Sunday, May 31, 2015

ပြည်ထောင်စုရှေ့နေချုပ်ရုံး၏ မဟာဗျူဟာစီမံကိန်း ငါးနှစ်အစီအစဉ် ညှိနှိုင်းဆွေးနွေးပွဲကျင်းပ


 
နေပြည်တော် မေ ၃ဝ
ယနေ့ ကမ္ဘာတွင် သင်တန်းတစ်ခုတည်းဖြင့် မလုံ လောက်တော့ဘဲ နိုင်ငံတကာ ဥပဒေလောကနှင့် ထိတွေ့ မှုမှာ အရေးပါလာကြောင်းဖြင့် ပြည်ထောင်စုရှေ့နေချုပ် ဒေါက်တာထွန်းရှင်က မေ ၂၉ ရက်က ပြောကြားခဲ့သည်။
ပြည်ထောင်စုရှေ့နေချုပ်ရုံး၏ မဟာဗျူဟာစီမံကိန်း ငါးနှစ်အစီအစဉ် ညှိနှိုင်းဆွေးနွေးပွဲ ဖွင့်ပွဲအခမ်းအနားကို ပြည်ထောင်စုရှေ့နေချုပ်ရုံး မြေညီထပ်အစည်းအဝေးခန်းမ ၌ကျင်းပစဉ် ပြည်ထောင်စုရှေ့နေချုပ်က ယင်းကဲ့သို့ ပြော ကြားခဲ့ခြင်းဖြစ်သည်။
ပြည်ထောင်စုရှေ့နေချုပ်က လွန်ခဲ့သော လေးနှစ် ကျော်ကာလအတွင်း ပြည်ပတက္ကသိုလ်များ၊ အလုပ်ရုံဆွေး နွေးပွဲများ၊ နှီးနှောဖလှယ်ပွဲများနှင့် ကာလတိုသင်တန်း များသို့ ထူးချွန်သော ဥပဒေအရာရှိများအား ရွေးချယ် စေလွှတ်၍ ဥပဒေပညာများကို တက်ရောက်သင်ကြား စေခဲ့ပါကြောင်း၊ ယင်းလုပ်ငန်းစဉ်များကို ရှေးရိုးဆန်သော နည်းလမ်းမှ ခေတ်မီဆန်းသစ်သော နည်းလမ်းသို့ ရွှေ့ပြောင်းဆောင်ရွက်ခဲ့ပါကြောင်း ဆက်လက်ပြောကြား ခဲ့သည်။
အပြည်ပြည်ဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ ၄၅ ခုကို ပြည်ထောင်စုရှေ့နေချုပ်ရုံးက ကမ္ဘာ့ဥပဒေပညာရှင်များနှင့် ပူးပေါင်း၍ နေပြည်တော်တွင် ကျင်းပပြီးဖြစ်ကြောင်း သိရသည်။
ပြည်ထောင်စုရှေ့နေချုပ်ရုံး၏ ငါးနှစ်စီမံကိန်းသည် ဝန်ကြီးဌာနများသို့ ဥပဒေအကြံÓဏ်ပေးခြင်း၊ ဥပဒေစိစစ် ပေးခြင်းနှင့် တရားစွဲအမှုလိုက်ခြင်းလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် မဟာဗျူဟာဖြစ်ကြောင်း၊ အပြည်ပြည်ဆိုင်ရာစာချုပ်များ၊ စီးပွားရေးစာချုပ်များကို စိစစ်ပေးရခြင်းတစ်ခုတည်းမဟုတ်တော့ဘဲ ခက်ခဲနက်နဲ သော ဥပဒေစီးပွားရေးပြဿနာများကို ဥပဒေနှင့်အညီ ဖြေရှင်းခြင်းနှင့် အပြည်ပြည်ဆိုင်ရာ နယ်ပယ်များတွင် အမှုလိုက်ပါ ဆောင်ရွက်ခြင်းများကို ဆောင်ရွက်ရကြောင်း၊ ယင်းသည် အစဉ်အလာအရတည်ရှိသော တရားစွဲအမှု လိုက်ကဏ္ဍသည် တတိယရှုထောင့်ဖြစ်ကြောင်း၊ ယင်းသည် အစဉ်အလာရှေးရိုးစွဲဆန်သောနည်းလမ်းမှ ဈေးကွက် စီးပွားရေးစနစ်နှင့်အညီ ဖြစ်ပေါ်နေသော အမှုများအပေါ် သုံးသပ်ပြီး အဆင့်မြှင့်တင်ဆောင်ရွက်ရန်ရည်ရွယ်ပါကြောင်း ဖြင့်လည်း ပြည်ထောင်စုရှေ့နေချုပ်က ပြောကြားခဲ့သည်။
ထို့နောက်UNDP မှ လေ့လာသူအဖြစ်တက်ရောက် သော Chief Technical Advisor, Ms.Caitlin Reiger က ၄င်းသည် လွန်ခဲ့သည့် ၂ဝ၁၃ ခုနှစ်ကတည်းက ပြည်ထောင်စုရှေ့နေချုပ်ရုံးသို့ ရောက်ရှိခဲ့ပြီးJustice Sector နှင့် စပ်လျဉ်း၍ ကူညီဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ မဟာဗျူဟာစီမံကိန်းအား အကောင်အထည် ဖော်ရာတွင် အကူအညီများလိုအပ်ပါကUNDP အနေ ဖြင့် အကူအညီများပေးရန် အသင့်ရှိပါကြောင်း ပြောကြား သည်။
ယင်းနောက် ဆွေးနွေးပွဲကို ဆက်လက်ကျင်းပခဲ့သည်။
မွန်းလွဲပိုင်းတွင် လူကုန်ကူးမှုတားဆီးကာကွယ်ရေးအဖွဲ့၏ ဥပဒေရေးရာနှင့် တရားစွဲဆိုရေးဆိုင်ရာလုပ်ငန်း အဖွဲ့ ဥက္ကဋ္ဌ ဒုတိယရှေ့နေချုပ် ဦးထွန်းထွန်းဦး ဦးစီး၍ လက်ရှိဆောင်ရွက်နေသော ပြည်တွင်းပြည်ပလူကုန်ကူးမှု တားဆီးကာကွယ်ရေးဆိုင်ရာ ကိစ္စရပ်များ၊ ဆောင်ရွက်ဆဲ ဖြစ်သည့် လူကုန်ကူးမှုတားဆီးကာကွယ်ရေးဥပဒေ ၂ဝ၁၅ ကို ပြန်လည်သုံးသပ်ရေး ကိစ္စရပ်များနှင့် သြစတြေးလျ- အာရှ လူကုန်ကူးမှုတိုက်ဖျက်ရေးစီမံကိန်း (AAPTIP) က မြန်မာနိုင်ငံနှင့် စပ်လျဉ်း၍ ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းများကို ညှိနှိုင်းဆွေးနွေးခဲ့ကြကြောင်း သတင်း ရရှိသည်။
(ကြေးမုံ)

No comments:

Post a Comment