Sunday, May 31, 2015

LADIES′ CODE အဖွဲ့မှ ရိုက်စ်နှင့် ယွန်ဘီတို့အတွက် အမှတ်တရအောက်မေ့ပွဲ ဂျပန်တွင်ကျင်းပမည်





The Mirror Daily's photo.
တောင်ကိုရီးယားနိုင်ငံ၏ LADIES′ CODE အဖွဲ့မှ ရိုက်စ်နှင့် ယွန်ဘီ တို့ကို အောက်မေ့သတိရသည့် အနေဖြင့် ကျင်းပမည့် အထိမ်းအမှတ် ပွဲကို Polaris Entertainment နှင့်အတူ ဂျပန်နိုင်ငံ တိုကျိုမြို့ရှိ ရှင်ဂါဟွာဟိုတယ်ခန်းမတွင် ပြုလုပ်သွားမည်ဖြစ်ကြောင်းသိရသည်။

မေ ၂၉ ရက်တွင် Polaris Entertainment မှ တာဝန်ရှိသူတစ်ဦး က''Rise and Eun Bi Memorial Concert ကျင်းပနိုင်ဖို့အတွက် မိသားစုဝင်တွေနဲ့ သေချာဆွေးနွေး ညှိနှိုင်းပြီးမှ ပွဲနဲ့ပတ်သက်တဲ့သတင်း အချက်အလက်တွေကို ဆက်လက်ပြီး အသေးစိတ် ထုတ်ပြန်ပေးသွားမှာ ဖြစ်ပါတယ်'' ဟု enews သို့ ပြောကြား ခဲ့သည်။

ကေပေါ့ပ်အဖွဲ့ဖြစ်သည့် LADIES′ CODE သည်၂ဝ၁၃ ခုနှစ်တွင် Girl နှင့် Pretty Prettyတေး သီချင်းများဖြင့် အနုပညာလောကသို့ စတင်ဝင်ရောက်လာခဲ့ကာ ၂ဝ၁၄ ခုနှစ် သြဂုတ်လတွင် ယာဉ်မတော် တဆမှုဖြစ်ပြီးအဖွဲ့မှ ရိုက်စ်နှင့် ယွန်ဘီတို့ အသက်ဆုံးရှုံးခဲ့ရသည်။

ယခုပြုလုပ်မည့်အမှတ်တရပွဲသည် ရိုက်စ်နှင့် ယွန်ဘီတို့ကိုဆုံးရှုံးခဲ့ရသည့်အတွက် ပြုလုပ်ပေးမည့် ပထမဆုံး အမှတ်တရ အထိမ်းအမှတ်ပွဲလည်းဖြစ်သည်။
ဆုမြတ်

No comments:

Post a Comment