက်တွင် ယခင်ကဲ့သို့ လမ်းပိတ်ဆို့မှုမရှိတော့ဘဲ လျော့ကျလာသည်ကို မြင်တွေ့ရသည်ဟု အဆိုပါယာဉ်မောင်းက ပြောသည်။

ပန်းဆိုးတန်း-ဒလသင်္ဘောဆိပ်ဆင်း ဝင်ပေါက်တွင် လမ်းအသုံးပြုခ ကောက်ခံခြင်းမရှိသေး၍ မေ ၂၉ ရက်ထိ မြစ်ဝကျွန်းပေါ်သင်္ဘောဆိပ်ဆင်းယာဉ်များ လမ်းအသုံးပြုခပေးဆောင်ရခြင်း မရှိဘဲ ပန်းဆိုးတန်းဖြတ်လမ်းမှ သွားရောက်နိုင်သေးသည်ဟု တက္ကစီယာဉ် မောင်းကိုတိုးက ပြောသည်။

စီးလုံးငှားတက္ကစီယာဉ်များ လမ်းအသုံးပြုခပေးဆောင်ရာတွင် ခရီးသည် ယာဉ်များကသာပေးဆောင်ရခြင်းဖြစ်၍ ယခုကဲ့သို့ ဖြတ်လမ်းထိပ်တွင် လမ်းအသုံးပြုခပေးဆောင်ကောက်ခံနေမှုအပေါ် အိမ်စီးယာဉ်ပိုင်ရှင်များသာ ဝေဖန်ပြောဆိုမှုရှိလာသည်။

ကမ်းနားလမ်းသစ်ပေါ်တွင် တစ်နာရီ မိုင် ၂ဝ အသိပေးလမ်းညွှန်စိုက်ထူ ထားသော်လည်း ယင်းလမ်းညွှန်အနီး မေ ၂၈ ရက် ည ၁ဝ နာရီတွင် ကုန်သေတ္တာမပါ အလွတ်ကုန်ကားတစ်စီး ကမ်းနားလမ်းသစ်ပေါ်မှ လမ်းဟောင်း ပေါ်သို့ အရှိန်လွန်ကျရောက်ခဲ့သည်။ ကမ်းနားလမ်းဟောင်းဘေး ယာဉ်ရပ်နား ရာနေရာရှိ ယာဉ်ငယ်နှစ်စီးထိခိုက်ပျက်စီးပြီး ကမ်းနားလမ်းသစ်၏ မြေထိန်း နံရံပျက်စီးမှုရှိသည်ကို မြင်တွေ့ရသည်ဟု လမ်းမတော်မြို့နယ် ဘုန်းကြီးလမ်း ထိပ်အနီးတွင် နေထိုင်သူတစ်ဦးက ပြောသည်။

လမ်းမတော်မြို့နယ်အတွင်း ကမ်းနားလမ်းမသစ်ပေါ်မှ လမ်းဟောင်းပေါ်ရှိ ကုန်သေတ္တာတင်ယာဉ်အချို့ အရှိန်လွန်ကျရောက်မှု တစ်နှစ်အတွင်း လေးကြိမ် နေ့၊ ညကြုံတွေ့ခဲ့ရသည်။ သခင်မြပန်းခြံအနီး ကမ်းနားလမ်းဟောင်း မြို့ထဲမှလာသော ယာဉ်ကြောမှ ကမ်းနားလမ်းမသစ်အမြင့်ပေါ်သို့ ကုန်သေတ္တာ တင်ယာဉ်တစ်စီး အရှိန်လွန်ရောက်ရှိမှုလည်း ကြုံတွေ့ခဲ့ရသေးသည်။ ကမ်းနား လမ်းမသစ်၏ဖြတ်လမ်းပေါက်တွင် လမ်းအသုံးပြုခကောက်ခံခြင်းဖြင့် ယာဉ်ပိတ်ဆို့မှုလျော့ကျစေသကဲ့သို့ ယာဉ်အန္တရာယ်ကြောင့် လူအချို့ ထိခိုက်သေဆုံး ရမှု၊ လမ်းဘေးရပ်ယာဉ်ငယ်များ ထိခိုက်ပျက်စီးနေခြင်းများ၊ ကမ်းနားလမ်းမ သစ်တင်ယာဉ်ကြီးများ စီတန်းရပ်နားနေခြင်းတို့ကိုပါ ပပျောက်လျော့နည်းသွားရန် ယာဉ်စည်းကမ်းလိုက်နာမှုရှိလာရေးကိုပါ အလေးပေးဆောင်ရွက်ပေးသင့်သည်ဟု လမ်းမတော်မြို့နယ်အတွင်းနေထိုင်သူ ဦးလှဦးက ပြောသည်။
(မောင်စေအောင်)

ကျူးဘားကို အကြမ်းဖက်စာရင်းမှ အမေရိကန် ပယ်ဖျက်ပေး


 
ဝါရှင်တန် မေ ၃ဝ
အမေရိကန်ပြည်ထောင်စုက ကျူးဘားနိုင်ငံကို အကြမ်းဖက်နိုင်ငံအဖြစ် စာရင်းသွင်းထားခြင်းမှ ပယ်ဖျက်လိုက်ပြီဖြစ်ကြောင်း ယနေ့သတင်းများတွင် ဖော်ပြသည်။
နှစ်နိုင်ငံသံတမန်ဆက်ဆံရေး ပြန်လည်ထူထောင်ရာ၌ အဓိကအတား အဆီးကို အဆိုပါလုပ်ဆောင်ချက်ဖြင့် ဖြေရှင်းနိုင်ခဲ့ပြီဖြစ်သည်။
ကျူးဘားနိုင်ငံသည် အမေရိကန်ပြည်ထောင်စု၌ ဘဏ်လုပ်ငန်းနှင့် အခြားလုပ်ငန်းများကို အဆိုပါပြောင်းလဲမှုကြောင့် ပြုလုပ်ခွင့်ရရှိသွားသည်။
အမေရိကန်သမ္မတ ဘာရက်အိုဘားမားက ကျူးဘားနိုင်ငံနှင့် သံတမန် ဆက်သွယ်မှု ပြန်လည်ထူထောင်မည်ဖြစ်ကြောင်း ဒီဇင်ဘာလတွင် ထုတ်ပြန် ကြေညာခဲ့သော်လည်း ကျူးဘားနိုင်ငံအပါ် အမေရိကန်၏ကုန်သွယ်ရေး ပိတ်ဆို့ထားမှုများ တရားဝင်ရှိနေဆဲဖြစ်သည်။
ယင်းပိတ်ဆို့မှုကို ကွန်ဂရက်က အဆုံးသတ်ပေးနိုင်မည်ဖြစ်သည်။
ဝါရှင်တန်နှင့် ဟာဗားနား၌ သံရုံးများအပြန်အလှန် ဖွင့်လှစ်ရေးအပါအဝင် သံတမန်ဆက်ဆံရေး ပြန်လည် ထူထောင်ရေးအတွက် အသေးစိတ်ဆေွးနွေးကြရန် နှစ်နိုင်ငံခေါင်းဆောင်များ တွေ့ဆုံရာ၌ ကျူးဘားနိုင်ငံ၏ အဓိက တောင်းဆို ချက်တွင် အဆိုပါအကြမ်းဖက်နိုင်ငံစာရင်းမှ ပယ်ဖျက်ရေးပါဝင်သည်။
ရိုက်တာ။

၂၅နှစ်ပြည့် ယွန်းအရဲ့ မွေးနေ့ပါတီ



The Mirror Daily's photo.

တောင်ကိုရီးယားပေါ့ပ်ဂီတအဖွဲ့ Girls’ Generation မှ အဆိုတော် ယွန်းအ၏ မေ၂၃ တွင်ကျရောက်သော ၂၅ နှစ်ပြည့်မွေးနေ့ပါတီကို ကျင်းပခဲ့ရာ အဖွဲ့ဝင်များ၏နာမည်ကိုပုံဖော်ထားသော အထူးမွေးနေ့ကိတ်ဖြင့် ဆင်နွှဲခဲ့သည်။

ယွန်းအသည် ၁၉၉ဝ တွင်မွေးဖွားခဲ့သည့်အတွက် ယခုအသက်(၂၅)နှစ်ပြည့်ပြီဖြစ်သော်လည်း သူ၏ပြုံးချိုသော မျက်နှာထားနှင့် ချစ်စဖွယ်လှပသည့်ရုပ်ရည်တို့ကြောင့် ရှိရင်းအသက်ထက်ပင် ငယ်ရွယ်သည်ဟုထင်ရလေသည်။
Girls’ Generation မှ အဖွဲ့ဝင်တစ်ဦးဖြစ်သော ဆိုရောင်းကလည်း သူ၏ အင်စတာဂရမ်စာမျက်နှာပေါ်တွင် ယွန်းအအတွက်မွေးနေ့ဆုတောင်းထားသော ဗီဒီယိုတစ်ခုတင်ထားခဲ့ပြီး မွေးနေ့ကိုဂုဏ်ပြုခဲ့သည်။ အေးပြည့်

ပြည်ထောင်စုရှေ့နေချုပ်ရုံး၏ မဟာဗျူဟာစီမံကိန်း ငါးနှစ်အစီအစဉ် ညှိနှိုင်းဆွေးနွေးပွဲကျင်းပ


 
နေပြည်တော် မေ ၃ဝ
ယနေ့ ကမ္ဘာတွင် သင်တန်းတစ်ခုတည်းဖြင့် မလုံ လောက်တော့ဘဲ နိုင်ငံတကာ ဥပဒေလောကနှင့် ထိတွေ့ မှုမှာ အရေးပါလာကြောင်းဖြင့် ပြည်ထောင်စုရှေ့နေချုပ် ဒေါက်တာထွန်းရှင်က မေ ၂၉ ရက်က ပြောကြားခဲ့သည်။
ပြည်ထောင်စုရှေ့နေချုပ်ရုံး၏ မဟာဗျူဟာစီမံကိန်း ငါးနှစ်အစီအစဉ် ညှိနှိုင်းဆွေးနွေးပွဲ ဖွင့်ပွဲအခမ်းအနားကို ပြည်ထောင်စုရှေ့နေချုပ်ရုံး မြေညီထပ်အစည်းအဝေးခန်းမ ၌ကျင်းပစဉ် ပြည်ထောင်စုရှေ့နေချုပ်က ယင်းကဲ့သို့ ပြော ကြားခဲ့ခြင်းဖြစ်သည်။
ပြည်ထောင်စုရှေ့နေချုပ်က လွန်ခဲ့သော လေးနှစ် ကျော်ကာလအတွင်း ပြည်ပတက္ကသိုလ်များ၊ အလုပ်ရုံဆွေး နွေးပွဲများ၊ နှီးနှောဖလှယ်ပွဲများနှင့် ကာလတိုသင်တန်း များသို့ ထူးချွန်သော ဥပဒေအရာရှိများအား ရွေးချယ် စေလွှတ်၍ ဥပဒေပညာများကို တက်ရောက်သင်ကြား စေခဲ့ပါကြောင်း၊ ယင်းလုပ်ငန်းစဉ်များကို ရှေးရိုးဆန်သော နည်းလမ်းမှ ခေတ်မီဆန်းသစ်သော နည်းလမ်းသို့ ရွှေ့ပြောင်းဆောင်ရွက်ခဲ့ပါကြောင်း ဆက်လက်ပြောကြား ခဲ့သည်။
အပြည်ပြည်ဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ ၄၅ ခုကို ပြည်ထောင်စုရှေ့နေချုပ်ရုံးက ကမ္ဘာ့ဥပဒေပညာရှင်များနှင့် ပူးပေါင်း၍ နေပြည်တော်တွင် ကျင်းပပြီးဖြစ်ကြောင်း သိရသည်။
ပြည်ထောင်စုရှေ့နေချုပ်ရုံး၏ ငါးနှစ်စီမံကိန်းသည် ဝန်ကြီးဌာနများသို့ ဥပဒေအကြံÓဏ်ပေးခြင်း၊ ဥပဒေစိစစ် ပေးခြင်းနှင့် တရားစွဲအမှုလိုက်ခြင်းလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် မဟာဗျူဟာဖြစ်ကြောင်း၊ အပြည်ပြည်ဆိုင်ရာစာချုပ်များ၊ စီးပွားရေးစာချုပ်များကို စိစစ်ပေးရခြင်းတစ်ခုတည်းမဟုတ်တော့ဘဲ ခက်ခဲနက်နဲ သော ဥပဒေစီးပွားရေးပြဿနာများကို ဥပဒေနှင့်အညီ ဖြေရှင်းခြင်းနှင့် အပြည်ပြည်ဆိုင်ရာ နယ်ပယ်များတွင် အမှုလိုက်ပါ ဆောင်ရွက်ခြင်းများကို ဆောင်ရွက်ရကြောင်း၊ ယင်းသည် အစဉ်အလာအရတည်ရှိသော တရားစွဲအမှု လိုက်ကဏ္ဍသည် တတိယရှုထောင့်ဖြစ်ကြောင်း၊ ယင်းသည် အစဉ်အလာရှေးရိုးစွဲဆန်သောနည်းလမ်းမှ ဈေးကွက် စီးပွားရေးစနစ်နှင့်အညီ ဖြစ်ပေါ်နေသော အမှုများအပေါ် သုံးသပ်ပြီး အဆင့်မြှင့်တင်ဆောင်ရွက်ရန်ရည်ရွယ်ပါကြောင်း ဖြင့်လည်း ပြည်ထောင်စုရှေ့နေချုပ်က ပြောကြားခဲ့သည်။
ထို့နောက်UNDP မှ လေ့လာသူအဖြစ်တက်ရောက် သော Chief Technical Advisor, Ms.Caitlin Reiger က ၄င်းသည် လွန်ခဲ့သည့် ၂ဝ၁၃ ခုနှစ်ကတည်းက ပြည်ထောင်စုရှေ့နေချုပ်ရုံးသို့ ရောက်ရှိခဲ့ပြီးJustice Sector နှင့် စပ်လျဉ်း၍ ကူညီဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ မဟာဗျူဟာစီမံကိန်းအား အကောင်အထည် ဖော်ရာတွင် အကူအညီများလိုအပ်ပါကUNDP အနေ ဖြင့် အကူအညီများပေးရန် အသင့်ရှိပါကြောင်း ပြောကြား သည်။
ယင်းနောက် ဆွေးနွေးပွဲကို ဆက်လက်ကျင်းပခဲ့သည်။
မွန်းလွဲပိုင်းတွင် လူကုန်ကူးမှုတားဆီးကာကွယ်ရေးအဖွဲ့၏ ဥပဒေရေးရာနှင့် တရားစွဲဆိုရေးဆိုင်ရာလုပ်ငန်း အဖွဲ့ ဥက္ကဋ္ဌ ဒုတိယရှေ့နေချုပ် ဦးထွန်းထွန်းဦး ဦးစီး၍ လက်ရှိဆောင်ရွက်နေသော ပြည်တွင်းပြည်ပလူကုန်ကူးမှု တားဆီးကာကွယ်ရေးဆိုင်ရာ ကိစ္စရပ်များ၊ ဆောင်ရွက်ဆဲ ဖြစ်သည့် လူကုန်ကူးမှုတားဆီးကာကွယ်ရေးဥပဒေ ၂ဝ၁၅ ကို ပြန်လည်သုံးသပ်ရေး ကိစ္စရပ်များနှင့် သြစတြေးလျ- အာရှ လူကုန်ကူးမှုတိုက်ဖျက်ရေးစီမံကိန်း (AAPTIP) က မြန်မာနိုင်ငံနှင့် စပ်လျဉ်း၍ ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းများကို ညှိနှိုင်းဆွေးနွေးခဲ့ကြကြောင်း သတင်း ရရှိသည်။
(ကြေးမုံ)

မှော်ဘီမြို့နယ်ရှိ မြွေဆိပ်ဖြေဆေးထုတ်လုပ်ရေးဌာနခွဲမှ အင်းစိန်စက်ရုံသို့ မြွေဆိပ်ဖြေဆေးထုတ်လုပ်ပေးမည်


 
ရန်ကုန် မေ ၃ဝ
စက်မှုဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးမောင်မြင့်သည် ယနေ့ နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး မှော်ဘီမြို့နယ်ရှိ စက်မှုဝန်ကြီးဌာန မြန်မာ့ဆေးဝါးလုပ်ငန်း(အင်းစိန်) ကြီးကြပ်မှုအောက်ရှိ မြွေဆိပ် ဖြေဆေးထုတ်လုပ်ရေးဌာနခွဲ(မှော်ဘီ)သို့ သွားရောက်ကြည့်ရှုစစ်ဆေးရာ စက်ရုံမှူး ဦးဝင်းကိုကိုက ဆေးဝါး စက်ရုံ(အင်းစိန်)ရှိ မွေးမြူရေးဌာန အား မြွေဆိပ်ဖြေဆေးထုတ်လုပ် ရေးဌာနခွဲ(မှော်ဘီ)သို့ ပြောင်းရွှေ့ ပြီးစီးမှုအခြေအနေ၊ မြင်းများ၊ သိုးများ ထားရှိရန် အဆောက်အအုံများ ဆောက်လုပ်ထားရှိမှုကို ရှင်းလင်း တင်ပြသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီး က မြွေဆိပ်ဖြေဆေးထုတ်လုပ်မှု နည်းပညာများနှင့် ပတ်သက်၍ ပြည်ပနိုင်ငံများတွင် သွားရောက် လေ့လာသင်ယူခဲ့ကြသည့် ဝန်ထမ်း များအနေဖြင့် ကိုယ့်နိုင်ငံ ကိုယ့်ဒေသနှင့် ကိုက်ညီမှုအပေါ် ပေါင်းစပ်လုပ်ကိုင်သွားကြရန်၊ ပြည်ပ မှပညာရှင်များက နည်းပညာနှင့် ပတ်သက်၍ လာရောက်သင်ကြား ပြသမှုအပေါ် ဝန်ထမ်းများအနေဖြင့် လုပ်ငန်းအောင်မြင်စွာ လုပ်ကိုင်နိုင် ရန်အတွက် ပေါင်းစပ်ညှိနှိုင်းပြီး အလုပ်ရုံဆွေးနွေးပွဲများ ဆက်လက် ပြုလုပ်ရန် မှာကြားသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီး သည် မြွေပွေး၊ မြွေဟောက်များမှ မြွေဆိပ်ထုတ်ယူမှု၊ မြွေများစနစ်တကျ မွေးမြူထားရှိမှု၊ မြင်းများအား ချိန် တွယ်၍ မြင်းသွေးထုတ်နေမှု၊ မြင်း များ၊ လားများ၊ သိုးများနှင့် ကြွက် ဖြူများ စနစ်တကျမွေးမြူထားရှိမှု တို့ကို ကြည့်ရှုစစ်ဆေးခဲ့သည်။
မှော်ဘီမြို့နယ်ရှိ မြွေဆိပ်ဖြေဆေး ထုတ်လုပ်ရေးဌာနခွဲမှ မြွေဆိပ်ဖြေ ဆေးထုတ်လုပ်ရန် မြင်းများ၊လားများ၊ သိုးများမှ စမ်းသပ်ပြီး ရရှိသွေးရည် ကြည်များအား မြန်မာ့ဆေးဝါးလုပ်ငန်း ဆေးဝါးစက်ရုံ(အင်းစိန်)တွင် အသစ် တည်ဆောက်လျက်ရှိသည့် မြွေဆိပ် ဖြေဆေးစက်ရုံသို့ မြွေဆိပ်ဖြေဆေး ထုတ်လုပ်ရန် ပို့ဆောင်ပေးသွားမည် ဖြစ်ကြောင်းသိရသည်။
(သတင်းစဉ်)

31.5.2015(ကြေးမုံ ကာတွန်း)

သက်တမ်းမတိုအောင် ဆေးလိပ်ရှောင်


ဆေးလိပ်၏ဆိုးကျိုးကို ကမ္ဘာပေါ်ရှိ လူအများသိရှိနားလည်ကြပြီး ဖြစ်သည်။ စီးကရက်၊ ဆေးလိပ်အန္တရာယ်ကို အသိပေးနှိုးဆော်မှုများလည်း စဉ်ဆက်မပြတ်ပြုလုပ်လျက်ရှိသည်။
အချို့ဒေသများတွင် ဆေးလိပ်မသောက်ရ နယ်မြေများသတ်မှတ်ထားပြီး ဆေးလိပ်သောက်ရန် သီးသန့်နေရာသတ်မှတ် ပေးထားသည်။
သောက်သုံးသည့် ဆေးလိပ်ဘူးတိုင်းတွင်လည်း ''ဆေးလိပ်သောက်ခြင်း သည် ကျန်းမာရေးကို ဆိုးရွားစွာထိခိုက်စေနိုင်ပါသည်''ဟူသော သတိပေး နှိုးဆော်ချက်စာတန်းကို ဆေးလိပ်ဥပဒေအရကပ်ထားသည်။ သို့သော် ဆေးလိပ်၊ စီးကရက်တွင် နီကိုတင်းဟူသော ဓာတ်တစ်မျိုးက လူကိုညှို့ယူ ဖမ်းစားထားသည်။ ထို့ကြောင့် ဆေးလိပ်သောက်သုံးသူများအဖို့ မကောင်း မှန်းသိသော်လည်း ဖြတ်မရဖြစ်ကြသည်။
စီးကရက်ထုတ်လုပ်သူတို့က လူတို့သောက်သုံးရလွယ်ကူပြီး နှစ်သက် ဖွယ်ဖြစ်အောင် အထူးစီမံထားသည်။ မည်သို့ပင်စီမံသည်ဖြစ်စေ ဆေးလိပ်၊ စီးကရက်ကို စတင်စမ်းသပ်မသောက်မိသရွေ့ မည်သည့်နည်းနှင့်မျှ စွဲလမ်း စရာ အကြောင်းမရှိချေ။ စီးကရက်ကို စတိုင်လ်ထုတ်၊ အကြံထုတ်၊ စိတ်ဖိစီးမှု ထွက်ပေါက်အတွက် စတင်မြည်းစမ်းကြည့်မိရာမှ စွဲစွဲမြဲမြဲသောက်ဖြစ် သွားကြသည်။
များသောအားဖြင့် လူငယ်လူရွယ်ဘဝမှ အစပြုကြသည်။ အပေါင်း အသင်းများ၏ တိုက်တွန်းမှု၊ ကိုယ်တိုင်ကလည်း စတိုင်လ်ထုတ်လိုမှု၊ လက်တည့် စမ်းလိုမှု၊ မိသားစုအသိုင်းအဝိုင်းတွင်လည်း ဆေးလိပ်သောက်သူ ရှိနေမှု စသည့်အကြောင်းများသည် ဆေးလိပ်သောက်ရန် တွန်းအားများပင်ဖြစ်သည်။
စီးကရက်တစ်လိပ်တွင် အမျိုးပေါင်း ၄ဝဝ ကျော်သော ဓာတ်ပစ္စည်းမှ အဆိပ်အတောက်များပါဝင်ပြီး ကျန်းမာရေးကို ထိခိုက်စေသော ကင်ဆာကို ဖြစ်စေသည့် ကတ္တရာစေးတစ်မျိုး၊ စိတ်ကိုစွဲလမ်းစေပြီး သွေးအတွင်း အဆီဓာတ် ကိုမြင့်တက်စေသည့် နီကိုတင်းဓာတ်၊ အဆုတ်တွင် အောက်ဆီဂျင်ပါဝင်မှု လျော့နည်းစေပြီး အဆိပ်အတောက်ကိုဖြစ်စေသည့် ကာဗွန်မိုနောက်ဆိုက်ဓာတ် တို့ အဓိကပါဝင်သည်။
ကျန်းမာရေးဆိုင်ရာ တွေ့ရှိချက်အရ စီးကရက်တစ်ဘူးနှင့်အတူ အရက် သောက်သုံးသောသူသည် အစာမျိုခံတွင်းလမ်းကြောင်းကင်ဆာဖြစ်နိုင်ခြေ ပိုများသည်ဟုဆိုထားသည်။ စီးကရက်သောက်သူသည် မသောက်သူထက် ကင်ဆာရောဂါဖြစ်ပွားနိုင်ခြေ ၁ဝ ဆ ပိုသည်။ အများဆုံးဖြစ်သောရောဂါမှာ အဆုတ်ကင်ဆာဖြစ်သည်။ ပါးစပ် ကင်ဆာ၊ ဆီးအိမ်ကင်ဆာ၊ ပန်ခရိယကင်ဆာ၊ နှလုံးသွေးကြောပိတ်ရောဂါ၊ ရင်ကျပ်ပန်းနာချောင်းဆိုးရောဂါများ ရတတ်သည်။
ထိုမျှသာမက ဆေးလိပ်ငွေ့ရှူရှိုက်မိသော ပတ်ဝန်းကျင်မှ မိသားစုနှင့် အသိုင်းအဝိုင်းကိုပါ ဆေးလိပ်သောက်သူကဲ့သို့ အန္တရာယ်ပေးနိုင်သည်။
ထိုသို့ မိမိနှင့်တကွ လူမှုပတ်ဝန်းကျင်အတွက် အန္တရာယ်များသော စီးကရက်နှင့် ဆေးလိပ်သောက်သုံးမှုကို ဆေးလိပ်သောက်သုံးသူများအနေဖြင့် ယခုပင်ဖြတ်သင့်သည်။ ထိုသို့ ဖြတ်မည်ဆိုပါက၄င်းတို့ မည်မျှပင်သောက်သုံး ခဲ့သည်ဖြစ်စေ ၄င်းတို့၏သက်တမ်းသည် ဆေးလိပ်မသောက်သူများကဲ့သို့ သက်တမ်းရှည်နိုင်သည်။ ဆေးလိပ်သောက်ပါက မသောက်သူထက် သက်တမ်းသုံးနှစ်မှ ရှစ်နှစ်အထိ အသက်တိုနိုင်ပါသည်။
ထို့ကြောင့် ကမ္ဘာတစ်ဝန်းလုံးတွင် ဆေးလိပ်သောက်သုံးမှုကို ဝိုင်းဝန်း ဟန့်တားကြသည်။ ကမ္ဘာ့ဆေးလိပ်မသောက်ရေးနေ့အဖြစ် ယနေ့ကို သတ်မှတ်ကာ နိုင်ငံတိုင်းကျင်းပကြသည်။
အသိပညာများပေးကြသည်။ မြန်မာနိုင်ငံတွင်လည်း နှစ်စဉ်မြို့တိုင်း၌ အခမ်းအနားများကျင်းပကြသည်။ အသိပညာပေးကြသည်။ သို့သော် ထုတ်လုပ်သူများရှိနေ၍ သောက်သုံး သူများရှိနေဆဲဖြစ်သည်။ ထုတ်လုပ်သူများကို အခွန်နှုန်းထားအမြင့်ဆုံး ပေးဆောင်စေသော်လည်း အရောင်းအဝယ်မှာ ကောင်းနေဆဲဖြစ်သည်။
ယင်းမှာ နီကိုတင်းဟူသော စွဲလမ်းနှစ်သက်စေသည့်အရာက သောက်သုံး သူများအား ဖမ်းစားထားသောကြောင့်ဖြစ်သည်။ ဤအရာသည် မကောင်း ပါဟုဆိုသော်လည်း မစွန့်လွှတ်နိုင်ခြင်းသည် တပ်မက်စေသော တဏှာ အားကြီးနေသောကြောင့်ဖြစ်သည်။ မည်သို့ပင်ဖြစ်စေ အန္တရာယ်ရှိကြောင်း အသိပေးနှိုးဆော်မှုများဖြင့် ဝိုင်းဝန်းဟန့်တားကြရမည်သာတည်း။ ။

မြန်မာ့ရိုးရာ လက်ဝှေ့ရွှေခါးပတ် ချန်ပီယံ ကွာတားဖိုင်နယ်ပွဲစဉ်များ စတင်ယှဉ်ပြိုင်ထိုးသတ်

 
 
 Myanmaalinn's photo.
 
ရန်ကုန် မေ ၃ဝ
အားကစားဝန်ကြီးဌာန မြန်မာ နိုင်ငံရိုးရာ လက်ဝှေ့အဖွဲ့ချုပ်က ကြီးမှူးပြီး (H & S Group) နှင့် Color Boy တို့ ပူးပေါင်းစီစဉ်ကျင်းပ သည့် မြန်မာ့ရိုးရာ လက်ဝှေ့ရွှေခါးပတ် ချန်ပီယံ ၂ဝ၁၅ ပြိုင်ပွဲ ပထမနေ့ ကွာတားဖိုင်နယ်ပွဲစဉ်များကို ယနေ့ မွန်းလွဲ ၂ နာရီက ရန်ကုန်မြို့ သိမ်ဖြူ အားကစားလက်ဝှေ့ရုံ၌ ကျင်းပခဲ့ သည်။
ယနေ့ကွာတားဖိုင်နယ် ပထမ နေ့ပွဲစဉ်များ ယှဉ်ပြိုင်ထိုးသတ်ခဲ့ရာ ၅၁ ကီလိုတန်းတွင် နှစ်ပွဲ၊ ၅၄ ကီလို တန်းတွင် သုံးပွဲ၊ ၅၇ ကီလိုတန်းတွင် တစ်ပွဲနှင့် ၆၃ ဒသမ ၅ ကီလိုတန်းတွင် နှစ်ပွဲ စုစုပေါင်း ရှစ်ပွဲပါဝင်ယှဉ်ပြိုင် ထိုးသတ်ခဲ့သည်။
၅၁ ကီလိုတန်းနှစ်ပွဲတွင် တိမ် တိုက်(မုဒုံသား)နှင့် အောင်ထူးကျော် (ဘိလပ်မြေစက်ရုံ)တို့ပွဲတွင် တိမ်တိုက် မုဒုံသားက အမှတ်ဖြင့်လည်းကောင်း၊ ရှိုင်းထက်အောင် (အဖြူရောင်သွေး သစ်)နှင့် စောကြက်ရိုး(ခ)မိုက်မိုက် (STL) တို့ပွဲတွင် ရှိုင်းထက်အောင် (အဖြူရောင်သွေးသစ်) ငါးချီပြည့် အသာစီးထိုးနိုင်၍ အမှတ်ဖြင့် ဆီမီး ဖိုင်နယ်ပွဲစဉ်သို့ တက်လှမ်းသွားပြီ ဖြစ်သည်။ ၅၄ ကီလိုတန်းတွင် ရွှေချစ် သွေး (တိုက်ဂါး)နဲ့ ကျော်ဝင်းအောင် (T & T) တို့ပွဲတွင် ဒုတိယအချီ ၂ မိနစ် ၃၅ စက္ကန့်မှာပင် ရွှေချစ်သွေးက ဘယ်ဒူးတိုက်ချက်ဖြင့် ပွဲသိမ်းအနိုင် ယူခဲ့ပြီး မင်းထွဋ်(STL)နှင့် စောဖြိုး ဝေ(အဖြူရောင်သွေးသစ်)တို့ ပွဲတွင် စောဖြိုးဝေ(အဖြူရောင်သွေးသစ်)က ငါးချီအပြည့်တွင် အမှတ်ဖြင့်အနိုင် ယူခဲ့သည်။ ကိုကိုအောင်(မုဒုံသား)နှင့် ခွန်လင်းထက် (ဘိလပ်မြေစက်ရုံ)တို့ပွဲတွင် တတိယအချီ ၁ မိနစ် ၃၂ စက္ကန့်၌ ခွန်လင်းထက်က ဖြတ် တံတောင်နှင့် ပင့်လက်သီးတို့ကို သုံးကာ ပွဲသိမ်းအနိုင်ယူခဲ့သည်။
၅၇ ကီလိုတန်းတွင် ဂျစ်တူး (တိုက်ဂါး)နှင့် မိုက်ရိုင်း(ရွှေဖူး)တို့ ပွဲတွင် မိုက်ရိုင်း(ရွှေဖူး)သည် သမ္ဘာ ရင့် မာဂုဏ်မြင့် လက်ဝှေ့သမားကောင်း ဖြစ်သော်လည်း သတ်လုံးသတ်ကွက် ကောင်းပြီး ခြေကန်ချက်ပြင်းသည့် ဂျစ်တူး(တိုက်ဂါး)၏ ယှဉ်ပြိုင်ထိုးသတ် ဟန်ကြောင့် မိုက်ရိုင်းမှာ ဘယ်လိုမှ ရင်ဆိုင်ယှဉ်ပြိုင် ထိုးနိုင်စွမ်းမရှိ၍ ဒိုင်ပွဲရပ်ဖြင့် အရှုံးပေးခဲ့ရသည်။ ၆၃ ဒသမ ၅ ကီလိုတန်းနှစ်ပွဲတွင် နေရူဘီ (ဝါဆို) နှင့် စလူကာ (တိုက်ဂါး)ပွဲတွင် မာဂုဏ်မြင့် သမ္ဘာရင့်သည့် စလူကာ (တိုက်ဂါး)ကို နေရူဘီအစွမ်းရှိ သလောက် ရင်ဆိုင်ယှဉ်ပြိုင်ထိုးသတ် သော်လည်း ပထမအချီ ၂ မိနစ် ၃၇ စက္ကန့်မှာပင် နေရူဘီ အလဲထိုးဖြင့် အရှုံးပေးခဲ့ရပြီး မျိုးမာန်သစ်(STL) နှင့် အားမာန်(အဖြူရောင်သွေးသစ်)တို့ပွဲတွင် ပထမအချီနှင့် ဒုတိယအချီ တို့တွင် သူတင်ကိုယ်တင် ယှဉ်ပြိုင် ထိုးသတ်ခဲ့ကြသော်လည်း မာဂုဏ် မြင့်သည့်အားမာန်(အဖြူရောင်သွေးသစ်)၏ စုံလင်လှသည့် သတ်လုံး သတ်ကွက်ကို မျိုးမာန်သစ်(STL) ယှဉ်ပြိုင်နိုင်စွမ်းမရှိဘဲ ဒိုင်ပွဲရပ်ဖြင့် အရှုံးပေးခဲ့ရပြီး ကွာတားမှ ထွက်ခဲ့ ရသည်။
''ရွှေခါးပတ်ချန်ပီယံလုပွဲဆိုတော့ ဝိတ်တန်းတူတာနဲ့ မဲနှိုက်ပြီး ကိုယ်နဲ့ ကျတဲ့ သူနဲ့ထိုးရတာဆိုတော့ တချို့ ပွဲတွေက လက်ရည်မမျှပေမယ့် တချို့ ပွဲတွေက တော်တော်ကြည့်လို့ကောင်း ပါတယ်။ မနက်ဖြန်ပွဲတွေဆို ပိုပြီး ကြည့်ကောင်းမယ် ထင်တယ်။ မနက်ဖြန်က သမ္ဘာရင့်လက်ဝှေ့သမား တွေပါသလို ဆီမီးပွဲတွေလည်း ပါတယ်လို့သိရတယ်။ ဒီနှစ်ရွှေခါးပတ် ချန်ပီယံလုပွဲက အရင်နှစ်တွေကလို ပရိသတ်မများဘူး။ အရင်နှစ် ရွှေခါးပတ် ချန်ပီယံလုပွဲတွေကဆို ပရိသတ်က ရုံပြည့်ရုံလျှံနီးပါးပဲ။ အခုနောက်ပိုင်း ပြည်သူတွေက နိုင်ငံခြားပွဲစဉ်တွေကို ပိုပြီးစိတ်ဝင် စားလာတာများတယ်။ အဲဒီပွဲတွေဆို ရုံပြည့်ရုံလျှံပဲ''ဟု မြန်မာ့ရိုးရာ လက်ဝှေ့ပွဲတိုင်းသို့ အမြဲမပြတ် လာရောက်ကြည့်ရှုသည့် မင်္ဂလာ တောင်ညွန့်မြို့နယ်မှ ဦးတင့်လွင်က ပြောသည်။
ယနေ့ မေ ၃၁ ရက် မွန်းလွဲ ၂ နာရီတွင် အဆိုပါ သိမ်ဖြူအားကစား ရိုးရာလက်ဝှေ့ရုံ၌ ဒုတိယနေ့ ကွာတားဖိုင်နယ်နှင့် ဆီမီးဖိုင်နယ် ပွဲစဉ်များ ဆက်လက်ယှဉ်ပြိုင် ထိုးသတ်သွားမည်ဖြစ်ကြောင်း သိရ သည်။
သတင်း-မောင်စိန်လွင် (မြန်မာ့အလင်း)
ဓာတ်ပုံ-တင်စိုး (မြန်မာ့အလင်း)

အပြည်ပြည်ဆိုင်ရာ စွန့်ပစ်ပစ္စည်းများ ရေရှည်စီမံခန့်ခွဲမှုဆိုင်ရာ ညီလာခံ ဟောင်ကောင်မြို့၌ ကျင်းပ

 
 
 Myanmaalinn's photo.
 
နေပြည်တော် မေလ ၃ဝ
ဟောင်ကောင်မြို့ Hong Kong Convention and Exhibition Center တွင် ၂ဝ၁၅ ခုနှစ် မေ ၂ဝ ရက်မှ ၂၃ ရက်အထိ ကျင်းပသည့် အပြည်ပြည်ဆိုင်ရာ စွန့်ပစ်ပစ္စည်းများ ရေရှည်စီမံခန့်ခွဲမှုဆိုင်ရာ ညီလာခံ (International Conference on Solid Waste 2015) သို့ ပတ်ဝန်း ကျင်ထိန်းသိမ်းရေးနှင့် သစ်တော ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ သက်သက်ဇင် ခေါင်း ဆောင်သည့် မြန်မာကိုယ်စားလှယ် အဖွဲ့ တက်ရောက်သည်။
၂ဝ၁၅ ခုနှစ် အပြည်ပြည်ဆိုင်ရာ စွန့်ပစ်ပစ္စည်းများ စီမံခန့်ခွဲမှုဆိုင်ရာ ညီလာခံ ဖွင့်ပွဲအခမ်းအနားတွင် ဟောင်ကောင်အထူးအုပ်ချုပ်ခွင့်ရ ဒေသ၊ Hong Kong Baptist University မှ ပါမောက္ခ Dr. Joh- nathan Wong ၊ President ပါမောက္ခ Dr. Albert S.C Chan ၊ Secretary of the Environment, Mr. Kam-Sing Wong၊ မြန်မာ နိုင်ငံ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဒေါက်တာ ဒေါ်သက်သက်ဇင် နှင့် အမေရိကန်ပြည်ထောင်စု Colu- mbia University မှ ပါမောက Dr. Nickolas J. Themelis တို့က အဖွင့်အမှာစကား ပြောကြားကြသည်။
ညီလာခံတွင် ကျွမ်းကျင်သူပညာ ရှင်များနှင့် တက္ကသိုလ်များမှ သုတေ သနပညာရှင်များက ကမ္ဘာ့နိုင်ငံများ၏ စွန့်ပစ်ပစ္စည်းများ စီမံခန့်ခွဲမှုဆိုင်ရာ ရှုထောင့်များ၊ စွန့်ပစ်ပစ္စည်းများအား မြေဖို့ခြင်းနှင့် အရည်ဖျော်ထုတ်ပြီး ဓာတ်သတ္တုရည်များကို သန့်စင်ခြင်း၊ စွန့်ပစ်ပစ္စည်းစီမံခန့်ခွဲမှုနှင့် မဟာ ဗျူဟာများ၊ မိလ္လာအညစ်အကြေး စီမံခန့်ခွဲမှုနှင့် သန့်စင်မှု၊ စွန့်ပစ် အမှိုက်မှ ဇီဝလောင်ကျွမ်းမှုနည်း ပညာဖြင့် ပြန်လည်အသုံးပြုနိုင် သည့် ပစ္စည်းများ၊ ဓနဥစ္စာရရှိအောင် ဆောင်ရွက်မှုများ၊ မြေဆွေးဖြစ် အောင် ပြုလုပ်ခြင်း၊ ဇီဝဗေဒဆိုင်ရာ သန့်စင်မှုနှင့် ဇီဝထုတ်ကုန်များ၊ စွန့်ပစ်ပစ္စည်းအသုံးချမှုနှင့် ပြန်လည် အသုံးပြုမှု၊ ဘေးအန္တရာယ်ရှိသော စွန့်ပစ်ပစ္စည်းနှင့် စက်မှုလုပ်ငန်း ဆိုင်ရာ စွန့်ပစ်ပစ္စည်းစီမံခန့်ခွဲမှု၊ စွန့်ပစ်ပစ္စည်းစုဆောင်းမှု၊ ခွဲခြားမှု၊ အမျိုးအစားများကို ဖော်ပြခြင်းနှင့် ဇီဝစွမ်းအင်ဆိုင်ရာ စာတမ်း ၁၅ဝ ဖတ်ကြားတင်ပြကြသည်။ ညီလာခံ ဆောင်ပုဒ်အရ စွန့်ပစ်ပစ္စည်းများ စီမံခန့်ခွဲမှုဆိုင်ရာ ပိုစတာပြိုင်ပွဲတွင် ပိုစတာပေါင်း ၁၈၃ ခု ပါဝင် ယှဉ်ပြိုင် ပြသကြသည်။
၂ဝ၁၅ ခုနှစ် အပြည်ပြည်ဆိုင်ရာ စွန့်ပစ်ပစ္စည်းများ စီမံခန့်ခွဲမှု ဆိုင်ရာညီလာခံ ပိတ်ပွဲအခမ်းအနား တွင် ဒုတိယဝန်ကြီးက စွန့်ပစ်ပစ္စည်း စီမံခန့်ခွဲမှုဆိုင်ရာ ပိုစတာပြိုင်ပွဲတွင် အကောင်းဆုံးဆုရရှိသူ သုံးဦးအား ဂုဏ်ပြုမှတ်တမ်းလွှာကို ပေးအပ် သည်။ မေ ၂၃ ရက်တွင် မြန်မာ ကိုယ်စားလှယ်အဖွဲ့သည် ညီလာခံ တက်ရောက်လာကြသူများနှင့် အတူ ကွင်းဆင်းလေ့လာရေး သွားရောက် ခဲ့ကြောင်းသိရသည်။ (သတင်းစဉ်)

ရီးရဲမက်ဒရစ်နည်းပြဖြစ်လာတော့မယ့် ဘင်နီတက်ဇ်

 
 
 Myanmaalinn's photo.
 
အီတလီစီးရီးအေ နောက်ဆုံးပြိုင်ပွဲအပြီး နာပိုလီမှထွက်ခွာမှာဖြစ်ကြောင်း ရာဖေးလ်ဘင်နီတက်ဇ်က အတည်ပြု ပြောကြားလိုက်ပါတယ်။ အသက် ၅၅ နှစ်အရွယ်ရှိ စပိန်နိုင်ငံသား ဘင်နီတက်ဇ်ဟာ အန်ဆယ်လော့တီနေရာမှာ ဆက်ခံဖို့ ရေပန်းစားနေတဲ့သူတစ်ဦးဖြစ်ပါတယ်။ နာပိုလီမှာ နှစ်နှစ်ကြာနေခဲ့ပြီးတဲ့နောက် မကြာမီမှာ ထွက်ခွာတော့မှာ ဖြစ်ပါတယ်လို့ ဘင်နီတက်ဇ်က ဆိုပါတယ်။ တနင်္ဂနွေနေ့ပွဲဟာ ကျွန်တော့်အတွက် အလွန်အရေးကြီးတဲ့ပွဲပါ။ နှစ်နှစ် တာအတွင်းမှာ အောင်မြင်မှုတွေနဲ့ အဆုံးသတ်သွားချင်ပါတယ်လို့ သူက ဆိုပါတယ်။ စတုတ္ထနေရာရောက် နာပိုလီ အသင်းဟာ တတိယနေရာမှ လာဇီယိုအသင်းနဲ့ စီးရီးအေနောက်ဆုံးပွဲအဖြစ် ကစားရမှာဖြစ်ပါတယ်။ ဒီပွဲမှာ အနိုင် ရမယ်ဆိုရင် နာပိုလီတို့ ချန်ပီယံလိဂ်ဝင်ခွင့်နေရာ ရမှာဖြစ်ပါတယ်။ နာပိုလီအသင်းဟာ ပြိုင်ဘက် လာဇီယိုနဲ့ သုံးမှတ် ကွာနေတာဖြစ်ပါတယ်။ နိုင်ပွဲတစ်ပွဲလိုအပ်နေပါတယ်။ ဒီပွဲမှာ အနိုင်ရခဲ့မယ်ဆိုရင် ချန်ပီယံလိဂ်ဝင်ခွင့်နေရာ ရမှာဖြစ် ပါတယ်။ နည်းပြ ဘင်နီတက်ဇ်အနေနဲ့ သူ့ရဲ့ နာပိုလီအသင်းကို နိုင်ပွဲရအောင် ကြိုးစားပေးပြီး နှုတ်ဆက်ထွက်ခွာသွား တော့မှာ ဖြစ်ပါတယ်။
ကောင်းမြတ်သူ

အလိုမရှိရင် ထွက်ဖို့အသင့်ပဲလို့ဆိုတဲ့ ရွိုင်းဟော့ဆင်

 
 
 Myanmaalinn's photo.
 
အင်္ဂလန်နည်းပြ ရွိုင်းဟော့ဆင်က သူ့ကို အလိုမရှိဘူးလိုဆိုရင် ယူရို ၂ဝ၁၆ အပြီးမှာ အသင်းကနေ ထွက်ပေးသွားဖို့ အသင့်ပဲလို့ ပြောဆိုလိုက်ပါတယ်။ အသက် ၆၇ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ရွိုင်းဟော့ဆင်အနေနဲ့ ၂ဝ၁၂ ခုနှစ် မေလက လေးနှစ်စာချုပ်ထားတာဖြစ်ပါတယ်။ ၂ဝ၁၄ ခုနှစ် ကမ္ဘာ့ဖလားမှာ တစ်ပွဲမှ အနိုင်မရခဲ့ပေမယ့် သူ့ရဲ့နည်းပြအလုပ်က တော့ မြဲနေဆဲဖြစ်ပါတယ်။ သို့ပေမယ့် အင်္ဂလန်အသင်းဟာ ကမ္ဘာ့ဖလားအပြီးမှာ ရှစ်ပွဲဆက် ရှုံးပွဲမရှိ ရပ်တည်နေတဲ့ အသင်းဖြစ်ပြီး ယူရို ၂ဝ၁၆ ခြေစစ်ပွဲမှာ ရာနှုန်းပြည့် အောင်မြင်မှုရရှိထားတဲ့ အသင်းဖြစ်ပါတယ်။ အင်္ဂလန်နည်းပြအဖြစ် ကိုင်တွယ်ခဲ့တဲ့ အဲရစ်ဆင်နဲ့ ကာပယ်လိုတို့ဟာ လက်ရှိနည်းပြ ရွိုင်းဟော့ဆင်လောက် အောင်မြင်မှုမရခဲ့ဘူးလို့ ဆိုပါ တယ်။ သို့ပေမယ့် အင်္ဂလန်အသင်းတာဝန်ရှိသူတွေက ရွိုင်းဟော့ဆင်ကို အလိုမရှိတဲ့ အနေအထားနဲ့ ဝေဖန်ပြောဆို မှုတွေရှိနေတယ်လို့ ဆိုပါတယ်။ သို့ပေမယ့် အက်ဖ်အေအသင်းဥက္ကဋ္ဌ ဂရက်ဒိုင်ကေးကတော့ လာမယ့်နှစ်အတွင်းမှာ ရွိုင်းဟော့ဆင်နဲ့ ထပ်မံစာချုပ်ဖို့ ဆွေးနွေးသွားမယ်လို့ ဆိုပါတယ်။ အင်္ဂလန်အသင်းဟာ ၂ဝ၁၄ ကမ္ဘာ့ဖလားမှာ အောင်မြင်မှုမရခဲ့ပေမယ့် ၂ဝ၁၆ ယူရိုခြေစစ်ပွဲနဲ့ ခြေစမ်းပွဲတွေမှာတော့ အောင်မြင်မှုတွေ ဆက်တိုက်ရရှိနေတဲ့ အသင်း ဖြစ်ပါတယ်။
ကောင်းမြတ်သူ

မြန်မာယူ-၂၀ အသင်း ပွဲဦးထွက် ရှုံးသော်လည်း ကမ္ဘာ့အဆင့်မီသည့် ခြေစွမ်းပြသနိုင်ခဲ့

 
 
 Myanmaalinn's photo.
 
ဟန်ဂရေး မေ ၃ဝ
၂ဝ၁၅ ဖီဖာ ယူ-၂ဝ ကမ္ဘာ့ဖလားဘောလုံးပြိုင်ပွဲ အုပ်စုပထမနေ့ပွဲစဉ်များကို ယနေ့နံနက်ပိုင်းမှစ၍ နယူးဇီလန်နိုင်ငံ၌ စတင်ကျင်းပရာ မြန်မာယူ-၂ဝ အသင်းသည် အမေရိကန် ယူ-၂ဝ အသင်းကို နှစ်ဂိုး-တစ်ဂိုးဖြင့် ရှုံးနိမ့်ပြီး ပွဲဦးထွက်ရှုံးပွဲကြုံတွေ့ခဲ့သည်။
အမေရိကန် ယူ-၂ဝ - နှစ်ဂိုး
မြန်မာယူ-၂ဝ - တစ်ဂိုး
ယူ-၂ဝ ကမ္ဘာ့ဖလားပြိုင်ပွဲကို ပထမဆုံးအကြိမ် ယှဉ်ပြိုင်ခွင့်ရရှိခဲ့ သည့် မြန်မာအသင်းသည် ပွဲဦးထွက် ပွဲစဉ်တွင် ရှုံးပွဲကြုံတွေ့ခဲ့သော်လည်း ခြေရည်တူကစားကာ ပြိုင်ဘက် အသင်းများ၏ ဂရုပြုမှုကို ခံခဲ့ရသည်။ တောင်ပံကစားသမား ရန်နိုင်ဦး၏ ဦးဆောင်ဂိုးဖြင့် အမေရိကန်ကို ဦးဆောင်နိုင်သည်အထိ မြန်မာ အသင်းသည် ကမ္ဘာ့ဖလားပြိုင်ပွဲနှင့် ထိုက်တန်သည့် ခြေစွမ်းကို ပြသ နိုင်ခဲ့သည်။
မြန်မာယူ-၂ဝ အသင်းသည် ၃- ၄-၁-၂ ပုံစံဖြင့် ပွဲထွက်လာခဲ့ပြီး ပွဲ ထွက်လူစာရင်းတွင် မျိုးမင်းလတ်(ဂိုး)၊ နန္ဒကျော်၊ သီဟထက်အောင်၊ ထိုက် ထိုက်အောင်၊ ကျော်မင်းဦး၊ မျိုးဘို ထွန်း၊ မောင်မောင်စိုး၊ ရန်နိုင်ဦး၊ မောင် မောင်လွင်၊ သန်းပိုင်နှင့် အောင်သူ တို့ ပါဝင်ခဲ့သည်။ ယခုပွဲကို နယူးဇီလန် နိုင်ငံမှ မြန်မာပရိသတ်များ၊ မြန်မာ နိုင်ငံမှ လိုက်လံအားပေးသည့်ပရိသတ် ရာဂဏန်းမျှ ကွင်းအတွင်း အားပေးခဲ့ ကြပြီး မြန်မာနိုင်ငံတစ်ဝန်းမှ မြန်မာဘောလုံးပရိသတ်များကလည်း ရုပ်မြင်သံကြားမှတစ်ဆင့် စောင့်ကြည့် ခဲ့ကြသည်။
ကမ္ဘာ့ဖလားပြိုင်ပွဲကို မြန်မာ အသင်းသည် ပထမဆုံးပွဲထွက်ကစား ခွင့်ရခြင်းဖြစ်သော်လည်း ကစား သမားများမှာ ရှိန်မနေဘဲ ပွဲစ ကတည်းက အမေရိကန်အသင်းဘက် သို့ ဖိကစားနိုင်ခဲ့သည်။ ပွဲအစ ကိုးမိနစ်တွင် မြန်မာအသင်းဂိုးစရခဲ့ ပြီး ထောင့်ကန်ဘောမှ ပြန်လျှံ ထွက်လာသော ဘောလုံးကို တောင်ပံ ကစားသမား ရန်နိုင်ဦးက ပိတ်သွင်း ယူခဲ့ခြင်းဖြစ်သည်။ ယင်းဂိုးမှာ ယခု နှစ် ယူ-၂ဝ ကမ္ဘာ့ဖလားပြိုင်ပွဲ၏ ပထမဆုံးဂိုးဖြစ်ခဲ့ပြီး ကမ္ဘာ့ဖလား ပြိုင်ပွဲတွင် မြန်မာအသင်း သွင်းယူ ခဲ့သည့် ပထမဆုံးဂိုးလည်း ဖြစ်ခဲ့ သည်။ မထင်မှတ်ဘဲ ဂိုးပေးလိုက် ရသည့် အမေရိကန်အသင်း တိုက်စစ် အားမြှင့်လာခဲ့ပြီး ၁၆ မိနစ်တွင် တောလ်က ထောင့်ကန်ဘောမှ တစ်ဆင့် ချေပဂိုးပြန်သွင်းခဲ့သည်။ ယင်းနောက်ပိုင်းတွင် ပွဲမှာ အပြန် အလှန်ရှိခဲ့ပြီး မြန်မာအသင်းသည် အမေရိကန်ခံစစ်ပိုင်းကို ခြိမ်းခြောက် နိုင်ခဲ့သည်။ ဒုတိယပိုင်းတွင် အမေရိ ကန်အသင်းက လူအပြောင်းအလဲ ပြုလုပ်ပြီး တိုက်စစ်အားမြှင့်လာချိန် တွင် မြန်မာအသင်းသည် ကစားအား ကျသွား၍ အမေရိကန်အသင်းတရစပ် ဖိကစားခဲ့သည်။ ဒုတိယပိုင်းအစတွင် အမေရိကန်အသင်း အပိုင်ရနိုင်သည့် အခွင့်အရေးနှစ်ကြိမ်ရရှိခဲ့သော်လည်း လွဲချော်ခဲ့သည်။ ၅၅ မိနစ်တွင် အမေရိကန်အသင်း အနိုင်ဂိုးရခဲ့ပြီး တန်ပြန်တိုက်စစ်မှတစ်ဆင့် အီမာဆင် ဟတ်မန်းက သွင်းယူခဲ့သည်။
မြန်မာအသင်း၏ အဓိကကွင်း လယ်လူ ငြိမ်းချမ်းအောင် ဒဏ်ရာရ နေသည့်အပြင် ကစားအားတင်ရ မည့်အချိန်၌ အရန်ကစားသမားများ မှာလည်းပွဲထွက်ကစားနိုင်ခဲ့သည့် အနေအထားမျိုးမရှိဘဲ လူစားတစ်ဦး မျှ လဲကစားခြင်းမရှိခဲ့ပေ။ မိနစ် ၈ဝ နောက်ပိုင်းတွင် မြန်မာအသင်း တစ်ကျော့ပြန် ဖိကစားလာနိုင်ပြီး ၈၈မိနစ်တွင် မောင်မောင်လွင် အပိုင် ကန်သွင်းခွင့်ရသော်လည်း ကန်ချက် လွဲချော်သွားခဲ့၍ နစ်နာခဲ့ရသည်။
မြန်မာအသင်းပါဝင်သော အုပ်စု (က) အခြားပွဲစဉ်တွင် အိမ်ရှင် နယူးဇီလန်အသင်းနှင့် ယူကရိန်း အသင်းတို့ ဂိုးမရှိသရေကျခဲ့သည်။ အုပ်စု(ခ)ပွဲစဉ်များတွင် ပနားမား အသင်းက နာမည်ကြီး အာဂျင်တီးနား အသင်းနှင့် နှစ်ဂိုးစီ သရေကျခဲ့ပြီး ဂါနာအသင်းနှင့် သြစတြီးယားအသင်း တို့ပွဲတွင်လည်း တစ်ဂိုးစီသရေကျခဲ့ သည်။
မြန်မာအသင်းသည် အုပ်စု ဒုတိယပွဲအဖြစ် ဇွန် ၂ ရက်တွင် ယူကရိန်းအသင်းနှင့် ကစားရမည် ဖြစ်သည်။
ဖိုးသော်ဇင်

တိုင်းပြည်စီးပွားရေးနှင့်စားနပ်ရိက္ခာဖူလုံရေး လယ်ယာကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးကို အားစိုက်ဆောင်ရွက်



Myanmaalinn's photo.
Myanmaalinn's photo.


နေပြည်တော် မေ ၃ဝ 

ပြည်ထောင်စုသမ္မတ မြန်မာ နိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် ယနေ့နံနက် ၉ နာရီတွင် ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့ မြို့တော်ခန်းမ၌ ကျင်းပ သည့် ဧရာဝတီတိုင်းဒေသကြီးအတွင်း ကျေးလက်ဒေသဖွံ့ဖြိုးရေးနှင့် လူမှု စီးပွားဘဝမြှင့်တင်ရေး အခမ်းအနား သို့ တက်ရောက် အမှာစကား ပြောကြားသည်။
အခမ်းအနားသို့ ပြည်ထောင်စု ဝန်ကြီးများ၊ ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ်၊ တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ၊ ‘ဒုတိယဝန်ကြီးများ၊ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ တပ်မတော်အရာရှိကြီးများ၊ တိုင်း ဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးများ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ ဌာန ဆိုင်ရာအကြီးအကဲများ၊ ဧရာဝတီ တိုင်းဒေသကြီးအတွင်းရှိ သမဝါယမ အသင်းအဆင့်ဆင့်မှ အသင်းသား တောင်သူလယ်သမားများ၊ လပွတ္တာ၊ ဖျာပုံ၊ မအူပင်၊ မြောင်းမြ၊ ဟင်္သာတနှင့် ပုသိမ်ခရိုင်၊ မြို့ပေါ်ရပ်ကွက်များမှ သမဝါယမအသင်းသားများ၊ ဒေသခံ ပြည်သူများ တက်ရောက်ကြသည်။
အခမ်းအနားတွင် နိုင်ငံတော် သမ္မတ ဦးသိန်းစိန်က အဖွင့်အမှာ စကားပြောကြားရာ၌ ယနေ့ကျင်းပ ပြုလုပ်သည့် ဧရာဝတီတိုင်းဒေသကြီး ကျေးလက်ဒေသဖွံ့ဖြိုးရေးနှင့် လူမှု စီးပွားဘဝမြှင့်တင်ရေးအခမ်းအနား တွင် သမဝါယမဝန်ကြီးဌာနအနေဖြင့် သမဝါယမအသင်း ၃၆၅၄ သင်းက အသင်းသား ၃၂၉၈၄၁ ဦးကို အသေး စားအရင်းအနှီးချေးငွေကျပ် ၃၁၂၉၇ ဒသမ ၂၅ သန်း ထုတ်ချေးပေးမည် ဖြစ်ပြီး အရစ်ကျငွေချေစနစ်နှင့် လယ်ယာသုံး၊ လုပ်ငန်းသုံး စက် ကိရိယာများဝယ်ယူကြမည့် သမဝါ ယမအသင်း ၈၂၅ သင်းက အသင်း သား ၈၈၅၃ ဦးအတွက် စက်ကိရိယာ စီးရေ ၈၈၄၉ စီး၊ တန်ဖိုးကျပ် ၃၇၆ဝ ဒသမ ၇၂၇ သန်းကို ပံ့ပိုးပေးမည်ဖြစ် သကဲ့သို့ ယနေ့အခမ်းအနားတွင် စုစုပေါင်းသမဝါယမအသင်း ၄၄၇၉ သင်းက အသင်းသား ၃၃၈၆၉၄ ဦး အတွက် ချေးငွေပေါင်း ကျပ် ၃၅ဝ၅၇ ဒသမ ၉၇၇ သန်းကို ထုတ်ချေး၊ ပံ့ပိုး ပေးအပ်သွားမည်ဖြစ်ကြောင်း။
မိမိတို့အစိုးရ စတင်တာဝန်ယူခဲ့ သည်မှ လေးနှစ်ကျော်ကာလအတွင်း တိုင်းပြည်တည်ငြိမ်အေးချမ်းရေးနှင့် ပြည်သူလူထု၏လူမှုစီးပွားဘဝ ဖွံ့ဖြိုး တိုးတက်ရေးအတွက် တစိုက် မတ်မတ် ဆောင်ရွက်ခဲ့ပါကြောင်း၊ ယခုလို ဆောင်ရွက်သည့်နေရာတွင် တိုင်းပြည် တည်ငြိမ်အေးချမ်းရေး အတွက် လွတ်လပ်ရေးရရှိချိန်မှစတင် ပြီး နှစ်ပေါင်းခြောက်ဆယ်ကျော် ရင်ဆိုင်နေခဲ့ရသည့် လက်နက်ကိုင် ပဋိပက္ခများချုပ်ငြိမ်းပြီး စစ်မှန်သော ထာဝရငြိမ်းချမ်းရေး ရရှိစေရန် အတွက် êကြိုးပမ်းလျက်ရှိပါကြောင်း၊ အမျိုးသားနိုင်ငံရေးအင်အားစု အားလုံး ပါဝင်သည့် နိုင်ငံရေးဆွေးနွေးပွဲများကိုလည်း ကြိုးပမ်းဆောင်ရွက်ခဲ့ပြီး ဆက်လက်ဆောင်ရွက်သွားမည် ဖြစ်ပါ ကြောင်း။
နိုင်ငံတော် တည်ငြိမ်အေးချမ်း ရေးကိုဆောင်ရွက်သကဲ့သို့ လူမှုစီးပွား ဖွံ့ဖြိုးရေးအတွက် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဆင်းရဲနွမ်းပါးမှု လျှော့ချရေးလုပ်ငန်း တာဝန်များကို လည်း မဟာဗျူဟာချမှတ်ဆောင်ရွက် ခဲ့ရာ အတိုင်းအတာတစ်ခုအထိ အောင်မြင်မှုရရှိခဲ့ပါကြောင်း၊ စီးပွား ရေးတိုးတက်မှုရရှိရန် ဆောင်ရွက် ရာတွင် ဈေးကွက်ဦးဆောင်မှု ကို အဓိကမောင်းနှင်အားဖြစ်သည့် ပုဂ္ဂလိကစီးပွားရေးကဏ္ဍ ပြောင်းလဲ တိုးတက်မှု ဖြစ်ပေါ်လာရန်အတွက် အစိုးရအခန်းကဏ္ဍမှလည်း ပံ့ပိုး ဆောင်ရွက်ပေးလျက်ရှိသကဲ့သို့ ရင်းနှီး မြှုပ်နှံလိုသူ ပုဂ္ဂလိကစီးပွားရေး လုပ်ငန်းရှင်များကိုလည်း လွယ်ကူ ချောမွေ့အောင် ဆောင်ရွက်ပေး လျက်ရှိပါကြောင်း၊ တိုင်းပြည်၏ စီးပွားရေး၊ စားနပ်ရိက္ခာဖူလုံရေး အတွက် အဓိကကျသည့်လယ်ယာ ကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးသည် အမှန် တကယ် အားစိုက်ဆောင်ရွက်ရမည့် လုပ်ငန်းလည်း ဖြစ်ပါကြောင်း။
မိမိတို့အစိုးရအနေဖြင့် အခြေခံ လိုအပ်ချက်ဖြစ်သည့် နိုင်ငံသား အားလုံး၏ စားနပ်ရိက္ခာဖူလုံရေး၊ အေးချမ်းသာယာစွာ နေထိုင်နိုင်ရေး ကို အစဉ်အမြဲ အလေးအနက်ထား ဆောင်ရွက်နေပါကြောင်း။
သမဝါယမစနစ်သည် အသင်း သားတစ်ဦးချင်းစီ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အားလုံး က ဝိုင်းဝန်းပူးပေါင်းကူညီ ဆောင်ရွက် ပေးရသည့်စနစ် ဖြစ်ပါကြောင်း၊ တစ်နိုင်ငံလုံး သမဝါယမအသင်းသား များ တိုးပွားလာသည်နှင့်အမျှ နိုင်ငံတော်အစိုးရအပေါ် လုံးလုံး လျားလျား မှီခိုအားထားမနေရတော့ ဘဲ မိမိတို့စုဆောင်း ငွေအရင်းအနှီး၊ မိမိတို့ကိုယ်ပိုင် စက်ကိရိယာများနှင့် မိမိတို့ကိုယ်တိုင် တစ်ပိုင်တစ်နိုင် ရပ်တည်နိုင်ပြီး မိမိအကျိုးကိုသာမက အများအကျိုး၊ နိုင်ငံတော်အကျိုးကိုပါ တစ်ဖက်တစ်လမ်းက ပါဝင်ဆောင် ရွက်ပေးနိုင်ကြမည်ဖြစ်ပါကြောင်း။
လာမည့် ဇူလိုင်လပထမပတ် စနေနေ့တွင် ၂ဝ၁၅ ခုနှစ် အပြည် ပြည်ဆိုင်ရာ သမဝါယမနေ့အခမ်း အနားကို ကျင်းပတော့မည်ဖြစ်ပါ ကြောင်း၊ ယခုနှစ် အပြည်ပြည်ဆိုင်ရာ သမဝါယမနေ့၏ ဆောင်ပုဒ်သည် ''သာတူညီမျှ သမဝါယမ'' ဖြစ်ပါ ကြောင်း၊ မိမိတို့လူသားတိုင်းတွင် တူညီသည့်လေးစားမှုနှင့် တူညီသည့် ဂုဏ်သိက္ခာရှိမှုများကို ရရှိခံစားပိုင်ခွင့် ရှိပါကြောင်း။
သမဝါယမစနစ်တွင် အားလုံး တန်းတူညီမျှပိုင်ဆိုင်ခွင့်ရှိပြီး ဆင်းရဲ ချမ်းသာပဓာနမထားဘဲ အားလုံး ပူးပေါင်းပါဝင်နိုင်ပါကြောင်း၊ သမ ဝါယမများသည် ပြန်လည်ရရှိလာ မည့်အကျိုးအမြတ်ထက် ၎င်းတို့ အသင်းသားများ၏ လိုအပ်ချက်များ ကို ဖြည့်ဆည်းပေးနိုင်ရန် အဓိကထား သည့်စနစ် ဖြစ်ပါကြောင်း။
ယခုအခါ သမဝါယမဝန်ကြီး ဌာန၏ ကြိုးပမ်းအားထုတ်မှုဖြင့် သမဝါယမအသင်းသား ပြည်သူများ အတွက် တစ်နိုင်ငံလုံးအတိုင်းအတာ ဖြင့် ယခင်ထုတ်ချေးပေးခဲ့သည့် ချေးငွေများအပြင် နိုင်ငံခြားချေးငွေ အဖြစ် ပထမအကြိမ် ကျပ်သန်းပေါင်း ၅၁၅၃၆ ဒသမ ဝ၃ သန်းကို ထုတ် ချေးခဲ့ပြီး ပြေကျေသည့်အတွက် ဒုတိယအကြိမ် ကျပ်သန်းပေါင်း ၅၇၁၂၁ ဒသမ ၂၄ သန်းကို ထုတ် ချေးခဲ့ပါကြောင်း၊ ထို့အပြင် ထပ်မံပြီး ကျပ်သန်းပေါင်း ၅၂၄၂၅ ဒသမ ဝ၃ သန်းကိုလည်း ထုတ်ချေးပေးခဲ့သည့် အတွက် စုစုပေါင်း ထုတ်ချေးပေး ထားငွေ ကျပ်သန်းပေါင်း ၁ဝ၉၅၄၆ ဒသမ ၂၇ သန်းရှိပါကြောင်း၊ ထုတ် ချေးပေးခဲ့သည့် ချေးငွေအားလုံးကို (၁ဝဝ%) ရာနှုန်းပြည့် ပြန်လည် ကောက်ခံရရှိသည့်အတွက် တာဝန် ကျေပွန်သည့် အသင်းသားပြည်သူ များ၊ သမဝါယမအသင်းအဆင့်ဆင့် နှင့် သမဝါယမဝန်ကြီးဌာနကို အထူး ပင် ကျေးဇူးတင်ပါကြောင်း၊ ယခု အစဉ်အလာကောင်းကို သမဝါယမ မူဝါဒလုပ်ထုံး လုပ်နည်းများနှင့်အညီ လိုက်နာ ကျင့်သုံးကြပြီး ဆက်လက် ထိန်းသိမ်းသွားရန်လည်း တိုက်တွန်း မှာကြားလိုပါကြောင်းဖြင့် ပြောကြား သည်။
ထို့နောက် သမဝါယမဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော် ဆန်းက အသေးစားအရင်းအနှီး ချေးငွေများ၊ Hire Purchase လုပ်ငန်းများနှင့်ပတ်သက်၍ ရှင်းလင်း ပြောကြားရာတွင် ယနေ့အခမ်းအနား သည် ပြည်သူများလိုအပ်နေသည့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် အိမ်တွင်း လုပ်ငန်းအတွက် အသေးစားအရင်း အနှီး ချေးငွေထုတ်ပေးခြင်း၊ လယ်ယာ နှင့် အခြားလုပ်ငန်းသုံးပစ္စည်းများကို အရစ်ကျငွေချေစနစ်နှင့် ရောင်းချပေး ခြင်း၊ သမဝါယမအသင်းများအဆင့် မြှင့်တင်ခြင်းစသည့် လုပ်ငန်းသုံးရပ် ကို အကောင်အထည်ဖော် ဆောင် ရွက်သည့် အခမ်းအနားဖြစ်ပါ ကြောင်း။
ဧရာဝတီတိုင်းဒေသကြီးအတွင်း ရှိ စိုက်ပျိုးစရိတ်နှင့် မွေးမြူရေးစရိတ် ချေးငွေမရကြသေးသည့် သမဝါယမ အသင်းသားသစ်များအတွက် ချေးငွေ ကျပ်သန်းပေါင်း ၂၃၇၅၈ သန်းကျော် တစ်နည်းအားဖြင့် ကျပ် ၂၃ ဘီလီယံ ကျော်နှင့် ချေးငွေရရှိပြီး အသင်းသား ဟောင်းများအတွက် ထပ်မံတိုးမြှင့် ချေးပေးငွေကျပ်သန်းပေါင်း ၇၅၃၈ သန်းကျော် တစ်နည်းအားဖြင့် ကျပ် ၇ ဘီလီယံကျော်၊ စုစုပေါင်း ကျပ် သန်းပေါင်း ၃၁၂၉၇ ‘ဒသမ ၂၅ သန်း တစ်နည်းအားဖြင့် ကျပ် ၃၁ ဘီလီယံကျော်ကို အတိုး တစ်လ ၁ ကျပ် ၁၅ ပြားနှုန်းဖြင့် ထုတ်ချေးသွား မည်ဖြစ်ပါကြောင်း၊ ဧရာဝတီတိုင်း ဒေသကြီးအတွင်းရှိ ပြည်သူများ အတွက် ယခင် ထုတ်ချေးပေးထား သည့် ချေးငွေပေါင်း ကျပ် ၃၁၃၂၈ ဒသမ ဝ၆၃ သန်းဖြစ်ပြီး ယခုချေးငွေ သစ်ပါပေါင်းလျှင် စုစုပေါင်းထောက်ပံ့ ချေးထားငွေ ကျပ်သန်းပေါင်း ၆၂၆၂၅ ‘ဒသမ ၃၁၃ သန်း တစ်နည်း အားဖြင့် ကျပ် ၆၂ ဘီလီယံကျော်ဖြစ် ပါကြောင်း အတိုးနှင့်ပတ်သက်ပြီး အနည်းငယ်ရှင်းပြရလျှင် ယခင်ယူခဲ့ သည့် ၁ ကျပ် ပြား ၅ဝ တွင်ဖြစ်စေ ယခုယူမည့် ၁ ကျပ် ၁၅ ပြားတွင် ဖြစ်စေ တစ်ဝက်ဖြစ်သည့် ၇၅ ပြားသို့ မဟုတ် ၅၅ ပြားကို ကျေးရွာသမဝါယမ အသင်း၊ မြို့နယ်သမဝါယမအသင်းစု နှင့် တိုင်းဒေသကြီး/ပြည်နယ် သမဝါ ယမအသင်းစုချုပ်များအတွက် အချိုး ကျခွဲဝေပြီး ပေးထားခဲ့ပါကြောင်း၊ တစ်နည်းအားဖြင့် ပြည်သူများကို ပြန်ပေးခဲ့ခြင်းဖြစ်ပါကြောင်း၊ သမ ဝါယမဥပဒေအရ နှစ်ချုပ်လိုက်သည့် အခါ သမဝါယမအသင်းစုချုပ် မြတ်လျှင် သမဝါယမအသင်းစုများ၊ သမဝါယမအသင်းစုများကမြတ်လျှင် အခြေခံသမဝါယမအသင်းများ၊ အခြေခံသမဝါယမအသင်းများက မြတ်လျှင် အသင်းဝင် အသင်းသား များကို ပြန်လည်ခွဲဝေပေးရခြင်း ဖြစ်ပါကြောင်း။
အတိုးငွေ၏ ကျန်တစ်ဝက်ဖြစ် သည့် ၇၅ ပြား သို့မဟုတ် ၅၅ ပြားကို ဗဟို သမဝါယမက ဒေါ်လာနှင့် ကျပ် ငွေ လဲလှယ်နှုန်းကွာခြားမှုအတွက် ကြားခံစရိတ်၊ သဘာဝဘေးဆုံးရှုံးမှု အတွက် ရန်ပုံငွေနှင့် ဗဟိုသမဝါယမ လုပ်ငန်းများ၏ အသုံးစရိတ်အဖြစ် သုံးစွဲရပါကြောင်း၊ အသေးစားအရင်း အနှီးချေးငွေလုပ်ငန်းမှာငွေချေးသူက ငွေချေးတိုင်း ၁ဝ ရာခိုင်နှုန်း စုဆောင်း စေသည့်စနစ်၊ ချေးငွေကို ထိရောက် စွာအသုံးပြုနိုင်အောင် ထိန်းကျောင်း စေသည့်စနစ်၊ ချေးငွေတဖြည်းဖြည်း တိုးမြှင့်ပေးမည့်စနစ်၊ ချေးငွေအပေါ် အတိုးယူသကဲ့သို့ ပြည်သူများ၏ စုဆောင်းငွေအပေါ် အတိုးပြန်ပေး သည့်စနစ် စာရင်းဇယား စနစ်တကျ ထိန်းသိမ်းသည့်စနစ်များ ထည့်သွင်း ဆောင်ရွက်ထားပါကြောင်း။
အပြင်ကချေးလျှင် ငွေတစ်ရာ ကျပ်တွင် အတိုးနှုန်းပျမ်းမျှ ၁ဝ ကျပ်ခန့်ရှိပြီး သမဝါယမအတိုးနှုန်း က ၁ ကျပ် ပြား ၅ဝ သာရှိ၍
တစ်ရာလျှင် ၈ ကျပ် ၅ဝ ပြား သက်သာပါကြောင်း။
ထို့ကြောင့် ချေးငွေပေါင်း ၂၂၄ ဘီလီယံကျော်အပေါ်တွင် တစ်နိုင်ငံ လုံး ပြည်သူများအနေနှင့် တစ်လလျှင် ကျပ် ၁၉ ဘီလီယံကျော် သက်သာ လျက်ရှိပါကြောင်း၊ ထို့အတူ ဧရာဝတီ တိုင်းဒေသကြီးပြည်သူများအတွက် ဆိုလျှင်လည်း ယခင်၊ ယခုချေးငွေ နှစ်ရပ်ပေါင်း ကျပ်သန်းပေါင်း ၆၂၆၂၅ ဒသမ ၃၁၃ သန်းရှိ၍ တစ်လလျှင် ကျပ်သန်းပေါင်း ၅၃၂၂ သန်းကျော် သက်သာလျက်ရှိပါ ကြောင်း။
ဧရာဝတီတိုင်း ဒေသကြီးအတွင်း ရှိ တောင်သူလယ်သမားများအတွက် တောင်ကိုရီးယားနိုင်ငံ Daedong လယ်ယာသုံးစက်ပစ္စည်း ၁ဝ၃ မျိုး၊ အခြားနိုင်ငံထုတ်လယ်ယာသုံး စက် ကိရိယာ ၂၅၈၄ မျိုးနှင့် သုံးဘီး ဆိုင်ကယ်၊ ဆိုင်ကယ်၊ ဆိုက်ကား၊ အပ်ချုပ်စက်စသည့် လုပ်ငန်းသုံး ပစ္စည်း ၁ဝ၅၄ မျိုး၊ ရေလုပ်ငန်းသုံး ပစ္စည်း ၅၂၁၁ မျိုး၊ စုစုပေါင်းတန်ဖိုး ကျပ်သန်းပေါင်း ၆၄၄၅ ဒသမ ၁၁၃ သန်းကို အရစ်ကျငွေချေစနစ်နှင့် ထပ်မံရောင်းချပေးသွားမည်ဖြစ်ပါ ကြောင်း။
မိမိတို့အစိုးရသည် ပြည်သူများ က ရွေးချယ်တင်မြှောက်ထားသည့် အစိုးရဖြစ်သည်နှင့်အညီ ပြည်သူများ ၏အဓိကတွေ့ကြုံနေရသည့် အရင်း အနှီးမရှိမှု၊ ရှိသော်လည်း မလုံ လောက်မှုကိုကူညီရန် ပြည်သူများ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်လာ နိုင်စေရန်နှင့် ဆင်းရဲမှုကို လျှော့ချ ရန်အတွက် ယခု လုပ်ငန်းများကို ဆောင်ရွက်ပေးနေခြင်း ဖြစ်ပါ ကြောင်း။
အဆိုပါ သမဝါယမလုပ်ငန်းစဉ် များအောင်မြင်အောင် ဆောင်ရွက် မည်ဆိုလျှင် မိမိတို့အားလုံး၏ သမဝါယမစနစ်အပေါ် ယခင်က မှားယွင်းစွာထားရှိခဲ့သည့် သဘော ထားအမြင်များကို ပြောင်းလဲကြရ မည်ဖြစ်ပါကြောင်း၊ ထို့ကြောင့် ယခင် က သဘောထားအမြင်များကို ပြောင်းပြီး သမဝါယမ၏အနှစ်သာရ ဖြစ်သည့် ကိုယ့်အားကိုယ်ကိုး ဆောင် ရွက်ခြင်း၊ ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် စည်းလုံးညီညွတ်ခြင်း၊ မျှတစွာ အကျိုး ခံစားခွင့်ဆိုသည့် အချက်များနှင့် အညီ ဆောင်ရွက်ကြရမည်ဖြစ်ပါ ကြောင်းဖြင့် ရှင်းလင်းတင်ပြသည်။
ဆက်လက်၍ ဧရာဝတီတိုင်း ဒေသကြီးဝန်ကြီးချုပ် ဦးသိန်းအောင် က တိုင်းဒေသကြီးအတွင်း ကျေးလက် ဒေသဖွံ့ဖြိုးတိုးတက်ရေးနှင့် လူမှု စီးပွားဘဝ မြှင့်တင်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှုကိစ္စရပ်များနှင့် စပ် လျဉ်း၍ ဧရာဝတီတိုင်းဒေသကြီး၏ ကျေးလက်နေပြည်သူများ၏ အဓိက အသက်မွေးဝမ်းကျောင်းလုပ်ငန်းဖြစ် သည့် လယ်ယာကုန်ထုတ်လုပ်မှုကဏ္ဍ အမြန်ဆုံးဖွံ့ဖြိုးတိုးတက်လာအောင် လယ်ယာကုန်ထုတ်အသင်း ၂၂၄၉ သင်းကို အသင်းဝင် ဦးရေပေါင်း ၃ဒသမ ၈၉ သိန်းကျော် ပါဝင်လာ အောင် စည်းရုံးဖွဲ့စည်းနိုင်ခဲ့ပါ ကြောင်း၊ ခေတ်မီအဆင့်မြင့် စက်မှု လယ်ယာစနစ်သုံး လယ်မြေဧက ၂၆ဝဝ ကို ၂ဝ၁၄-၂ဝ၁၅ ခု ဘဏ္ဍာ ရေးနှစ်တွင် ဖော်ထုတ်ပြီးဖြစ်၍ ယခု ၂ဝ၁၅-၂ဝ၁၆ ခု ဘဏ္ဍာရေး နှစ်တွင်လည်း အဆင့်မြင့်စက်မှု လယ်ယာဧက ၅၂ဝဝ ထပ်မံဖော်ထုတ် သွားမည်ဖြစ်ပါကြောင်း။
တိုင်းဒေသကြီးအတွင်း ၂ဝ၁၄ ခုနှစ်ကုန်တွင် သမဝါယမအသင်း ပေါင်း ၃၉၃၂ သင်းရှိသည့်အနက် သမဝါယမဝန်ကြီးဌာန၏ကြိုးပမ်း အားထုတ်မှုကြောင့် ယနေ့ အသင်းပေါင်း ၆၅၅ဝ အသင်းထိ တိုး တက်ဖွဲ့စည်းနိုင်ခဲ့ပြီး ဖွဲ့စည်းပြီး အသင်းအားလုံးသည်လည်း ရှင်သန် လည်ပတ်နိုင်ခဲ့ပါကြောင်း။
နှစ်ရှည်စက်မှုဇုန်လုပ်ငန်းများ တွင် ရှိပြီးဖြစ်သော ပုသိမ်၊ ဟင်္သာတ၊ မြောင်းမြစက်မှုဇုန်များ တိုးတက်ရေး ဆောင်ရွက်လျက်ရှိရာ ယခု ပုသိမ် စက်မှုဇုန်၌ စက်ရုံတစ်ရုံတွင် လုပ်သား ၂ဝဝဝ ခန့် အလုပ်ပေး နိုင်မည့် အထည်ချုပ်စက်ရုံ သုံးရုံ ဖွင့်လှစ်ပြီးဖြစ်ပါကြောင်း၊ ယခုအခါ အဆိုပါအထည်ချုပ် စက်ရုံများတွင် မြန်မာအမျိုးသမီးလုပ်သား ၄၁ဝဝ ခန့် စတင်အလုပ်ဝင်ရောက် လုပ်ကိုင်နေပြီ ဖြစ်ပါကြောင်းဖြင့် ရှင်းလင်းတင်ပြသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီး ဦးကျော်ဆန်းနှင့် တိုင်းဒေသကြီး ဝန်ကြီးချုပ်တို့က တိုင်းဒေသကြီး အတွင်းရှိ သမဝါယမအသင်းများသို့ ခရိုင်အလိုက် အသေးစားအရင်းအနှီး ချေးငွေများကိုထုတ်ပေးပြီး ဗဟိုသမ ဝါယမအသင်းနှင့် သမဝါယမဘဏ် လီမိတက်ဥက္ကဋ္ဌ ဦးခင်မောင်အေးက Hire Purchase စနစ်ဖြင့် ဝယ်ယူထား သော လယ်ယာလုပ်ငန်းသုံး၊ ရေ လုပ်ငန်းသုံး ပစ္စည်းကိရိယာများနှင့် ပံ့ပိုးပစ္စည်းများကို ပေးအပ်သည်။
ယင်းနောက် တိုင်းဒေသကြီး အတွင်းရှိ သမဝါယမအသင်းသား များကိုယ်စား ကျုံပျော်မြို့နယ် သမဝါယမအသင်းလီမိတက် ဥက္ကဋ္ဌ ဦးဝင်းရွှေက ကျေးဇူးတင်စကား ပြောကြားပြီး အခမ်းအနားကို ရုပ်သိမ်းလိုက်သည်။
ယနေ့အခမ်းအနားတွင် ဧရာ ဝတီတိုင်းဒေသကြီးအတွင်းရှိ မြို့နယ် ၂၆ မြို့နယ်၊ သမဝါယမအသင်းပေါင်း ၃၆၅၄ သင်းမှ အသင်းသား ၃၂၄၈၉၁
ဦးသို့ ငွေကျပ်သန်းပေါင်း ၃၁၂၉၇ ဒသမ ၂၅ သန်း ထုတ်ချေးပေးနိုင်ခဲ့ပြီး ငွေ ကျပ်သန်းပေါင်း ၃၇၆ဝ ဒသမ ၇၂၇ သန်း တန်ဖိုးရှိ လယ်ယာသုံး စက်ကိရိယာများ၊ မော်တော်ဆိုင်ကယ် များ၊ ဆိုက်ကား၊ အပ်ချုပ်စက်နှင့်
ရေလုပ်ငန်းသုံး ပစ္စည်းများအား မြို့နယ် ၂၆ မြို့နယ်ရှိ အသင်းပေါင်း ၈၂၅ သင်းသို့ ပံ့ပိုးပေးနိုင်ခဲ့ရာ ပစ္စည်း တန်ဖိုးအပါအဝင် စုစုပေါင်းငွေကျပ် သန်းပေါင်း ၃၅ဝ၅၇ ဒသမ ၉၇၇ သန်းကို ပံ့ပိုးပေးနိုင်ခဲ့ကြောင်း သိရှိရသည်။
အခမ်းအနား အပြီးတွင် နိုင်ငံတော်သမ္မတသည် အခမ်းအနား သို့ တက်ရောက်လာသူများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ပြီး သမဝါယမဝန်ကြီးဌာန၊ သမဝါယမ အသင်းအဖွဲ့များနှင့် ကုမ္ပဏီများ၏ ကျေးလက်ဒေသဖွံ့ဖြိုးရေး ဆောင် ရွက်ပေးမှုဆိုင်ရာပြခန်းများ၊ သမ ဝါယမအသင်းသားများသို့ ပံ့ပိုးပေး သည့် လယ်ယာသုံးစက်ကိရိယာများ နှင့် ရေလုပ်ငန်းသုံးပစ္စည်းများကို လှည့်လည်ကြည့်ရှုအားပေးသည်။
ထို့နောက် နိုင်ငံတော်သမ္မတ သည် ပုသိမ်မြို့ ဖွံ့ဖြိုးစည်ပင်နေမှုကို မော်တော်ယာဉ်ဖြင့် လှည့်လည် ကြည့်ရှုခဲ့သည်။


(သတင်းစဉ်)