Sunday, May 31, 2015

ဆီဗီလာ၏ ယူရိုပါလိဂ် စံချိန်သစ်တွင် ပါဝင်ခွင့်ရ၍ ဂုဏ်ယူကြောင်း ဘက်ကာပြော






The Mirror Daily's photo.
 



ဆီဗီလာ ယူရိုပါလိဂ်အောင်ပွဲ၏ အဓိက သူရဲကောင်းကားလို့စ် ဘက်ကာအား လီဗာပူး၊ အေစီမီလန်၊ စပါး၊ မန်ချက်စတာ ယူနိုက်တက် အသင်းများက ခေါ်ယူရန် စိတ်ဝင်စား နေရာ ဘက်ကာက ¤င်း၏ အနာဂတ် အတွက် ကြိုတင်စဉ်းစားခြင်းမရှိဘဲ အရာအားလုံးမှာ ဘုရားသခင် အလိုအတိုင်းသာဖြစ်သည်ဟု တုံ့ပြန်ခဲ့သည်။ ဘက်ကာက လက်ရှိဆီဗီလာ ကစားသမားဘဝကို အပြည့်အဝ ကျေနပ်သော်လည်း နောက်နှစ် ဘောလုံးရာသီတွင် အပြောင်းအလဲ တစ်ခုဖြစ်နိုင်သေးကြောင်းလည်း ဆိုခဲ့သည်။

''ဒီနွေမှာ ဘာတွေဆက်ဖြစ်လာမလဲ ဆိုတာ ကျွန်တော်မသိပါဘူး။ ကျွန်တော့်အနာဂတ်ဟာ ဘုရားသခင် အလိုကျအတိုင်းပဲပေါ့ဗျာ။ ဒါပေမယ့် ဆီဗီလာက ဒီနှစ်မှာ ချန်ပီယံလိဂ်ဝင် ခွင့် ကစားရမှာဆိုတော့ ဒါကလည်း ကျွန်တော့်အိပ်မက်ပါ။ ကျွန်တော် ငယ်ငယ်ကတည်းက ချန်ပီယံလိဂ် ပွဲတွေကို ရုပ်မြင်သံကြားမှာ ကြည့်ရှုရ တာ ဘာနဲ့မှမတူတဲ့ ခံစားချက်တစ်ခု ဖြစ်ခဲ့ပြီး အခုကိုယ်တိုင် ဝင်ကစားရမှာ ဖြစ်တဲ့အတွက် ဒီကလည်း မထွက်ခွာ ချင်ပါဘူး။ အခုဆို ကျွန်တော့်ကို ဥရောပအသင်းကြီး အတော်များများ က စိတ်ဝင်စားနေတဲ့အပေါ်လည်း တကယ့်ကို ဂုဏ်ယူမိပါတယ်''ဟု ဘက်ကာက ပြောကြားခဲ့သည်။
ဘက်ကာက ယူရိုပါလိဂ်ဗိုလ်လုပွဲကစားပြီးနောက် စိတ်လှုပ်ရှားလွန်း၍ ငိုခဲ့မိကြောင်း၊ ဆီဗီလာ၏ ယူရိုပါလိဂ် စံချိန်သစ်တွင် တစ်စိတ်တစ်ပိုင်း အဖြစ် ပါဝင်ခွင့်ရခြင်းအတွက် အလွန်ဂုဏ်ယူမိကြောင်းလည်း ပြောခဲ့သည်။
ရွိုင်ယန်ဟေဒင် စုစည်းသည်။

No comments:

Post a Comment