Saturday, September 30, 2017

ကာဒစ္စတန်သို့ပျံသန်းမည့် လေကြောင်းလိုင်းများ အီရတ်ပိတ်ဆို့







ဘဂ္ဂဒက် စက်တင်ဘာ ၂၉



အီရတ် ကာဒစ္စတန်သို့ ပျံသန်းမည့် လေကြောင်းလိုင်းများကို သောကြာနေ့ ညနေ ၆ နာရီမှစ၍ ပိတ်ဆို့လိုက်ပြီဖြစ်ကြောင်း သိရသည်။ ကာ့ဒ်ဒေသ၌ လွတ်လပ်ရေးအတွက် ဆန္ဒမဲပေး ပြီးနောက် ဗဟိုအစိုးရက ယင်းကဲ့သို့ ပိတ်ဆို့လိုက်ခြင်းပင်ဖြစ် သည်။
Erbil နှင့် Sulaimaniya တို့ရှိ လေဆိပ်များသို့ ပျံသန်းမည့် နိုင်ငံတကာလေကြောင်းလိုင်းများကိုလည်း ရပ်ဆိုင်း ရန် ဘဂ္ဂဒက်အစိုးရက သတိပေးထားပြီးဖြစ်ကြောင်း သိရသည်။
ကာ့ဒ်ဒေသအတွင်းရှိ ဒေသတွင်း လေကြောင်းလိုင်းများ မှာ မူလခရီးစဉ်များ ဆက်လက်ပြေးဆွဲလျက်ရှိပြီး ခရီးသွား အများစုကမူ အပြည်ပြည်ဆိုင်ရာလေကြောင်းလိုင်းများ စီးနင်း ရန် ဘဂ္ဂဒက်ရှိ လေဆိပ်မှတစ်ဆင့် သွားရောက်ရမည်ဖြစ်၍ ခရီးသည်များစုပြုံမှုနှင့် တွေ့ကြုံရနိုင်ကြောင်း ခန့်မှန်းထားကြ သည်။
ကာ့ဒ်ဒေသရှိ လေဆိပ်များမှာ အပြည်ပြည်ဆိုင်ရာ လေကြောင်းပျံသန်းမှု ၄ဝ မှ ၅ဝ ရာခိုင်နှုန်းခန့်ကို လက်ခံပေး လျက်ရှိကြောင်းSှulaimaniya လေဆိပ်မှ ညွှန်ကြားရေးမှူးက ဗုဒ္ဓဟူးနေ့တွင် ပြောသည်။
အီရတ်ရှိကာ့ဒ်များတွင် ၁ဝ ဦးလျှင် ကိုးဦးမှာ ခွဲထွက်ရေး အတွက် မဲပေးခဲ့ကြပြီး ယင်းဖြစ်ရပ်သည် အီရတ်အစိုးရကို ဒေါသထွက်စေခဲ့သည်။ ထို့အပြင်ဒေသတွင်း ပဋိပက္ခများ ဖြစ်ပွား မည်ကို စိုးရိမ်ကြသည့် အိမ်နီးချင်းများကိုလည်း ဒေါသထွက် စေခဲ့သည်။ (ရိုက်တာ)

မိုးသည်းထန်စွာရွာသွန်းမှုကြောင့် လူကူးတံတားတစ်စင်းပေါ်၌ လူအုပ်ပိမှုဖြစ်ပွား





နယူးဒေလီ စက်တင်ဘာ ၂၉



အိန္ဒိယနိုင်ငံ မွမ်ဘိုင်းမြို့တွင် သောကြာ နေ့နံနက်ခင်းက ဒေသမီးရထားဘူတာရုံ အနီးရှိ လူကူးတံတားတစ်စင်းပေါ်၌ လူအုပ်ပိမှုဖြစ်ပွားခဲ့ရာ လူ၁၅ ဦးထက် မနည်း သေဆုံးခဲ့ပြီး လူ၅ဝ ကျော် အပြင်းအထန် ထိခိုက်ဒဏ်ရာများရရှိ ခဲ့ကြောင်း ဒေသမီဒီယာက ဖော်ပြခဲ့ သည်။
ပို့ဆောင်ခဲ့
ဒေသခံ ရဲတပ်ဖွဲ့အာဏာပိုင်များ သည် သေဆုံးသူအရေအတွက်နှင့် ပတ်သက်၍ အတိအကျ ပြောဆိုခြင်း မရှိသေးပေ။ သို့သော် ဒဏ်ရာရရှိသူ အမြောက်အမြားကို ဆေးရုံသို့ ပို့ဆောင် ခဲ့ကြောင်း ဖြေကြားခဲ့သည်။
ကယ်ဆယ်ရေးလုပ်ငန်းများကို ဆက်လက် ဆောင်ရွက်နေကြောင်း ရထားပို့ဆောင်ရေးဌာန ပြောရေး ဆိုခွင့်ရှိသူက ဆင်ဟွာသို့ ပြောကြား ခဲ့သည်။
မလွယ်ကူသေး
လတ်တလောတွင် သေဆုံးသူအရေ အတွက်နှင့် ပတ်သက်၍ အတိအကျ ပြောဆိုနိုင်ရန် မလွယ်ကူသေးကြောင်း၊ စုံစမ်းစစ်ဆေးမှုများ ဆက်လက် ဆောင်ရွက်ပြီးမှသာလျှင် အသေးစိတ် အချက်အလက်များကို ဖော်ပြမည်ဖြစ် ကြောင်း အနီလ်ဆာဆီနာက ပြောကြား ခဲ့သည်။
ရဲတပ်ဖွဲ့နှင့် ရထားအာဏာပိုင်များ၏ပြောကြားချက်အရ လူအုပ်ပိမှုသည် ဒေသစံတော်ချိန်နံနက် ၉ နာရီ ၄၅ မိနစ် ဝန်းကျင်လောက်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ် ကြောင်း သိရသည်။
စုပြုံတိုးဝှေ့
မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် Lower Parelနှင့် Elphinstone ဘူတာရုံအနီးရှိ ကျဉ်းမြောင်းသော လူ ကူးတံတားပေါ်သို့ လူအများအပြား စုပြုံ တိုးဝှေ့ရောက်ရှိလာကြရာမှ လူအုပ်ပိမှု ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
နံနက်ခင်းတွင် မိုးသည်းထန်စွာ ရွာသွန်းခဲ့မှုက လူများအားတံတားပေါ်သို့ အလျင်အမြန်ပြေးတက်စေခဲ့ပြီး တံတား ပေါ်တွင် လူများစတင်ရွေ့လျားချိန်တွင် လူအုပ်ပိခဲ့ကြကြောင်း ရဲအရာရှိတစ်ဦး က ပြောကြားခဲ့သည်။
(ဆင်ဟွာ)

တရားဥပဒေစိုးမိုးရေးဌာနနှင့် တရားမျှတမှုဆိုင်ရာလုပ်ငန်းများ ပေါင်းစပ်ညှိနှိုင်းရေးအဖွဲ့၏ စတုတ္ထအကြိမ် အစည်းအဝေးကျင်းပ




 နေပြည်တော် စက်တင်ဘာ ၂၉



တရားဥပဒေစိုးမိုးရေးဌာနနှင့် တရားမျှတမှုဆိုင်ရာ လုပ်ငန်းများ ပေါင်းစပ်ညှိနှိုင်းရေးအဖွဲ့၏ စတုတ္ထအကြိမ် အစည်းအဝေးကို ယနေ့နံနက် ၉ နာရီတွင် ပြည်ထောင်စုရှေ့နေချုပ်ရုံး မြေညီထပ် အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အစည်းအဝေးတွင် တရားဥပဒေစိုးမိုးရေးဌာနနှင့် တရား မျှတမှုဆိုင်ရာလုပ်ငန်းများ ပေါင်းစပ်ညှိနှိုင်းရေးအဖွဲ့ဥက္ကဋ္ဌ ပြည်ထောင်စုရှေ့နေချုပ် ဦးထွန်းထွန်းဦးက အမှာစကား ပြောကြားရာ၌ တရားဥပဒေစိုးမိုးရေးနှင့် တရားမျှတမှုဆိုင်ရာ လုပ်ငန်းများကို ထိရောက်စွာ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက် ပေးနိုင်ရေးအတွက် တိုင်းဒေသကြီးနှင့် ပြည်နယ် အသီးသီး တွင် ပေါင်းစပ်ညှိနှိုင်းရေးအဖွဲ့ခွဲများကို ဖွဲ့စည်းထားပြီး ဖြစ်ကြောင်း။
ကချင်၊ စစ်ကိုင်း၊ မကွေး၊ ရန်ကုန်၊ ပဲခူး၊ ဧရာဝတီ၊ ရခိုင်၊ ရှမ်းနှင့် မ္တလေးတို့တွင် ပြည်သူများထံမှ တင်ပြချက် စုစုပေါင်း ၉၅ မှုကို လက်ခံရရှိခဲ့ပါကြောင်း၊ အဆိုပါတင်ပြချက်များ အပေါ် အဖွဲ့ခွဲများက သက်ဆိုင်ရာဌာနများနှင့် ပေါင်းစပ်ညှိနှိုင်း ပေးခြင်း၊ ဥပဒေနှင့်အညီ အယူခံလျှောက်ထားနိုင်ခွင့်များ အကြံပြုပြန်ကြားခြင်းနှင့် သက်ဆိုင်ရာရဲစခန်းတွင် အမှုဖွင့် နိုင်ကြောင်း အကြံပြုပြန်ကြားခြင်းများကို ဆောင်ရွက်ပေးနိုင် ခဲ့ပါကြောင်း၊ အဖွဲ့ခွဲတွင် အစိုးရဘက်မှ တာဝန်ရှိသူများ၊ အရပ်ဘက်လူမှုအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ၊ ဥပဒေ ပညာရှင်များဖြင့် ပေါင်းစပ်ဖွဲ့စည်းထားခြင်းဖြစ်၍ ညီညီ ညွတ်ညွတ် ပူးပေါင်းဆောင်ရွက်နိုင်ပါက တရားဥပဒေစိုးမိုးမှု တိုးတက်ကောင်းမွန်လာမည် ဖြစ်ပါကြောင်း။
အဖွဲ့လုပ်ငန်းများ အောင်မြင်ရေးအတွက် ပြည်တွင်း ပြည်ပ အဖွဲ့အစည်းများနှင့်လည်း ပူးပေါင်းဆောင်ရွက်မည် ဖြစ်ပါကြောင်း၊ တရားဥပဒေစိုးမိုးမှု တိုးတက်ကောင်းမွန်လာ ရေးအတွက် ရှေ့လုပ်ငန်းစဉ်များချမှတ်နိုင်ရန် ရည်ရွယ်၍ Rule of Law and Justice Sector Forum တစ်ရပ်ကို ကျင်းပရန် စီစဉ်လျက်ရှိပါကြောင်း။
အဆိုပါညီလာခံကို အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်ရမည်ဖြစ်ကြောင်း ပြောကြား သည်။
ထို့နောက် တက်ရောက်လာကြသူများက တရားဥပဒေ စိုးမိုးရေးနှင့် တရားမျှတမှုဆိုင်ရာလုပ်ငန်းများတွင် ဆောင်ရွက် သင့်သည့်ကိစ္စရပ်များ၊ ညီလာခံအတွက် ကြိုတင်ပြင်ဆင်ဆောင် ရွက်ရမည့်ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိ သည်။
(သတင်းစဉ်)

ယစ်မျိုးအက်ဥပဒေနှင့် မြေသိမ်းအက်ဥပဒေတို့အား အသစ်ရေးဆွဲနိုင်ရေး အလုပ်ရုံဆွေးနွေးပွဲ (ဒုတိယနေ့)နှင့် (တတိယနေ့)ကျင်းပ




 နေပြည်တော် စက်တင်ဘာ ၂၉



 ပြည်ထဲရေးဝန်ကြီးဌာန အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ ကျင့်သုံးလျက်ရှိ သော ဥပဒေ(၁၉)ခုအနက်မှ ၁၉၁၇ ခုနှစ်၊ ယစ်မျိုးအက်ဥပဒေနှင့် ၁၈၉၄ ခုနှစ်၊ မြေသိမ်းအက်ဥပဒေတို့ကို အသစ် ရေးဆွဲနိုင်ရေး အလုပ်ရုံဆွေးနွေးပွဲကို စက်တင်ဘာ ၂၇ ရက်မှ ၂၉ ရက်ထိ ပြည်ထဲရေးဝန်ကြီးဌာန စုစည်းခန်းမ၌ ကျင်းပရာ(ပထမနေ့)တွင် ပြည်ထဲရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် ဒုတိယဝန်ကြီးတို့က တက်ရောက်ဖွင့်လှစ် ပေးခဲ့ပြီး (ဒုတိယနေ့)နှင့် (တတိယနေ့)တို့တွင် ပြည်ထဲရေးဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန်၊ အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူး ချုပ် ဦးတင်မြင့်က ဆက်လက်ဦးဆောင် ဆွေးနွေးခဲ့သည်။
အဆိုပါ အခမ်းအနားသို့ ပြည်ထောင်စုလွှတ်တော် ဥပဒေရေးရာ နှင့် အထူးကိစ္စရပ်များ လေ့လာဆန်းစစ် သုံးသပ်ရေး ကော်မရှင်အဖွဲ့ဝင်များ၊ ပြည်ထဲရေးဝန်ကြီးဌာန အောက်ရှိ တပ်ဖွဲ့ /ဦးစီးဌာန အကြီးအကဲများ၊ ပြည်ထဲရေးဝန်ကြီးဌာန ဥပဒေရေးရာ အကြံပေးကော်မတီဝင်များ၊ ဆက်စပ် ဌာနဆိုင်ရာများမှ အကြီးအကဲများ၊ တိုင်းဒေသကြီး/ ပြည်နယ်အုပ်ချုပ်ရေး မှူးများနှင့် အထွေထွေအုပ်ချုပ်ရေးဦးစီး ဌာနမှ အငြိမ်းစားအရာရှိကြီးများ စုစုပေါင်းအင်အား ၅ဝ တက်ရောက်ခဲ့ သည်။
အလုပ်ရုံဆွေးနွေးပွဲတွင် အမြဲတမ်း အတွင်းဝန်က ၁၉၁၇ ခုနှစ်၊ ယစ်မျိုး စီမံ ခန့်ခွဲရေး ဥပဒေအသစ် ပြန်လည်ရေးဆွဲ ရေးကို ပထမနေ့တွင်လည်းကောင်း၊ ၁၈၉၄ ခုနှစ်၊ မြေသိမ်းအက်ဥပဒေကို ဒုတိယနေ့တွင်လည်းကောင်း ဆွေးနွေးခဲ့ ကြပြီး ယခု(တတိယနေ့)တွင် ပြန်လည် သုံးသပ်ဆွေးနွေးပွဲ ဆောင်ရွက်ခြင်း ဖြစ်ကြောင်း။
တက်ရောက်လာကြသူများ အနေ ဖြင့် ယစ်မျိုးဥပဒေနှင့် မြေသိမ်းဥပဒေ တို့အား အသစ်ပြန်လည်ရေးဆွဲရေးတွင် ဥပဒေအားနည်းချက်များ မဖြစ်ပေါ်စေ ရေးနှင့် ဥပဒေရေးထုံး/ရေးနည်း မှန်ကန် စေရေးနှင့် အများပြည်သူအကျိုးစီးပွား အတွက် ရည်ရွယ်၍ အထူးဂရုပြု ဆွေးနွေး ဆောင်ရွက်ပေးကြသည့် အတွက် ခေတ်ကာလနှင့် လျော်ညီပြည့်စုံ ကောင်းမွန်သော ဥပဒေတစ်ရပ်စီအား ရရှိကြမည်ဖြစ်ကြောင်း။
ယခုအလုပ်ရုံဆွေးနွေးပွဲ သုံးရက် အတွင်း အသစ်ပြင်ဆင်ရေးဆွဲမည့် ယစ်မျိုးဥပဒေ(မူကြမ်း)၊ အခန်း (၁၅)ခန်း၊ ဥပဒေပုဒ်မ ၇၆ ခုနှင့် မြေသိမ်းဥပဒေ (မူကြမ်း)၊ အခန်းပေါင်း (၉)ခန်း၊ ဥပဒေ ပုဒ်မ ၆၉ ခုတို့အပေါ် တက်ရောက်ကြသူ များက အကြံကောင်း၊ ဉာဏ်ကောင်းများ ဖြင့် ပွင့်လင်းမြင်သာစွာ ပါဝင်ဆွေးနွေး ပေးကြသည့်အတွက်လည်း အထူး ကျေးဇူးတင်ပါကြောင်း။
တက်ရောက်လာကြသူများ အနေ ဖြင့် ဆွေးနွေးပွဲ သုံးရက်အတွင်း ယစ်မျိုး ဥပဒေ၊ မြေသိမ်းဥပဒေတို့နှင့်ပတ်သက်၍ အများပြည်သူ အကျိုးစီးပွားအတွက် ဥပဒေနှင့်အညီ ကာကွယ်စောင့်ရှောက် ပေးနိုင်ရန် ရည်ရွယ်၍ ၂ဝဝ၈ ခုနှစ်၊ ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဋ္ဌာန်းချက် များနှင့်အညီ နိုင်ငံတော်နှင့် နိုင်ငံသား တို့၏ အမျိုးသားအကျိုးစီးပွားနှင့် ရလဒ် ကောင်းများကို အထူးဖော်ဆောင်ပေးနိုင် သည့် ထိရောက်သော အလုပ်ရုံဆွေးနွေး ပွဲတစ်ခုဖြစ်အောင် ပါဝင်ဆွေးနွေးပေးခဲ့ ကြတဲ့အတွက် မှတ်တမ်းတင်ဂုဏ်ပြုပါ ကြောင်း ပြောကြား၍ အခမ်းအနား အောင်မြင်စွာ ပြီးမြောက်ခဲ့ကြောင်း သတင်းရရှိသည်။
(သတင်းစဉ်)

JATA Tourism Expo Japan ဝန်ကြီးများအဆင့် စားပွဲဝိုင်းဆွေးနွေးပွဲနှင့် ကမ္ဘာလုံးဆိုင်ရာ ခရီးသွားလုပ်ငန်းဖိုရမ်ကျင်းပ




 နေပြည်တော် စက်တင်ဘာ ၂၉



ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းမောင်သည် စက်တင်ဘာ ၂၁ ရက် နံနက်ပိုင်းတွင် ဂျပန်နိုင်ငံ တိုကျိုမြို့ရှိ Tokyo Big Sight Convention Centre ၌ ကျင်းပသောJATA Tourism Expo Japan 2017ဖွင့်ပွဲအခမ်းအနား ၊ JATA Tourism Expo Japanဝန်ကြီးများအဆင့် စားပွဲဝိုင်းဆွေးနွေးပွဲနှင့် ကမ္ဘာလုံးဆိုင်ရာ ခရီးသွားလုပ်ငန်းဖိုရမ်သို့ တက်ရောက်သည်။
အဆိုပါ ဆွေးနွေးပွဲနှင့် ဖိုရမ်ကို ရေရှည်တည်တံ့သော ခရီးသွားလုပ်ငန်းဖော်ဆောင်ရေးTheme ဖြင့် ကျင်းပခဲ့ပြီး ရေရှည်တည်တံ့ခိုင်မြဲရေးမဏ္ဍိုင်(၅)ရပ်ဖြစ်သော အားလုံးပါဝင် နိုင်ပြီး တိုးတက်မှုကို ဖြစ်ထွန်းသည့် စီးပွားရေး(Economic)၊ ဒေသခံများအား လုပ်ပိုင်ခွင့်ပေးမှုနှင့် ပိုမိုကောင်းမွန်သော အလုပ်အကိုင်များ ဖြစ်ထွန်းစေသည့် လူမှုရေး (Social)၊ ရာသီဥတုပြောင်းလဲဖြစ်ပေါ်မှုဖြေရှင်းခြင်းနှင့်ြ<ွကယ်ဝလာစေ ရေး ထိန်းသိမ်းကာကွယ်ရမည့် သဘာဝပတ်ဝန်းကျင်(Environmental) ၊ ထိန်းသိမ်းကာကွယ်ခြင်းနှင့် ဆင်ယင် ကျင်းပခြင်းတို့ ဆောင်ရွက်ရမည့် ယဉ်ကျေးမှု (Cultural)၊ ဖွံ့ဖြိုးမှုနှင့်လုပ်ငန်းစဉ်များတိုးတက်ရေး မရှိမဖြစ်လိုအပ်သော ငြိမ်းချမ်းရေး(Peace) တို့တွင် ခရီးသွားလုပ်ငန်း၏ ပါဝင် အကျိုးပြုမှုနှင့် နိုင်ငံအသီးသီး၏ အတွေ့အကြုံများကို အမြင်ချင်းဖလှယ်၍ ဆွေးနွေးခဲ့ကြသည်။
ပြည်ထောင်စုဝန်ကြီးသည် ညနေပိုင်းတွင် ဂျပန်နိုင်ငံ မြေယာ၊ အခြေခံအဆောက်အအုံ၊ ပို့ဆောင်ရေးနှင့် ခရီးသွား လုပ်ငန်း ဝန်ကြီးMr. Keiichi ISHII နှင့် တွေ့ဆုံသည်။
ဆက်လက်၍WTTC Networking Reception နှင့် Welcome Reception Japanအခမ်းအနားများသို့ တက်ရောက်သည်။
စက်တင်ဘာ ၂၂ ရက် နံနက်ပိုင်းတွင် Tokyo Big Sight Convention Centre အခန်း(၆)၌ ကျင်းပသော မြန်မာ နိုင်ငံခရီးသွားလုပ်ငန်း မြှင့်တင်ရေးဆိုင်ရာ ဆွေးနွေးပွဲ(Myanmar Tourism Promotion Seminar) တက်ရောက်၍ အမှာစကားပြောကြားသည်။
အခမ်းအနားတွင် အာဆီယံ-ဂျပန် စင်တာမှ အထွေထွေ အတွင်းရေးမှူးချုပ်Mr. Masataka Fujitaက အမှာစကား ပြောကြားသည်။ ထို့နောက် စာတမ်းရှင်များက ခေါင်းစဉ် အလိုက် ရှင်းလင်းဆွေးနွေးခဲ့ကြပြီး တက်ရောက်လာကြသော နိုင်ငံတကာမှ စိတ်ပါဝင်စားသူများ၏ မေးမြန်းချက်များကို ပြန်လည်ဖြေကြားပေးခဲ့ကြသည်။
နေ့လယ်ပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် သတင်း မီဒီယာများနှင့် တွေ့ဆုံပွဲသို့ တက်ရောက်ခဲ့ပြီး မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်မှုအခြေအနေ၊ အနာဂတ် ခရီးသွားဈေးကွက်ရှာဖွေရေးနှင့် ရှေ့လုပ်ငန်းစဉ်ကို ရှင်းလင်း ပြောကြားသည်။ ညနေပိုင်းတွင် မြန်မာပြခန်း၌ ကျင်းပသည့် မြန်မာ့ညနေခင်း (Myanmar Evening) အခမ်းအနားသို့ တက်ရောက်သည်။
စက်တင်ဘာ ၂၃ ရက်နှင့် ၂၄ ရက်တို့တွင် ပြည်ထောင်စု ဝန်ကြီးနှင့်အဖွဲ့သည် JATA Tourism Expo Japan 2017 ပြခန်းများ ဖွင့်လှစ်ထားသည့် တိုကျိုမြို့ ငျြါငအန သို့ ရောက်ရှိပြီး မြန်မာနိုင်ငံပြခန်းနှင့် နိုင်ငံတကာမှ ခင်းကျင်းပြသထားသော ခရီးသွားဆွဲဆောင်မှုပြခန်းများကို လှည့်လည်ကြည့်ရှုသည်။ မြန်မာနိုင်ငံအနေဖြင့် ခရီးသွားကုမ္ပဏီ ၁၉ ခုတို့မှ ခရီးသွား ပြခန်း ၁၂ ခန်း ဝယ်ယူ၍ ပါဝင်ပြသခဲ့သည်။
စက်တင်ဘာ ၂၅ ရက် နံနက်ပိုင်းတွင် ASEAN Japan Centre တွင် Myanmar Tourism Infrastructure Investment Seminar ကို ကျင်းပရာ ပြည်ထောင်စုဝန်ကြီး က အဖွင့်အမှာစကားပြောကြားပြီး ဂျပန်နိုင်ငံဆိုင်ရာ မြန်မာ သံအမတ်ကြီးနှင့် အာဆီယံ-ဂျပန်စင်တာမှ အထွေထွေအတွင်း ရေးမှူး Mr. Masataka Fujita က ကြိုဆိုနှုတ်ခွန်း ဆက်စကားများပြောကြားသည်။ ထို့နောက် မြန်မာနိုင်ငံမှ တက်ရောက်လာကြသူများက ခေါင်းစဉ်အလိုက် ရှင်းလင်း ဆွေးနွေးခဲ့ကြပြီး တက်ရောက်လာကြသည့် ဂျပန်ရင်းနှီးမြှုပ်နှံမှု ကုမ္ပဏီများ၏ မေးမြန်းချက်များကို ပြန်လည်ဖြေကြားပေးခဲ့ ကြသည်။
ညနေပိုင်းတွင်Mystical Myanmar ဓာတ်ပုံပြပွဲကို ကျင်းပရာ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ ကယားပြည်နယ်၊ တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ကျွန်းစုဒေသများအပါအဝင် မြန်မာနိုင်ငံရှိ ခရီးသွားဆွဲဆောင်သည့်နေရာ ဒေသအလှအပ များ ပါဝင်သည့် ဓာတ်ပုံများကို ခင်းကျင်းပြသသည်။ အဆိုပါ JATA Tourism Expo 2017 သို့ နိုင်ငံပေါင်း ၁၃ဝ မှ ကုမ္ပဏီနှင့် အဖွဲ့အစည်းပေါင်း ၁၃၁ဝ တို့က ပြခန်းများ ပါဝင် ပြသခဲ့ကြပြီး နိုင်ငံတကာမှ တက်ရောက်သူ ၁၉၁၅ဝဝ တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိသည်။
(သတင်းစဉ်)

မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်ခြံစည်းရိုး ကာရံရန်အတွက် အလှူငွေပေးအပ်လှူဒါန်း





 နေပြည်တော် စက်တင်ဘာ ၂၉


 

 မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်ခြံစည်းရိုးကာရံခြင်းလုပ်ငန်း ဆောင်ရွက်ရန်အတွက် လိုတိုင်းရတောင်းတိုင်းရ ကျောက်မျက်ကုမ္ပဏီလီမိတက်က လှူဒါန်းငွေကျပ် သိန်း ၁ဝဝဝ အား စက်တင်ဘာ ၂၉ ရက် နံနက် ၉ နာရီခွဲတွင် ပြည်ထဲရေးဝန်ကြီးဌာန ဝန်ကြီးရုံးသို့ လာရောက်ပေးအပ်လှူဒါန်းရာ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)၊ စစ်အင်ဂျင်နီယာòန်ကြားရေးမှူးရုံး ဒုတိယညွှန်ကြားရေးမှူး ဗိုလ်မှူးကြီး အောင်မြိုင် က လက်ခံရယူခဲ့သည်။
အဆိုပါ အလှူငွေပေးအပ်လှူဒါန်းခြင်းအခမ်းအနားသို့ ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ကျော်ဆွေနှင့် အမြဲတမ်းအတွင်းဝန် ဦးတင်မြင့်၊ ကာကွယ်ရေးဝန်ကြီးဌာနမှ အမြဲတမ်းအတွင်းဝန် ဗိုလ်မှူးချုပ် စန်းဝင်း၊ ဗိုလ်မှူးကြီး အောင်မြိုင်နှင့် ပြည်ထဲရေးဝန်ကြီးဌာနအောက်ရှိ တပ်ဖွဲ့/ဦးစီးဌာန အကြီးအကဲများ တက်ရောက်ကြကြောင်း သတင်းရရှိသည်။ (သတင်းစဉ်)

ရခိုင်ဒေသအခြေအနေများအား အမှန်အတိုင်းသိမြင်နိုင်ရန်လို





 နေပြည်တော် စက်တင်ဘာ ၂၉



 ပြည်ထောင်စုလွှတ်တော် ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာဆန်းစစ်သုံးသပ်ရေးကော်မရှင်ဥက္ကဋ္ဌ သူရဦးရွှေမန်း သည် မြန်မာနိုင်ငံဆိုင်ရာ ကာတာသံအမတ်ကြီး H.E. Mr. Hassan bin Mohamed Rafei Al Emadi အား ယနေ့ မွန်းလွဲ ၁ နာရီ ၄၅ မိနစ်တွင် နေပြည်တော်ရှိ လွှတ်တော်ရေးရာ ဆောင်အမှတ်(I-11) ၌ လက်ခံတွေ့ဆုံသည်။
တွေ့ဆုံစဉ် အထူးကော်မရှင်ဥက္ကဋ္ဌက ရခိုင်ဒေသအခြေ အနေများအား အမှန်အတိုင်းသိမြင်နိုင်ရန် လိုအပ်ပါကြောင်း၊ ကာတာနိုင်ငံရှိ မီဒီယာများအနေဖြင့်လည်း ရခိုင်ဖြစ်စဉ်အပေါ် ဘက်မျှသည့်သတင်းများ ထုတ်လွှင့်ပေးခြင်းဖြင့် က္ဘာမှအခြေ အနေမှန်များ သိရှိနိုင်စေရေးအတွက် ကူညီဆောင်ရွက်ပေးစေ လိုပါကြောင်းနှင့် လူသားချင်းစာနာထောက်ထားမှု အကူအညီ များကိုလည်း သတ်မှတ်ထားသည့် လမ်းကြောင်းများအတိုင်း ကူညီပေးစေလိုပါကြောင်း ဆွေးနွေးကြသည်။ (သတင်းစဉ်)

လမ်းပေါ်သို့ မကြာခဏရေလျှံသောကြောင့် ရေနုတ်မြောင်း ပြုလုပ်ပေးစေလို



ထင်သာမြင်သာ ပြုပြင်စရာ



ပျဉ်းမနားမြို့ တောင်သာရပ် တောင်သာဓမ္မာရုံအနီးရှိ မြို့ပတ်လမ်းမကြီး၏ ဒေါန လမ်းတွင် ရေနုတ်မြောင်းမရှိသဖြင့် ဒေါနလမ်း၏ ဝဲ၊ ယာရှိ နေအိမ်များမှ အသုံးပြုသော ရေများသည် လမ်း၏အပြင်ဘက်သို့ စီးဆင်းကာ ဒေသခံများအနေဖြင့် လမ်းအသုံးပြု သွားလာရာတွင် အခက်အခဲဖြစ်ပေါ်လျက်ရှိကြောင်း သိရသည်။
''ကျွန်မတို့ ဒေါနလမ်းဟာ လူနေအိမ်တွေများပြီးတော့ နေ့စဉ်အသုံးပြုနေတဲ့ ချိုးရေ၊ အဝတ်လျှော်ရေ၊ မီးဖိုချောင်မှထွက်ရှိတဲ့ ရေအပါအဝင် ရေဆိုးတွေဟာ အိမ်ရဲ့ အပြင်ဘက် လူသွားလမ်းကို စီးဆင်းနေပါတယ်။ လမ်းဘေး ဝဲ၊ ယာမှာ ရေဆိုးရေနုတ် မြောင်းမရှိတဲ့အတွက် လူသွားလမ်းမပေါ် ရေတွေရောက်နေပြီး လမ်းသွားရာမှာ အခက်အခဲဖြစ်သလို စက်ဘီး၊ ဆိုင်ကယ်တွေလည်း မကြာခဏဆိုသလို တိမ်းမှောက်မှု ဖြစ်ပွားလျက်ရှိပါတယ်''ဟု တောင်သာရပ်ကွက် ဒေါနလမ်းနေ ဒေသခံတစ်ဦးက ပြောသည်။
သို့ဖြစ်၍ လူနေအိမ်များပြီး အသွားအလာများသည့် တောင်သာရပ်ကွက် တောင်သာဓမ္မာရုံအနီး ဒေါနလမ်းဘေးဝဲ၊ ယာအား ရေနုတ်မြောင်း ပြုလုပ်ပေးနိုင်ပါ ရန် ဒေသခံများက လိုလားလျက်ရှိကြောင်း သိရသည်။
ကိုကိုရူပ (နေပြည်တော်)

နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ်များ ဝင်ခွင့်လျှောက်ထားနိုင်




ရန်ကုန် စက်တင်ဘာ ၂၉



 နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ် (ရန်ကုန်/မ္တလေး) ၁၃၇၉-၈ဝ ပညာသင်နှစ်တွင် သာသနတက္ကသီလဓမ္မာစရိယတန်း (ပထမနှစ်)သို့ တက်ရောက်လိုသော ရဟန်း/ သာမဏေများသည် အစိုးရပထမကြီးတန်း၊ စေတိယင်္ဂဏစာသင်တန်း၊ သကျသီဟစာသင်တန်းတစ်ခုခုအောင်မြင်ပြီး သက်တော် ၃ဝ နှစ်၊ သိက္ခာတော် ၁ဝ ဝါ အောက် ရှိရမည်။
သာသနတက္ကသီလမဟာဓမ္မာစရိယတန်း(ပထမနှစ်)သို့ တက်ရောက်လိုသော ရဟန်း/သာမဏေများသည် သာသနတက္ကသီလဓမ္မာစရိယဘွဲ့၊ သာသနဓဇဓမ္မာ စရိယဘွဲ့၊ သကျသီဟဓမ္မာစရိယဘွဲ့၊ စေတိယင်္ဂဏဓမ္မာစရိယဘွဲ့တစ်ခုခုရရှိပြီး သက်တော် ၃၅ နှစ်၊ သိက္ခာတော် ၁၅ ဝါအောက်ရှိ အရှင်မြတ်များ လျှောက်ထား နိုင်ကြောင်း သိရှိရပါသည်။
ဖြေဆိုကြရမည်
သာသနတက္ကသီလဓမ္မာစရိယတန်း (ပထမနှစ်) ဝင်ခွင့်လျှောက်ထားသော ရဟန်း/သာမဏေများသည် အစိုးရပထမကြီးတန်းနှင့်ညီမျှသော ဝိနည်းဆိုင်ရာ (၅)ပ္ဆုာနှင့် အဘိဓမ္မာဆိုင်ရာ (၅)ပ္ဆုာ၊ မေးခွန်းလွှာတစ်ခု၊ ပါဠိဆိုင်ရာ(၅)ပ္ဆုာ နှင့် အထွေထွေဗဟုသုတ (၅) ပ္ဆုာ၊ မေးခွန်းလွှာတစ်ခုကို တစ်ရက်စီ စုစုပေါင်း နှစ်ရက် ဖြေဆိုကြရမည်ဖြစ်ပါသည်။
သာသနတက္ကသီလမဟာဓမ္မာစရိယတန်း(ပထမနှစ်) ဝင်ခွင့်လျှောက်ထားသော ရဟန်း/သာမဏေများသည် သာသနတက္ကသီလဓမ္မာစရိယတန်း (စတုတ္ထနှစ်) ညီမျှသော ဝိနည်း၊ သုတ္တန်၊ အဘိဓမ္မာကို ပထမနေ့တွင် (က) အတ္ထယောဇနာ (ခ) ဝါကျသဒ္ဒါ (ဂ) အဓိပ္ပါယတ္တ (ဃ)ခေတ်လေ့လာနည်းအားဖြင့် (၁ဝ)ပ္ဆုာဖြေဆိုရမည်။ ဒုတိယနေ့တွင် ပါဠိ၊ မြန်မာ၊ အင်္ဂလိပ်၊ ပြန်ပွားဘာသာအားဖြင့် (၁ဝ)ပ္ဆုာဖြေဆို ရမည်။
ဆက်သွယ်စုံစမ်းနိုင်
သာသနာ့တက္ကသိုလ်ဝင်ခွင့်လျှောက်ထားလွှာများကို ၁၃၇၉ ခု၊ သီတင်းကျွတ် လပြည့်ကျော် ၉ ရက်၊ ၂ဝ၁၇ ခုနှစ်၊ အောက်တိုဘာလ ၁၄ ရက် (စနေ၊ တနင်္ဂနွေ ရုံးပိတ်ရက်မှအပ) စတင်ထုတ်ပေးမည်ဖြစ်ပြီး ၁၃၇၉ ခု၊ တန်ဆောင်မုန်းလဆန်း ၁၂ ရက်၊ ၂ဝ၁၇ ခုနှစ်၊ အောက်တိုဘာလ ၃၁ ရက်နေ့ နောက်ဆုံးထား၍ လျှောက်လွှာ ပုံစံများကို သက်ဆိုင်ရာတက္ကသိုလ်များ၏ မော်ကွန်းထိန်းရုံးတို့တွင် တင်သွင်းနိုင်ပြီး အသေးစိတ်သိလိုသောအချက်များကို နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ် (ရန်ကုန်)မော်ကွန်းထိန်းရုံး ဖုန်း ဝ၉-၅၄ဝဝ၈၂၈၊ ဝ၉-၄၂၅ဝဝ၈၇၂၈၊ ဝ၉-၂၅ဝဝ၃၇၈၉၉၊ နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ်(မ္တလေး) မော်ကွန်းထိန်းရုံး ဖုန်း ဝ၂-၆၆၉ဝ၁ တို့သို့ ဆက်သွယ်စုံစမ်းနိုင်ကြောင်း သာသနာတော် ထွန်းကားပြန့်ပွားရေး ဦးစီးဌာနမှ သတင်းရရှိသည်။ (သတင်းစဉ်)

နေ့စဉ်ဘဝများနှင့် အသုံးချနည်းပညာ



မြန်မာ့အလင်းအယ်ဒီတာအာဘော်



တစ်ခေတ်တစ်ခါက တယ်လီဖုန်းဆိုသည်မှာ အရောင်ကမည်းမည်း၊ ပုံဆိုး ပန်းဆိုးနှင့် လေးလံလှသည့်အပြင် လူခေါ်ခေါင်းလောင်းသံ သို့မဟုတ် မီးလှန့်အချက်ပေးသံနှင့် မကွာခြားလှသော ဖုန်းမြည်သံကြားရပါကလည်း ဖုန်းရှိရာဆီထသွားခဲ့ရသည့် ဆက်သွယ်ရေးကိရိယာတစ်ခုသက်သက် သာဖြစ်သည်။ ယနေ့ခေတ်တွင်မူ ဖုန်းဆိုသည်မှာ မိမိသွားလေရာဆီ အိတ်ကပ်ထဲထည့်သယ်ဆောင်သွားနိုင်ပြီး ဆွဲဆောင်မှုရှိသည့် ပုံသ္ဌာန်၊ ကြည်နူးဖွယ်မြည်သံ၊ စကားပြောဆက်သွယ်ရုံသာမက၊ သတင်းစကား၊ ရုပ်ပုံဓာတ်ပုံ၊ စာသား၊ ရုပ်/သံတို့ အပြန်အလှန်ပေးပို့နိုင်သည့် မရှိ မဖြစ်ကိရိယာ၊ မိမိနှင့် ကမ္ဘာကြီးတစ်ခုလုံးတို့ အပြန်အလှန်ဆက်သွယ် ချိတ်ဆက်နိုင်သည့် ကိရိယာဖြစ်လာသည်။
မြန်မာနိုင်ငံတွင် ဒီမိုကရေစီစနစ်ကို စတင်ကျင့်သုံးပြီးနောက် အလျင် မြန်ဆုံးတိုးတက်လာသောကဏ္ဍမှာ ဆက်သွယ်ရေးကဏ္ဍပင်ဖြစ်သည်။ ၂ဝ၁၁-၂ဝ၁၂ ခုနှစ်အတွင်း တယ်လီဖုန်းနှင့် မိုဘိုင်းဖုန်းအသုံးပြုမှု ၃ ဒသမ ၆ သန်းခန့်သာရှိခဲ့ရာမှ ယခုအခါ ဖုန်းသုံးစွဲမှု ၅၅ သန်းကျော်အထိ ရှိလာပြီဖြစ်ရာ နိုင်ငံ့လူဦးရေထက် ကျော်လွန်သွားပြီဖြစ်ပြီး သိပ်သည်းဆ အနေဖြင့် ၁ဝ၇ ရာခိုင်နှုန်းအထိ ရောက်ရှိသွားပြီဖြစ်သည်။ ဤသည်မှာ နိုင်ငံသားတစ်ဦးလျှင် ဖုန်းတစ်လုံးထက်မက ပိုကိုင်နေသူများရှိနေသည့် အဓိပ္ပာယ်ပင်ဖြစ်သည်။ တစ်ဖန် အင်တာနက်သုံးစွဲမှုအနေဖြင့်လည်း ၉ဝ ရာခိုင်နှုန်းခန့် ရှိနေပြီဖြစ်ကြောင်းသိရပြီး အင်တာနက်တွင်လည်း လူမှု ကွန်ရက်(Social network)သုံးစွဲမှုက အဓိကဖြစ်ကြောင်း သတင်း များကဆိုထားရာ အကျိုးရှိသောသုံးစွဲမှုများ ဖြစ်မဖြစ် စောကြောရန် လိုအပ်မည်ဖြစ်သည်။ လူမှုကွန်ရက်သုံးစွဲမှုမှာ ကျေးလက်ဒေသများနှင့် အခြေခံအကျဆုံးလူမှုဘဝများထိပင် ရောက်ရှိနေပြီး အများစုမှာ အပျော် သုံး၊ အပြက်သုံး၊ ငွေကုန်အကျိုးမဲ့က အများဆုံးဖြစ်နေသည်ကိုသာ လက် လှမ်းမီသမျှတွင် တွေ့ရသည်။ အင်တာနက်သုံးစွဲသူ ၄၆ သန်းခွဲခန့်ရှိသည့် အနက် မေးလိုရာမေးနိုင်သည့် call center များသို့ မေးမြန်းမှုအရေ အတွက်၊ ဆက်သွယ်ရေး အော်ပရေတာများ၏ ဝန်ဆောင်မှုများနှင့် applicationများကို ရယူသုံးစွဲသည့် အရေအတွက်တို့မှာ နည်းပါးလှ ကြောင်း သိရသည်။
မြန်မာနိုင်ငံ၏ အဓိကစီးပွားရေးဖြစ်သော စိုက်ပျိုးရေးနှင့် ကျေးလက် ဒေသများအတွက်၊ ပညာရေးအတွက်၊ ကျန်းမာရေးအတွက်၊ အလုပ် အကိုင်ရှာဖွေရေးအတွက်၊ အလုပ်သမားရေးရာပြဿနာများအတွက် စသည်ဖြင့် ထုတ်ထားသည့် applicationများရှိနေရာ အကျိုးရှိအောင် အသုံးပြုကြရန်၊ အသုံးမပြုတတ်သေးပါကလည်း ရှာဖွေလေ့လာကြရန် တိုက်တွန်းလိုသည်။ မိုဘိုင်းဖုန်းတစ်လုံးကိုင်ထားသော လယ်သမားတစ်ဦး အနေဖြင့် မိမိသိလိုသော စိုက်ပျိုးရေးဆိုင်ရာ ပြဿနာများ၊ ပိုးမွှား ကျရောက်သည့်ကိစ္စ၊ မိုးလေဝသအခြေအနေ၊ သီးနှံပေါက်ဈေးနှင့် ဈေးကွက်အခြေအနေ စသည်တို့ကို လယ်ကွင်းထဲမှနေ၍ မေးမြန်းနိုင်သည်။ အချင်းချင်းမျှဝေနိုင်ကြသည်။ မိမိ၏ ကျန်းမာရေးကိစ္စအတွက်လည်း ၂၄ နာရီ ဝန်ဆောင်မှုပေးနေသည့် call center များဆီ မေးမြန်းအကြံ ဉာဏ်ရယူနိုင်သည်။ ငွေလွှဲငွေပို့ဝန်ဆောင်မှုများကိုလည်း မြို့ပေါ်ရှိ ဘဏ် များဆီမသွားဘဲ လွှဲပို့နိုင်သည့် ဝန်ဆောင်မှုများ၊ ကားလက်မှတ်၊ လေယာဉ် လက်မှတ်ဝယ်ယူမှုများ ပြုလုပ်နိုင်ကြပြီ။ မိမိတို့၏ နေ့စဉ်လူမှုဘဝလုပ်ငန်း ဆောင်တာ တော်တော်များများကို အိုင်တီနည်းပညာအကူအညီဖြင့် အချိန်တိုတိုအတွင်း မပင်မပန်းဘဲ လျင်လျင်မြန်မြန်ဆောင်ရွက်နိုင်ပြီ ဖြစ်သည်ကို သတိမူကြရမည်ဖြစ်သည်။
ခေတ်မီတိုးတက်လာသော သတင်းပြန်ကြားရေးစနစ်နှင့်အပြိုင် နည်းပညာသစ်များကို အကျိုးရှိရှိအသုံးချကာ မိမိတို့၏ လူမှုဘဝအရည် အသွေးများကို မြင့်မားလာစေရေးမြှင့်တင်နိုင်ကြပါစေကြောင်း။ ။

နယ်စပ်အနီးရောက်ရှိနေသည့် ဘဂ¯လီများအား တာဝန်ရှိသူများ သွားရောက်တွေ့ဆုံဆွေးနွေးညှိနှိုင်း





 နေပြည်တော် စက်တင်ဘာ ၂၉



ဘူးသီးတောင်မြို့နယ်အတွင်းရှိ ကျေးရွာ များမှဘဂ¯လီများသည် စားဝတ်နေရေး အခက်အခဲကြောင့်လည်းကောင်း၊ လုံခြုံ ရေးအခြေအနေအရ ကျေးရွာတွင် လုံခြုံမှု မရှိဟုယူဆ၍ လည်းကောင်း၊ ဘင်္ဂလား ဒေ့ရှ်နိုင်ငံသို့ ရောက်ရှိနေသည့် ဘဂ¯လီ များကထွက်ခွာရန် ဆက်သွယ်ပြောဆို ခြင်းများကြောင့် လည်းကောင်း၊ ၄င်းတို့ အုပ်စုသည် လူနည်းစုဖြစ်မည်ကို စိုးရိမ် သဖြင့် တစ်ဖက်နိုင်ငံရှိ ၄င်းတို့မျိုးနွယ်စု များထံ သွားရောက်လိုခြင်းကြောင့် လည်းကောင်း မိမိနေထိုင်သည့် ကျေးရွာ များမှ တစ်ဖက်နိုင်ငံသို့ သွားရောက်ရန် စက်တင်ဘာ ၂၆ ရက်မှစတင်၍ ထွက်ခွာ ခဲ့ကြပြီး နှစ်နိုင်ငံနယ်စပ်အနီးသို့ စုပြုံ ရောက်ရှိလျက်ရှိသည်။
မောင်တောမြို့နယ် ပညောင်ပင်ကြီး ကျေးရွာ နယ်စပ်ခြံစည်းရိုးအနီး မှိုဝင် ချောင်းဝနှင့် ဂေါ်ဒူသာရချောင်းဝ၌ ဘူးသီးတောင်မြို့နယ်အတွင်းမှ တစ်ဖက် နိုင်ငံသို့တိမ်းရှောင်မည့် ဘဂ¯လီများ ရောက်ရှိနေကြောင်း သတင်းအရ မောင်တောခရိုင် အုပ်ချုပ်ရေးမှူးနှင့် အဖွဲ့ သည် စက်တင်ဘာ ၂၉ ရက် နံနက် ၉ နာရီခွဲတွင် သွားရောက်တွေ့ဆုံခဲ့သည်။
ထိုသို့ သိရှိပြီးနောက် ခရိုင်အုပ်ချုပ် ရေးမှူးက စားဝတ်နေရေး အခက်အခဲ ရှိပါက ဆန်၊ ဆီ၊ ဆား၊ ပဲလေးမျိုးကို ဒေသ အတွင်းမှ နှစ်ဖက်လူ့အဖွဲ့အစည်းများကို လူမျိုးဘာသာမရွေး ထောက်ပံ့ပေးနေ ကြောင်း၊ လုံခြုံရေးနှင့် ပတ်သက်၍လည်း ဒေသအတွင်း၌ အေးချမ်းတည်ငြိမ်ရေး အတွက် ဆောင်ရွက်နေမှုများအား ရှင်းလင်းပြောကြားပြီး မိမိတို့ဒေသ ရပ်ရွာ ဒေသများ၌ အေးချမ်းစွာပြန်လည်နေထိုင် ၍ လုပ်ကိုင်စားသောက်ကြရန် အခက် အခဲရှိသည်များကို တတ်နိုင်သလောက် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ တွေ့ဆုံရှင်းလင်း ပြောကြားခဲ့မှုအပေါ် ¤င်းတို့ဘက်မှ နားလည်သဘောပေါက် သော်လည်း တစ်ဖက်နိုင်ငံသို့သာ ၄င်းတို့ ကိုယ်ပိုင်ဆန္ဒဖြင့် သွားရောက်လိုကြောင်း ပြန်လည်တင်ပြကြသည်။
ဘူးသီးတောင်မြို့နယ်အတွင်းရှိ ဂူတာပြင်ကျေးရွာမှ ဘဂ¯လီ ၁၆၈ ဦးသည် စက်တင်ဘာ ၂၆ ရက်တွင် ရွာသစ်ကေ ကျေးရွာအနီး၌လည်းကောင်း၊ ရွှေထား ကျေးရွာနှင့် ဇင်ခါးမကျေးရွာတို့မှ ဘင်္ဂါလီ ၂၅၅ ဦး၊ တောင်ချောင်းကျေးရွာနှင့် ပေါက်တောကျေးရွာမှ ဘင်္ဂါလီ ၂၈၁ ဦး၊ သိမ်တောင်ပြင်ကျေးရွာနှင့် ကာလီ ကျေးရွာတို့မှ ဘင်္ဂါလီ ၂ဝဝ နှင့် ဒုအိုး သည်မကျေးရွာတို့မှ ဘင်္ဂါလီ ၃၅ ဦးတို့ သည် စက်တင်ဘာ ၂၇ ရက်က လေ ယာဉ်ကွင်းကျေးရွာအနီး ကမ်းစပ်၌လည်း ကောင်း၊ တောင်ချောင်းကျေးရွာ၊ ဇင်ခါးမ ကျေးရွာ၊ ဘိုလီကျေးရွာနှင့် ငွေတောင် ကျေးရွာတို့မှ ဘင်္ဂါလီ ၈၉၅ ဦးတို့သည် စက်တင်ဘာ ၂၈ ရက်က လေယာဉ်ကွင်း ကျေးရွာအနီး ကမ်းစပ်၌ လည်းကောင်း၊ ဂူတာပြင်ကျေးရွာမှ ဘင်္ဂါလီ ၅၃ဝ တို့ သည် စက်တင်ဘာ ၂၉ ရက်(ယနေ့)တွင် ပညောင်ပင်ကြီးနှင့် နယ်စပ်ခြံစည်းရိုး ကြား၌ လည်းကောင်း တစ်ဖက်နိုင်ငံသို့ ထွက်ခွာရန် စုပြုံရောက်ရှိနေကြောင်း သိရှိရသည်။ (သတင်းစဉ်)

Friday, September 29, 2017

ဂျပန်နိုင်ငံ၌ အောက်လွှတ်တော်ကို ဖျက်သိမ်းကြောင်း ကြေညာ




တိုကျို စက်တင်ဘာ ၂၈



 ရွေးကောက်ပွဲအချိန်စောကျင်းပရန် အတွက် ဂျပန်အောက်လွှတ်တော်ကို ဖျက်သိမ်းလိုက်ပြီဖြစ်ကြောင်း သိရသည်။
ဂျပန်အစိုးရအဖွဲ့သည် လာမည့် အောက်တိုဘာ ၂၂ရက်ကို ရွေးကောက်ပွဲ ကျင်းပမည့်နေ့ရက်အဖြစ် သတ်မှတ် လိုက်ပြီဖြစ်သည်။
ရွေးကောက်ပွဲအတွက် မဲဆွယ် စည်းရုံးယှဉ်ပြိုင်မှုများကို အောက်တိုဘာ ၁ဝ ရက်တွင် စတင်မည်ဟု အင်န်အိတ်ခ်ျ ကေသတင်းတစ်ရပ်တွင် ဖော်ပြခဲ့သည်။
ကြာသပတေးနေ့က အောက် လွှတ်တော်မှ ပြောရေးဆိုခွင့်ရှိသူက အောက်လွှတ်တော်ကို ဖျက်သိမ်းလိုက်ပြီ ဖြစ်ကြောင်း တရားဝင်ကြေညာခဲ့သည်။အတိုက်အခံ အဖွဲ့ဝင်အချို့က အောက် လွှတ်တော်ဖျက်သိမ်းမှုနှင့်စပ်လျဉ်း၍ ဝန်ကြီးချုပ်ရှင်ဇိုအာဘေးသည် အကျင့် ပျက်ချစားသည်ဟု စွပ်စွဲခံထားရမှုများကို ရင်ဆိုင်ဖြေရှင်းသည့် အချေအတင် ဆွေးနွေးမှုများပြုလုပ်ရမည်ကို ရှောင် တိမ်းလိုသောကြောင့် ထိုသို့ဖျက်သိမ်း ခြင်း ဖြစ်သည်ဟုဆိုကာ သပိတ်မှောက်ခဲ့ ကြသည်။
လွှတ်တော်၌ အဆိုပါကြေညာချက် ကို ထုတ်ပြန်ခဲ့ပြီးနောက် ဝန်ကြီးချုပ်ရှင်ဇို အာဘေးသည် ¤င်း၏ လစ်ဘရယ် ဒီမိုကရက်တစ်ပါတီဝင်များအား ရွေး ကောက်ပွဲအတွက် ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်ထားကြရန် ဆော်သြခဲ့သည်။ လာမည့် ၂ဝ၁၉ ခုနှစ်တွင် စားသုံးခွန်တိုး မြှင့် ကောက်ခံရန်လျာထားမှုမှ မျှော်မှန်း ထားသည့်အခွန်ဘဏ္ဍာငွေကို မည်သို့ သုံးစွဲမည်နှင့်ပတ်သက်၍ အများက သဘောတူလက်ခံသည့်လုပ်ပိုင်ခွင့် အာဏာရရှိလိုကြောင်း အာဘေးက ပြောကြားခဲ့သည်။ အဓိကအတိုက်အခံ ဒီမိုကရက်တစ် ပါတီခေါင်းဆောင်သည် တိုကျိုအုပ်ချုပ်ရေးအကြီးအကဲ ယူရီကို ကွိုက်ကီက တည်ထောင်လိုက်သည့် ပါတီသစ်နှင့် ပူးပေါင်းရန် ထည့်သွင်း စဉ်းစားလျက်ရှိကြောင်း သိရသည်။
မျှော်လင့်ခြင်းဟု အမည်ရသည့် တိုကျိုအုပ်ချုပ်ရေးမှူးသစ်၏ နိုင်ငံရေး ပါတီသည် ပထဝီနိုင်ငံရေးအခင်း အကျင်းကို ရိုက်ခတ်နေကြောင်း ဖော်ပြခဲ့ သည်။ ပြီးခဲ့သည့်ဇူလိုင်လအတွင်းက ကွိုက်ကီ၏ပါတီသည် မြူနီစီပယ်ရွေး ကောက်ပွဲအတွင်း၌ အာဘေး၏ လစ် ဘရယ်ဒီမို ကရက်တစ်ပါတီကို အပြတ် အသတ် အနိုင်ရရှိခဲ့သည်။ ကွိုက်ကီသည် ထိုအနိုင်ရရှိခဲ့မှုကို နိုင်ငံလုံးအဆင့်သို့ ကူးပြောင်းရန်အရှိန်ယူလျက်ရှိသည်။ သို့သော် ¤င်းအနေဖြင့် ဒီမိုကရက်တစ် ပါတီဝင်များနှင့် ပူးပေါင်းသွားရန် မစဉ်း စားခဲ့ကြောင်းလည်း သိရသည်။
(အင်န်အိတ်ခ်ျကေ)

မြောက်ကိုရီးယား၌ ဖမ်းဆီးထိန်းသိမ်းခဲ့သည့် အမေရိကန်ကျောင်းသား ဦးနှောက်အောက်ဆီဂျင်ပြတ်တောက်ကာသေဆုံးခြင်းဖြစ်





ဝါရှင်တန် စက်တင်ဘာ ၂၈


 

 မြောက်ကိုရီးယားနိုင်ငံ၌ ၁၇ လကြာ အောင် ဖမ်းဆီးထိန်းသိမ်းထားခဲ့သည့် အမေရိကန်တက္ကသိုလ်ကျောင်းသား အော်တိုဝမ်ဘီယာ သေဆုံးရခြင်း အကြောင်းသည် ဦးနှောက်သို့ အောက် ဆီဂျင်နှင့်သွေးမရောက်ရှိမှုတို့ကြောင့် ဖြစ်ကြောင်း သေမှုသေခင်းစစ်ဆေးသူ အရာရှိက ဗုဒ္ဓဟူးနေ့တွင်ပြောကြားခဲ့ ကြောင်း သိရသည်။
အော်တိုဝမ်ဘီယာသည် ပြီးခဲ့သည့် ဇွန်လ ၁၉ ရက်နေ့က သေဆုံးခဲ့ခြင်း ဖြစ် ပြီး မသေဆုံးမီ အမျိုးအမည်မသိသည့် ဝေဒနာတစ်မျိုးကို တစ်နှစ်ကျော် ကြာ အောင် ခံစားခဲ့ရပြီးမှ သေဆုံးသွားခဲ့ ခြင်းဖြစ်ကြောင်း သတင်းစာရှင်း လင်းပွဲတစ်ခုတွင် ဟာမီလ်တန်စီရင်စု သေမှုသေခင်း စစ်ဆေးသူအရာရှိ လက်ရှမီဆမ်မာကိုက ပြောကြားခဲ့ သည်။
၎င်းမသေဆုံးမီမည်သို့ ဖြစ်ပျက်ခဲ့ သည်ကို မသိရှိရကြောင်းနှင့် ယင်းအချက် သည်အခြေခံကျသည့်အချက် ဖြစ် ကြောင်း ဆမ်မာကိုက ပြောကြားခဲ့သည်။ ဆမ်မာကို၏ သတင်းပေးပို့ချက်နှင့် ပတ်သက်၍ ဝမ်ဘီယာမိသားစုထံမှ မှတ်ချက်ပြုလာခြင်းမရှိသေးပေ။
ဗာဂျီးနီးယားတက္ကသိုလ်မှ ကျောင်း သားတစ်ဦးဖြစ်သည့် ဝမ်ဘီယာကို ၂ဝ၁၆ ခုနှစ် ဇန်နဝါရီလမှစတင်ကာ ထိန်းသိမ်းထားခဲ့ပြီး ပြီးခဲ့သည့် ဇွန် ၁၅ ရက်တွင် ပြန်လွှတ်ပေးခဲ့သည်။ ဝမ်ဘီယာ သည် ကိုးမားရောဂါကိုခံစားရလျက် အမေရိကန်သို့ပြန်ရောက်လာခဲ့သည်။ ¤င်းသေဆုံးချိန်တွင်အသက်၂၂ နှစ်ရှိပြီ ဖြစ်ကြောင်း သိရသည်။
(ရိုက်တာ)

(၃၅)ကြိမ်မြောက် အာဆီယံစွမ်းအင်ဝန်ကြီးများ၏ ဆက်စပ်အစည်းအဝေးများကျင်းပ





 နေပြည်တော် စက်တင်ဘာ ၂၈ 



လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနနှင့် ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင် ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့၌ စက်တင်ဘာ ၂၈ ရက်တွင် ဆက်လက်ကျင်းပသည့် (၃၅)ကြိမ်မြောက် အာဆီယံစွမ်းအင် ဝန်ကြီးများ အစည်းအဝေး၏ ဆက်စပ်အစည်းအဝေးများဖြစ်သော (၁၁)ကြိမ်မြောက် အရှေ့အာရှထိပ်သီးအစည်းအဝေး အဖွဲ့ဝင်နိုင်ငံများ၏ စွမ်းအင်ဝန်ကြီးများ အစည်းအဝေး၊ (၁၄)ကြိမ်မြောက် အာဆီယံနှင့် ဆွေးနွေးဖက် (၃)နိုင်ငံတို့၏ စွမ်းအင် ဝန်ကြီးများအစည်းအဝေးနှင့် ပထမအကြိမ် အာဆီယံစွမ်းအင်ဝန်ကြီးများနှင့် အပြည်ပြည်ဆိုင်ရာ ပြန်ပြည့်မြဲစွမ်းအင်အေဂျင်စီတို့၏ ဆွေးနွေးပွဲများသို့ တက်ရောက် သည်။
(၁၁)ကြိမ်မြောက် အရှေ့အာရှ ထိပ်သီးအစည်းအဝေးအဖွဲ့ဝင်နိုင်ငံများ၏ စွမ်းအင် ဝန်ကြီးများ အစည်းအဝေးတွင် အာဆီယံစွမ်းအင်ဝန်ကြီးများနှင့် သြစတြေးလျ၊ တရုတ်၊ အိန္ဒိယ ၊ ဂျပန်၊ တောင်ကိုရီးယား၊ နယူးဇီးလန်၊ ရုရှားနှင့် အမေရိကန်နိုင်ငံတို့မှ စွမ်းအင် ဆိုင်ရာ ဝန်ကြီးများနှင့် ကိုယ်စားလှယ်အဖွဲ့များ တက်ရောက်ခဲ့ကြပြီး အာဆီယံနှင့် အရှေ့အာရှနိုင်ငံများအကြား စွမ်းအင်ကဏ္ဍပူးပေါင်းဆောင်ရွက်ခဲ့သည် လုပ်ငန်းများ နှင့် ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်မည့်လုပ်ငန်းစဉ်များ၊ ဒေသတွင်း စွမ်းအင်လိုအပ်ချက်နှင့် ဖြည့်ဆည်းပေးနိုင်မှုအခြေအနေများ၊ စွမ်းအင်ဖူလုံရေးကို တိုးမြှင့်ဆောင်ရွက်ရေး၊ ရာသီဥတုပြောင်းလဲမှု လျော့ပါးသက်သာစေရေး၊ သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေး၊ နည်းပညာနှင့်အချက်အလက်များ မျှဝေရေးတို့ကို ဆွေးနွေးအတည်ပြုခဲ့ပြီး အရှေ့အာရှနိုင်ငံများ စွမ်းအင်ဝန်ကြီးများ၏ ပူးတွဲကြေညာ ချက်ကို ထုတ်ပြန်ခဲ့သည်။
ထို့နောက် (၁၄)ကြိမ်မြောက် အာဆီယံနှင့် ဆွေးနွေးဖက်(၃)နိုင်ငံတို့၏ စွမ်းအင် ဝန်ကြီးများ အစည်းအဝေးကို ကျင်းပရာ အာဆီယံနှင့် ဆွေးနွေးဖက်(၃)နိုင်ငံဖြစ်သည့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ဂျပန်နိုင်ငံနှင့် ကိုရီးယားသမ္မတနိုင်ငံတို့အကြား ပူးပေါင်း ဆောင်ရွက်လျက်ရှိသည့် ဒေသတွင်းစွမ်းအင်ဖူလုံရေးဆွေးနွေးပွဲများ၊ အရေးပေါ် အခြေအနေအတွက် ရေနံအရန်သိုလှောင်ထားရှိမှုလုပ်ငန်းစဉ် ရေးဆွဲမှုဆွေးနွေးပွဲများ၊ မြို့ပြသုံးနျူကလီးယားစွမ်းအင်ဆိုင်ရာ နည်းပညာမျှဝေခြင်း အလုပ်ရုံဆွေးနွေးပွဲများ နှင့် အနာဂတ်ကာလတွင် စွမ်းအင်ရောနှောသုံးစွဲရေး (Future Energy Mix) တိုးမြှင့်သွားမည့်လုပ်ငန်းစဉ်များ၊ ကာဗွန်ထုတ်လွှတ်မှုလျှော့ချရေးလုပ်ငန်းစဉ်များ၊ ပြန်ပြည့်မြဲစွမ်းအင်ကဏ္ဍဖွံ့ဖြိုးရေးနှင့် ပိုမိုသုံးစွဲရေးလုပ်ငန်းစဉ်များနှင့် စပ်လျဉ်း၍ ရှေ့ဆက်လက်ဆောင်ရွက်မည့်အစီအစဉ်များကို အပြန်အလှန်ညှိနှိုင်းဆွေးနွေး အတည်ပြုခဲ့ပြီး အာဆီယံနှင့် ဆွေးနွေးဖက်(၃)နိုင်ငံတို့၏ စွမ်းအင်ဝန်ကြီးများ၏ ပူးတွဲ ကြေညာချက်ကို ထုတ်ပြန်ခဲ့သည်။
ပထမအကြိမ် အာဆီယံစွမ်းအင်ဝန်ကြီးများနှင့် အပြည်ပြည်ဆိုင်ရာ ပြန်ပြည့်မြဲ စွမ်းအင်အေဂျင်စီတို့၏ ဆွေးနွေးပွဲတွင် ပြန်ပြည့်မြဲစွမ်းအင်ကို တိုးမြှင့်သုံးစွဲရေး၊ လက်မှတ်ရေးထိုးထားသည့် နားလည်မှုစာချွန်လွှာပါ ပူးပေါင်းဆောင်ရွက်မှုအစီအစဉ် များကို ၂ဝ၁၆-၂ဝ၂၅ အာဆီယံစွမ်းအင်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုအစီအစဉ်နှင့် အညီ ၂ဝ၅ဝ ပြည့်နှစ်အထိ လက်တွေ့အကောင်အထည်ဖော်ရေး၊ အေဂျင်စီနှင့် အာဆီယံတို့အကြား ဝန်ကြီးအဆင့်အစည်းအဝေးများ ကို နှစ်နှစ် တစ်ကြိမ် ကျင်းပရေး၊ အဆင့်မြင့် အရာရှိများအစည်းအဝေးအား နှစ်စဉ်ကျင်းပရေးတို့ကို ဆွေးနွေးသဘောတူ ခဲ့သည်။
အစည်းအဝေးများ ကျင်းပစဉ်ကာလအတွင်း ပြည်ထောင်စုဝန်ကြီးသည် ထိုင်း နိုင်ငံ စွမ်းအင်ဝန်ကြီးဌာန ဝန်ကြီး H.E. General Anantaporn Kanjanarat နှင့်လည်းကောင်း၊ လာအိုပြည်သူ့ဒီမိုကရက်တစ်သမ္မတနိုင်ငံ စွမ်းအင်နှင့် သတ္တုဝန်ကြီး ဌာန ဒုတိယဝန်ကြီးံH.E.Mr.Thongphat Inthavong နှင့် လည်းကောင်း၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံ အမျိုးသားစွမ်းအင်စီမံခန့်ခွဲမှုအဖွဲ့ ဒုတိယဥက္ကဋ္ဌH.E. Mr. Li Franrong နှင့်လည်းကောင်း၊ ရုရှားနိုင်ငံ ကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင်Mr. Vadim Velikanov နှင့်လည်းကောင်း အသီးသီးတွေ့ဆုံ၍ နှစ်နိုင်ငံ လျှပ်စစ် နှင့် စွမ်းအင်ကဏ္ဍ၊ ဆောက်လုပ်ရေးကဏ္ဍ၊ ကုန်သွယ်ရေးနှင့် စက်မှုကဏ္ဍတို့တွင် ပူးပေါင်းဆောင်ရွက်မှုအခြေအနေများနှင့် ဆက်လက်ပူးပေါင်းဆောင်ရွက်နိုင်မည့် အခွင့်အလမ်းများကို ဆွေးနွေးခဲ့သည်။
အစည်းအဝေးအပြီးတွင် ပြည်ထောင်စုဝန်ကြီးသည် ဖိလစ်ပိုင်နိုင်ငံရှိ မြန်မာ သံရုံးသို့ သွားရောက်၍ သံရုံးမိသားစုဝင်များနှင့် တွေ့ဆုံအားပေးခဲ့ကြောင်း သတင်း ရရှိသည်။ (သတင်းစဉ်)

ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးအား ဒိန်းမတ်သံအမတ်ကြီး၊WFP နှင့် World Bank တို့မှ သီးခြားစီလာရောက်တွေ့ဆုံ ရခိုင်ပြည်နယ်အရေးနှင့်ပတ်သက်၍ အလေးထားဆောင်ရွက်နေပြီး လူသားချင်းစာနာကူညီမှုလုပ်ငန်းများ ထိရောက်စွာဆောင်ရွက်ရန်လုပ်ဆောင်နေ





 နေပြည်တော် စက်တင်ဘာ ၂၈



လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးအား မြန်မာ နိုင်ငံဆိုင်ရာ ဒိန်းမတ်နိုင်ငံသံအမတ်ကြီးH.E. Mr. Peter Lysholt Hansen က စက်တင်ဘာ ၂၇ ရက် နံနက်ပိုင်းတွင် အဆိုပါဝန်ကြီးရုံး မေခလာခန်းမ၌ လာရောက်တွေ့ဆုံသည်။
ထိုသို့တွေ့ဆုံရာတွင် ရခိုင်ပြည်နယ်တွင် အကောင်အထည် ဖော်ဆောင်ရွက်မည့် လုပ်ငန်းများနှင့်ပတ်သက်၍ ဆွေးနွေး လိုပါကြောင်း၊ National Varification Process နှင့်ပတ်သက်၍ ပိုမိုကျယ်ပြန့်သော အသိပညာပေးရေးလုပ်ငန်း များ ဆောင်ရွက်သင့်ပါကြောင်း၊ နေရပ်ပြန်လာသောသူများ အတွက် ပြန်လည်နေရာချထားရေးကိစ္စရပ်များအား သိလို ပါကြောင်း၊ ဒေသတွင်း နေရပ်စွန့်ခွာရွှေ့ပြောင်းသူများအား မူလနေရာများတွင် ပြန်လည်အခြေချနေထိုင်နိုင်ရေးနှင့် ပတ်သက်၍ နိုင်ငံတော်အစိုးရအနေဖြင့် စီစဉ်ဆောင်ရွက်နေမှု များအားသိရှိပြီး လိုအပ်သောအကူအညီများ ပေးလိုပါကြောင်း၊ ရခိုင်ပြည်နယ်ရှိ လူမှုအသိုင်းအဝိုင်းအား အကာအကွယ်နှင့် လုံခြုံရေး ပေးမည့်ကိစ္စများ ဆောင်ရွက်စေလိုပါကြောင်း၊ နိုင်ငံတကာအသိုင်းအဝိုင်းမှ လိုအပ်သောအကူအညီများ ပေးအပ်လိုပါကြောင်း၊ လက်ရှိ ကျန်ရှိနေသောကျေးရွာများနှင့် ပြည်သူများအား အကာအကွယ်ပေး၍ လုံခြုံရေးဆိုင်ရာ ကိစ္စရပ်များ တိုးမြှင့်စေလိုပါကြောင်း၊ အကြံပေးကော်မရှင်၏အကြံပြုချက်များ အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် နိုင်ငံတကာအသိုင်းအဝိုင်းမှ ကူညီလိုပါကြောင်း၊ အတူတကွ လုပ်ဆောင်လိုပါကြောင်း၊ UN/INGOsအဖွဲ့အစည်းများမှ လည်း ကူညီပူးပေါင်းဆောင်ရွက်လိုပါကြောင်း၊ ASEAN နိုင်ငံများမှ အကူအညီများပေးနေမှုအား သိရှိဝမ်းမြောက် ပါကြောင်း ဆွေးနွေးခဲ့သည်။
ပြည်ထောင်စုဝန်ကြီးက နိုင်ငံတော်အစိုးရအနေဖြင့် ဘက်ပေါင်းစုံပါဝင်သော နည်းလမ်းများဖြင့် အဖြေရှာဆောင်ရွက် နေပါကြောင်း၊ နေရပ်သို့ပြန်လာသူများအတွက်National Verification Processဖြင့်စနစ်တကျ ဆောင်ရွက်သွား မည်ဖြစ်ပါကြောင်း၊ ၁၉၉၃ ခုနှစ် မြန်မာ - ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံ သဘောတူညီချက်အရ နေရပ်ပြန်လာသူများကိစ္စအား ဆောင်ရွက်မည်ဖြစ်ကြောင်း၊ ပညာရေး၊ ကျန်းမာရေး၊ လျှပ်စစ် ဓာတ်အားနှင့် လမ်းပန်းဆက်သွယ်ရေးဆိုင်ရာကိစ္စရပ်များ ဦးစားပေး ထောက်ပံ့အကောင်အထည်ဖော်သွားမည် ဖြစ်ကြောင်း၊ လူမှုရေး၊ စီးပွားရေး ဖွံ့ဖြိုးတိုးတက်စေရေး အစီအမံများ ချမှတ်ဆောင်ရွက်လျက်ရှိကြောင်း၊ အကြမ်းဖက် သမားများ၏စာရင်းအား သက်ဆိုင်ရာနိုင်ငံနှင့် အဖွဲ့အစည်းများ အား ပေးအပ်ပြီးဖြစ်ပါကြောင်း၊ ဖြစ်ရပ်တစ်ခုလုံးအား ခြုံငုံ သုံးသပ်၍ ဦးစားပေးအစီအစဉ်များ ရေးဆွဲအကောင်အထည် ဖော်သွားမည်ဖြစ်ပါကြောင်း၊ ဒေသခံပြည်သူများအတွက် လုံခြုံရေး၊ အသက်အိုးအိမ်စည်းစိမ်များ ကာကွယ်နိုင်ရေး အတွက် ဝိုင်းဝန်းဆောင်ရွက်နေပါကြောင်း၊ သတင်းအမှန်များ ရရှိပြန့်ပွားစေရေး ကူညီဆောင်ရွက်ပေးစေလိုကြောင်း ဆွေးနွေး ခဲ့ကြသည်။
ဆက်လက်၍ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် WFP မှ Country Director and Representative/ Deputy Humanitarian Coordinator ဖြစ်သူ Mr. Dom Scalpelliက လာရောက်တွေ့ဆုံရာတွင် ရခိုင်ဒေသတွင် WFP ၏လုပ်ငန်းများကို ရခိုင်ပြည်နယ်အစိုးရအဖွဲ့နှင့် ညှိနှိုင်း၍ ရခိုင်ပြည်နယ်အလယ်ပိုင်းတွင် ဆောင်ရွက်နေပါကြောင်း၊ လုပ်ငန်းများအား ရခိုင်ပြည်နယ်မြောက်ပိုင်းသို့ တိုးချဲ့ဆောင်ရွက် လိုပါကြောင်း၊ လူမှုကာကွယ်စောင့်ရှောက်ရေးလုပ်ငန်းများ အကောင်အထည်ဖော်ရာတွင် နိုင်ငံတော်အစိုးရနှင့် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် နိုင်ငံတော်က ဆောင်ရွက် နေသော လူမှုကာကွယ်စောင့်ရှောက်ရေးလုပ်ငန်း အဖွဲ့ဝင် အဖြစ်လည်း ပါဝင်ဆောင်ရွက်လျက်ရှိပါကြောင်း၊ ရခိုင်ပြည်နယ် မြောက်ပိုင်းဒေသတွင် လူသားချင်းစာနာကူညီမှုဆိုင်ရာ လုပ်ငန်း များအား Red Cross Movement နှင့် ပူးပေါင်းဆောင်ရွက် နိုင်ရေး နည်းလမ်းရှာဖွေသွားမည်ဖြစ်ပါကြောင်း၊ ASEANနိုင်ငံများအနေဖြင့် ကူညီဆောင်ရွက်ပေးမှုများအား သိမြင် ဝမ်းမြောက်ပါကြောင်း၊ ပြည်ထောင်စုဝန်ကြီးမှ ပြန်လည် ပြောကြားရာတွင် နိုင်ငံတော်အစိုးရသည် ရခိုင်ပြည်နယ်အရေးနှင့် ပတ်သက်၍ အလေးထားဆောင်ရွက်နေကြောင်း၊ လူသားချင်း စာနာကူညီမှုလုပ်ငန်းများအား လိုအပ်သောနေရာတွင် ထိရောက်စွာဆောင်ရွက်နိုင်ရေး လုပ်ဆောင်နေပါကြောင်း ဆွေးနွေးခဲ့ကြပါသည်။
ဆက်လက်၍ ကမ္ဘာ့ဘဏ် Director for Myanmar, Cambodia and Lao PDR ဖြစ်သူ Mr. Ellen Goldstein က ကလေးသူငယ်နှင့် မိခင်များဆိုင်ရာ အာဟာရ ပြည့်စုံမှုသည် အရေးကြီးပါကြောင်း၊ အာဟာရဆိုင်ရာကိစ္စရပ်များ အကောင်အထည်ဖော်ရာတွင် သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိပါကြောင်း ဆွေးနွေးသည်။
ပြည်ထောင်စုဝန်ကြီးက အစိုးရသည် အခြေခံလူ့အခွင့် အရေး၊ ဒီမိုကရေစီစံနှုန်းများနှင့်ညီသော လူ့ဂုဏ်သိက္ခာ အပြည့် အဝရရှိနိုင်သော လူမှုအသိုင်းအဝိုင်းတစ်ရပ် ပေါ်ပေါက်လာစေရန် ကြိုးစားဖြည့်ဆည်းပေးနေပါကြောင်း၊ ဖွံ့ဖြိုးမှုနည်းပါးသော နာဂဒေသ၊ ချင်းနှင့် ရခိုင်ဒေသများတွင် ဦးစားပေးလုပ်ငန်းများ ရွေးချယ်ဆောင်ရွက်စေလိုပါကြောင်း၊World Bank ၏ အာဟာရဆိုင်ရာစီမံကိန်းအား အသေးစိတ်သိလိုပါကြောင်း၊ အာဟာရဆိုင်ရာလုပ်ငန်းများသည် နိုင်ငံတော်၏ လူမှုကာကွယ် စောင့်ရှောက်ရေးဆိုင်ရာ မဟာဗျူဟာတွင် အရေးပါသော လုပ်ငန်းတစ်ခုဖြစ်ပါကြောင်း၊ ကျန်းမာရေး၊ ပညာရေး၊ အာဟာရ၊ တစ်ကိုယ်ရေသန့်ရှင်းမှုနှင့် မိသားစုဆိုင်ရာ စီမံကိန်းများ တိုးမြှင့် ဆောင်ရွက်စေလိုပါကြောင်းနှင့် ရခိုင်ပြည်နယ်မြောက်ပိုင်း အကြမ်းဖက်ခံရမှုကိစ္စများကို ရှင်းလင်းဆွေးနွေးပြီး ရခိုင် အရေးကိစ္စနှင့်ပတ်သက်၍ နိုင်ငံတကာအသိုင်းအဝိုင်းမှ ကူညီ ပေးလျက်ရှိပါကြောင်း၊ တိမ်းရှောင်သူများ ပြန်လည်လက်ခံ ရေးလုပ်ငန်းများ စတင်မည်ဖြစ်ကြောင်းနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ နှင့် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်းဖြင့် ဆွေးနွေးခဲ့ ကြကြောင်း သတင်းရရှိသည်။
(သတင်းစဉ်)

(၁၁) ကြိမ်မြောက် ကမ္ဘာ့ခွေးရူးရောဂါ ကာကွယ်တိုက်ဖျက်ရေးနေ့ အခမ်းအနားကျင်းပ





 နေပြည်တော် စက်တင်ဘာ ၂၈


 

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနက ကြီးမှူးကျင်းပ သည့် (၁၁)ကြိမ်မြောက် ကမ္ဘာ့ခွေးရူးရောဂါ ကာကွယ်တိုက်ဖျက်ရေးနေ့ အခမ်းအနားကို ယနေ့ နံနက် ၁ဝ နာရီတွင် နေပြည်တော်ရှိ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန အစည်း အဝေးခန်းမ၌ ကျင်းပသည်။
အခမ်းအနားတွင် စိုက်ပျိုးရေး၊မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးလှကျော် က အမှာစကားပြောကြားရာတွင် ခွေးရူးရောဂါသည် တိရ္ဆာန်မှလူကို ကူးစက်စေတတ်သည့် ရောဂါများ ထဲတွင် အလွန်အရေးကြီးသည့် ရောဂါတစ်ခုဖြစ် သည်ကို အားလုံးသိရှိပြီးဖြစ်ပါကြောင်း၊ ကာကွယ် ဆေးဖြင့် ကာကွယ်ထိန်းချုပ်နိုင်သည့် ရောဂါတစ်ခု ဖြစ်သော်လည်း အကြောင်းအမျိုးမျိုးကြောင့် ကမ္ဘာ ပေါ်တွင် ၁၅ မိနစ်လျှင် လူတစ်ဦး၊ တစ်နှစ်လျှင် လူဦးရေ ၅၅ဝဝဝ မှ ၇ဝဝဝဝ ခန့် ခွေးရူးရောဂါကြောင့် အသက်ဆုံးရှုံးလျက်ရှိသည်ဟု က္ဘာ့ကျန်းမာရေး အဖွဲ့ချုပ်၏ ထုတ်ပြန်ချက်များအရ သိရှိရပါကြောင်း။
ကမ္ဘာ့တိရ္ဆာန်ကျန်းမာရေးအဖွဲ့(OIE)၊ ကမ္ဘာ့ ကျန်းမာရေးအဖွဲ့(WHO)၊ ကုလသမဂ္ဂစားနပ်ရိက္ခာ နှင့် လယ်ယာစိုက်ပျိုးရေးအဖွဲ(FAO)စသည့် နိုင်ငံ တကာအဖွဲ့အစည်းကြီးသုံးခုက ''ခွေးရူးရောဂါကို တစ်ခုတည်းသောက္ဘာ၊ တစ်ခုတည်းသော ကျန်းမာ ရေး''ဆိုသည့် အတွေးအမြင်ဖြင့် အရေးကြီးရောဂါ အဖြစ် ကာကွယ်နိုင်ရန် ကြိုးစားနေကြပါကြောင်း၊ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနအနေဖြင့် နိုင်ငံ တကာအဖွဲ့အစည်းများမှ ကျွမ်းကျင် ပညာရှင်များ၏အကူအညီဖြင့် “ ''အမျိုးသားအဆင့် ခွေးရူးရောဂါ ထိန်းချုပ်ရေး မဟာဗျူဟာမူဘောင်''ကို ရေးဆွဲထား ပြီးဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် မြန်မာနိုင်ငံ တိရ္ဆာန်ဆေးကုဆရာဝန် များအသင်းက ခွေးရူးရောဂါထိန်းချုပ်ခြင်းနှင့် တိရ္ဆာန်ဆေးကုဆရာဝန်များ၏ အခန်းကဏ္ဍကို ဆွေးနွေးတင်ပြပြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာနက ခွေးရူးရောဂါကာကွယ်ခြင်း သိကောင်းစရာများကို ရှင်းလင်းတင်ပြကြသည်။
ယင်းနောက် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာ မင်းသိမ်းမော် က ခွေးရူးရောဂါကာကွယ်ထိန်းချုပ်ရေး ဆောင်ရွက် ချက်များနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြပြီး လယ်ဝေး မြို့နယ် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန မြို့နယ်ဦးစီး မှူး ဒေါက်တာအောင်စိုးမိုးနှင့် ညောင်ဦးမြို့နယ် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါက်တာထွန်းထွန်းဦးတို့က ခွေးရူးရောဂါထိန်းချုပ် ရေးနှင့် ပတ်သက်၍ လယ်ဝေးမြို့နယ်နှင့် ညောင်ဦး မြို့နယ်အတွင်း Pilot ဧရိယာများသတ်မှတ်၍ ဆောင်ရွက်မှုအခြေအနေများကို ရှင်းလင်းတင်ပြကြ သည်။
မြန်မာနိုင်ငံသည် ခွေးရူးရောဂါဖြစ်ပွားဆဲ နိုင်ငံ ပေါင်း ၁၅ဝ တွင် ပါဝင်နေပြီး ခွေးရူးရောဂါကူးစက် ခံရနိုင်မှု ဘေးအန္တရာယ်Risk ရှိသော နိုင်ငံအဖြစ် သတ်မှတ်ခံထားရကာ နှစ်စဉ်ခွေးကိုက်ခံရမှုပေါင်း ငါးသိန်းခန့်ရှိနိုင်ပြီး လူတစ်ထောင်ခန့် ခွေးရူးရောဂါ ကူးစက်ခံရပြီး သေဆုံးလျက်ရှိကြောင်း ကမ္ဘာ့ ကျန်းမာရေးအဖွဲ့ (WHO)၏ သတင်းအချက် အလက်များအရ သိရှိရသည်။ ယနေ့ကျရောက်သည့် (၁၁)ကြိမ်မြောက် ကမ္ဘာ့ခွေးရူးရောဂါ ကာကွယ် တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်ဆောင်ပုဒ်မှာ ''ခွေးရူးရောဂါကင်းစင် ကမ္ဘာတစ်ခွင် ၂ဝ၃ဝတွင်'' “Rabies: Zero by 30” ဖြစ်ကြောင်း သိရ သည်။
(သတင်းစဉ်)

နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်တင် နယူးယောက်မြို့တွင် ကျင်းပလျက်ရှိသည့် (၇၂) ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံနှင့် ဆက်စပ်အစည်းအဝေးများသို့တက်ရောက်ခဲ့




 နေပြည်တော် စက်တင်ဘာ ၂၈


အမေရိကန်နိုင်ငံ နယူးယောက်မြို့တွင် ကျင်းပလျက်ရှိသည့် (၇၂) ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံသို့ တက်ရောက်ခဲ့သော မြန်မာကိုယ်စား လှယ်အဖွဲ့တွင် အဖွဲ့ဝင်အဖြစ် လိုက်ပါ သွားခဲ့သည့် နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်တင်သည် စက်တင်ဘာ ၂၇ ရက်တွင် ရန်ကုန်မြို့သို့ ပြန်လည်ရောက်ရှိသည်။
သုံးပွင့်ဆိုင် ပူးပေါင်းဆောင်ရွက်
ဒုတိယဝန်ကြီး ဦးကျော်တင်သည် နယူးယောက်မြို့တွင် ရှိနေစဉ်အတွင်း စက်တင်ဘာ ၁၈ ရက်တွင် အင်ဒိုနီးရှား နိုင်ငံ အမြဲတမ်းကိုယ်စားလှယ်အဖွဲ့ရုံး ၌ အင်ဒိုနီးရှားနိုင်ငံနှင့် နော်ဝေနိုင်ငံ တို့ပူးပေါင်းစီစဉ်ကျင်းပသည့် ငြိမ်းချမ်း ရေးတည်ဆောက်မှုတွင် စွမ်းဆောင် ရည်မြှင့်တင်ရေးအတွက် က္ဘာ့တောင်ဘက်ခြမ်းနိုင်ငံများနှင့် သုံးပွင့်ဆိုင် ပူးပေါင်းဆောင်ရွက်မှု၏ အခန်းကဏ္ဍမြှင့်တင်ရေးဆိုင်ရာ အလုပ်သဘော နံနက်စာစားပွဲသို့ တက်ရောက်ခဲ့ပြီး မြန်မာနိုင်ငံ၏ အမျိုးသားပြန်လည်သင့် မြတ်ရေးနှင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် အတွေ့အကြုံများနှင့် ဖြစ်ပေါ်တိုးတက် မှုများကို ရှင်းလင်းပြောကြားခဲ့သည်။
စက်တင်ဘာ ၁၉ ရက်တွင် ဒုတိယ ဝန်ကြီးသည် ရေရှည်¶ဖြိုးတိုးတက် ရေးအတွက် ရေအရင်းအမြစ်လုပ်ငန်း အစီအစဉ်များဆိုင်ရာ နိုင်ငံတကာ ဆယ်စုနှစ် (၂ဝ၁၈-၂ဝ၂၈) အကောင် အထည်ဖော်ရေးဆိုင်ရာ အဆင့်မြင့် အစည်းအဝေးသို့ ပါဝင်တက်ရောက် ခဲ့သည်။
ဆက်လက်၍ ဒုတိယဝန်ကြီးသည် က္ဘာ့ရာသီဥတု ပြောင်းလဲမှုဆိုင်ရာ အပြည်ပြည်ဆိုင်ရာ ပါရီသဘောတူညီ ချက်တွင် မြန်မာနိုင်ငံမှ အတည်ပြုပါဝင် သည့် စာချွန်လွှာနှင့် ကျိုတိုအခြေပြ စာချုပ်၏ ဒိုဟာပြင်ဆင်ချက်အား မြန်မာနိုင်ငံမှ လက်ခံအတည်ပြုသည့် စာချွန်လွှာတို့ကို ကုလသမဂ္ဂဌာနချုပ်အပြည်ပြည်ဆိုင်ရာ စာချုပ်စာတမ်း များဌာနခွဲ၏ အကြီးအကဲထံ အပ်နှံ ခဲ့သည်။
ဒုတိယဝန်ကြီးသည် စက်တင်ဘာ ၂ဝ ရက်တွင် ဗြိတိန်နိုင်ငံခြားရေး နှင့် ဓနသဟာယရေးရာဝန်ကြီးဌာနဒုတိယဝန်ကြီးMr. Mark Fieldနှင့် တွေ့ဆုံခဲ့ပြီး ရခိုင်ပြည်နယ် မြောက်ပိုင်း တွင် ဖြစ်ပွားနေသည့် ဖြစ်ရပ်မှန်အခြေ အနေများကို ရှင်းလင်းပြောကြားခဲ့ သည်။
စက်တင်ဘာ ၂၁ ရက်တွင် ဒုတိယ ဝန်ကြီးသည် ကိုလံဘီယာ နိုင်ငံခြားရေး ဝန်ကြီးMrs. Maria Angela Holguin Cuellar မ နှင့် တွေ့ဆုံ၍ နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်ရေးကိစ္စ များကို ဆွေးနွေးခဲ့ပြီး နှစ်နိုင်ငံ နိုင်ငံခြား ရေးဝန်ကြီးဌာနများအကြား ဆွေးနွေးမှု ယန္တရား တည်ထောင်ခြင်းဆိုင်ရာ နားလည်မှုစာချွန်လွှာကို လက်မှတ် ရေးထိုးခဲ့ကြသည်။ ထို့ပြင် ဒုတိယ ဝန်ကြီးသည် အာရှပူးပေါင်း ဆောင်ရွက် ရေးဆွေးနွေးပွဲ (Asia Cooperation Dialogue-ACD)၏ နိုင်ငံခြားရေး ဝန်ကြီးများ အစည်းအဝေးသို့ ပါဝင် တက်ရောက်ခဲ့သည်။
ရခိုင်ပြည်နယ်ဖြစ်ရပ်မှန်ရှင်းလင်း
ဒုတိယဝန်ကြီးသည် စက်တင်ဘာ ၂၂ ရက်တွင် ဒိန်းမတ် နိုင်ငံခြားရေး ဝန်ကြီး Mr. Ander's Samuelsen ၊ ဆွီဒင်နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယ ဝန်ကြီးMrs. Annika Soder နှင့် ဥရောပသမဂ္ဂ နိုင်ငံခြားဆက်ဆံရေးဌာန ဒုတိယအတွင်းရေးမှူးချုပ် Mr. Jean-Christophe Belliard တို့အား သီးခြားစီတွေ့ဆုံ၍ ရခိုင်ပြည်နယ်ကိစ္စ ဖြစ်ရပ်မှန်အခြေအနေများကို ရှင်းလင်း ပြောကြားခဲ့သည်။
ဒုတိယဝန်ကြီးသည် စက်တင်ဘာ ၂၃ ရက်တွင် အာဆီယံ နိုင်ငံခြားရေး ဝန်ကြီးများ သီးသန့်အလွတ်သဘော အစည်းအဝေးသို့ တက်ရောက်ခဲ့သည်။ ယင်းအစည်းအဝေးတွင် ဒုတိယဝန်ကြီး က ရခိုင်ပြည်နယ်မြောက်ပိုင်းတွင် ဖြစ်ပွားနေသည့် ဖြစ်ရပ်မှန် အခြေ အနေများ၊ ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်၏ အကြံပြုချက် များအပေါ် အကောင်အထည်ဖော် ရေးအတွက် ဝန်ကြီးအဆင့် ကော်မတီ တစ်ရပ်ဖွဲ့စည်းကာ စတင်ဆောင်ရွက် နေမှုအခြေအနေများအား အသိပေး ပြောကြားခဲ့ပြီး နေရပ်စွန့်ခွာ တိမ်းရှောင် ခဲ့ကြရသည့် အသိုက်အဝန်းအားလုံးမှ ပြည်သူများအတွက် လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ အကူအညီများ ပေးအပ်ရေးအတွက် ကြိုးပမ်းဆောင် ရွက်မှု အခြေအနေများကို ရှင်းလင်း ပြောကြားခဲ့သည်။
ထို့ပြင် ယင်းအလွတ်သဘော အစည်းအဝေးတွင် မြန်မာနိုင်ငံ၏ လူသားချင်း စာနာထောက်ထားမှု အကူ အညီပေးရေး အစီအစဉ်တွင် အာဆီယံ နိုင်ငံများမှ ကူညီပံ့ပိုးပေးနိုင်မည့် နည်း လမ်းများကိုလည်း အာဆီယံအဖွဲ့ဝင် နိုင်ငံများအကြား ထည့်သွင်းဆွေးနွေး ခဲ့ကြသည်။
ယင်းနောက် ဒုတိယဝန်ကြီးသည် ကုလသမဂ္ဂဌာနချုပ်၌ ကျင်းပသည့် ကုလသမဂ္ဂ ¶ဖြိုးရေးအစီအစဉ်နှင့် အာဆီယံအဖွဲ့တို့အကြား ပူးပေါင်း ဆောင်ရွက်မည့် ASEAN My World Survey စီမံချက်စတင်သည့် အခမ်းအနားသို့ အာဆီယံနိုင်ငံများမှ နိုင်ငံခြားရေးဝန်ကြီးများနှင့် ကုလသမဂ္ဂ ¶ဖြိုးရေးအစီအစဉ် အုပ်ချုပ်ရေးမှူး Mr.Achim Steiner တို့နှင့် အတူ ပါဝင်တက်ရောက်ခဲ့သည်။
အဆိုပါနေ့ ညနေပိုင်းတွင် အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများ၊ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်နှင့် (၇၂)ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံ သဘာ ပတိတို့ တွေ့ဆုံသည့် အာဆီယံ-ကုလ သမဂ္ဂ အစည်းအဝေးသို့လည်း တက် ရောက်ခဲ့သည်။ အဆိုပါ အစည်းအဝေး တွင် ဒုတိယဝန်ကြီးက အကြမ်းဖက်မှု တိုက်ဖျက်ရေးဆိုင်ရာ ဘာသာရပ် အောက်၌ ရခိုင်ပြည်နယ်မြောက်ပိုင်း တွင် အကြမ်းဖက်တိုက်ခိုက်မှုများနှင့် ပတ်သက်၍လည်းကောင်း၊ ရခိုင် တိုင်းရင်းသားများနှင့် လူနည်းစုတိုင်းရင်း သားများပါ ထွက်ပြေးတိမ်းရှောင်နေ ကြရသည့် အခြေအနေများကို လည်း ကောင်း၊ ရခိုင်ပြည်နယ်၌ ဖြစ်ပေါ်နေ သည့် ပြဿနာအားဖြေရှင်းရန် ကြိုးပမ်း ဆောင်ရွက်မည့် လုပ်ငန်းစဉ်များကို လည်းကောင်း ရှင်းလင်းပြောကြား ခဲ့သည်။
လူသားချင်းစာနာထောက်ထားမှု
ညပိုင်းတွင် ဒုတိယဝန်ကြီးသည် အာဆီယံအလှည့်ကျ ဥက္ကဋ္ဌ ဖိလစ်ပိုင် သမ္မတနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး Mr. Alan Peter Cayetano က တည်ခင်း သည့် အာဆီယံနိုင်ငံခြားရေးဝန်ကြီး များ၏ ညစာစားပွဲသို့ တက်ရောက် ခဲ့သည်။ ယင်းညစာစားပွဲအပြီးတွင် အာဆီယံ အလှည့်ကျသဘာပတိ၏ ထုတ်ပြန်ချက်တစ်ရပ် ထုတ်ပြန်ခဲ့သည်။ ယင်းထုတ်ပြန်ချက်တွင် အာဆီယံနိုင်ငံ ခြားရေးဝန်ကြီးများက ရခိုင်ပြည်နယ် အခြေအနေမှာ အသိုင်းအဝိုင်းနှစ်ခုကြား ဖြစ်ပေါ်နေသည့် ရှုပ်ထွေးသိမ်မွေ့သော ပြဿနာရပ်တစ်ခုဖြစ်ကြောင်း အသိ အမှတ်ပြုခဲ့ကြပြီး မြန်မာနိုင်ငံမှ နိုင်ငံ တကာ ကြက်ခြေနီလှုပ်ရှားမှုနှင့် ပူးပေါင်းဆောင်ရွက်နေသည့် လူသား ချင်းစာနာထောက်ထားမှု အကူအညီ ပေးရေးအစီအစဉ်တွင် အာဆီယံနိုင်ငံ များမှ ကူညီပံ့ပိုးပေးကြရန်နှင့် အာဆီယံ လူသားချင်းစာနာထောက်ထားရေး အကူ အညီပေးရေး ညှိနှိုင်းရေးဗဟိုဌာန (AHA Center) နှင့် ပူးပေါင်း ဆောင်ရွက်သွားရန် သဘောတူညီ ကြောင်း ထည့်သွင်းဖော်ပြခဲ့သည်။
ဒုတိယဝန်ကြီးသည် စက်တင်ဘာ ၂၅ ရက်တွင် Asia Society Policy Institute ၏ အမှုဆောင်ညွှန်ကြား ရေးမှူးMs. Debra Eisenman အား မြန်မာအမြဲတမ်းကိုယ်စားလှယ်အဖွဲ့ရုံး ၌ လက်ခံတွေ့ဆုံခဲ့ပြီး မြန်မာနိုင်ငံ ၏ ဒီမိုကရေစီအသွင်ကူးပြောင်းရေး လုပ်ငန်းစဉ်၊ အမျိုးသားပြန်လည်သင့် မြတ်ရေးနှင့် ငြိမ်းချမ်းရေးကြိုးပမ်းမှု အခြေအနေနှင့် ရခိုင်ပြည်နယ်ကိစ္စ ဖြစ်ရပ်မှန်အခြေအနေတို့ကို ရှင်းလင်း ပြောကြားခဲ့သည်။
ထို့ပြင် ယင်းနေ့တွင် ဒုတိယဝန်ကြီး သည် နယူးယောက်မြို့ မြန်မာအဖွဲ့ရုံး ၌ ကုလသမဂ္ဂအထွေထွေညီလာခံ တက်ရောက်ရန် ရောက်ရှိနေကြသည့် မြန်မာကိုယ်စားလှယ်အဖွဲ့နှင့် အစည်း အဝေးတစ်ရပ်ကျင်းပခဲ့ပြီး သက်ဆိုင်ရာ ကော်မတီအလိုက် ဆွေးနွေးမည့် ဘာသာ ရပ်အစီအစဉ်များနှင့် ပတ်သက်၍ ညှိနှိုင်း ဆွေးနွေးမှုများ ပြုလုပ်ခဲ့သည်။ (သတင်းစဉ်)

ရန်ကုန်မြို့၌ ရုရှားဖက်ဒရေးရှင်းနိုင်ငံ၏ ကုန်သွယ်မှုကိုယ်စားလှယ်ရုံးဖွင့်လှစ်ရေးဆိုင်ရာ သဘောတူစာချုပ်လက်မှတ်ရေးထိုး





 နေပြည်တော် စက်တင်ဘာ ၂၈



ဒုတိယအကြိမ် ရုရှား-မြန်မာ အစိုးရအချင်းချင်း ကုန်သွယ်ရေး နှင့် စီးပွားရေး ပူးပေါင်းဆောင်ရွက်ရေးကော်မရှင် အစည်း အဝေးကို ရုရှားဖက်ဒရေးရှင်းနိုင်ငံ မော်စကိုမြို့၌ စက်တင်ဘာ ၂၇ ရက်က ကျင်းပရာ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်ဝင်း ဦးဆောင်၍ အစိုးရနှင့် ပုဂ္ဂလိကကိုယ်စားလှယ်အဖွဲ့ဝင် ၁၂ ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။
အဆိုပါ ကော်မရှင်အစည်းအဝေးတွင် ပြည်ထောင်စု ဝန်ကြီး ဦးကျော်ဝင်း ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့နှင့် ရုရှား ဖက်ဒရေးရှင်းနိုင်ငံဘက်မှ စီးပွားရေး¶ဖြိုးတိုးတက်မှု ဝန်ကြီး H.E. Mr. Maksim Oreshkin ဦးဆောင် သော ကိုယ်စားလှယ်အဖွဲ့တို့သည် နှစ်နိုင်ငံအကြား ဥပဒေ ဆိုင်ရာမူဘောင်များ အဆင့်မြှင့်တင်ရေး၊ ကုန်သွယ်ရေးနှင့် စီးပွားရေး ပူးပေါင်းဆောင်ရွက်ရေး၊ ရုရှားဖက်ဒရေးရှင်း နိုင်ငံနှင့် မြန်မာနိုင်ငံတို့အကြား လူသားချင်းစာနာထောက်ထား မှုနှင့် ပညာရေးဆက်နွှယ်မှုဆိုင်ရာကိစ္စရပ်များကို ဆွေးနွေးခဲ့ ကြကြောင်း သိရသည်။
အဆိုပါ အစည်းအဝေးအတွင်း နှစ်နိုင်ငံဝန်ကြီးများသည် ရန်ကုန်မြို့၌ ရုရှားဖက်ဒရေးရှင်းနိုင်ငံ၏ ကုန်သွယ်မှုကိုယ်စား လှယ်ရုံးဖွင့်လှစ်ရေးဆိုင်ရာ သဘောတူစာချုပ်ကို လက်မှတ် ရေးထိုးခဲ့ကြောင်း သိရသည်။
အဆိုပါအစည်းအဝေးကို နှစ်နိုင်ငံအကြား ပူးပေါင်း ဆောင်ရွက်မှုမြှင့်တင်ရန်နှင့် ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှု လွယ်ကူချောမွေ့စေရန်ရည်ရွယ်၍ ရုရှားဖက်ဒရေးရှင်းနိုင်ငံ နှင့် မြန်မာနိုင်ငံတို့၌ အလှည့်ကျကျင်းပခြင်းဖြစ်ပြီး ပထမ အကြိမ် အစည်းအဝေးကို နေပြည်တော်ရှိ အပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန-၂ ၌ ၂ဝ၁၄ ခုနှစ် သြဂုတ် ၂၉ ရက်က ကျင်းပခဲ့ကြောင်းသိရသည်။
(သတင်းစဉ်)

အပြုသဘောဆောင်သော လုပ်ရပ်များကို နိုင်ငံတကာ အဖွဲ့အစည်းများက အသိအမှတ်ပြုအားပေးကာ ပူးပေါင်းကူညီ





 နေပြည်တော် စက်တင်ဘာ ၂၈


 

ရန်ကုန်ကက်သလစ်ဂိုဏ်းချုပ်ဆရာတော်ကြီး ကာဒီနယ်ချားလ်စ်ဘိုက ထုတ်ပြန်ကြေညာချက်တစ်စောင်ကို ထုတ်ပြန်လိုက်ကြောင်း သိရှိရသည်။
အဆိုပါထုတ်ပြန်ချက်တွင် -
မကြာမီက ရခိုင်ပြည်နယ်ရှိ မွတ်စလင်များ၊ ရခိုင် တိုင်းရင်းသားများ၊ ဟိန္ဒူဘာသာဝင်များနှင့် အခြားသော လူနည်းစုများကို ထိခိုက်စေသည့် ဝမ်းနည်းစရာဖြစ်စဉ်များက နိုင်ငံတကာအဖွဲ့အစည်းများကို စိုးရိမ်ပူပန်စေခဲ့ပါကြောင်း၊ ထိုဖြစ်ရပ်များကြောင့် နေရပ်စွန့်ခွာထွက်ပြေးကြရသည့် များပြားလှသော မွတ်စလင်၊ ဟိန္ဒူဘာသာဝင်များ၊ ရခိုင်၊ မြို အစရှိသည့် တိုင်းရင်းသားများနှင့် အထူးသဖြင့် ကလေး ငယ်များအားလုံးတို့အတွက် အလွန်ပင်ကရုဏာသက်မိပါ ကြောင်း၊ ယခုလိုအဖြစ်ဆိုးမျိုးသည် လုံးဝမဖြစ်သင့်ပါကြောင်း။
အကြမ်းဖက်မှုဟူသမျှနှင့်ပတ်သက်ပြီး ဒေါ်အောင်ဆန်း စုကြည်က သူ၏ မိန့်ခွန်းတွင် စိုးရိမ်ပူပန်မှုကို မိန့်ကြားဖော်ပြ ခဲ့သလို ရေရှည်ငြိမ်းချမ်းရေးတည်ဆောက်မှုအတွက် အကျိုး မပြုသော အခြေအမြစ်မရှိ ပြင်းထန်စွာဝေဖန်တိုက်ခိုက်မှု များသည် လက်တွေ့ဖြစ်ပျက်နေမှုများနှင့် တခြားစီဖြစ်နေ သည်ဆိုသည်ကို ကျွန်ုပ်တို့ အမှန်ပင်ထောက်ခံပါကြောင်း၊ အနောက်တိုင်းသတင်းမီဒီယာများက ဒေါ်အောင်ဆန်းစုကြည် ၏ အခန်းကဏ္ဍအပေါ် အလွန်အမင်းဝေဖန်ခဲ့ကြပါကြောင်း၊ သူ၏ ခံစားချက်များနှင့် ရပ်တည်ချက်များကို သည့်ထက် ဆောလျင်စွာဖော်ပြခဲ့သင့်ကြောင်းလည်း အများက ဝေဖန် ကြပါကြောင်း၊ ဒါပေမယ့် အရာရာကို သူ့အပေါ်အပြစ်ပုံချပြီး သူ၏ ပြန်ကြားချက်ကို အပြစ်တင်ဝေဖန်မှုများသည် အလွန်ပင် လက်တွေ့မကျသော ပြုမူချက်များဖြစ်ပါကြောင်း။
သူ၏ မိန့်ခွန်းထဲမှာပါသော ရခိုင်ပြည်နယ်လူ့အခွင့်အရေး များ၊ ဒုက္ခသည်များ နေရပ်ပြန်နိုင်ရေးနှင့် ရခိုင်ပြည်နယ်ဖွံ့ဖြိုး မှုအတွက် အာမခံချက်များသည် ကြိုဆိုရမည့်အရာဖြစ် ကြောင်း၊ ဒီနိုင်ငံတွင် နေထိုင်ခဲ့တာကြာပြီဖြစ်သည့် သူတွေအဖို့ တရားမျှတမှုဆိုတာ အလွန်လိုအပ်ပါကြောင်း၊ ကိုဖီအာနန် ဦးဆောင်သည့်ကော်မရှင်အနေဖြင့်လည်း အပြုသဘော ဆောင်သော အကြံပြုချက်များပေးခဲ့တာ သင့်လျော်ပါ ကြောင်း၊ ထိုကော်မရှင်၏ အစီရင်ခံစာအပေါ် အကောင် အထည်ဖော်လုပ်ဆောင်ရန် ဒေါ်အောင်ဆန်းစုကြည်ကလည်း ကော်မတီတစ်ရပ်ဖွဲ့စည်းခဲ့ပြီးပြီဖြစ်ပါကြောင်း၊ ဒီလို အပြု သဘောဆောင်သော လုပ်ရပ်များကို မိတ်ဖက်အဖွဲ့အစည်းများ နှင့် နိုင်ငံတကာအဖွဲ့အစည်းများက အသိအမှတ်ပြုအားပေးကာ ပူးပေါင်းကူညီသင့်ပါကြောင်း။
ကျွန်ုပ်တို့အားလုံး ဒဏ်ရာဗရပွဖြစ်ခဲ့သည့် အတိတ်မှ ကောင်းမွန်သော အနာဂတ်ဆီကို ချီတက်ကြရမည်။ အတိတ် က အဖြစ်အပျက်များက အနာဂတ်အတွက်သင်ခန်းစာများ ဖြစ်ကြစေလိုကြောင်း။
တရားမျှတမှုမှာ အခြေခံသည့် ငြိမ်းချမ်းရေးသည် ဖြစ်နိုင် ပါကြောင်း၊ ငြိမ်းချမ်းရေးသာ တစ်ခုတည်းသောလမ်းဖြစ်ပါ ကြောင်း စသည်ဖြင့် ပါရှိသည်။ (သတင်းစဉ်)

ဒုတိယသမ္မတ ဦးမြင့်ဆွေ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ၏ ကထိန်သင်္ကန်းဆက်ကပ်လှူဒါန်းပွဲ အခမ်းအနားကျင်းပရေးဦးစီးကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်အမှာစကားပြောကြား





 နေပြည်တော် စက်တင်ဘာ ၂၈



 ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် အစိုးရ၏ ကထိန်သင်္ကန်း ဆက်ကပ် လှူဒါန်းပွဲ အခမ်းအနားကျင်းပရေး ဦးစီး ကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကို ယနေ့ နံနက် ၁ဝ နာရီတွင် နေပြည်တော်ရှိ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန အစည်းအဝေး ခန်းမ၌ ကျင်းပရာ ဦးစီးကော်မတီနာယက ဒုတိယသမ္မတ ဦးမြင့်ဆွေ တက်ရောက် အမှာစကားပြောကြားသည်။
ထပ်မံဖွဲ့စည်းထား
ဒုတိယသမ္မတက ယခုပြုလုပ်သည့် အစည်းအဝေးသည် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အစိုးရက ကြီးမှူးကျင်းပ သည့် ဆဋ္ဌမအကြိမ်မြောက် ကထိန် သင်္ကန်း ဆက်ကပ်လှူဒါန်းပွဲအခမ်းအနား အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ညှိနှိုင်းဆောင်ရွက်ခြင်း ဖြစ်ပါကြောင်း၊ ကထိန်သင်္ကန်း ဆက်ကပ်လှူဒါန်းပွဲ အခမ်းအနားအောင်မြင်စွာ ကျင်းပနိုင် ရေးအတွက် နိုင်ငံတော်သမ္မတရုံး၏ ၂ဝ၁၇ ခုနှစ် စက်တင်ဘာလ ၂၂ ရက် ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ် ၇၈/၂ဝ၁၇ ဖြင့် ကျင်းပရေးဦးစီး ကော်မတီနှင့် လုပ်ငန်းကော်မတီများကို ဖွဲ့စည်းပေးထားပြီး ဖြစ်ပါကြောင်း၊ လုပ်ငန်းများကို စနစ်တကျတာဝန်ခွဲဝေ ဆောင်ရွက်နိုင်ရန် ဆပ်ကော်မတီ ၁၁ ခု ကိုလည်း ထပ်မံဖွဲ့စည်းထားပြီး ဖြစ်ပါ ကြောင်း။
မွန်မြတ်သည့်အလှူ
ကထိန်သင်္ကန်း ကပ်လှူရန် ဘုရားရှင်က ဝိနည်းတော် ပညတ်ပေးထား ရာတွင် သီတင်းကျွတ်လပြည့်ကျော် တစ်ရက်နေ့မှသည် တန်ဆောင်မုန်း လပြည့်နေ့အထိ တစ်လတာကာလ အတွင်း ကျင်းပပြုလုပ်ရန် ကန့်သတ်ထား သည့်အတွက် ကထိန်သင်္ကန်း အလှူခံယူ မည့် ကျောင်းတိုက်သည် ယခုတစ်လ အတွင်း တစ်ကြိမ်သာ ကျင်းပပြုလုပ်ရန် ဝိနည်းတော် သတ်မှတ်ထားကြောင်း၊ တစ်နှစ်မှာ တစ်လ၊ တစ်လမှာ တစ်ရက်၊ တစ်ရက်မှာ တစ်ကြိမ်သာ လှူဒါန်းခွင့်ရ သည့် ကာလဒါနအလှူဖြစ်သည့်အတွက် မွန်မြတ်သည့် အလှူတော်ဖြစ်ပါကြောင်း။
ပါဝင်ဆွေးနွေး
ယခုပြုလုပ်သည့် ကထိန်သင်္ကန်း ဆက်ကပ်လှူဒါန်းပွဲသည် နိုင်ငံတော် အဆင့် အခမ်းအနားဖြစ်သည့်အတွက် စနစ်တကျကျင်းပနိုင်ရေး စီစဉ်ဆောင် ရွက်ရမည်ဖြစ်ပါကြောင်း၊ နှစ်စဉ်ကျင်းပ ပြုလုပ်နေသည့် အခမ်းအနားဖြစ်သည့် အတွက် သက်ဆိုင်ရာကော်မတီဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများအနေဖြင့် လုပ်ငန်းကျွမ်းကျင်မှုကို အခြေခံ၍ လစ်ဟင်းချွတ်ချော်မှုများ မရှိအောင် ကော်မတီ၊ ဆပ်ကော်မတီများအလိုက် စနစ်တကျ စီမံခန့်ခွဲခြင်း၊ ပေါင်းစပ်ညှိနှိုင်း ခြင်းတို့ကို ဆောင်ရွက်သွားရန် လိုအပ်ပါ ကြောင်း၊ အခမ်းအနားကို ဥပ္ပါတသ္တိ စေတီတော် ပရိဝုဏ်အတွင်းရှိ သာသနာ့ မဟာဗိမာန်တော်၌ ကျင်းပသွားမည် ဖြစ်ပါကြောင်း၊ ကထိန်သင်္ကန်း ဆက်ကပ် လှူဒါန်းပွဲသို့ြ<ွကရောက်တော်မူကြမည့် ဆရာတော်ကြီးများ တည်းခိုနေထိုင်မည့် ဥပ္ပါတသ္တိစေတီတော် ပရိဝုဏ်အတွင်းရှိ ကျောင်းဆောင်များကို ရေ၊ မီး၊ သန့်ရှင်း ရေး၊ စိမ်းလန်းစိုပြည် သာယာလှပရေး အတွက် သက်ဆိုင်ရာကော်မတီများက ပူးပေါင်းဆောင်ရွက်သွားကြရမည် ဖြစ် ပါကြောင်း၊ ဆွမ်းနှင့် အစားအသောက် များ ချက်ပြုတ်ရာတွင် သန့်ရှင်း လတ်ဆတ်ပြီး ကျန်းမာရေးနှင့် ညီညွတ် အောင် စစ်ဆေးဆောင်ရွက်သွားရန် လိုအပ်ပါကြောင်း၊ အခမ်းအနားကို စည်ကားသိုက်မြိုက် အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် လိုအပ်သည့် အကြံÓဏ်များ ပါဝင်ဆွေးနွေးကြစေလို ကြောင်း ပြောကြားသည်။
ရှင်းလင်းတင်ပြ
ထို့နောက် ကထိန်သင်္ကန်းဆက်ကပ် လှူဒါန်းပွဲ အခမ်းအနားကျင်းပရေး ဦးစီး ကော်မတီဥက္ကဋ္ဌ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး သူရဦးအောင်ကိုက ဆပ်ကော် မတီများဖွဲ့စည်းထားမှု၊ သံဃာတော်များ ပင့်ဆောင်မည့် အစီအစဉ်နှင့် သီတင်းသုံး မည့် အစီအစဉ်၊ အခြားဝန်ကြီးဌာနများ နှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်နေမှုနှင့် ကထိန်သင်္ကန်း ဆက်ကပ်လှူဒါန်းပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် စီစဉ်ဆောင်ရွက်ထားမှု အခြေအနေများ ကို ရှင်းလင်းတင်ပြသည်။
ဆက်လက်၍ ကျင်းပရေးဦးစီး ကော်မတီအဖွဲ့ဝင် နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ ဒေါက်တာမျိုးအောင်နှင့် ဆွမ်း ဆက်ကပ်ရေးနှင့် ဧည့်ခံကျွေးမွေးရေး ဆပ်ကော်မတီ၊ သံဃာတော်များ ပင့်ဆောင်ရေးနှင့် သယ်ယူပို့ဆောင်ရေး ဆပ်ကော်မတီ၊ အခမ်းအနားကျင်းပရေး နှင့် အခမ်းအနားပြင်ဆင်ရေး ဆပ်ကော် မတီ၊ ဖိတ်ကြားရေးနှင့် ကြိုဆိုနေရာ ချထားရေးဆပ်ကော်မတီ၊ လှူဖွယ်ပစ္စည်း ပြင်ဆင်ရေးနှင့် ဆက်ကပ်ရေး ဆပ်ကော် မတီ၊ ပဒေသာပင်များ စီစဉ်ရေး ဆပ်ကော်မတီ၊ ဧည့်ခံဖျော်ဖြေရေး ဆပ်ကော်မတီ၊ သတင်းမှတ်တမ်း ထုတ်ပြန်ရေးဆပ်ကော်မတီ၊ ကျန်းမာရေး ဆပ်ကော်မတီ၊ ဥပ္ပါတသ္တိစေတီတော် မြတ်ကြီး စိမ်းလန်းစိုပြည်ရေးနှင့် သာသနာရေးဆိုင်ရာ အခင်းအကျင်း ပြင်ဆင်ရေးဆပ်ကော်မတီနှင့် လုံခြုံရေး ဆပ်ကော်မတီတို့မှ ဥက္ကဋ္ဌများနှင့် အတွင်း ရေးမှူးများ၊ အဖွဲ့ဝင်များက ကထိန် သင်္ကန်း ဆက်ကပ်လှူဒါန်းပွဲအောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် သက်ဆိုင်ရာ ကဏ္ဍအလိုက် လုပ်ငန်းဆောင်ရွက်မှု အခြေအနေများကို ရှင်းလင်းတင်ပြ ကြသည်။
ယင်းနောက် တက်ရောက်လာကြ သူများက အကြံပြုဆွေးနွေးတင်ပြကြရာ ဒုတိယသမ္မတက ပေါင်းစပ်ညှိနှိုင်းပေးပြီး နိဂုံးချုပ်အမှာစကား ပြောကြားကာ အစည်းအဝေးကို ရုပ်သိမ်းခဲ့သည်။
လုပ်ငန်းညှိနှိုင်း အစည်းအဝေးသို့ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကို၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာ မျိုးအောင်၊ ဒုတိယဝန်ကြီးများဖြစ်သည့် ဗိုလ်ချုပ်အောင်စိုး၊ ဒေါက်တာထွန်းနိုင်နှင့် ဦးမောင်မောင်ဝင်း၊ နေပြည်တော် ကောင်စီဝင် ဦးအောင်မြင်ထွန်း၊ နေပြည်တော်တိုင်းစစ်ဌာနချုပ် ဒုတိယ တိုင်းမှူး ဗိုလ်မှူးချုပ် မောင်မောင်၊ အမြဲတမ်းအတွင်းဝန်များ၊ ဌာနဆိုင်ရာ အကြီးအကဲများ၊ ဆပ်ကော်မတီဥက္ကဋ္ဌ များနှင့် တာဝန်ရှိသူများ တက်ရောက်ကြ သည်။
(သတင်းစဉ်)

ညောင်ချည်ထောက် ချောင်းကူးကားလမ်း ပြုပြင်ပေးရန်လိုအပ်




ထင်သာမြင်သာ ပြုပြင်စရာ



စစ်ကိုင်းတိုင်းဒေသကြီး ကသာခရိုင် ဗန်းမောက်မြို့နယ် လေးသီနှင့် ညောင်ချည်ထောက် ကျေးရွာကြားရှိ ညောင်ချည်ထောက် ချောင်းကူးအတက်ကားလမ်းမကြီး ပျက်စီး နေသည့်အတွက်ကြောင့် ကားများ သွားလာရေး ခက်ခဲလျက်ရှိနေကြောင်း သိရ သည်။
''ဒီလထဲမှာ မိုးက အဆက်မပြတ်ရွာနေတယ်။ မိုးရွာတာရက်ရှည်ဖြစ်လာတော့ လမ်းအတက်နေရာက ကြာလေပျက်လာလေ ဖြစ်နေပါတယ်။ အခုဆို ကားတွေ၊ ထော်လာဂျီတွေ၊ သွားလာရေးတွေ လမ်းမကောင်းလို့ ခက်နေပါတယ်''ဟု ကားသမား ဦးမောင်ရီက ပြောသည်။
အဆိုပါကားလမ်းသည် ဗန်းမောက်မြို့နှင့် မဲဇာချောင်းဘေးရှိ မံထုံဒေသစိတ်တို့ ဆက်သွယ်သွားလာရသော ကျေးရွာချင်းဆက် ကားလမ်းမကြီးဖြစ်သည်။ ယင်းကားလမ်းသည် ကျေးရွာပေါင်း ၂ဝ ကျော်နှင့် ဗန်းမောက်မြို့တို့ကို ဆက်သွယ် ပေါင်းကူးပေးသော ကားလမ်းတစ်ခုလည်းဖြစ်သည်။ အဆိုပါကားလမ်းရှိ ညောင်ချည် ထောက် ချောင်းကူးကားလမ်းမကြီးပျက်စီးနေခြင်းကို သက်ဆိုင်ရာက ပြန်လည် ပြုပြင်ပေးရန် ဒေသခံများကလိုလားလျက်ရှိကြောင်း သိရသည်။
သန်းမောင်လေး (ကချင်မြေ)

တောင်သူလယ်သမားအသက်အာမခံလုပ်ငန်းအား မိတ်ဖက်အဖွဲ့အစည်းများသို့ တွေ့ဆုံညှိနှိုင်းဆွေးနွေး





 နေပြည်တော် စက်တင်ဘာ ၂၈



 မြန်မာ့အာမခံလုပ်ငန်းမှ တောင်သူ လယ်သမားအသက်အာမခံလုပ်ငန်းနှင့် ပတ်သက်၍ မိတ်ဖက်အဖွဲ့အစည်းများနှင့် တွေ့ဆုံညှိနှိုင်းဆွေးနွေး၍ မီဒီယာသို့ အသိပေးသတင်းစာရှင်းလင်းခြင်း အခမ်း အနားကို စက်တင်ဘာ ၂၇ ရက်က ရန်ကုန်မြို့ မြန်မာ့အာမခံလုပ်ငန်း ရုံးချုပ် အစည်းအဝေးခန်းမ၌ ကျင်းပရာ မြန်မာ့ အာမခံလုပ်ငန်း ဦးဆောင်òန်ကြားရေး မှူး ဒေါက်တာ စန္ဒာဦးက အမှာစကား ပြောကြားသည်။
ယင်းအခမ်းအနားတွင် မြန်မာ့ အာမခံလုပ်ငန်း ဦးဆောင်òန်ကြားရေး မှူး ဒေါက်တာ စန္ဒာဦးက ရှင်းလင်း ပြောကြားရာ၌ တောင်သူလယ်သမား အသက်အာမခံလုပ်ငန်းကို အကောင် အထည်ဖော် ဆောင်ရွက်ရခြင်းမှာ တောင်သူလယ်သမားများနှင့် မိသားစု ဝင်များ၏ ခိုင်မာသောဘဝအာမခံချက် ရရှိစေနိုင်ရန်၊ ထိခိုက်ဒဏ်ရာရရှိမှုများ အတွက် တစ်ဖက်တစ်လမ်းမှ ဆေးဝါး ကုသမှုကုန်ကျစရိတ်ကို ပံ့ပိုးပေးနိုင်ရန်၊ မတော်တဆ အသက်ဆုံးရှုံးမှုဖြစ်ပွားခဲ့ ပါကလည်း ကျန်ရစ်သူမိသားစုများကို ငွေကြေးအထောက်အကူရရှိစေရန်နှင့် နစ်နာဆုံးရှုံးမှု မပေါ်ပေါက်ပါကလည်း နိုင်ငံ၏ ဝင်ငွေတိုးတက်ရရှိစေရန်စသည့် ရည်ရွယ်ချက်များဖြင့် တောင်သူ လယ်သမား အသက်အာမခံလုပ်ငန်း များကို မိတ်ဖက်အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်ရန်အတွက် တွေ့ဆုံ ညှိနှိုင်း ဆွေးနွေးခြင်းဖြစ်ပါကြောင်း၊ ယင်းအာမခံကို အောက်တိုဘာ ၁ ရက်နေ့မှ စတင်၍ တောင်သူလယ်သမား များထံ လက်ရောက်ဖြန့်ဖြူးပေးမည် ဖြစ်ပါကြောင်း၊ တောင်သူလယ်သမား အသက်အာမခံသည် မြန်မာနိုင်ငံအနေ နှင့် အထူးပြုလုပ်သင့်သည့် အာမခံ အမျိုးအစားဖြစ်ပါကြောင်း၊ ပြည်သူနှင့် အတူဆိုသော နိုင်ငံတော်၏ ဆောင်ပုဒ် အတိုင်း လယ်သမားများနှင့် ¤င်းတို့၏ မိသားစုများ ဘဝနောင်ရေးအတွက် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန မြန်မာ့အာမခံလုပ်ငန်း၏ ကြီးကြပ် ဆောင်ရွက်မှုဖြင့် လယ်သမားပြည်သူ များထံအရောက် ကွင်းဆင်းဆောင်ရွက် ပေးမည့် အစီအစဉ်များဖြစ်ပါကြောင်း၊ မြန်မာ့အာမခံလုပ်ငန်းရုံးချုပ်အပါအဝင် သက်ဆိုင်ရာရုံးခွဲပေါင်း ၄ဝ နှင့် မိတ်ဖက် အဖွဲ့အစည်းများ၊ အာမခံကိုယ်စားလှယ် များမှတစ်ဆင့် စတင်ဖြန့်ဖြူးပေးသွား မည်ဖြစ်ပါကြောင်း၊ တောင်သူလယ်သမား အသက်အာမခံလုပ်ငန်းစဉ် အသေးစိတ် နှင့် အာမခံထားရှိခြင်းဖြင့် ရရှိနိုင်မည့် အကျိုးခံစားခွင့်များနှင့် မြန်မာနိုင်ငံ၏ လယ်ယာစိုက်ပျိုးရေးကဏ္ဍတွင် အဓိက ပါဝင်လုပ်ကိုင်နေသည့် တောင်သူ လယ်သမားများ၏ ဘဝလုံခြုံမှုရှိစေရေး အတွက် အကျိုးဖြစ်ထွန်းနိုင်သည့် အာမခံ လုပ်ငန်းမျိုး တီထွင်ဆောင်ရွက်ပေးရခြင်း ဖြစ်ပါကြောင်း ရှင်းလင်းပြောကြား သည်။
(သတင်းစဉ်)

အိမ်နီးချင်းကောင်းတို့၏ အပြုအမူသဘောထား



မြန်မာ့အလင်းအယ်ဒီတာအာဘော်



ရခိုင်ပြည်နယ်ပြဿနာနှင့်ပတ်သက်၍ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ဝန်ကြီးချုပ် က ကုလသမဂ္ဂလုံခြုံရေးကောင်စီသို့ အဆိုပြုတင်ပြထားသောအချက် ငါးချက်ကို ဖတ်ရှုရပါသည်။ ဤအချက်ငါးချက်ကို ဖတ်ရှုပြီးစီးသည်နှင့် တစ်ပြိုင်တည်း ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ ဝန်ကြီးချုပ်က ¤င်းတို့၏ အမြင် သဘောထားကိုသာ တစ်ဖက်သတ်တင်ပြထားသည်ကို သတိပြုမိပါသည်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ဝန်ကြီးချုပ်အနေဖြင့် ရခိုင်ပြည်နယ်ပြဿနာအပေါ် မြန်မာနိုင်ငံတော်အစိုးရနှင့် မည်သို့မည်ပုံ ညှိနှိုင်းဆွေးနွေးမည်ဆိုသည်အား လုံးဝတင်ပြမထားသည်ကိုလည်း သတိပြုမိပါသည်။ ရှည်လျားသော နယ်စပ်မျဉ်းထိစပ်နေသော နှစ်နိုင်ငံအကြား တစ်နိုင်ငံတည်းကသာ တာဝန်ရှိသော တစ်ဖက်သတ်ပြဿနာဟူ၍ မရှိသည်ကို က္ဘာ့သမိုင်းက သက်သေထူပြီးဖြစ်ပါသည်။ သို့သော် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ ဝန်ကြီးချုပ် က ရခိုင်ပြည်နယ်ရှိ ပြဿနာအားလုံးအတွက် မြန်မာနိုင်ငံတော်အစိုးရက သာ တာဝန်ရှိလေဟန် တင်ပြထားပါသည်။
ပိုမိုပြည့်စုံစွာ နားလည်နိုင်ရေးအတွက် ဘင်္ဂလားဒေ့ရှ်နိုင်ငံဝန်ကြီးချုပ် ၏ တင်ပြချက်ငါးရပ်ကို တင်ပြလိုပါသည်။ နံပါတ်တစ် အချက်သည် ရခိုင်ပြည်နယ်အတွင်းရှိ အကြမ်းဖက်မှုများနှင့် လူမျိုးဘာသာခွဲခြားဖိနှိပ် မှု အလေ့အထတို့ ထာဝရရပ်ဆိုင်းရေးအတွက် ချက်ချင်းအရေးယူဆောင် ရွက်ပေးရန် ဖြစ်ပါသည်။ နံပါတ်နှစ်အချက်သည် ကုလသမဂ္ဂအထွေထွေ ညီလာခံက မြန်မာနိုင်ငံသို့ အချက်အလက်ရှာဖွေရေး အဖွဲ့တစ်ရပ် အရေး တကြီး စေလွှတ်ပေးရန် ဖြစ်ပါသည်။ နံပါတ်သုံးအချက်သည် မြန်မာနိုင်ငံ တော်အစိုးရက လူမျိုးဘာသာမရွေး ပြည်သူတိုင်းကို ကာကွယ်ပေး၍ ကုလသမဂ္ဂ၏ကြီးကြပ်မှုဖြင့် မြန်မာနိုင်ငံအတွင်း ဘေးကင်းဇုန်များ ထူထောင်ပေးရန် ဖြစ်ပါသည်။ နံပါတ်လေးအချက်သည် ဘင်္ဂလားဒေ့ရှ်နိုင်ငံ သို့ ရောက်ရှိလာသော ဘင်္ဂါလီမျိုးနွယ်အားလုံးကို ပြန်လည်လက်ခံရန် ဖြစ်ပါသည်။ နံပါတ်ငါးအချက်သည် မစ္စတာ ကိုဖီအာနန်၏ အစီရင်ခံစာ အား အလုံးစုံအြ<ွကင်းမဲ့ အလျင်အမြန် အကောင်အထည်ဖော်ပေးရန် ဖြစ်ပါသည်။
''ရခိုင်ပြည်နယ်အတွင်းရှိ အကြမ်းဖက်မှုများနှင့် လူမျိုးဘာသာခွဲ ခြား ဖိနှိပ်မှုအလေ့အထတို့'' ဟူသည်မှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံဝန်ကြီးချုပ် ၏ တစ်ဖက်သတ်အမြင်သာ ဖြစ်ပါသည်။ ဖြစ်သင့်သည်မှာ ဘင်္ဂလားဒေ့ရှ် နိုင်ငံဝန်ကြီးချုပ်အနေဖြင့် မြန်မာနိုင်ငံတော်အစိုးရနှင့် ညှိနှိုင်းဆွေးနွေး ၍ ပကတိအခြေအနေမှန်ကို လေ့လာသုံးသပ်ရန်သာ ဖြစ်ပါသည်။ မြန်မာ နိုင်ငံသည် အချုပ်အခြာအာဏာပိုင် နိုင်ငံတစ်နိုင်ငံအနေဖြင့် နိုင်ငံတကာ အချက်အလက် ရှာဖွေရေးအဖွဲ့တစ်ရပ်လိုအပ်မှု ရှိ/မရှိကို မိမိကိုယ်ပိုင် ဆုံးဖြတ်ချက်ဖြင့် ဆောင်ရွက်မည်ဖြစ်ပါသည်။ ဤကိစ္စရပ်သည် ဘင်္ဂလား ဒေ့ရှ် နိုင်ငံဝန်ကြီးချုပ်အပါအဝင် ပြည်ပအင်အားစုတို့က ဝင်ရောက်စွက် ဖက်ရမည့် ကိစ္စရပ်မဟုတ်ပါ။ မြန်မာနိုင်ငံအတွင်း ဘေးကင်းဇုန်လိုအပ်မှု ရှိ/မရှိ ဆိုသည်မှာလည်း အချုပ်အခြာအာဏာပိုင် မြန်မာနိုင်ငံ၏ လုပ်ပိုင် ခွင့်သာ ဖြစ်ပါသည်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ထွက်ပြေးရောက်ရှိလာသည် ဆိုသော ဘင်္ဂါလီမျိုးနွယ်တို့အား ပြန်လည်လက်ခံရေးနှင့်ပတ်သက်၍ ဘင်္ဂလားဒေ့ရှ်နိုင်ငံဝန်ကြီးချုပ်က မြန်မာနိုင်ငံတော်အစိုးရနှင့် ဘင်္ဂလား ဒေ့ရှ် အစိုးရတို့အကြား ညှိနှိုင်းရရှိခဲ့သော ၁၉၉၃ ခုနှစ် သဘောတူညီ ချက်ကို လုံဝရည်òန်းမပြောဆိုခဲ့သည်မှာ စိတ်ပျက်စရာလုပ်ရပ်တစ်ခု သာ ဖြစ်ပါသည်။ ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ်၏ တင်ပြချက်သည် ဘင်္ဂလား ဒေ့ရှ် အစိုးရက ရခိုင်ပြည်နယ်မှ ထွတ်ပြေးလာသည်ဟု တင်ပြသူတိုင်းကို မြန်မာနိုင်ငံအစိုးရက လက်ခံပေးရမည့် သဘောသက်ရောက်နေပါသည်။ မစ္စတာ ကိုဖီအာနန်၏ အစီရင်ခံစာသည် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ ဦးဆောင်မှုရလဒ်သာ ဖြစ်ပါသည်။ ဘင်္ဂလား ဒေ့ရှ် ဝန်ကြီးချုပ်အနေဖြင့် မစ္စတာ ကိုဖီအာနန်၏ အစီရင်ခံစာကို အကောင် အထည်ဖော်နိုင်ရေးအတွက် ¤င်းတို့အစိုးရက မြန်မာနိုင်ငံတော်အစိုးရနှင့် ညှိနှိုင်းဆွေးနွေးဆောင်ရွက်လိုပါသည်ဟူ၍သာ တင်ပြသင့်ပါသည်။ နှစ်နိုင်ငံချစ်ကြည်ရေးနှင့် ဖွံ့ဖြိုးမှု၏ အသီးအပွင့်တို့ကို နှစ်နိုင်ငံ ပြည်သူတို့ အား ရရှိခံစားစေလိုပါက ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ်အနေဖြင့် အိမ်နီးချင်း ကောင်းပီသစွာ အပြုသဘောတင်ပြချက်တို့ကို ပြုလုပ်သင့်ပါကြောင်း လေးနက်စွာ တင်ပြအပ်ပါသည်။ ။

ဘာသာပေါင်းစုံ ချစ်ကြည်ညီညွတ်ရေးအဖွဲ့မှ သဘောထားကြေညာချက် ထုတ်ပြန်





 နေပြည်တော် စက်တင်ဘာ ၂၈


 

၂ဝ၁၇ ခုနှစ်၊ စက်တင်ဘာ (၁၉) ရက်တွင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ပြောကြားခဲ့သည့် မိန့်ခွန်းနှင့်စပ်လျဉ်း၍ သဘောထားကြေညာချက်ကို ဘာသာပေါင်းစုံချစ်ကြည် ညီညွတ်ရေးအဖွဲ့ (မြန်မာနိုင်ငံ)မှ စက်တင်ဘာ ၂၇ ရက် က ထုတ်ပြန်ကြေညာခဲ့သည်။
ယင်းသဘောထားကြေညာချက် အပြည့်အစုံမှာ အောက်ပါအတိုင်းဖြစ်သည်-
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်း စုကြည်သည် ရခိုင်ပြည်နယ်အတွင်း ဖြစ်ပေါ်ခဲ့သော အကြမ်းဖက်မှုများကို ဟန့်တားဆောင်ရွက်နေမှု အခြေအနေနှင့် တည်ငြိမ်အေးချမ်းမှုနှင့် သဟဇာတဖြစ်ရေး ကြိုးပမ်းဆောင်ရွက်နေမှုများကို ၂ဝ၁၇ ခုနှစ်၊ စက်တင် ဘာလ ၁၉ ရက်နေ့တွင် သံတမန်များကို ရှင်းလင်းပြောကြား ခဲ့ပါသည်။ ထိုသို့ ရှင်းလင်းပြောကြားရာတွင် အကြမ်းဖက်မှု များကြောင့် ထိခိုက်နစ်နာရသူများအားလုံးအတွက် အထူး စိတ်မကောင်းဖြစ်ရကြောင်း၊ လူ့အခွင့်အရေး ချိုးဖောက် မှုများ၊
ဥပဒေနှင့်ဆန့်ကျင်သော အကြမ်းဖက်မှုများအားလုံးကို ရှုတ်ချကြောင်း၊ တည်ဆဲဥပဒေများအရ အရေးယူဆောင်ရွက် သွားမည်ဖြစ်ကြောင်း၊ ဘာသာရေး၊ လူမျိုးရေးနှင့် နိုင်ငံရေး ယုံကြည်မှုများကြောင့် အကွဲကွဲအပြားပြားဖြစ်နေသည့် နိုင်ငံ မဖြစ်စေလိုကြောင်း၊ မတူကွဲပြားမှုများကို အခြေပြု၍ စုစည်း ညီညွတ်စွာဖြင့် အခွင့်အရေးများကို အတူတကွ ခံစားခွင့်၊ ဘဝကို မိမိတို့ယုံကြည်မှုနှင့်အတူ လျှောက်လှမ်းခွင့်ရှိသော နိုင်ငံအဖြစ် ပြည်သူများအားလုံး အတူတကွ ပူးပေါင်း ဆောင်ရွက်ရန် တိုက်တွန်းပြောကြားခဲ့ပါသည်။
ဘာသာပေါင်းစုံချစ်ကြည်ညီညွတ်ရေးအဖွဲ့ (မြန်မာ နိုင်ငံ)သည် ရခိုင်ပြည်နယ်တွင် အကြမ်းဖက်သူများကြောင့် သေဆုံးခဲ့ရသော အပြစ်မဲ့ပြည်သူများ၏ ကျန်ရစ်သူ မိသားစု များနှင့် ထပ်တူဝမ်းနည်းရပြီး နေရပ်စွန့်ခွာနေကြရသူများ အားလုံးအတွက်လည်း စိတ်မကောင်းဖြစ်ရပါသည်။ အကြမ်းဖက်လုပ်ရပ်များကို ကျူးလွန်ခဲ့သော ARSA အစွန်းရောက်အကြမ်းဖက်အဖွဲ့ကို အပြင်းအထန်ဆန့်ကျင် ရှုတ်ချပါသည်။ ထိုသို့ အပြစ်မဲ့ပြည်သူများ၏ အသက်အိုးအိမ် စည်းစိမ် ထိခိုက်နစ်နာစေသည့် အကြမ်းဖက်လုပ်ရပ်ကို ဘာသာတရားအသီးသီးက ခွင့်ပြုထားခြင်းမရှိကြပါ။ ထို့ကြောင့် ¤င်းတို့လုပ်ရပ်သည် ဘာသာရေးနှင့် ပတ်သက်ခြင်း မရှိဟု အလေးအနက် ခံယူပါသည်။
ဘာသာပေါင်းစုံချစ်ကြည်ညီညွတ်ရေးအဖွဲ့ (မြန်မာ နိုင်ငံ)အနေဖြင့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် မိန့်ခွန်းနှင့် နိုင်ငံတော်အစိုးရက ဆောင်ရွက်လျက်ရှိသည့် အမျိုးသား ပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဆိုင်ရာ ကြိုးပမ်း အားထုတ်မှုများကို အပြည့်အဝထောက်ခံကြိုဆို၍ ကျရာ ကဏ္ဍမှ ပူးပေါင်းပါဝင်ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း သဘောထားထုတ်ပြန်ကြေညာပါသည်။
(သတင်းစဉ်)

ဒေသအခြေအနေ မတည်ငြိမ်မှုအပေါ် ကြောက်ရွံ့၍ တစ်ဖက်နိုင်ငံသို့ တိမ်းရှောင်မည့်ဘဂ¯လီများအား တာဝန်ရှိသူများ သွားရောက်တွေ့ဆုံညှိနှိုင်း





 နေပြည်တော် စက်တင်ဘာ ၂၈


 

 မောင်တောမြို့နယ် အလယ်သံကျော်ကျေးရွာအုပ်စု လေယာဉ်ကွင်းကျေးရွာတွင် ဘူးသီးတောင် မြို့နယ်အတွင်းမှ တစ်ဖက်နိုင်ငံသို့ တိမ်းရှောင်မည့် ဘင်္ဂါလီများရောက်ရှိနေကြောင်း သတင်းအရ မောင်တောခရိုင်နှင့် မြို့နယ်အုပ်ချုပ်ရေးမှူးများ၊ ဌာနဆိုင်ရာများ ပူးပေါင်းပါဝင်သောအဖွဲ့သည် စက်တင်ဘာ ၂၇ ရက်တွင် သွားရောက်တွေ့ဆုံခဲ့သည်။
လေယာဉ်ကွင်းကျေးရွာတွင် တိမ်းရှောင်ရောက်ရှိနေသူများသည် ဘူးသီးတောင်မြို့နယ် ဒုအိုးသည်မကျေးရွာအုပ်စုနှင့် ပြိုင်းတောင်ကျေးရွာအုပ်စု၊ ဇင်ခါးမကျေးရွာ၊ ဘိုလီကျေးရွာ၊ ငွေတောင်ကျေးရွာတို့မှဖြစ်ပြီး ဒေသအခြေအနေမတည်ငြိမ်မှုအပေါ် ကြောက်ရွံ့၍ တစ်ဖက်နိုင်ငံ သို့ တိမ်းရှောင်ရန် ¤င်းနေရာသို့ရောက်ရှိကြောင်း သိရှိရသည်။
ခရိုင်အုပ်ချုပ်ရေးမှူးနှင့်အဖွဲ့က တိမ်းရှောင်ရောက်ရှိနေ သူများအား တွေ့ဆုံမေးမြန်းရာတွင် စားဝတ်နေရေး အခက် အခဲရှိသဖြင့် ဆက်လက်နေထိုင်၍ မရသောကြောင့် သွားရောက် လိုခြင်းဖြစ်ကြောင်း၊ လုံခြုံရေးအခြေအနေအရ ကျေးရွာတွင် လုံခြုံမှုမရှိဟု ယူဆ၍ သွားရောက်လိုခြင်းဖြစ်ကြောင်း၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ရောက်ရှိနေသည့် ဘဂ¯လီများက ထွက်ခွာရန် ဆက်သွယ်ပြောဆိုခြင်းများရှိကြောင်း၊ ဒေသခံ တိုင်းရင်းသားအချို့မှ ဖုန်းဖြင့်ခြိမ်းခြောက်ခြင်း၊ ပတ်ဝန်းကျင် ကျေးရွာများမှ ဘဂ¯လီများလည်း တိမ်းရှောင်မှုများလည်း ရှိနေခြင်းတို့ကြောင့် ၄င်းတို့အုပ်စုသည် လူနည်းစုဖြစ်မည်ကို စိုးရိမ်သဖြင့် တစ်ဖက်နိုင်ငံရှိ ၄င်းတို့မျိုးနွယ်စုများထံ သွားရောက် လိုခြင်းဖြစ်ကြောင်း သိရှိရသည်။
ထိုသို့ သိရှိပြီးနောက် ခရိုင်အုပ်ချုပ်ရေးမှူးက ရှင်းလင်း ပြောကြားရာတွင် စားဝတ်နေရေးအခက်အခဲရှိပါက ဆန်၊ ဆီ၊ ဆား၊ ပဲ လေးမျိုးတို့ကို ထောက်ပံ့ပေးမည်ဖြစ်ကြောင်း၊ လုံခြုံရေးနှင့် ပတ်သက်၍ လက်ရှိနေရာမှ မူလနေရာသို့ ပြန်လို လျှင် မော်တော်ယာဉ်ဖြင့် ပို့ဆောင်ပေးမည်ဖြစ်ပြီး လုံခြုံရေး ဆိုင်ရာကိစ္စရပ်များကိုလည်း စီစဉ်ဆောင်ရွက်ပေးမည်ဖြစ် ကြောင်း၊ ဒေသခံတိုင်းရင်းသားများမှ ဖုန်းဖြင့် ခြိမ်းခြောက်မှု ရှိပါက တရားဥပဒေနှင့်အညီ အရေးယူဆောင်ရွက်ပေးမည် ဖြစ်ကြောင်း၊ ခြိမ်းခြောက်မှုများပြား၍ လူနည်းစုဖြစ်မည်ဟု ယူဆပါက ပတ်ဝန်းကျင်ကျေးရွာများကို စုစုစည်းစည်း လုံခြုံအောင်စီမံဆောင်ရွက်ပေးမည် ဖြစ်ကြောင်းနှင့် တစ်ဖက် နိုင်ငံသို့ တိမ်းရှောင်ခြင်း၊ မိမိနေရပ်သို့ပြန်လိုခြင်းတို့အတွက် ပြန်လည်ဆက်သွယ်ပြောကြားရန် မှာကြားခဲ့သည်။
(သတင်းစဉ်)

Thursday, September 28, 2017

မြန်မာ-ဗြိတိန် နှစ်နိုင်ငံဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးဆွေးနွေး


နေပြည်တော်   စက်တင်ဘာ   ၂၇
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်၊နိုင်ငံခြား ရေးဝန်ကြီးဌာန   ပြည်ထောင်စုဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်သည် ဗြိတိန်နိုင်ငံ နိုင်ငံခြားရေးနှင့် ဓနသဟာယရေးရာရုံးမှ အာရှရေးရာနှင့် ပစိဖိတ်ဒေသဆိုင်ရာMinister of State ၊ The Rt. Hon Mark Field MP အား   ယနေ့ နံနက် ၁ဝ နာရီ ၁၅ မိနစ်တွင် နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန၌      လက်ခံ တွေ့ဆုံသည်။
တွေ့ဆုံစဉ် မြန်မာ-ဗြိတိန် နှစ်နိုင်ငံ ဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်ရေး ကိစ္စ၊    ငြိမ်းချမ်းရေးနှင့်   အမျိုးသား ပြန်လည်သင့်မြတ်ရေးကိစ္စ၊    လူ့အခွင့် အရေးဆိုင်ရာ  ကာကွယ်စောင့်ရှောက် ရေးနှင့် မြှင့်တင်ရေးကိစ္စနှင့် ရခိုင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက် နေသည့်ကိစ္စများကို ဆွေးနွေးကြသည်။
(သတင်းစဉ်)

မြန်မာ့ပြည်တွင်း ငြိမ်းချမ်းရေးဆောင်ရွက်ချက်များနှင့် ပတ်သက်သည့် စာတမ်းဖတ်ပွဲကျင်းပ

 

နေပြည်တော် စက်တင်ဘာ ၂၇
ပြန်ကြားရေးဝန်ကြီးဌာန ပြည်တွင်း၊ ပြည်ပဆက်ဆံရေးနှင့် သတင်းပြန်ကြားရေးဌာနခွဲမှ မြန်မာ့ပြည်တွင်း ငြိမ်းချမ်းရေး ကြိုးပမ်းဆောင်ရွက်ချက်များ စာတမ်းဖတ်ပွဲအခမ်းအနားကို ယနေ့မွန်းလွဲ ၂ နာရီတွင် နေပြည်တော်ရှိ ပြန်ကြားရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
စာတမ်းဖတ်ပွဲတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့် က အဖွင့်အမှာစကားပြောကြားသည်။
ထို့နောက် ပြန်ကြားရေးဝန်ကြီးဌာန ဝန်ကြီးရုံးမှ ဒုတိယ အမြဲတမ်းအတွင်းဝန် ဦးမြင့်ကျော်က သဘာပတိအဖြစ် ဆောင် ရွက်ပြီး စာတမ်းဖတ်ကြားကြမည့် စာတမ်းရှင်များနှင့် မိတ်ဆက် ပေးသည်။
ယင်းနောက် မြန်မာ့ပြည်တွင်း ငြိမ်းချမ်းရေးကြိုးပမ်းဆောင် ရွက်ချက်များစာတမ်းကို ပြည်တွင်း၊ ပြည်ပ သတင်းအချက် အလက်နှင့် နည်းပညာဌာနမှ ညွှန်ကြားရေးမှူး ဦးကျော်ဇင်သန့်၊ လက်ထောက်òန်ကြားရေးမှူး ဦးကျော်ဇေယျ၊ ဦးစီးအရာရှိ ဒေါ်ခင်ချောရဲနှင့် ဒုတိယဦးစီးမှူး ဦးစိုင်းနေလင်းထွန်းတို့က ဖတ်ကြားကြသည်။
ထို့နောက် အခမ်းအနားသို့ တက်ရောက်လာကြသည့် ဝန်ကြီးဌာနမှ ဝန်ထမ်းများက သိရှိလိုသည်များကို မေးမြန်းကြရာ တာဝန်ရှိသူများက ပြန်လည်ဖြေကြားကြသည်။
''မြန်မာ့ပြည်တွင်း ငြိမ်းချမ်းရေးဆောင်ရွက်ချက်များ ခေါင်းစဉ်''ဖြင့် ခေတ်အဆက်ဆက်အစိုးရများ ငြိမ်းချမ်းရေး ဆောင်ရွက်ချက်များ၊ ယခင်အစိုးရလက်ထက် ငြိမ်းချမ်းရေး ကြိုးပမ်းဆောင်ရွက်ချက်များ၊ နိုင်ငံတော်သမ္မတ ဦးထင်ကျော် လက်ထက် ငြိမ်းချမ်းရေးကြိုးပမ်းဆောင်ရွက်ချက်များနှင့် ငြိမ်းချမ်းရေးဖြစ်စဉ်နှင့်ပတ်သက်၍ သုံးသပ်ချက်နှင့် အကြံပြု ချက်များကို စာတမ်းရှင်များက အပိုင်း(၄)ပိုင်းဖြင့် ဖတ်ကြား ရှင်းလင်းတင်ပြသည်။
ပြန်ကြားရေးဝန်ကြီးဌာနအနေဖြင့် ''ရခိုင်ပြည်နယ်ဖြစ်စဉ် နှင့် ပတ်သက်သည့်စာတမ်း''ဖတ်ပွဲကို စက်တင်ဘာ ၁၂ ရက်က ကျင်းပခဲ့သည်။
စာတမ်းဖတ်ပွဲသို့ ညွှန်ကြားရေးမှူးချုပ်များ၊ ဦးဆောင် ညွှန်ကြားရေးမှူးနှင့် တာဝန်ရှိသူများ၊ အရာထမ်း အမှုထမ်းများ တက်ရောက်ကြသည်။
(သတင်းစဉ်)

အကြမ်းဖက်ဝါဒ၏ သရုပ်မှန်

မြန်မာ့အလင်းအယ်ဒီတာအာဘော်

ရခိုင်ပြည်နယ် မောင်တောဒေသအတွင်း အစွန်းရောက်များဝင်ရောက်တိုက်ခိုက်ခဲ့သော အကြမ်းဖက်ဖြစ်စဉ်မှာ တစ်လပြည့်သွားခဲ့ပြီဖြစ်သည်။ သြဂုတ်လ ၂၅ ရက်နေ့ကစတင်ခဲ့သော အကြမ်းဖက်တိုက်ခိုက်မှုများကို ရှင်းလင်းသောဖြစ်စဉ်မှာ စက်တင်ဘာ ၅ ရက်ကတည်းက ပြီးဆုံးခဲ့သော် လည်း ဘင်္ဂါလီကျေးရွာများမှလူများ တစ်ဖက်နိုင်ငံသို့ အဆက်မပြတ် ထွက်ပြေးခဲ့ခြင်းနှင့် နိုင်ငံတကာသတင်းမီဒီယာများမှ မမှန်ကန်သော သတင်းများ လွှင့်ထုတ်ခြင်းတို့ကြောင့် အခြေအနေမှာ ပိုမိုဆိုးရွားနေ သယောင်ဖြစ်စေခဲ့သည်။
ယခုတစ်လကျော် ကြာမြင့်လာသောအချိန်တွင် အမှားကအမှန်ဖြစ်၊ အမှန်က အမှားဖြစ်ခဲ့သော သတင်းအချို့ကို ချေဖျက်နိုင်ခဲ့သည်။ နိုင်ငံ တကာ အသိုင်းအဝိုင်းမှလည်း မြန်မာနိုင်ငံ၏အဖြစ်မှန်ကို နားလည်သော လူပုဂ္ဂိုလ်များ၊ နိုင်ငံများ၏ ကာကွယ်ပြောဆိုပေးမှုများရှိခဲ့သည်။ ကုလ သမဂ္ဂစင်မြင့်တွင် ပြောကြားခဲ့သောမိန့်ခွန်းများတွင်ပင် စင်ကာပူနိုင်ငံ ခြားရေးဝန်ကြီးပြောကြားခဲ့သောမိန့်ခွန်းမှာ မြန်မာနိုင်ငံဖြစ်စဉ်အတွက် ကွက်တိမှန်နေသောစကားများဖြစ်သည်။ ဘဂ¯လီအရေးကို ချဉ်းကပ်ရှုမြင် ရာတွင် အစွန်းရောက်ဝါဒီများ၏လှည့်ကွက်ကိုလျှော့မတွက်ရန် ကမ္ဘာ့နိုင်ငံ ခေါင်းဆောင်များကို စင်ကာပူက တိုက်တွန်းသတိပေးခဲ့ခြင်းဖြစ်သည်။
စင်ကာပူနိုင်ငံခြားရေးဝန်ကြီး ဘာလာခရစ်ရှ်နန်က ကုလသမဂ္ဂ အထွေထွေညီလာခံ၊ စက်တင်ဘာလ ၂၃ ရက်နေ့က ပြောကြားခဲ့သော မိန့်ခွန်းတွင် ''ဘယ်နေရာကြည့်ကြည့် အစွန်းရောက်ဝါဒီများတွင် စာအုပ် ကြီးအတိုင်း ကျင့်သုံးနေသော နည်းလမ်းများရှိကြောင်း၊ ပထမဆုံးအနေနဲ့ သူတို့ဟာ ကမ်းကုန်အောင်ဆိုးသွမ်းသော အကြမ်းဖက်မှုများလုပ်ပြမယ်၊ ဒုတိယအနေနဲ့ ဖြစ်ပေါ်လာတဲ့နောက်ဆက်တွဲအခြေအနေကို ဘာသာရေး တံဆိပ်ကပ်လိုက်မယ်၊ ဒါဆိုရင် သူတို့နဲ့ ကျွန်တော်တို့ကြား ချိန်ဆစဉ်းစား ရတဲ့ သဘောသဘာဝမျိုးဖြစ်လာတော့မယ်၊ တတိယလုပ်မှာက ကြားဝင် စောင့်ကြည့်သူတွေ အမြင်တွင် သူတို့ဘက်ယိမ်းလာအောင် အလွန်အကျွံ အမူပိုပြတော့မှာဖြစ်ကြောင်း၊ ထိုသို့သောအစွန်းရောက်ဝါဒီများ၏ ထောင်ချောက်ထဲသို့ တည့်တည့်ကြီးဝင်မသွားမိဖို့ အရမ်းဂရုစိုက်ရမှာ ဖြစ်ကြောင်း'' ပြောကြားခဲ့သည်။
ယခု တိုင်း(မ်)မဂ္ဂဇင်းတွင်ဖော်ပြသော မျက်နှာဖုံးမှာ ဤသဘောပင် ဖြစ်သည်။ မည်သည့်သတင်းဌာနတွင်မဆို ဘဂ¯လီများ ထွက်ပြေးရမှုကို သာ အသားပေးဖော်ပြကြပြီး ပြည်တွင်းဒေသခံ တိုင်းရင်းသားများ ရက်ရက် စက်စက် အသတ်ခံရမှု၊ နေရပ်စွန့်ခွာထွက်ပြေးရမှုများကို လုံးဝ ဖော်ပြခဲ့ကြခြင်းမရှိပေ။ သို့သော် ယခုနောက်ဆုံးပေါ်ထွက်လာသည့် ဟိန္ဒူဘာသာဝင် ၄၅ ဦး အစုလိုက်အပြုံလိုက် ရက်ရက်စက်စက်အသတ်ခံ ရခြင်းဖြစ်စဉ်က သတင်းမှားများကို တစ်စုံတစ်ရာ ရပ်တန့်စေမည်ဖြစ်ပါ သည်။ ကမ္ဘာ၏စာနာမှုကိုရရှိအောင် နည်းပရိယာယ်မျိုးစုံဖြင့် ကြိုးပမ်း လာသော ၄င်းတို့ကိုယ် ၄င်းတို့ရိုဟင်ဂျာဟု ခေါ်ဆိုသည့် ဘဂ¯လီများသည် အကြမ်းဖက်ဝါဒီများသာဖြစ်ကြောင်း ကမ္ဘာတွင် ထင်းထင်းကြီးပေါ်လွင် လာခဲ့ပါသည်။ ဤအချက်ကို ကုလသမဂ္ဂအထွေထွေညီလာခံတွင် မြန်မာ နိုင်ငံသံအမတ်ကြီးက ရှင်းရှင်းလင်းလင်းပင် ဖော်ထုတ်တင်ပြခဲ့ပါသည်။
ယခု ပေါ်ထွက်လာသော ဟိန္ဒူဘာသာဝင်များကို ဘာသာရေးအရ နှိပ်ကွပ်သည့် အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုကြောင့် စက်တင်ဘာလ ၂၈ ရက်နေ့တွင် ကျင်းပဖွယ်ရှိသည့် ကုလသမဂ္ဂလုံခြုံရေးကောင်စီအစည်းအဝေးတွင် သက်ရောက်မှုရှိလာမည်ဖြစ်ပါသည်။ ဟိန္ဒူဘာသာဝင်များ အသတ်ခံရမှုကို အိန္ဒိယïပ်သံများတွင်ဖော်ပြခဲ့ပြီး စိတ်ဆိုးမာန်ဆိုး ဝေဖန် မှုများစွာထွက်ပေါ်နေသည်။ နောက်အပတ်ထွက်မည့် တိုင်း(မ်)မဂ္ဂဇင်း တွင် ပါသင့်သည့် မျက်နှာဖုံးပုံမှာ မြန်မာနိုင်ငံမှ လူမှုဝန်ထမ်း၊ ကယ်ဆယ် ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးကိုဖက်၍ငိုနေသော ဟိန္ဒူအမျိုး သမီးကြီး၏ပုံသာဖြစ်ပါသည်။ 'ရိုဟင်ဂျာဟုဆိုနေသူ အကြမ်းဖက်သမား များ၏ ဇာတိïပ်အမှန်ပေါ်ပြီ''ဟူသော ခေါင်းစဉ်မျိုးနှင့် ဖော်ပြသင့် ပါသည်။
ယခု ပြည်တွင်းမြို့ကြီးအများအပြားတွင် လူထုခေါင်းဆောင်နှင့် အတူ ရပ်တည်ကြောင်း ထောက်ခံဆန္ဒပြပွဲများနှင့် ဂျပန်၊ တောင်ကိုရီးယား၊ အမေရိကန်၊ အင်္ဂလန်စသော နိုင်ငံများရှိ မြန်မာနိုင်ငံသားများ၏ မြန်မာ အစိုးရနှင့် ခေါင်းဆောင်ကို ထောက်ခံကြောင်း ဆန္ဒဖော်ထုတ်မှုများက အနောက်အင်အားကြီးနိုင်ငံများကို မြန်မာနိုင်ငံ အမှန်တကယ်ရင်ဆိုင် နေရသော အကြမ်းဖက်ဝါဒပြဿနာကို သတိပြုမိစေမည်ဖြစ်ပါသည်။ နှစ်ကာလကြာမြင့်စွာက တည်ရှိလာသော ပြဿနာသည် ရေရှည်ဖြေရှင်း ရမည်သာဖြစ်ပါသည်။ ကိုဖီအာနန်ကော်မရှင်မှ အကြံပြုချက်များကို ရေတို၊ ရေရှည်ရည်မှန်းချက်များထား၍ ဖော်ဆောင်ရန်ကြိုးပမ်းနေသော မြန်မာအစိုးရကို ကူညီထောက်ခံခြင်းသည်သာလျှင် အာဆီယံနိုင်ငံများ အပါအဝင် ကမ္ဘာ့ဒီမိုကရေစီနိုင်ငံများ အလေးထားလုပ်ဆောင်သင့် သောအရာဖြစ်ပေသည်။ ။

Wednesday, September 27, 2017

အနောက်ဘက်ကမ်း၌ အစ္စရေးလုံခြုံရေးနှစ်ဦးကို ပါလက်စတိုင်းသေနတ်သမားက ပစ်သတ်

Image may contain: one or more people, people walking, car and outdoor

ဟာအဒါ စက်တင်ဘာ၂၆
ဂျူးလူမျိုးများ အခြေချနေထိုင်ရာ ဖြစ်သည့် အနောက်ဘက်ကမ်း၌ အဂ¯နေ့တွင် ပါလက်စတိုင်း အမျိုးသား တစ်ဦးက လုံခြုံရေးဂိတ်၌ သေနတ် ပစ်ခတ်ခဲ့မှုကြောင့် အစ္စရေး နိုင်ငံသားလုံခြုံရေးဂိတ်စောင့်နှစ်ဦးနှင့် တပ်မတော် အထောက်အကူပြု ရဲတပ်ဖွဲ့ဝင်တစ်ဦး သေဆုံးသွားကြောင်း သိရသည်။
သေနတ်သမားသည် ပစ္စတို သေနတ် တစ်လက်ကိုင်ဆောင်ထားပြီး စတုတ္ထမြောက် အစ္စရေးနိုင်ငံသား တစ်ဦးကိုလည်း အကြီးအကျယ်ထိခိုက် ဒဏ်ရာရရှိအောင် ပစ်ခတ်ခဲ့သည်။ ¤င်း အားရဲတပ်ဖွဲ့က သေနတ်ဖြင့်အသေပစ်ခတ်ဖမ်းဆီးခဲ့ရသည်။
ရဲတပ်ဖွဲ့ပြောရေးဆိုခွင့်ရှိသူ တစ်ဦး ၏ ပြောကြားချက်အရ သေနတ်သမား သည် အခြေချအိမ်ရာ၌ အလုပ် လုပ်ကိုင်နေသည့် ပါလက်စတိုင်း နိုင်ငံသားအုပ်စုတစ်စုနှင့်အတူ လိုက်ပါ လာခဲ့ပြီး ဟာအဒါသို့ ချဉ်းကပ်လာ ခဲ့ကြောင်းနှင့် ဂိတ်ဝင်ပေါက်တွင် စောင့်ကြပ်နေသည့် ရဲတပ်ဖွဲ့ဝင်များကသံသယဖြစ်ခဲ့ကြကြောင်း သိရသည်။
အဆိုပါ သေနတ်သမားသည် သန့်ရှင်းရေးလုပ်ငန်း လုပ်ကိုင်သူဖြစ် ကြောင်း အခြေချအိမ်ရာမှ ဒေသခံ များက အစ္စရေးမီဒီယာသို့ ပြောကြား ခဲ့သည်။ ၄င်းသည် အိမ်တွင်းရေး ပြဿနာရှိသူဖြစ်ပြီး ၄င်း၏ဇနီးသည်က ၄င်းကိုစွန့်ပစ်ခဲ့ကြောင်း အခြေချနေထိုင် သူများအနက်တစ်ဦးဖြစ်သည့် မွိုက်ရှ် ဗာဒီချက်က ပြောပြခဲ့သည်။
သေနတ်သမားသည် ပါလက်စတိုင်း ရှိ ဘတ်စူရစ်ကျေးရွာအနီးတွင် နေထိုင်ကြောင်း ရဲတပ်ဖွဲ့၏ ပြောပြချက် အရသိရသည်။ ၄င်း၏ နေအိမ်ကို ဖြိုချ ဖယ်ရှားပြီး ၄င်း၏ ဆွေမျိုးသားချင်း များ အလုပ်လုပ်ခွင့်ပါမစ်ကို ရုပ်သိမ်း မည်ဖြစ်ကြောင်း အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင်နေတန်ယာဟုက ပြောကြား ခဲ့သည်။
(ရိုက်တာ)

မက္ကဆီကို၌ ငလျင်ဘေးမှ အသက်ရှင်ကျန်ရစ်သူများကို ဆက်လက်ရှာဖွေ

Image may contain: 1 person, outdoor

မက္ကဆီကိုစီးတီး စက်တင်ဘာ ၂၆
ငလျင်ဒဏ်ကြောင့် အဆောက်အအုံအပျက်များကြားမှ အသက်ရှင်ကျန်ရစ်သူများကို ရှာဖွေမှုများပြုလုပ်ခဲ့ရာ သုံးရက် မြောက်နေ့တွင် အသက်ရှင်ကျန်ရစ်သူများ မရှိနိုင်တော့သည့် အတွက် ကြာသပတေးနေ့တွင် ရှာဖွေမှုများကို ရပ်တန့်တော့ မည်ဖြစ်ကြောင်း အရေးပေါ် ကယ်ဆယ်ရေးအဖွဲ့ခေါင်းဆောင်က ပြောသည်။ အဂ¯နေ့က အင်အားရစ်ခ်ျတာစကေး ၇ ဒသမ ၁ မဂ္ဂနီကျုရှိ ငလျင်လှုပ်ခတ်ခဲ့ရာ လူပေါင်း ၃၂၆ ဦး သေဆုံးခဲ့ပြီး နေအိမ်ပေါင်း ၁၁ဝဝဝ ပျက်စီးခဲ့ရသည်။
မက္ကဆီကို အရပ်သားကာကွယ်ရေး အေဂျင်စီအဖွဲ့မှ Luis Felipeက ကြာသပတေးနေ့အထိ သေချာရှာဖွေမှုများ ပြုလုပ်သွား မည်ဖြစ်ကြောင်း ပြောသည်။ ယင်းအချိန်ထက် ကျော်လွန်သွားလျှင် အပျက်အစီးများကြားထဲမှ အသက်ရှင်ကျန်ရစ်သူရှိဖို့ မလွယ်ကူတော့ ကြောင်း ပြောသည်။
အထူးလေ့ကျင့်ထားသည့် ခွေးများဖြင့် အသက်ရှင်ကျန်ရစ်သူ များကို ရှာဖွေခဲ့သော်လည်း ယခုထိ မတွေ့ရသေးကြောင်း ¤င်းက ပြောသည်။ ယခုအချိန်ထိ ပျောက်ဆုံးနေသူ ၄၃ ဦးရှိနေပြီး ¤င်းတို့ထဲမှ လူ ၄ဝ မှာ ပြိုကျသွားသော ရုံးအဆောက်အအုံ၏အောက်တွင် ပိတ်မိ ခဲ့သူများဖြစ်ကြောင်း သိရသည်။
ကယ်ဆယ်ရှာဖွေရေးလုပ်ငန်းများကို မည်သည့်အချိန်အထိ ဆက်လက် လုပ်ဆောင်သွားမည်ကို မေးမြန်းခဲ့ရာ အာဏာပိုင်များက တနင်္လာနေ့မှ စ၍နောက်ထပ် ၇၂ နာရီရှာဖွေမှုများ ပြုလုပ်သွားမည် ဖြစ်ကြောင်းပြောသည်။
မက္ကဆီကို၌ ငလျင်လှုပ်ခတ်မှုကြောင့် ကျောင်းများပိတ်ထား ခဲ့ရာ ပြည်နယ်ခြောက်ခုရှိ ကျောင်းပေါင်း ၄၄ဝဝဝ ပြန်လည်ဖွင့်လှစ်ပြီ ဖြစ်ကြောင်း သိရသည်။ မြို့တော်၌မူ အစိုးရနှင့်ပုဂ္ဂလိက ကျောင်းပေါင်း ၁ဝ၃ ကျောင်းရှိ စာသင်ခန်းများ ပြန်လည်ဖွင့်လှစ်ပြီဖြစ်ကြောင်း သိရ သည်။
(ရိုက်တာ)

ပြည်ထောင်စုဝန်ကြီး ကယားပြည်နယ်ဦးစီးဌာနရုံးဆောက်လုပ်နိုင်ရန် တာဝန်ရှိသူများနှင့် ဆွေးနွေး

နေပြည်တော် စက်တင်ဘာ ၂၆
တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိတိုင်းရင်းသားများ၏ စာပေနှင့် ယဉ်ကျေးမှုများကို ထိန်းသိမ်းမြှင့်တင်ခြင်း၊ အခွင့်အရေးများကို ကာကွယ်စောင့်ရှောက်ခြင်းများကို ဆောင်ရွက်နိုင်ရန်အတွက် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာနရှိ ဦးစီးဌာနများ၏ တိုင်းဒေသကြီးနှင့် ပြည်နယ်အဆင့်ရုံးများကို စတင်ဖွင့်လှစ် နေပြီဖြစ်သည်။
တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး နိုင်သက်လွင်သည် စက်တင်ဘာ ၂၅ ရက် နံနက်ပိုင်း က ကယားပြည်နယ်ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှိုအား တွေ့ဆုံပြီး တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုဦးစီးဌာနနှင့် တိုင်းရင်းသားအခွင့်အရေးများ ကာကွယ်စောင့်ရှောက်ရေး ဦးစီးဌာန ကယားပြည်နယ်ရုံးအဆောက်အအုံအသစ် ဆောက် လုပ်မည့်မြေနေရာသတ်မှတ်ပေးနိုင်ရေး၊ တိုင်းရင်းသားများ၏ယဉ်ကျေးမှုဓလေ့ထုံးတမ်းအရ ဆောင်ရွက်သည့် အခမ်းအနား များနှင့် နေ့ထူးနေ့မြတ်များကို လွတ်လပ်စွာကျင်းပနိုင်ရေး၊ တိုင်းရင်းသားစာပေစကားများကို ထိန်းသိမ်းစောင့်ရှောက်ရေး စသည့် တိုင်းရင်းသားရေးရာကိစ္စရပ်များကို ဆွေးနွေးပြောကြား သည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ် တို့သည် ပြည်နယ်စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးမော်မော်၊ ဗမာတိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဦးလှမျိုးဆွေတို့နှင့်အတူ ဦးစီးဌာနရုံး အဆောက်အအုံဆောက်လုပ်မည့် မြေနေရာသို့ သွားရောက်ကြည့်ရှုရာ သက်ဆိုင်ရာတာဝန်ရှိသူများက ရှင်းလင်းတင်ပြပြီး ပြည်ထောင်စုဝန်ကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ် တို့က လိုအပ်သည်များကို ညှိနှိုင်းဆွေးနွေးခဲ့ကြသည်။
ဆက်လက်၍ ကယားပြည်နယ်အစိုးရအဖွဲ့ ရုံး မြေညီထပ် တွင် ဖွင့်လှစ်ထားသည့် တိုင်းရင်းသားလူမျိုးများရေးရာ ဝန်ကြီး ဌာနဦးစီးဌာနများ၏ ကယားပြည်နယ်ရုံးသို့ ရောက်ရှိကြပြီး ရုံးဖွင့်လှစ်ထားရှိမှုနှင့် တာဝန်ထမ်းဆောင်လျက်ရှိသည့် ဝန်ထမ်း များနှင့်တွေ့ဆုံကာ လုပ်ငန်းဆောင်ရွက်မှုများနှင့် ပတ်သက်၍ မှာကြားသည်။
ကယားပြည်နယ် လွိုင်ကော်မြို့တွင် ဆောက်လုပ်မည့် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ပြည်နယ်ဦးစီးဌာနရုံး အဆောက်အအုံသည် ၈ဝ ပေ x ၆ဝ ပေအကျယ် သံကူ ကွန်ကရစ် နှစ်ထပ်အဆောက်အအုံဖြစ်ပြီး ၂ဝ၁၇- ၂ဝ၁၈ ဘဏ္ဍာ ရေးနှစ်အတွင်း အပြီးတည်ဆောက်မည်ဖြစ်ကြောင်း သတင်းရရှိ သည်။ (သတင်းစဉ်)

ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး အင်ဒိုနီးရှားနိုင်ငံမှ လှူဒါန်းသော စားနပ်ရိက္ခာများ ထောက်ပံ့ပေးအပ်

Image may contain: 21 people, people smiling, people standing

စစ်တွေ စက်တင်ဘာ ၂၆
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာဝင်းမြတ်အေးသည် ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပုနှင့် တာဝန်ရှိ သူများနှင့်အတူ ယနေ့ နံနက် ၉ နာရီတွင် ရဟတ်ယာဉ်ဖြင့် စစ်တွေမြို့မှ ရသေ့တောင် မြို့နယ်အတွင်းရှိ ကျေးရွာများသို့ သွားရောက်ပြီး အင်ဒိုနီးရှားနိုင်ငံမှ လှူဒါန်းသော စားနပ်ရိက္ခာများကို ကူညီထောက်ပံ့ပေးသည်။
ယနေ့ ကူညီထောက်ပံ့ပေးခဲ့သော ကျေးရွာများမှာ စေတီပြင်ကျေးရွာ၊ သာယာ ကုန်းကျေးရွာနှင့် အနောက်ပြင်ကျေးရွာတို့ဖြစ်သည်။ အဆိုပါကျေးရွာများအား အင်ဒိုနီးရှားနိုင်ငံမှ ကူညီထောက်ပံ့ပေးသော ငါးသေတ္တာ၊ ဘီစကစ်နှင့် အခြားစားနပ် ရိက္ခာများ၊ အိမ်ထောင်စုအလိုက် အသုံးစရိတ်ငွေများကိုလည်း ကူညီထောက်ပံ့ပေးခဲ့ပြီး အားပေးနှစ်သိမ့်စကားများ ပြောကြားခဲ့သည်။
အဆိုပါခရီးစဉ်တွင် အနောက်ပြင်ကျေးရွာ ပြည်သူများနှင့် တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီးက မိမိတို့အနေဖြင့် အကြမ်းဖက်မှုကို လုံးဝမလိုလားကြောင်း၊ အားလုံးကလည်း အကြမ်းဖက်မှုလိုလားမည်မဟုတ်ကြောင်း၊ အကြမ်းဖက်မှုသည် ကောင်းကျိုးထက် ဆိုးကျိုးကိုသာ ခံစားရမည်ဖြစ်ကြောင်း၊ ဒေသတည်ငြိမ်အေးချမ်း ရေးအတွက် ဒေသနေပြည်သူတွေအားလုံးတွင် တာဝန်ရှိကြောင်း၊ ထို့ကြောင့် ဒေသ တည်ငြိမ်အောင် သက်ဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ပူးပေါင်းဆောင်ရွက်ကြရမည် ဖြစ်ကြောင်း၊ အကြမ်းဖက်ဖြစ်စဉ်တွင် မပါသော၊ ရိုးသားစွာနေထိုင်သော ကျေးရွာ ပြည်သူများကို နိုင်ငံတော်အနေဖြင့် စောင့်ရှောက်ရမည့်ဝတ္တရားရှိကြောင်း၊ ထို့ကြောင့် လိုအပ်သောရိက္ခာများကို လိုက်လံဖြန့်ဖြူးပေးလျက်ရှိကြောင်း၊ ယခု ကူညီထောက်ပံ့ မှုမှာ လတ်တလောအင်ဒိုနီးရှားနိုင်ငံက ခွဲခြားမှုမရှိဘဲ အေးချမ်းစွာနေထိုင်သော ပြည်သူများအားလုံးအတွက် ထောက်ပံ့ခြင်းဖြစ်ကြောင်း ပြောကြားသည်။
အနောက်ပြင်ကျေးရွာမှ ပြည်သူများကလည်း မိမိတို့ကျေးရွာအနေဖြင့် အကြမ်းဖက်မှုတွင် ပါဝင်သူမရှိကြောင်း၊ အကြမ်းဖက်မှုကိုလည်း မလိုလားပါကြောင်း၊ အေးချမ်းစွာနေထိုင်လျက်ရှိကြောင်း ပြောကြားကြသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီး၊ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ရသေ့တောင်မြို့နယ် ဒေသခံတိုင်းရင်းသားအများစု နေထိုင်သော စေတီပြင်ကျေးရွာ သို့ ရောက်ရှိပြီး စေတီပြင်နှင့် သာယာကုန်းကျေးရွာအတွင်းရှိ ပြည်သူများနှင့်တွေ့ဆုံပြီး နှစ်သိမ့်အားပေးစကားပြောကြားကာ အဆိုပါကျေးရွာရှိ ကလေးငယ်များအား မုန့်နှင့် ကလေးကစားစရာအရုပ်များ ပေးဝေခဲ့သည်။ ထို့အပြင် အဆိုပါ ကျေးရွာများရှိ အိမ်ထောင်စု ၇ဝ၇ စုအတွက် ငွေ$ကျပ်သိန်းပေါင်း ၁၄၁ သိန်းတစ်သောင်းကို မိသားစု အသုံးစရိတ်အဖြစ် ကူညီထောက်ပံ့ပေးသည်။
ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး၊ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများ ယနေ့ သွားရောက်ကူညီထောက်ပံ့သော အနောက်ပြင်ကျေးရွာမှာ အိမ်ထောင်စု ၆၁၅ စု၌ လူဦးရေ ၂၇၇ဝ ရှိပြီး ဒေသခံတိုင်းရင်းသားများနှင့် ဟိန္ဒူ ဘာသာဝင်များနေထိုင်ရာ စေတီပြင်ကျေးရွာနှင့် သာယာကုန်းကျေးရွာတို့တွင် အိမ်ထောင်စု ၇ဝ၇ စု၌ လူဦးရေ ၃၇၂၁ ဦးရှိကြောင်း သိရသည်။
(သတင်းအဖွဲ့)

(၃၅)ကြိမ်မြောက် အာဆီယံစွမ်းအင်ဝန်ကြီးများအစည်းအဝေး တက်ရောက်ရန် ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်နှင့်အဖွဲ့ ဖိလစ်ပိုင်သို့ ထွက်ခွာ

Image may contain: 8 people, people standing

နေပြည်တော် စက်တင်ဘာ ၂၆
ဖိလစ်ပိုင်နိုင်ငံ စွမ်းအင်ဝန်ကြီးဌာန ဝန်ကြီး၏ ဖိတ်ကြားချက် အရ ဆောက်လုပ်ရေးဝန်ကြီးဌာနနှင့် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်နှင့်အဖွဲ့သည် မနီလာမြို့၌ စက်တင်ဘာ ၂၅ ရက်မှ ၂၉ ရက်အထိ ကျင်းပမည့် (၃၅)ကြိမ် မြောက် အာဆီယံစွမ်းအင်ဝန်ကြီးများ အစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများသို့ တက်ရောက်ရန် ယနေ့ နံနက် ၉ နာရီခွဲတွင် ရန်ကုန်မြို့မှ လေကြောင်းခရီးဖြင့် ထွက်ခွာရာ ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း ဥက္ကဋ္ဌနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်၌ ပို့ဆောင်နှုတ်ဆက်ကြသည်။ (ယာပုံ)
အစည်းအဝေးတွင် မြန်မာနိုင်ငံမှ ၂ဝ၁၆ ခုနှစ်၌ အာဆီယံ စွမ်းအင်ဆိုင်ရာ ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်ခဲ့သည့် တာဝန်များကို ၂ဝ၁၇ ခုနှစ်အတွက် အလှည့်ကျ ဥက္ကဋ္ဌတာဝန် ထမ်းဆောင် မည့် ဖိလစ်ပိုင်နိုင်ငံသို့ လွှဲပြောင်းပေးအပ်ခြင်း၊ အာဆီယံအဖွဲ့ဝင် နိုင်ငံများနှင့် ဆွေးနွေးဖက်နိုင်ငံများအကြား လျှပ်စစ်နှင့် စွမ်းအင် ကဏ္ဍဆိုင်ရာလုပ်ငန်းများတွင် ပူးပေါင်းဆောင်ရွက် နေမှုများ ဆက်လက်ဆောင်ရွက်သွားမည့် အစီအစဉ်များကို ဆွေးနွေးသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။
(သတင်းစဉ်)

နိုင်ငံတကာအသိုက်အဝန်းအနေဖြင့် ရခိုင်ပြည်နယ်မြောက်ပိုင်း အခြေအနေကို ဓမ္မဓိဋ္ဌာန်ကျကျနှင့် ဘက်လိုက်မှုမရှိဘဲ ရှုမြင်

Image may contain: 1 person, sitting
ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးဟောက်ဒိုဆွမ်း
ရခိုင်ပြည်နယ်အခြေအနေနှင့်ပတ်သက်၍ ကိုယ်စားလှယ်အဖွဲ့အချို့၏ စွပ်စွဲပြောကြားချက်များအပေါ် တုံ့ပြန်ပြောကြား

နယူးယောက်မြို့ ကုလသမဂ္ဂဌာနချုပ်၌ ကျင်းပခဲ့သည့် (၇၂)ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံ အထွေထွေမူဝါဒရေးရာ ဆွေးနွေးပြောကြားမှု အတွင်းတွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံအပါအဝင် နိုင်ဂျီးရီးယား၊ ပြင်သစ်၊ တူရကီ၊ အာဖဂန် နစ္စတန်၊ ပါကစ္စတန်၊ ယူအေအီး၊ မလေးရှား၊ မော်လ်ဒိုက်၊ ချဒ်နိုင်ငံတို့က မြန်မာနိုင်ငံ နှင့် ပတ်သက်၍ ''ရက်စက်ကြမ်းကြုတ်ခြင်း (atrocities) '' ''မျိုးနွယ်စုအား သုတ်သင်ရှင်းလင်းခြင်း (ethnic cleansing) '' စသည်ဖြင့် မှန်ကန်မှုမရှိသည့် စွပ်စွဲပြောကြားမှုများ ပြုလုပ်ခဲ့သည်။
အထွေထွေမူဝါဒရေးရာ ဆွေးနွေးပြောကြားမှု၏ နောက်ဆုံးနေ့ဖြစ်သည့် စက်တင်ဘာ ၂၅ ရက်တွင် မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးဟောက်ဒိုဆွမ်းက မြန်မာနိုင်ငံအပေါ် စွပ်စွဲပြောကြားချက်များအား ပြန်လည်တုံ့ပြန် ချေပသည့် မိန့်ခွန်း(Right of Reply) တစ်ရပ် ပါဝင်ပြောကြားခဲ့သည်။
အမြဲတမ်းကိုယ်စားလှယ်က ပြောကြားရာတွင် ရခိုင်ပြည်နယ်အခြေအနေကို မျိုးနွယ်စုအား သုတ်သင်ရှင်းလင်းခြင်း '' ethnic cleansing'' အဖြစ် အခြေ အမြစ်မရှိဘဲ ထပ်တလဲလဲ စွပ်စွဲပြောကြားနေကြသည်မှာ အလွန်စိတ်မကောင်းဖွယ် ဖြစ်ကြောင်း၊ ''ရက်စက်ကြမ်းကြုတ်ခြင်း (atrocities)'' ''မျိုးနွယ်စုအား သုတ်သင် ရှင်းလင်းခြင်း(ethnic cleansing)''၊ ''လူမျိုးသုဉ်း သတ်ဖြတ်ခြင်း(genocide)'' စသည့် အသုံးအနှုန်းများကို ပေါ့ပေါ့တန်တန် အသုံးမပြုသင့်ကြောင်း၊ ခိုင်မာသည့် သက်သေအထောက်အထားရှိမှသာ ယင်းစကားလုံးများကို သုံးနှုန်းရန် စဉ်းစားသင့် ပါကြောင်း၊ အချို့သောကိုယ်စားလှယ် အဖွဲ့ များက မြန်မာနိုင်ငံ၏ အခြေအနေနှင့် ပတ်သက်၍ ''ရက်စက်ကြမ်းကြုတ်ခြင်း''၊ ''မျိုးနွယ်စုအား သုတ်သင်ရှင်းလင်းခြင်း'' စသည့် စကားလုံးများကို သုံးနှုန်း၍ ကိုးကားဖော်ပြနေခြင်းကို မြန်မာနိုင်ငံအနေဖြင့် အပြင်းအထန်ကန့်ကွက်ကြောင်း၊ အဆိုပါ ကိုယ်စားလှယ်အဖွဲ့များနှင့် နိုင်ငံတကာ အသိုက်အဝန်းအနေဖြင့် ရခိုင်ပြည်နယ်မြောက်ပိုင်းအခြေအနေကို ဓမ္မဓိဋ္ဌာန်ကျကျ နှင့် ဘက်လိုက်မှုမရှိဘဲ ရှုမြင်ကြရန် တိုက်တွန်းကြောင်း။
မြန်မာနိုင်ငံ၌ ''မျိုးနွယ်စုအား သုတ်သင်ရှင်းလင်းခြင်း'' မရှိကြောင်းကို ရှင်းလင်းစွာ အသိပေးပြောကြားလိုပါကြောင်း၊ လူမျိုးသုဉ်းသတ်ဖြတ်မှုလည်း မရှိပါကြောင်း၊ ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်၏ အစီရင်ခံစာထုတ်ပြန်ပြီး နာရီပိုင်းအတွင်း သြဂုတ် ၂၅ ရက်တွင် ရခိုင်ပြည်နယ်မြောက်ပိုင်းရှိ ရဲကင်းစခန်းပေါင်း ၃ဝ ကျော်မှာ တစ်ပြိုင်တည်း အကွက်ကျကျ တိုက်ခိုက်မှုခံခဲ့ရပါကြောင်း၊ ယင်းတိုက်ခိုက်မှုများအားARSA အဖွဲ့က ဆောင်ရွက်ခဲ့ခြင်းဖြစ်ပါကြောင်း၊ ARSA ကို အကြမ်းဖက်အဖွဲ့ အဖြစ် ကြေညာခဲ့ကြောင်း၊ ယင်းတိုက်ခိုက်မှုများကြောင့် လူများ အသက်အိုးအိမ်ဆုံးရှုံးခဲ့ရပြီး နေရပ်စွန့်ခွာထွက်ပြေးခဲ့ကြရပါကြောင်း၊ ထိုသို့ အိုးအိမ်စွန့်ခွာထွက်ပြေးခဲ့ရသူ အမြောက်အမြားရှိပါကြောင်း။
မူဆလင်နှင့် ရခိုင်လူမျိုးများသာမက ဒိုင်းနက်၊ မြို၊ သက်၊ မရမာကြီး ကဲ့သို့သော တိုင်းရင်းသားလူနည်းစုများနှင့် ဟိန္ဒူဘာသာဝင်များလည်း ပါဝင်ပါကြောင်း၊ ယင်းတိုင်းရင်းသားလူနည်းစုများ တည်ရှိမှုနှင့် ¤င်းတို့၏ဒုက္ခကို ကမ္ဘာ့နိုင်ငံ အတော်များများက မသိရှိပါကြောင်း၊ ရခိုင်ပြည်နယ်မြောက်ပိုင်းရှိ အထိခိုက်ခံ နယ်မြေမှ မူဆလင် အသိုက်အဝန်းသည် သတင်းများတွင် အကျယ်တဝင့် ဖော်ပြနေ သကဲ့သို့ လူနည်းစုမဟုတ်ပါကြောင်း၊ စင်စစ်အားဖြင့် လူဦးရေတိုးပွားလာမှုကြောင့် ¤င်းတို့မှာ လူများစုဖြစ်ပြီး ယင်းဒေသရှိ လူဦးရေစုစုပေါင်း၏ ၉၅ ရာခိုင်နှုန်းဖြစ်ပါ ကြောင်း၊ အစိုးရအနေဖြင့် အခြေအနေပုံမှန်အနေအထားသို့ ပြန်လည်ရောက်ရှိရန် ဆောင်ရွက်လျက်ရှိပါကြောင်း။
လက်ရှိအချိန်တွင် လူသားချင်းစာနာမှု အကူအညီပေးအပ်ရေးမှာ မိမိတို့၏ အဓိကဦးစားပေးဖြစ်ကြောင်း၊ မိမိတို့အနေဖြင့် ခွဲခြားမှုမရှိဘဲ လိုအပ်နေသူများ အားလုံးအကူအညီရရှိစေရေးကို ဆောင်ရွက်လျက်ရှိပါကြောင်း၊ ဘင်္ဂလားဒေ့ရှ် နိုင်ငံသို့ ထွက်ပြေးခဲ့ကြသည့် ဒုက္ခသည်များအား ၁၉၉၃ ခုနှစ် အတွေ့အကြုံပေါ် အခြေခံ၍ မြန်မာနိုင်ငံသို့ ပြန်လည်ခေါ်ယူရေးကို ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ စိစစ်ရေးလုပ်ငန်းများ စနစ်တကျဆောင်ရွက်နိုင်ရန်အတွက် စိစစ်ရေးလုပ်ငန်း အဖွဲ့တစ်ဖွဲ့ကို အလျင်အမြန်ဖွဲ့စည်းသွားမည်ဟု ထည့်သွင်းပြောကြားခဲ့ကြောင်း သတင်းရရှိသည်။
(သတင်းစဉ်)

ဒုတိယသမ္မတ ဦးမြင့်ဆွေ (၆၈)နှစ်မြောက် တရုတ်ပြည်သူ့သမ္မတနိုင်ငံတည်ထောင်သည့်နေ့ အထိမ်းအမှတ်ဧည့်ခံပွဲတက်ရောက်

Image may contain: 11 people, people smiling, people standing and indoor

နေပြည်တော် စက်တင်ဘာ ၂၆
(၆၈)နှစ်မြောက် တရုတ်ပြည်သူ့သမ္မတနိုင်ငံတည်ထောင်သည့်နေ့ အထိမ်း အမှတ်ဧည့်ခံပွဲအခမ်းအနားကို ယနေ့ ညနေ ၆ နာရီတွင် နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန -၂ ၌ ကျင်းပရာ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ဒုတိယသမ္မတ ဦးမြင့်ဆွေ တက်ရောက်ချီးမြှင့်သည်။
အခမ်းအနားသို့ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေး ဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းနှင့် ဇနီး၊ ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော်တို့မှ ဒုတိယဥက္ကဋ္ဌများ၊ ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယ ဝန်ကြီးများ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့ သမ္မတနိုင်ငံ သံအမတ်ကြီး မစ္စတာ ဟုန်လျန်နှင့် ဇနီး၊ သံအမတ်ကြီးများ၊ သံတမန်များ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
ရှေးဦးစွာ ဒုတိယသမ္မတသည် အထိမ်းအမှတ် ဧည့်ခံပွဲအခမ်းအနားအတွင်း ပြသထားသည့် (၆၈)နှစ်မြောက် တရုတ်ပြည်သူ့သမ္မတနိုင်ငံ တည်ထောင်သည့်နေ့ အထိမ်းအမှတ် မြန်မာ - တရုတ် ချစ်ကြည်ရေးဓာတ်ပုံပြခန်းကို လှည့်လည်ကြည့်ရှုသည်။
ထို့နောက် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်နှင့် တရုတ်ပြည်သူ့သမ္မတ နိုင်ငံတို့၏ နိုင်ငံတော်သီချင်းများဖြင့် ဂုဏ်ပြုတီးမှုတ်ပြီး အခမ်းအနားကို ဖွင့်လှစ်သည်။
ယင်းနောက် မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီး မစ္စတာ ဟုန်လျန်က နှုတ်ခွန်းဆက်စကား ပြောကြားသည်။
ထပ်လောင်းအတည်ပြုခဲ့
ထို့နောက် ဒုတိယသမ္မတဦးမြင့်ဆွေ က နှုတ်ခွန်းဆက်အမှာစကား ပြောကြား ရာတွင် ပြီးခဲ့သည့် ဆယ်စုနှစ် ၆ ခုကျော် ကာလအတွင်းတွင် တရုတ်ပြည်သူ့သမ္မတ နိုင်ငံ ပြည်သူများနှင့် ခေါင်းဆောင်များ၏ မဆုတ်မနစ်သည့် ကြိုးပမ်းအားထုတ်မှု များကြောင့် ယနေ့ တရုတ်ပြည်သူ့သမ္မတ နိုင်ငံသည် ဖွံ့ဖြိုးတိုးတက်ခြင်းနှင့် ပြည့်စုံ သာယာဝပြောခြင်း အစရှိသည့် အောင်မြင်မှုများကို ရရှိခဲ့ပါကြောင်း၊ ယနေ့ တရုတ်ပြည်သူ့သမ္မတနိုင်ငံသည် က္ဘာ၌ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု အလျင်မြန်ဆုံး နိုင်ငံတစ်နိုင်ငံအဖြစ် လည်းကောင်း၊ က္ဘာ့ဒုတိယစီးပွားရေးအင်အားကြီးနိုင်ငံအဖြစ် လည်းကောင်း၊ က္ဘာ့အရေးကိစ္စများနှင့် က္ဘာ့စီးပွားရေး တွင် အရေးပါသည့် နိုင်ငံတစ်နိုင်ငံအဖြစ် လည်းကောင်း ရပ်တည်လျက်ရှိပါ ကြောင်း၊ ပြီးခဲ့သည့် မေလအတွင်းက တရုတ်ပြည်သူ့သမ္မတနိုင်ငံ အနေဖြင့် ရပ်ဝန်းနှင့်လမ်းကြောင်း နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်ရေး ဖိုရမ်ကို အောင်မြင်စွာ ကျင်းပနိုင်ခဲ့ခြင်းသည် တရုတ်နိုင်ငံ၏ ခေတ်သစ်သမိုင်းတွင် ထူးခြားအောင်မြင်သည့် သမိုင်းမှတ်တိုင် တစ်ခု စိုက်ထူနိုင်ခဲ့ခြင်းဖြစ်ပါကြောင်း၊ အဆိုပါဖိုရမ်တွင် က္ဘာ့နိုင်ငံအသီးသီးမှ ခေါင်းဆောင်များ အတူတကွ စုဝေးတက် ရောက်ခဲ့ကြပြီး ရပ်ဝန်းနှင့်လမ်းကြောင်း မဟာဗျူဟာစီမံကိန်းတွင် အတူတကွ ပူးပေါင်းဆောင်ရွက်သွားကြရေး ကတိ ကဝတ်များကို ထပ်လောင်းအတည်ပြုခဲ့ သည့်အပြင် တူညီသည့်အမြင်များကို လည်း ဆွေးနွေးဖလှယ်နိုင်ခဲ့ကြပါ ကြောင်း။
ကျယ်ပြန့်နက်ရှိုင်း
မြန်မာနိုင်ငံနှင့် တရုတ်ပြည်သူ့ သမ္မတနိုင်ငံတို့အကြား သံတမန်ဆက်ဆံ ရေး ထူထောင်လာခဲ့ကြသည်မှာ ယခုနှစ် ဆိုလျှင် နှစ်ပေါင်း ၆၇ နှစ် ရှိပြီဖြစ်သော် လည်း နှစ်နိုင်ငံအကြား အိမ်နီးချင်း ကောင်းပီသသည့် ချစ်ကြည်ရင်းနှီးမှုသည် သမိုင်းတစ်လျှောက်တွင် နှစ်ပေါင်း ရှည်ကြာစွာ ဖြစ်ထွန်းခဲ့ပါကြောင်း၊ မိမိတို့ နှစ်နိုင်ငံအကြား သံတမန် ဆက်ဆံရေး ထူထောင်ချိန်မှ စတင်၍ ဆွေမျိုးပေါက် ဖော် ချစ်ကြည်ရင်းနှီးမှုနှင့် မြန်မာ-တရုတ်-အိန္ဒိယ သုံးနိုင်ငံတို့ အတူတကွ ရေးဆွဲ၊ ချမှတ်ကျင့်သုံးခဲ့ကြသည့် ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေး မူကြီး ၅ ရပ်နှင့်အညီ ပူးပေါင်းဆောင်ရွက် မှု မိတ်ဖက်ဆက်ဆံရေးကို ပိုမို တောင့်တင်း ခိုင်မာလာစေသကဲ့သို့ ပူးပေါင်းဆောင်ရွက်မှု များကိုလည်း ကျယ်ပြန့်နက်ရှိုင်းစွာ ဆောင်ရွက်ခဲ့ပါ ကြောင်း။
ဆက်ဆံရေး
ပြီးခဲ့သည့် ဧပြီလနှင့် မေလအတွင်း နိုင်ငံတော်သမ္မတ ဦးထင်ကျော်နှင့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့၏ တရုတ် ပြည်သူ့သမ္မတနိုင်ငံ ခရီးစဉ်များသည် နှစ်နိုင်ငံ ခေါင်းဆောင်များအကြား အပြန်အလှန်ယုံကြည်မှုနှင့် ချစ်ကြည် ရင်းနှီးမှုတို့ကို တည်ဆောက်မြှင့်တင်နိုင် ခဲ့ခြင်းဖြစ်ပြီး နှစ်နိုင်ငံဆက်ဆံရေးသည် လည်း ယခင်ကာလများထက် ပိုမိုနီးကပ် သည့် ဆက်ဆံရေးကို ရောက်ရှိခဲ့ပါ ကြောင်း။
ဆုမွန်ကောင်းတောင်း
တရုတ်ပြည်သူ့သမ္မတ နိုင်ငံသည် မြန်မာနိုင်ငံ၏ ကုန်သွယ်ရေးနှင့် ရင်းနှီး မြှုပ်နှံမှုကဏ္ဍများတွင် အကြီးမားဆုံး သော စီးပွားရေးမိတ်ဖက်နိုင်ငံဖြစ်ပြီး နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှု မိတ်ဖက် ဆက်ဆံရေးကို စဉ်ဆက်မပြတ် ထိန်းသိမ်း ထားရှိခဲ့ကြပါကြောင်း၊ ယခုကဲ့သို့ ကောင်းမွန်သည့် ဆက်ဆံရေးသည် အနာဂတ်ကာလတွင်လည်း ဆက်လက် တိုးတက်ဖြစ်ပေါ်လိမ့်မည်ဟု ယုံကြည်ပါ ကြောင်း၊ မြန်မာနှင့် တရုတ်နိုင်ငံတို့သည် နှစ်နိုင်ငံပူးပေါင်း ဆောင်ရွက်မှုများ သာမက ကုလသမဂ္ဂအပါအဝင် ဒေသ တွင်းနှင့် နိုင်ငံတကာမျက်နှာစာများတွင် လည်း နှစ်နိုင်ငံအကျိုးဖြစ်ထွန်းစေမည့် နီးကပ်သည့် ပူးပေါင်းဆောင်ရွက်မှုများကို အစဉ်အမြဲ ထိန်းသိမ်းထားရှိခဲ့ကြပါ ကြောင်း၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံ အနေဖြင့် မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွင် အပြုသဘောဆောင် သည့် အကူအညီများနှင့် မြန်မာပြည်သူ များ၏ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်စေရေး ပံ့ပိုးကူညီလျက်ရှိသည့်အတွက် ပြည်သူ များနှင့် အစိုးရကိုယ်စား ကျေးဇူးတင်ရှိပါ ကြောင်း၊ ယခုကဲ့သို့ တရုတ်ပြည်သူ့သမ္မတ နိုင်ငံ၏ (၆၈)နှစ်မြောက် တရုတ်ပြည်သူ့ သမ္မတနိုင်ငံ တည်ထောင်သည့်နေ့ အထိမ်းအမှတ်ဧည့်ခံပွဲအခမ်းအနားတွင် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံနှင့် တရုတ်ပြည်သူ့သမ္မတ နိုင်ငံတို့၏ နှစ်နိုင်ငံ ဆက်ဆံရေး ရေရှည်တည်တံ့ခိုင်မြဲရေးနှင့် ပိုမိုတိုးတက်မြင့်မားလာစေရေးအတွက် ကြိုးပမ်းဆောင်ရွက်သွားမည် ဖြစ် ကြောင်း၊ နှစ်နိုင်ငံအကြား ခိုင်မာသော ချစ်ကြည်ရင်းနှီးမှု ပိုမိုတိုးတက်မြင့်မား စေရေးနှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ပြည်သူများ စဉ်ဆက်မပြတ် ဖွံ့ဖြိုး တိုးတက် သာယာဝပြောစေရေးအတွက် ဆုမွန်ကောင်း တောင်းအပ်ပါကြောင်း ပြောကြားသည်။
ယင်းနောက် ဒုတိယသမ္မတ ဦးမြင့်ဆွေနှင့် ဇနီးနှင့် မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီး နှင့် ဇနီးတို့က (၆၈)နှစ်မြောက် တရုတ် ပြည်သူ့သမ္မတနိုင်ငံ တည်ထောင်ခြင်း အထိမ်းအမှတ်ဂုဏ်ပြုကိတ်မုန့်လှီးကြပြီး အမှတ်တရ မှတ်တမ်းတင်ဓာတ်ပုံ ရိုက်ကြသည်။
ထို့နောက် ဒုတိယသမ္မတနှင့် ဇနီးနှင့် တက်ရောက်လာကြသူများအား တရုတ် ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီးနှင့် ဇနီးတို့က (၆၈)နှစ်မြောက် တရုတ်ပြည်သူ့ သမ္မတနိုင်ငံ တည်ထောင်ခြင်းအထိမ်း အမှတ် ဂုဏ်ပြုညစာစားပွဲဖြင့် တည်ခင်း ဧည့်ခံသည်။
(သတင်းစဉ်)