Friday, September 29, 2017

(၁၁) ကြိမ်မြောက် ကမ္ဘာ့ခွေးရူးရောဂါ ကာကွယ်တိုက်ဖျက်ရေးနေ့ အခမ်းအနားကျင်းပ





 နေပြည်တော် စက်တင်ဘာ ၂၈


 

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနက ကြီးမှူးကျင်းပ သည့် (၁၁)ကြိမ်မြောက် ကမ္ဘာ့ခွေးရူးရောဂါ ကာကွယ်တိုက်ဖျက်ရေးနေ့ အခမ်းအနားကို ယနေ့ နံနက် ၁ဝ နာရီတွင် နေပြည်တော်ရှိ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန အစည်း အဝေးခန်းမ၌ ကျင်းပသည်။
အခမ်းအနားတွင် စိုက်ပျိုးရေး၊မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးလှကျော် က အမှာစကားပြောကြားရာတွင် ခွေးရူးရောဂါသည် တိရ္ဆာန်မှလူကို ကူးစက်စေတတ်သည့် ရောဂါများ ထဲတွင် အလွန်အရေးကြီးသည့် ရောဂါတစ်ခုဖြစ် သည်ကို အားလုံးသိရှိပြီးဖြစ်ပါကြောင်း၊ ကာကွယ် ဆေးဖြင့် ကာကွယ်ထိန်းချုပ်နိုင်သည့် ရောဂါတစ်ခု ဖြစ်သော်လည်း အကြောင်းအမျိုးမျိုးကြောင့် ကမ္ဘာ ပေါ်တွင် ၁၅ မိနစ်လျှင် လူတစ်ဦး၊ တစ်နှစ်လျှင် လူဦးရေ ၅၅ဝဝဝ မှ ၇ဝဝဝဝ ခန့် ခွေးရူးရောဂါကြောင့် အသက်ဆုံးရှုံးလျက်ရှိသည်ဟု က္ဘာ့ကျန်းမာရေး အဖွဲ့ချုပ်၏ ထုတ်ပြန်ချက်များအရ သိရှိရပါကြောင်း။
ကမ္ဘာ့တိရ္ဆာန်ကျန်းမာရေးအဖွဲ့(OIE)၊ ကမ္ဘာ့ ကျန်းမာရေးအဖွဲ့(WHO)၊ ကုလသမဂ္ဂစားနပ်ရိက္ခာ နှင့် လယ်ယာစိုက်ပျိုးရေးအဖွဲ(FAO)စသည့် နိုင်ငံ တကာအဖွဲ့အစည်းကြီးသုံးခုက ''ခွေးရူးရောဂါကို တစ်ခုတည်းသောက္ဘာ၊ တစ်ခုတည်းသော ကျန်းမာ ရေး''ဆိုသည့် အတွေးအမြင်ဖြင့် အရေးကြီးရောဂါ အဖြစ် ကာကွယ်နိုင်ရန် ကြိုးစားနေကြပါကြောင်း၊ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနအနေဖြင့် နိုင်ငံ တကာအဖွဲ့အစည်းများမှ ကျွမ်းကျင် ပညာရှင်များ၏အကူအညီဖြင့် “ ''အမျိုးသားအဆင့် ခွေးရူးရောဂါ ထိန်းချုပ်ရေး မဟာဗျူဟာမူဘောင်''ကို ရေးဆွဲထား ပြီးဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် မြန်မာနိုင်ငံ တိရ္ဆာန်ဆေးကုဆရာဝန် များအသင်းက ခွေးရူးရောဂါထိန်းချုပ်ခြင်းနှင့် တိရ္ဆာန်ဆေးကုဆရာဝန်များ၏ အခန်းကဏ္ဍကို ဆွေးနွေးတင်ပြပြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာနက ခွေးရူးရောဂါကာကွယ်ခြင်း သိကောင်းစရာများကို ရှင်းလင်းတင်ပြကြသည်။
ယင်းနောက် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာ မင်းသိမ်းမော် က ခွေးရူးရောဂါကာကွယ်ထိန်းချုပ်ရေး ဆောင်ရွက် ချက်များနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြပြီး လယ်ဝေး မြို့နယ် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန မြို့နယ်ဦးစီး မှူး ဒေါက်တာအောင်စိုးမိုးနှင့် ညောင်ဦးမြို့နယ် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါက်တာထွန်းထွန်းဦးတို့က ခွေးရူးရောဂါထိန်းချုပ် ရေးနှင့် ပတ်သက်၍ လယ်ဝေးမြို့နယ်နှင့် ညောင်ဦး မြို့နယ်အတွင်း Pilot ဧရိယာများသတ်မှတ်၍ ဆောင်ရွက်မှုအခြေအနေများကို ရှင်းလင်းတင်ပြကြ သည်။
မြန်မာနိုင်ငံသည် ခွေးရူးရောဂါဖြစ်ပွားဆဲ နိုင်ငံ ပေါင်း ၁၅ဝ တွင် ပါဝင်နေပြီး ခွေးရူးရောဂါကူးစက် ခံရနိုင်မှု ဘေးအန္တရာယ်Risk ရှိသော နိုင်ငံအဖြစ် သတ်မှတ်ခံထားရကာ နှစ်စဉ်ခွေးကိုက်ခံရမှုပေါင်း ငါးသိန်းခန့်ရှိနိုင်ပြီး လူတစ်ထောင်ခန့် ခွေးရူးရောဂါ ကူးစက်ခံရပြီး သေဆုံးလျက်ရှိကြောင်း ကမ္ဘာ့ ကျန်းမာရေးအဖွဲ့ (WHO)၏ သတင်းအချက် အလက်များအရ သိရှိရသည်။ ယနေ့ကျရောက်သည့် (၁၁)ကြိမ်မြောက် ကမ္ဘာ့ခွေးရူးရောဂါ ကာကွယ် တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်ဆောင်ပုဒ်မှာ ''ခွေးရူးရောဂါကင်းစင် ကမ္ဘာတစ်ခွင် ၂ဝ၃ဝတွင်'' “Rabies: Zero by 30” ဖြစ်ကြောင်း သိရ သည်။
(သတင်းစဉ်)

No comments:

Post a Comment