Sunday, May 31, 2015

ကျူးဘားကို အကြမ်းဖက်စာရင်းမှ အမေရိကန် ပယ်ဖျက်ပေး


 
ဝါရှင်တန် မေ ၃ဝ
အမေရိကန်ပြည်ထောင်စုက ကျူးဘားနိုင်ငံကို အကြမ်းဖက်နိုင်ငံအဖြစ် စာရင်းသွင်းထားခြင်းမှ ပယ်ဖျက်လိုက်ပြီဖြစ်ကြောင်း ယနေ့သတင်းများတွင် ဖော်ပြသည်။
နှစ်နိုင်ငံသံတမန်ဆက်ဆံရေး ပြန်လည်ထူထောင်ရာ၌ အဓိကအတား အဆီးကို အဆိုပါလုပ်ဆောင်ချက်ဖြင့် ဖြေရှင်းနိုင်ခဲ့ပြီဖြစ်သည်။
ကျူးဘားနိုင်ငံသည် အမေရိကန်ပြည်ထောင်စု၌ ဘဏ်လုပ်ငန်းနှင့် အခြားလုပ်ငန်းများကို အဆိုပါပြောင်းလဲမှုကြောင့် ပြုလုပ်ခွင့်ရရှိသွားသည်။
အမေရိကန်သမ္မတ ဘာရက်အိုဘားမားက ကျူးဘားနိုင်ငံနှင့် သံတမန် ဆက်သွယ်မှု ပြန်လည်ထူထောင်မည်ဖြစ်ကြောင်း ဒီဇင်ဘာလတွင် ထုတ်ပြန် ကြေညာခဲ့သော်လည်း ကျူးဘားနိုင်ငံအပါ် အမေရိကန်၏ကုန်သွယ်ရေး ပိတ်ဆို့ထားမှုများ တရားဝင်ရှိနေဆဲဖြစ်သည်။
ယင်းပိတ်ဆို့မှုကို ကွန်ဂရက်က အဆုံးသတ်ပေးနိုင်မည်ဖြစ်သည်။
ဝါရှင်တန်နှင့် ဟာဗားနား၌ သံရုံးများအပြန်အလှန် ဖွင့်လှစ်ရေးအပါအဝင် သံတမန်ဆက်ဆံရေး ပြန်လည် ထူထောင်ရေးအတွက် အသေးစိတ်ဆေွးနွေးကြရန် နှစ်နိုင်ငံခေါင်းဆောင်များ တွေ့ဆုံရာ၌ ကျူးဘားနိုင်ငံ၏ အဓိက တောင်းဆို ချက်တွင် အဆိုပါအကြမ်းဖက်နိုင်ငံစာရင်းမှ ပယ်ဖျက်ရေးပါဝင်သည်။
ရိုက်တာ။

No comments:

Post a Comment