Sunday, May 31, 2015

အာဆင်နယ်အား တန်ပြန်တုံ့ပြန်ရန် ဝီရှိုင်းယားအား ဝင်းဂါးတိုက်တွန်း




The Mirror Daily's photo.
 

အာဆင်နယ်နည်းပြ အာစင်ဝင်းဂါးက ကွင်းလယ်လူ ဝီရှိုင်းယားအနေဖြင့် ဒဏ်ရာပြဿနာများ ကြုံတွေ့နေခဲ့စဉ်အတွင်း အာဆင်နယ်၏ စိတ်ရှည်သည်းခံခဲ့မှုများကို ကြည့်ခြင်းအားဖြင့် ၎င်းကိုအာဆင်နယ်က မည်မျှအလိုရှိခဲ့သည်ကို သိရှိနိုင်ကြောင်း၊ ထို့အတွက်ကြောင့် ကစားသမားကိုယ်တိုင် အသင်းအပေါ် တန်ပြန်တုံ့ပြန်ရမည်ဟု သတိပေးစကား ဆိုခဲ့သည်။ ဝီရှိုင်းယားက အာဆင်နယ်မှ ၎င်းအား ရောင်းချမည်ကို ပူပန်နေပြီး ယခုနှစ်နွေတွင်စာချုပ်သစ် ထပ်မံသက်တမ်းတိုးမြှင့်မှုတွင် ဝီရှိုင်းယား မပါဝင်ခြင်းမှာ အသင်းနှင့်ချုပ်ဆိုထားသော စာချုပ်သက်တမ်းသုံးနှစ် ကျန်ရှိနေ သေး၍ ဖြစ်ကြောင်းလည်း ဝင်းဂါးက တစ်ဆက်တစ်စပ်တည်းပင် ပြောကြားခဲ့သည်။

မန်စီးတီးက လီဗာပူးသို့ ပြောင်းရွှေ့ကစားမည့် ဂျိမ်းစ်မီနာ နေရာ၌ အစားထိုးရန် ဝီရှိုင်းယားအား အလိုရှိနေသည်။
ဝင်းဂါးက ''ကျွန်တော်သူ့ကို (၁၇)နှစ် အရွယ်ကတည်းက ပျိုးထောင်လာခဲ့တာပါဗျာ။ သူ့ကို အသင်းမှာပဲ အမြဲရှိနေစေချင်သလို စာချုပ်သက်တမ်းလည်း ထပ်မံတိုးမြှင့်ဖို့ရှိနေပါတယ်။ သူ့အပေါ် ကျွန်တော်တို့ ဘယ်လောက်အလိုရှိသလဲဆိုတာကို သူဒဏ်ရာရနေတုန်းက ပြုခဲ့တဲ့အသင်းရဲ့ ဆက်ဆံမှုအပေါ်ကြည့်ရင်သိမှာပါ''ဟု ပြောခဲ့သည်။

ဝီရှိုင်းယားမှာ လက်ရှိအာဆင်နယ် ကွင်းလယ်ကစားသမားများ ဖြစ်သော အိုဇေးလ်၊ ဖလာမီနီ၊ ကာဇိုလာတို့ ခြေစွမ်းပြနေသောကြောင့် ဒဏ်ရာပြဿနာများ ကြုံတွေ့ခဲ့ရပြီးနောက်ပိုင်း အင်္ဂလန်အသင်း ကစားဖော်ဝဲလ်ကော့နှင့်အတူ အသင်း၏ ပထမဦးစားပေး ကစားသမားစာရင်းတွင် ပါဝင်ခွင့် ပျောက်ဆုံးနေသော ကစားသမားလည်း ဖြစ်သည်။ အာဆင်နယ်၏ ဝက်ဘရွန်းနှင့် ပရီမီယာလိဂ် ရာသီပိတ်ပွဲစဉ်တွင် ဝီရှိုင်းယားနှင့် ဝဲလ်ကော့ တို့ နှစ်ဦးစလုံး ဂိုးသွင်းယူကာ ခြေစွမ်းပြခဲ့ကြသည်။
ရွိုင်ယန်ဟေဒင် စုစည်းသည်။

No comments:

Post a Comment