Sunday, May 31, 2015

ရန်ကုန် - မန္တလေး အမြန်လမ်းမကြီး၌ ယာဉ်တိမ်းမှောက်မှုဖြစ်ပွား





The Mirror Daily's photo.
 


နေပြည်တော် မေ ၃ဝ

နေပြည်တော်ကောင်စီနယ်မြေ ဥတ္တရသီရိမြို့နယ် ပိုတက်ကျေးရွာ အနီး ရန်ကုန်-မန္တလေး အမြန်လမ်းမ ကြီး မိုင်တိုင်(၂၂၇/၅) နှင့် (၂၂၇/၆) ကြားတွင် ယနေ့နံနက် ၆ နာရီခွဲက ယာဉ်တိမ်းမှောက်မှုတစ်ခု ဖြစ်ပွားခဲ့သည်။
ဖြစ်စဉ်မှာ နေပြည်တော်မှ မန္တလေးဘက်သို့ ယာဉ်မောင်း ဦးကျော်ဝင်း အသက်(၆၁)နှစ် မောင်း နှင်လာသော 8D/ ----- လိုက်ထရပ် အဖြူရောင်ယာဉ်မှာ ဝဲဘက် နောက်ဘီးကျွတ်ထွက်ပြီး တိမ်းမှောက်သွားခဲ့ရာ ယာဉ်ပေါ်တွင်ပါရှိသူ ၂၁ ဦးအနက် နေပြည်တော် ပုဗ္ဗသီရိ မြို့နယ် ညောင်ပင်ကြီးစုကျေးရွာတွင် နေထိုင်သူ ဒေါ်စန်းပို(၅ဝ)နှစ်မှာ အခင်းဖြစ်နေရာတွင် သေဆုံးပြီး ဒဏ်ရာရရှိသူ လူနာ ၁၄ ဦးအား ဘုရားတောင်အမြန်လမ်းမကြီး ရဲစခန်းမှ ရဲအုပ်စိန်ဝင်းနှင့်အဖွဲ့က နေပြည်တော် ခုတင်(၁ဝဝဝ)ဆေးရုံ သို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
(ရွှေရဲရင့်)

No comments:

Post a Comment