Sunday, May 31, 2015

ရီးရဲမက်ဒရစ်နည်းပြဖြစ်လာတော့မယ့် ဘင်နီတက်ဇ်

 
 
 Myanmaalinn's photo.
 
အီတလီစီးရီးအေ နောက်ဆုံးပြိုင်ပွဲအပြီး နာပိုလီမှထွက်ခွာမှာဖြစ်ကြောင်း ရာဖေးလ်ဘင်နီတက်ဇ်က အတည်ပြု ပြောကြားလိုက်ပါတယ်။ အသက် ၅၅ နှစ်အရွယ်ရှိ စပိန်နိုင်ငံသား ဘင်နီတက်ဇ်ဟာ အန်ဆယ်လော့တီနေရာမှာ ဆက်ခံဖို့ ရေပန်းစားနေတဲ့သူတစ်ဦးဖြစ်ပါတယ်။ နာပိုလီမှာ နှစ်နှစ်ကြာနေခဲ့ပြီးတဲ့နောက် မကြာမီမှာ ထွက်ခွာတော့မှာ ဖြစ်ပါတယ်လို့ ဘင်နီတက်ဇ်က ဆိုပါတယ်။ တနင်္ဂနွေနေ့ပွဲဟာ ကျွန်တော့်အတွက် အလွန်အရေးကြီးတဲ့ပွဲပါ။ နှစ်နှစ် တာအတွင်းမှာ အောင်မြင်မှုတွေနဲ့ အဆုံးသတ်သွားချင်ပါတယ်လို့ သူက ဆိုပါတယ်။ စတုတ္ထနေရာရောက် နာပိုလီ အသင်းဟာ တတိယနေရာမှ လာဇီယိုအသင်းနဲ့ စီးရီးအေနောက်ဆုံးပွဲအဖြစ် ကစားရမှာဖြစ်ပါတယ်။ ဒီပွဲမှာ အနိုင် ရမယ်ဆိုရင် နာပိုလီတို့ ချန်ပီယံလိဂ်ဝင်ခွင့်နေရာ ရမှာဖြစ်ပါတယ်။ နာပိုလီအသင်းဟာ ပြိုင်ဘက် လာဇီယိုနဲ့ သုံးမှတ် ကွာနေတာဖြစ်ပါတယ်။ နိုင်ပွဲတစ်ပွဲလိုအပ်နေပါတယ်။ ဒီပွဲမှာ အနိုင်ရခဲ့မယ်ဆိုရင် ချန်ပီယံလိဂ်ဝင်ခွင့်နေရာ ရမှာဖြစ် ပါတယ်။ နည်းပြ ဘင်နီတက်ဇ်အနေနဲ့ သူ့ရဲ့ နာပိုလီအသင်းကို နိုင်ပွဲရအောင် ကြိုးစားပေးပြီး နှုတ်ဆက်ထွက်ခွာသွား တော့မှာ ဖြစ်ပါတယ်။
ကောင်းမြတ်သူ

No comments:

Post a Comment