Sunday, May 31, 2015

အလိုမရှိရင် ထွက်ဖို့အသင့်ပဲလို့ဆိုတဲ့ ရွိုင်းဟော့ဆင်

 
 
 Myanmaalinn's photo.
 
အင်္ဂလန်နည်းပြ ရွိုင်းဟော့ဆင်က သူ့ကို အလိုမရှိဘူးလိုဆိုရင် ယူရို ၂ဝ၁၆ အပြီးမှာ အသင်းကနေ ထွက်ပေးသွားဖို့ အသင့်ပဲလို့ ပြောဆိုလိုက်ပါတယ်။ အသက် ၆၇ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ရွိုင်းဟော့ဆင်အနေနဲ့ ၂ဝ၁၂ ခုနှစ် မေလက လေးနှစ်စာချုပ်ထားတာဖြစ်ပါတယ်။ ၂ဝ၁၄ ခုနှစ် ကမ္ဘာ့ဖလားမှာ တစ်ပွဲမှ အနိုင်မရခဲ့ပေမယ့် သူ့ရဲ့နည်းပြအလုပ်က တော့ မြဲနေဆဲဖြစ်ပါတယ်။ သို့ပေမယ့် အင်္ဂလန်အသင်းဟာ ကမ္ဘာ့ဖလားအပြီးမှာ ရှစ်ပွဲဆက် ရှုံးပွဲမရှိ ရပ်တည်နေတဲ့ အသင်းဖြစ်ပြီး ယူရို ၂ဝ၁၆ ခြေစစ်ပွဲမှာ ရာနှုန်းပြည့် အောင်မြင်မှုရရှိထားတဲ့ အသင်းဖြစ်ပါတယ်။ အင်္ဂလန်နည်းပြအဖြစ် ကိုင်တွယ်ခဲ့တဲ့ အဲရစ်ဆင်နဲ့ ကာပယ်လိုတို့ဟာ လက်ရှိနည်းပြ ရွိုင်းဟော့ဆင်လောက် အောင်မြင်မှုမရခဲ့ဘူးလို့ ဆိုပါ တယ်။ သို့ပေမယ့် အင်္ဂလန်အသင်းတာဝန်ရှိသူတွေက ရွိုင်းဟော့ဆင်ကို အလိုမရှိတဲ့ အနေအထားနဲ့ ဝေဖန်ပြောဆို မှုတွေရှိနေတယ်လို့ ဆိုပါတယ်။ သို့ပေမယ့် အက်ဖ်အေအသင်းဥက္ကဋ္ဌ ဂရက်ဒိုင်ကေးကတော့ လာမယ့်နှစ်အတွင်းမှာ ရွိုင်းဟော့ဆင်နဲ့ ထပ်မံစာချုပ်ဖို့ ဆွေးနွေးသွားမယ်လို့ ဆိုပါတယ်။ အင်္ဂလန်အသင်းဟာ ၂ဝ၁၄ ကမ္ဘာ့ဖလားမှာ အောင်မြင်မှုမရခဲ့ပေမယ့် ၂ဝ၁၆ ယူရိုခြေစစ်ပွဲနဲ့ ခြေစမ်းပွဲတွေမှာတော့ အောင်မြင်မှုတွေ ဆက်တိုက်ရရှိနေတဲ့ အသင်း ဖြစ်ပါတယ်။
ကောင်းမြတ်သူ

No comments:

Post a Comment