Sunday, May 31, 2015

သရက်မြို့နယ် ငလှိုင်ခြုံကျေးရွာအနီး ငါးခူအိုင်ရေနံမှော်အတွင်း မီးလောင်မှုဖြစ်ပွား



The Mirror Daily's photo.
 


သရက် မေ ၃ဝ

သရက်မြို့နယ် ငလှိုင်ခြုံကျေးရွာအနီးရှိ ငါးခူအိုင် ရေနံမှော်အတွင်း စွမ်းအင်ဝန်ကြီးဌာန၏ ခွင့်ပြုချက်မရှိဘဲ ယာမြေအတွင်း တရားမဝင် ရေနံတူးဖော်နေသော ရေနံတွင်းမှ မီးလောင်မှုဖြစ်ပွားခဲ့ရာ ရေနံခပ်ပစ္စည်းများ မီးလောင်ဆုံးရှုံးခဲ့ပြီး လူတစ်ဦးဒဏ်ရာရရှိခဲ့သည်။

ဖြစ်စဉ်မှာ မေ ၂၉ ရက် နံနက် ၁ဝ နာရီက ကျော်သူရ (၃၃)နှစ်၏ ယာမြေအတွင်း ဦးကံသွယ် (၃၉)နှစ် ဝယ်ထောင်ကျေးရွာ မြိုင်မြို့နယ်နေသူသည် တူးယူပြီး ရေနံတွင်းမှ ရေနံခပ်ယူနေစဉ် ခပ်ခွက်နှင့် ရေနံတွင်း ကာပိုက်ပွတ်တိုက်မိရာမှ မီးလောင်မှုဖြစ်ပွားခဲ့ရာ ကလပ်အုံးအင်ဂျင်စက် နှစ်စုံနှင့် ရေနံခပ်ပစ္စည်းများ၊ ခပ်ယူပြီး ရေနံစိမ်းလေးပီပါတို့ မီးလောင်ဆုံးရှုံးခဲ့ရပြီး ရေနံခပ်ယူသူ တွင်းပိုင်ရှင် ဦးကံသွယ်(၃၉)နှစ်မှာ ဘယ်ဘက်ဒူးအောက် မီးလောင်ဒဏ်ရာနှင့် ဘယ်လက်တို့၌ မီးလောင်ဒဏ်ရာများရရှိသဖြင့် သရက်ခရိုင် ပြည်သူ့ဆေးရုံ ကြီးသို့ တင်ပို့ခဲ့သည်။

ဖြစ်စဉ်နှင့်ပတ်သက်၍ ဦးကံသွယ်နှင့် ကျော်သူရ ပိတောက်ပင်ကျေးရွာတို့အား သရက်ရဲစခန်းမှ အမှုဖွင့် အရေးယူထားကြောင်း သိရသည်။
အောင်ကြီး(သရက်)

No comments:

Post a Comment