နေပြည်တော် စက်တင်ဘာ ၂၉
ပြည်ထောင်စုလွှတ်တော် ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ
လေ့လာဆန်းစစ်သုံးသပ်ရေးကော်မရှင်ဥက္ကဋ္ဌ သူရဦးရွှေမန်း သည်
မြန်မာနိုင်ငံဆိုင်ရာ ကာတာသံအမတ်ကြီး H.E. Mr. Hassan bin Mohamed Rafei
Al Emadi အား ယနေ့ မွန်းလွဲ ၁ နာရီ ၄၅ မိနစ်တွင် နေပြည်တော်ရှိ
လွှတ်တော်ရေးရာ ဆောင်အမှတ်(I-11) ၌ လက်ခံတွေ့ဆုံသည်။
တွေ့ဆုံစဉ် အထူးကော်မရှင်ဥက္ကဋ္ဌက ရခိုင်ဒေသအခြေ အနေများအား အမှန်အတိုင်းသိမြင်နိုင်ရန် လိုအပ်ပါကြောင်း၊ ကာတာနိုင်ငံရှိ မီဒီယာများအနေဖြင့်လည်း ရခိုင်ဖြစ်စဉ်အပေါ် ဘက်မျှသည့်သတင်းများ ထုတ်လွှင့်ပေးခြင်းဖြင့် က္ဘာမှအခြေ အနေမှန်များ သိရှိနိုင်စေရေးအတွက် ကူညီဆောင်ရွက်ပေးစေ လိုပါကြောင်းနှင့် လူသားချင်းစာနာထောက်ထားမှု အကူအညီ များကိုလည်း သတ်မှတ်ထားသည့် လမ်းကြောင်းများအတိုင်း ကူညီပေးစေလိုပါကြောင်း ဆွေးနွေးကြသည်။ (သတင်းစဉ်)

No comments:
Post a Comment