Sunday, May 31, 2015

ပီရက်ဇ်ရဲ့ စီမံကိန်းတွေကြောင့်မပျော်မရွှင်ဖြစ်နေတဲ့ စီရိုနယ်လ်ဒို





The Mirror Daily's photo.


ရီးယဲလ်ဥက္ကဋ္ဌ ပီရက်ဇ်သည် အန်စလော့တီအား ထုတ်ပယ်ကာ ဘင်နီတက်ဇ်အား အစားထိုးခန့်အပ်ခဲ့ခြင်း၊ ဂါရတ်ဘေးလ်အပေါ် မမျှမတ ဆက်ဆံနေခြင်းတို့ကြောင့် အဆိုပါ ကိစ္စရပ်များအပေါ် စီရိုနယ်လ်ဒိုက မနှစ်ခြိုက်နိုင်ခဲ့သည့်အတွက် လာမည့်နွေရာသီ အပြောင်းအရွှေ့ ကာလ၌ ရီးယဲလ်မှထွက်ခွာရန် အလားအလာကောင်းနေပြီ ဖြစ်သည်။ စပိန်နိုင်ငံထုတ် ဒွန်ဘလွန်စာစောင်တွင် အန်စလော့တီ ထွက်ခွာသွားပြီးနောက် တိုက်စစ်မှူးစီရို နယ်လ်ဒိုနှင့် ဥက္ကဋ္ဌပီရက်ဇ်တို့ကြား ဆက်ဆံရေးမှာ အေးစက်လာခဲ့ပြီး ပီရက်ဇ်၏ဆုံးဖြတ်ချက်များကို ရိုနယ်လ် ဒိုဘက်က လက်ခံရန် ခက်ခဲနေခဲ့သည်ဟု ဖော်ပြခဲ့သည်။

ထို့ကြောင့် စီရိုနယ်လ်ဒိုက ၎င်း၏ အနာဂတ်နှင့် ပတ်သက်၍ ပီရက်ဇ်နှင့် တွေ့ဆုံဆွေးနွေးသွားရန်တောင်းဆိုထားသည်။ အဆိုပါပေါ်တူဂီတိုက်စစ်မှူးသည် နည်းပြအန်စလော့တီထွက်ခွာသွားခြင်းအပေါ် မပျော်ရွှင်နိုင်ဘဲ ၎င်းအီတလီနည်းပြကိုပင် စာချုပ်သက်တမ်းကုန်ဆုံးသည်အထိ ရီးယဲလ်အား ဆက်လက်ကိုင်တွယ်ခွင့်ပေးသင့်ကြောင်း လူသိရှင်ကြားဝေဖန်ပြောဆိုမှုများ ပြုလုပ်ခဲ့သည်။ ထို့ပြင် စီရိုနယ်လ်ဒို၏ နှစ်(၃ဝ)ပြည့်မွေးနေ့ပွဲ ကျင်းပခဲ့ရာတွင် ကလပ်အသင်း တာဝန်ရှိသူများက တက်ရောက်ခြင်းမရှိခဲ့သည်ကိုလည်း ကစားသမားဖက်မှ စိတ်ကွက်နေမှုများ လည်းရှိခဲ့သည်။ တစ်ဖက်တွင်လည်း ပီအက်စ်ဂျီအသင်း က စီရိုနယ်လ်ဒိုအတွက် ပြောင်းရွှေ့ကြေး ယူရို ၁၂၅ သန်းကိုပင် ပေးချေရန် အသင့်ရှိနေသည်ဟု ဆိုထားခဲ့ရာ အသင်းနှင့် စာချုပ်သက်တမ်းနှစ်နှစ်သာ ကျန်ရှိတော့သည့် စီရိုနယ်လ်ဒို၏ ရီးယဲလ်မှ ထွက်ခွာခွင့် ကိစ္စရပ်မှာ ပီရက်ဇ်၏ ထွက်ခွာခွင့်ပေး၊ မပေးဆိုသည့်ဆုံးဖြတ်ချက် အပေါ်တွင်သာ မူတည်နေသည်။
ရွိုင်ယန်ဟေဒင် စုစည်းသည်။

No comments:

Post a Comment