Sunday, May 31, 2015

မှော်ဘီမြို့နယ်ရှိ မြွေဆိပ်ဖြေဆေးထုတ်လုပ်ရေးဌာနခွဲမှ အင်းစိန်စက်ရုံသို့ မြွေဆိပ်ဖြေဆေးထုတ်လုပ်ပေးမည်


 
ရန်ကုန် မေ ၃ဝ
စက်မှုဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးမောင်မြင့်သည် ယနေ့ နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး မှော်ဘီမြို့နယ်ရှိ စက်မှုဝန်ကြီးဌာန မြန်မာ့ဆေးဝါးလုပ်ငန်း(အင်းစိန်) ကြီးကြပ်မှုအောက်ရှိ မြွေဆိပ် ဖြေဆေးထုတ်လုပ်ရေးဌာနခွဲ(မှော်ဘီ)သို့ သွားရောက်ကြည့်ရှုစစ်ဆေးရာ စက်ရုံမှူး ဦးဝင်းကိုကိုက ဆေးဝါး စက်ရုံ(အင်းစိန်)ရှိ မွေးမြူရေးဌာန အား မြွေဆိပ်ဖြေဆေးထုတ်လုပ် ရေးဌာနခွဲ(မှော်ဘီ)သို့ ပြောင်းရွှေ့ ပြီးစီးမှုအခြေအနေ၊ မြင်းများ၊ သိုးများ ထားရှိရန် အဆောက်အအုံများ ဆောက်လုပ်ထားရှိမှုကို ရှင်းလင်း တင်ပြသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီး က မြွေဆိပ်ဖြေဆေးထုတ်လုပ်မှု နည်းပညာများနှင့် ပတ်သက်၍ ပြည်ပနိုင်ငံများတွင် သွားရောက် လေ့လာသင်ယူခဲ့ကြသည့် ဝန်ထမ်း များအနေဖြင့် ကိုယ့်နိုင်ငံ ကိုယ့်ဒေသနှင့် ကိုက်ညီမှုအပေါ် ပေါင်းစပ်လုပ်ကိုင်သွားကြရန်၊ ပြည်ပ မှပညာရှင်များက နည်းပညာနှင့် ပတ်သက်၍ လာရောက်သင်ကြား ပြသမှုအပေါ် ဝန်ထမ်းများအနေဖြင့် လုပ်ငန်းအောင်မြင်စွာ လုပ်ကိုင်နိုင် ရန်အတွက် ပေါင်းစပ်ညှိနှိုင်းပြီး အလုပ်ရုံဆွေးနွေးပွဲများ ဆက်လက် ပြုလုပ်ရန် မှာကြားသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီး သည် မြွေပွေး၊ မြွေဟောက်များမှ မြွေဆိပ်ထုတ်ယူမှု၊ မြွေများစနစ်တကျ မွေးမြူထားရှိမှု၊ မြင်းများအား ချိန် တွယ်၍ မြင်းသွေးထုတ်နေမှု၊ မြင်း များ၊ လားများ၊ သိုးများနှင့် ကြွက် ဖြူများ စနစ်တကျမွေးမြူထားရှိမှု တို့ကို ကြည့်ရှုစစ်ဆေးခဲ့သည်။
မှော်ဘီမြို့နယ်ရှိ မြွေဆိပ်ဖြေဆေး ထုတ်လုပ်ရေးဌာနခွဲမှ မြွေဆိပ်ဖြေ ဆေးထုတ်လုပ်ရန် မြင်းများ၊လားများ၊ သိုးများမှ စမ်းသပ်ပြီး ရရှိသွေးရည် ကြည်များအား မြန်မာ့ဆေးဝါးလုပ်ငန်း ဆေးဝါးစက်ရုံ(အင်းစိန်)တွင် အသစ် တည်ဆောက်လျက်ရှိသည့် မြွေဆိပ် ဖြေဆေးစက်ရုံသို့ မြွေဆိပ်ဖြေဆေး ထုတ်လုပ်ရန် ပို့ဆောင်ပေးသွားမည် ဖြစ်ကြောင်းသိရသည်။
(သတင်းစဉ်)

No comments:

Post a Comment