Sunday, May 31, 2015

စားသုံးရန်မသင့်သော စားသောက်ကုန် တာချီလိတ်မြို့တွင် ဖျက်ဆီး




The Mirror Daily's photo.
တာချီလိတ် မေ ၃ဝ

စားသုံးရန်မသင့်၍ ပြည်သူ့ဘဏ္ဍာအဖြစ် သိမ်းဆည်းထားသောခန့်မှန်း တန်ဖိုး ကျပ် ၂ ဒသမ ၈၆၅ သန်း တန်ဖိုးရှိ စားသောက်ကုန်များကို တာချီလိတ်မြို့နယ် အကောက်ခွန်ဦးစီးဌာနမှူးရုံးအတွင်းတွင် ဖျက်ဆီးခဲ့ကြောင်း သိရသည်။


Mobile Team ဖမ်းဆီးမှု သုံးကြိမ်မှ အများပြည်သူ စားသုံးရန်မသင့်၍ပြည်သူ့ဘဏ္ဍာအဖြစ် သိမ်းဆည်း ထားသော ဘီယာများ၊ FDA ထောက်ခံချက်မပါရှိသော အချိုရည်များ၊ DRC ခွင့်ပြုချက်မပါရှိသော ဆေးဝါးများ၊ လူသုံးကုန်နှင့် စားသုံးရန်မသင့် သော စားသောက်ကုန်ပစ္စည်းများကို မေ ၂၈ ရက်က တာချီလိတ်မြို့နယ်၌ ဖျက်ဆီးခဲ့သည်။


ယင်းသို့ ဖျက်ဆီးရာတွင် စုစုပေါင်း ခန့်မှန်းတန်ဖိုးငွေကျပ်သန်း ၂ ဒသမ ၈၆၅ ရှိ စားသုံးရန်မသင့်၍ ပြည်သူ့ဘဏ္ဍာအဖြစ် သိမ်းဆည်းထားသော Eeo ဘီယာများ၊ စားသောက်ကုန် ပစ္စည်းများ FDA ထောက်ခံချက်မပါ ရှိသော Lactasoy ပဲနို့အချိုရည်များ၊ DRC ခွင်ပြုချက်မပါရှိသော Bashi Quick Slimming Capsule ဆေးဝါး များပင် ဖြစ်သည်။


ထို့အပြင် မြန်မာ့စိုက်ပျိုးရေး လုပ်ငန်းမှ ခွင့်ပြုချက် မရရှိထားသောဗူာငထ ပိုးသတ်ဆေးနှင့် ပေါင်းသတ်ဆေးစိုက်ပျိုးရေးသုံး ဆေးပစ္စည်များလည်းပါဝင်ပြီး ယင်းပစ္စည်းများအား တာချီလိတ်မြို့အကောက်ခွန်ဦးစီးဌာနမှူးရုံးအတွင်း၌ စနစ်တကျ ကျင်း
တူးပြီး ဖျက်ဆီးမှုကြီးကြပ်ရေးအဖွဲ့ဖြင့် စားသောက်ကုန်များအား ဖွင့်ဖောက်ကာ ကျင်းအတွင်းသို့ လောင်းထည့်၍ ဖျက်ဆီးခဲ့သည်။ယင်းနေ့က ကြီးကြပ်မှုအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အကောက်ခွန်ဦးစီးမှူး ဒုတိယညွှန်ကြားရေးမှူး ဦးကျော်ညွန့်အောင်နှင့် ကူးသန်းရောင်းဝယ်ရေးနှင့် စားသုံးသူရေးရာဦးစီးဌာန ဦးစီးအရာရှိ ဦးမောင်မောင် ဦးဆောင်သောအဖွဲ့ စုံဖြင့် စားသုံးရန်နှင့် သုံးစွဲရန်မသင့် သောပစ္စည်းများကိုဖျက်ဆီးခဲ့ကြသည်။ မော်ကြီး(တြိဂံနယ်မြေ)

No comments:

Post a Comment