Sunday, May 31, 2015

နာလန်ဒါတက္ကသိုလ် အဓိပတိအဖြစ် စင်ကာပူနိုင်ငံခြားရေးဝန်ကြီးဟောင်း ဂျော့ယိုးအား အိန္ဒိယရွေးချယ်


 
နယူးဒေလီ မေ ၃ဝ
အိန္ဒိယနိုင်ငံ၏ ရှေးအကျဆုံးသင်ကြားရေးစင်တာ များအနက် တစ်ခုဖြစ်သည့် နာလန်ဒါတက္ကသိုလ် အဓိပတိရာထူး ဆက်ခံသူအဖြစ် စင်ကာပူ နိုင်ငံခြားရေး ဝန်ကြီးဟောင်း ဂျော့ယိုးအား ရွေးချယ်လိုက်ကြောင်း မေ ၃ဝ ရက်က ဆင်ဟွာသတင်းတစ်ရပ်တွင် ရေးသား ဖော်ပြသည်။
စင်ကာပူနိုင်ငံခြားရေးဝန်ကြီးဟောင်း ဂျော့ယိုးသည် နာလန်ဒါတက္ကသိုလ်၏ အဓိပတိသစ် ဖြစ်လာမည်ဟု အိန္ဒိယပြည်ထဲရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ ဗီကာဆွာရပ်က တွစ်တာ၌ ရေးသားထားသည်။ ဂျော့ယိုး သည် လက်ရှိ နာလန်ဒါတက္ကသိုလ် အဓိပတိဖြစ်သူ အိန္ဒိယ နိုင်ငံသား နိုဗယ်လ်ဆုရှင် အမတ်ယာဆန်ထံမှ မကြာမီ ရာထူးလက်ခံတော့မည်ဖြစ်သည်။ နာလန်ဒါတက္ကသိုလ်ကို အိန္ဒိယနိုင်ငံအရှေ့ပိုင်း ဘီဟာပြည်နယ် နာလန်ဒါမြို့၌ ရှေးဟောင်း သင်ကြားရေးစင်တာတစ်ခု ပြန်လည်ဖော် ထုတ်မှုတစ်ခုအဖြစ် ဖန်တီးထားခြင်းဖြစ်သည်။
ပထမဆုံးသော ပညာသင်ကာလကို ယာယီကျောင်း ဆောင်များတွင် အမျိုးသမီးငါးဦးအပါအဝင် ကျောင်းသား ၁၅ ဦးဖြင့် ၂ဝ၁၄ ခုနှစ် စက်တင်ဘာလတွင် စတင်ခဲ့သော် လည်း ခေတ်မီတက္ကသိုလ် ပရဝဏ်မှာ ၂ဝ၂ဝ ခုနှစ်တွင် ဆောက်လုပ်မှုပြီးစီးရန် မျှော်မှန်းထားသည်။
ဆင်ဟွာ။

No comments:

Post a Comment