Sunday, May 31, 2015

ဗီယက်နမ်ကို ကာကွယ်ရေးလက်နက်များ ရောင်းချရန် ခွင့်ပြုမည်ဟုဆို


 
စင်ကာပူ မေ ၃ဝ
တောင်တရုတ်ပင်လယ်အတွင်း တရုတ်နိုင်ငံ၏ ကျွန်းတုများ တည် ဆောက်ရေးစီမံကိန်းများကြောင့် အာရှ ပစိဖိတ်ဒေသတွင် တင်းမာမှု များ အရှိန်မြင့်နေစဉ် ဗီယက်နမ် နိုင်ငံသို့ ကာကွယ်ရေးလက်နက်များ ပိုမိုထောက်ပံ့ရန် လိုအပ်ကြောင်း အမေရိကန်အထက်လွှတ်တော်အမတ် ဂျွန်မက်ကိန်းက ယနေ့ပြောသည်။
သို့သော် ဟနွိုင်းကို လက်နက်များ ရောင်းချခြင်းမပြုရန် တားမြစ်ပိတ်ပင် ထားမှုအား နောက်ဆုံးဖြေလျှော့မှု အရ ရေကြောင်းကာကွယ်ရေး လက်နက်များကို အကန့်အသတ် ဖြင့်သာ ရောင်းချပေးရမည်ဖြစ် သည်။
အမေရိကန် ထိပ်တန်းတာဝန် ရှိသူတစ်ဦး၏အဆိုအရ ကာကွယ်ရေး ဝန်ကြီး အက်ရှ်တန်ကာတာသည် ဗီယက်နမ်တာဝန်ရှိသူများနှင့် လာမည့် ရက်ပိုင်းအတွင်း တွေ့ဆုံ၍ ခွင့်ပြုထား သော ရေကြောင်းကာကွယ်ရေး လက်နက်များ ထောက်ပံ့ရေးဆွေးနွေး မည်ဖြစ်သည်။
ဝန်ကြီးကာတာသည် ၁ဝ ရက်ကြာ မည့် အာရှခရီးစဉ်အစအဖြစ် စင်ကာပူ နိုင်ငံ၌ ကျင်းပသော နိုင်ငံတကာ လုံခြုံရေးညီလာခံတွင် မိန့်ခွန်းပြောခဲ့ သည်။
မဟာဗျူဟာလေ့လာရေး ထိပ်သီး ဆွေးနွေးပွဲဆိုင်ရာ နိုင်ငံတကာ အင်စတီကျုသို့ တက်ရောက်လျက် ရှိသည့် မက်ကိန်းက ဗီယက်နမ်အပေါ် ပိတ်ပင်ထားမှုကို တဖြည်းဖြည်း ဖယ်ရှားသွားခြင်းကို တွေ့မြင်လိုသော ဆန္ဒရှိသည်။ တရုတ်နိုင်ငံနှင့် ပဋိပက္ခ ဖြစ်ခဲ့သော် အသုံးပြုရန်အတွက် ဟနွိုင်းကို ကာကွယ်ရေးလက်နက်များ ပိုမိုထောက်ပံ့သင့်သည်ဟု ၄င်းက ပြောသည်။
၎င်းက ထပ်မံပြောကြားသည်မှာ လူ့အခွင့်အရေးချိုးဖောက်ရာ၌ လည်း ကောင်း၊ လူစုလူဝေးကို ထိန်းချုပ်ရာ၌ လည်းကောင်း အသုံးပြုမည့်လက်နက် များကို ဆက်လက်ပိတ်ပင်ထားရမည် ဖြစ်သည်။
တောင်တရုတ်ပင်လယ် အတွင်း ကာကွယ်ရေးစွမ်းရည်များ တိုးတက် လာစေရန် ရည်ရွယ်ပြီး ဗီယက်နမ် နိုင်ငံအပေါ် လက်နက်များ မရောင်း ချရန် ပိတ်ပင်ထားခြင်းအား အမေရိကန် နိုင်ငံက လွန်ခဲ့သည့်အောက်တိုဘာလ တွင် တစ်စိတ်တစ်ပိုင်း ဖြေလျှော့ပေးခဲ့ သည်။
ရိုက်တာ။

No comments:

Post a Comment