Sunday, May 31, 2015

အပြည်ပြည်ဆိုင်ရာ စွန့်ပစ်ပစ္စည်းများ ရေရှည်စီမံခန့်ခွဲမှုဆိုင်ရာ ညီလာခံ ဟောင်ကောင်မြို့၌ ကျင်းပ

 
 
 Myanmaalinn's photo.
 
နေပြည်တော် မေလ ၃ဝ
ဟောင်ကောင်မြို့ Hong Kong Convention and Exhibition Center တွင် ၂ဝ၁၅ ခုနှစ် မေ ၂ဝ ရက်မှ ၂၃ ရက်အထိ ကျင်းပသည့် အပြည်ပြည်ဆိုင်ရာ စွန့်ပစ်ပစ္စည်းများ ရေရှည်စီမံခန့်ခွဲမှုဆိုင်ရာ ညီလာခံ (International Conference on Solid Waste 2015) သို့ ပတ်ဝန်း ကျင်ထိန်းသိမ်းရေးနှင့် သစ်တော ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ သက်သက်ဇင် ခေါင်း ဆောင်သည့် မြန်မာကိုယ်စားလှယ် အဖွဲ့ တက်ရောက်သည်။
၂ဝ၁၅ ခုနှစ် အပြည်ပြည်ဆိုင်ရာ စွန့်ပစ်ပစ္စည်းများ စီမံခန့်ခွဲမှုဆိုင်ရာ ညီလာခံ ဖွင့်ပွဲအခမ်းအနားတွင် ဟောင်ကောင်အထူးအုပ်ချုပ်ခွင့်ရ ဒေသ၊ Hong Kong Baptist University မှ ပါမောက္ခ Dr. Joh- nathan Wong ၊ President ပါမောက္ခ Dr. Albert S.C Chan ၊ Secretary of the Environment, Mr. Kam-Sing Wong၊ မြန်မာ နိုင်ငံ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဒေါက်တာ ဒေါ်သက်သက်ဇင် နှင့် အမေရိကန်ပြည်ထောင်စု Colu- mbia University မှ ပါမောက Dr. Nickolas J. Themelis တို့က အဖွင့်အမှာစကား ပြောကြားကြသည်။
ညီလာခံတွင် ကျွမ်းကျင်သူပညာ ရှင်များနှင့် တက္ကသိုလ်များမှ သုတေ သနပညာရှင်များက ကမ္ဘာ့နိုင်ငံများ၏ စွန့်ပစ်ပစ္စည်းများ စီမံခန့်ခွဲမှုဆိုင်ရာ ရှုထောင့်များ၊ စွန့်ပစ်ပစ္စည်းများအား မြေဖို့ခြင်းနှင့် အရည်ဖျော်ထုတ်ပြီး ဓာတ်သတ္တုရည်များကို သန့်စင်ခြင်း၊ စွန့်ပစ်ပစ္စည်းစီမံခန့်ခွဲမှုနှင့် မဟာ ဗျူဟာများ၊ မိလ္လာအညစ်အကြေး စီမံခန့်ခွဲမှုနှင့် သန့်စင်မှု၊ စွန့်ပစ် အမှိုက်မှ ဇီဝလောင်ကျွမ်းမှုနည်း ပညာဖြင့် ပြန်လည်အသုံးပြုနိုင် သည့် ပစ္စည်းများ၊ ဓနဥစ္စာရရှိအောင် ဆောင်ရွက်မှုများ၊ မြေဆွေးဖြစ် အောင် ပြုလုပ်ခြင်း၊ ဇီဝဗေဒဆိုင်ရာ သန့်စင်မှုနှင့် ဇီဝထုတ်ကုန်များ၊ စွန့်ပစ်ပစ္စည်းအသုံးချမှုနှင့် ပြန်လည် အသုံးပြုမှု၊ ဘေးအန္တရာယ်ရှိသော စွန့်ပစ်ပစ္စည်းနှင့် စက်မှုလုပ်ငန်း ဆိုင်ရာ စွန့်ပစ်ပစ္စည်းစီမံခန့်ခွဲမှု၊ စွန့်ပစ်ပစ္စည်းစုဆောင်းမှု၊ ခွဲခြားမှု၊ အမျိုးအစားများကို ဖော်ပြခြင်းနှင့် ဇီဝစွမ်းအင်ဆိုင်ရာ စာတမ်း ၁၅ဝ ဖတ်ကြားတင်ပြကြသည်။ ညီလာခံ ဆောင်ပုဒ်အရ စွန့်ပစ်ပစ္စည်းများ စီမံခန့်ခွဲမှုဆိုင်ရာ ပိုစတာပြိုင်ပွဲတွင် ပိုစတာပေါင်း ၁၈၃ ခု ပါဝင် ယှဉ်ပြိုင် ပြသကြသည်။
၂ဝ၁၅ ခုနှစ် အပြည်ပြည်ဆိုင်ရာ စွန့်ပစ်ပစ္စည်းများ စီမံခန့်ခွဲမှု ဆိုင်ရာညီလာခံ ပိတ်ပွဲအခမ်းအနား တွင် ဒုတိယဝန်ကြီးက စွန့်ပစ်ပစ္စည်း စီမံခန့်ခွဲမှုဆိုင်ရာ ပိုစတာပြိုင်ပွဲတွင် အကောင်းဆုံးဆုရရှိသူ သုံးဦးအား ဂုဏ်ပြုမှတ်တမ်းလွှာကို ပေးအပ် သည်။ မေ ၂၃ ရက်တွင် မြန်မာ ကိုယ်စားလှယ်အဖွဲ့သည် ညီလာခံ တက်ရောက်လာကြသူများနှင့် အတူ ကွင်းဆင်းလေ့လာရေး သွားရောက် ခဲ့ကြောင်းသိရသည်။ (သတင်းစဉ်)

No comments:

Post a Comment