Friday, September 29, 2017

ဒုတိယသမ္မတ ဦးမြင့်ဆွေ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ၏ ကထိန်သင်္ကန်းဆက်ကပ်လှူဒါန်းပွဲ အခမ်းအနားကျင်းပရေးဦးစီးကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်အမှာစကားပြောကြား





 နေပြည်တော် စက်တင်ဘာ ၂၈



 ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် အစိုးရ၏ ကထိန်သင်္ကန်း ဆက်ကပ် လှူဒါန်းပွဲ အခမ်းအနားကျင်းပရေး ဦးစီး ကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကို ယနေ့ နံနက် ၁ဝ နာရီတွင် နေပြည်တော်ရှိ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန အစည်းအဝေး ခန်းမ၌ ကျင်းပရာ ဦးစီးကော်မတီနာယက ဒုတိယသမ္မတ ဦးမြင့်ဆွေ တက်ရောက် အမှာစကားပြောကြားသည်။
ထပ်မံဖွဲ့စည်းထား
ဒုတိယသမ္မတက ယခုပြုလုပ်သည့် အစည်းအဝေးသည် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အစိုးရက ကြီးမှူးကျင်းပ သည့် ဆဋ္ဌမအကြိမ်မြောက် ကထိန် သင်္ကန်း ဆက်ကပ်လှူဒါန်းပွဲအခမ်းအနား အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ညှိနှိုင်းဆောင်ရွက်ခြင်း ဖြစ်ပါကြောင်း၊ ကထိန်သင်္ကန်း ဆက်ကပ်လှူဒါန်းပွဲ အခမ်းအနားအောင်မြင်စွာ ကျင်းပနိုင် ရေးအတွက် နိုင်ငံတော်သမ္မတရုံး၏ ၂ဝ၁၇ ခုနှစ် စက်တင်ဘာလ ၂၂ ရက် ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ် ၇၈/၂ဝ၁၇ ဖြင့် ကျင်းပရေးဦးစီး ကော်မတီနှင့် လုပ်ငန်းကော်မတီများကို ဖွဲ့စည်းပေးထားပြီး ဖြစ်ပါကြောင်း၊ လုပ်ငန်းများကို စနစ်တကျတာဝန်ခွဲဝေ ဆောင်ရွက်နိုင်ရန် ဆပ်ကော်မတီ ၁၁ ခု ကိုလည်း ထပ်မံဖွဲ့စည်းထားပြီး ဖြစ်ပါ ကြောင်း။
မွန်မြတ်သည့်အလှူ
ကထိန်သင်္ကန်း ကပ်လှူရန် ဘုရားရှင်က ဝိနည်းတော် ပညတ်ပေးထား ရာတွင် သီတင်းကျွတ်လပြည့်ကျော် တစ်ရက်နေ့မှသည် တန်ဆောင်မုန်း လပြည့်နေ့အထိ တစ်လတာကာလ အတွင်း ကျင်းပပြုလုပ်ရန် ကန့်သတ်ထား သည့်အတွက် ကထိန်သင်္ကန်း အလှူခံယူ မည့် ကျောင်းတိုက်သည် ယခုတစ်လ အတွင်း တစ်ကြိမ်သာ ကျင်းပပြုလုပ်ရန် ဝိနည်းတော် သတ်မှတ်ထားကြောင်း၊ တစ်နှစ်မှာ တစ်လ၊ တစ်လမှာ တစ်ရက်၊ တစ်ရက်မှာ တစ်ကြိမ်သာ လှူဒါန်းခွင့်ရ သည့် ကာလဒါနအလှူဖြစ်သည့်အတွက် မွန်မြတ်သည့် အလှူတော်ဖြစ်ပါကြောင်း။
ပါဝင်ဆွေးနွေး
ယခုပြုလုပ်သည့် ကထိန်သင်္ကန်း ဆက်ကပ်လှူဒါန်းပွဲသည် နိုင်ငံတော် အဆင့် အခမ်းအနားဖြစ်သည့်အတွက် စနစ်တကျကျင်းပနိုင်ရေး စီစဉ်ဆောင် ရွက်ရမည်ဖြစ်ပါကြောင်း၊ နှစ်စဉ်ကျင်းပ ပြုလုပ်နေသည့် အခမ်းအနားဖြစ်သည့် အတွက် သက်ဆိုင်ရာကော်မတီဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများအနေဖြင့် လုပ်ငန်းကျွမ်းကျင်မှုကို အခြေခံ၍ လစ်ဟင်းချွတ်ချော်မှုများ မရှိအောင် ကော်မတီ၊ ဆပ်ကော်မတီများအလိုက် စနစ်တကျ စီမံခန့်ခွဲခြင်း၊ ပေါင်းစပ်ညှိနှိုင်း ခြင်းတို့ကို ဆောင်ရွက်သွားရန် လိုအပ်ပါ ကြောင်း၊ အခမ်းအနားကို ဥပ္ပါတသ္တိ စေတီတော် ပရိဝုဏ်အတွင်းရှိ သာသနာ့ မဟာဗိမာန်တော်၌ ကျင်းပသွားမည် ဖြစ်ပါကြောင်း၊ ကထိန်သင်္ကန်း ဆက်ကပ် လှူဒါန်းပွဲသို့ြ<ွကရောက်တော်မူကြမည့် ဆရာတော်ကြီးများ တည်းခိုနေထိုင်မည့် ဥပ္ပါတသ္တိစေတီတော် ပရိဝုဏ်အတွင်းရှိ ကျောင်းဆောင်များကို ရေ၊ မီး၊ သန့်ရှင်း ရေး၊ စိမ်းလန်းစိုပြည် သာယာလှပရေး အတွက် သက်ဆိုင်ရာကော်မတီများက ပူးပေါင်းဆောင်ရွက်သွားကြရမည် ဖြစ် ပါကြောင်း၊ ဆွမ်းနှင့် အစားအသောက် များ ချက်ပြုတ်ရာတွင် သန့်ရှင်း လတ်ဆတ်ပြီး ကျန်းမာရေးနှင့် ညီညွတ် အောင် စစ်ဆေးဆောင်ရွက်သွားရန် လိုအပ်ပါကြောင်း၊ အခမ်းအနားကို စည်ကားသိုက်မြိုက် အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် လိုအပ်သည့် အကြံÓဏ်များ ပါဝင်ဆွေးနွေးကြစေလို ကြောင်း ပြောကြားသည်။
ရှင်းလင်းတင်ပြ
ထို့နောက် ကထိန်သင်္ကန်းဆက်ကပ် လှူဒါန်းပွဲ အခမ်းအနားကျင်းပရေး ဦးစီး ကော်မတီဥက္ကဋ္ဌ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး သူရဦးအောင်ကိုက ဆပ်ကော် မတီများဖွဲ့စည်းထားမှု၊ သံဃာတော်များ ပင့်ဆောင်မည့် အစီအစဉ်နှင့် သီတင်းသုံး မည့် အစီအစဉ်၊ အခြားဝန်ကြီးဌာနများ နှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်နေမှုနှင့် ကထိန်သင်္ကန်း ဆက်ကပ်လှူဒါန်းပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် စီစဉ်ဆောင်ရွက်ထားမှု အခြေအနေများ ကို ရှင်းလင်းတင်ပြသည်။
ဆက်လက်၍ ကျင်းပရေးဦးစီး ကော်မတီအဖွဲ့ဝင် နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ ဒေါက်တာမျိုးအောင်နှင့် ဆွမ်း ဆက်ကပ်ရေးနှင့် ဧည့်ခံကျွေးမွေးရေး ဆပ်ကော်မတီ၊ သံဃာတော်များ ပင့်ဆောင်ရေးနှင့် သယ်ယူပို့ဆောင်ရေး ဆပ်ကော်မတီ၊ အခမ်းအနားကျင်းပရေး နှင့် အခမ်းအနားပြင်ဆင်ရေး ဆပ်ကော် မတီ၊ ဖိတ်ကြားရေးနှင့် ကြိုဆိုနေရာ ချထားရေးဆပ်ကော်မတီ၊ လှူဖွယ်ပစ္စည်း ပြင်ဆင်ရေးနှင့် ဆက်ကပ်ရေး ဆပ်ကော် မတီ၊ ပဒေသာပင်များ စီစဉ်ရေး ဆပ်ကော်မတီ၊ ဧည့်ခံဖျော်ဖြေရေး ဆပ်ကော်မတီ၊ သတင်းမှတ်တမ်း ထုတ်ပြန်ရေးဆပ်ကော်မတီ၊ ကျန်းမာရေး ဆပ်ကော်မတီ၊ ဥပ္ပါတသ္တိစေတီတော် မြတ်ကြီး စိမ်းလန်းစိုပြည်ရေးနှင့် သာသနာရေးဆိုင်ရာ အခင်းအကျင်း ပြင်ဆင်ရေးဆပ်ကော်မတီနှင့် လုံခြုံရေး ဆပ်ကော်မတီတို့မှ ဥက္ကဋ္ဌများနှင့် အတွင်း ရေးမှူးများ၊ အဖွဲ့ဝင်များက ကထိန် သင်္ကန်း ဆက်ကပ်လှူဒါန်းပွဲအောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် သက်ဆိုင်ရာ ကဏ္ဍအလိုက် လုပ်ငန်းဆောင်ရွက်မှု အခြေအနေများကို ရှင်းလင်းတင်ပြ ကြသည်။
ယင်းနောက် တက်ရောက်လာကြ သူများက အကြံပြုဆွေးနွေးတင်ပြကြရာ ဒုတိယသမ္မတက ပေါင်းစပ်ညှိနှိုင်းပေးပြီး နိဂုံးချုပ်အမှာစကား ပြောကြားကာ အစည်းအဝေးကို ရုပ်သိမ်းခဲ့သည်။
လုပ်ငန်းညှိနှိုင်း အစည်းအဝေးသို့ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကို၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာ မျိုးအောင်၊ ဒုတိယဝန်ကြီးများဖြစ်သည့် ဗိုလ်ချုပ်အောင်စိုး၊ ဒေါက်တာထွန်းနိုင်နှင့် ဦးမောင်မောင်ဝင်း၊ နေပြည်တော် ကောင်စီဝင် ဦးအောင်မြင်ထွန်း၊ နေပြည်တော်တိုင်းစစ်ဌာနချုပ် ဒုတိယ တိုင်းမှူး ဗိုလ်မှူးချုပ် မောင်မောင်၊ အမြဲတမ်းအတွင်းဝန်များ၊ ဌာနဆိုင်ရာ အကြီးအကဲများ၊ ဆပ်ကော်မတီဥက္ကဋ္ဌ များနှင့် တာဝန်ရှိသူများ တက်ရောက်ကြ သည်။
(သတင်းစဉ်)

No comments:

Post a Comment