Wednesday, September 27, 2017

နိုင်ငံတကာအသိုက်အဝန်းအနေဖြင့် ရခိုင်ပြည်နယ်မြောက်ပိုင်း အခြေအနေကို ဓမ္မဓိဋ္ဌာန်ကျကျနှင့် ဘက်လိုက်မှုမရှိဘဲ ရှုမြင်

Image may contain: 1 person, sitting
ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးဟောက်ဒိုဆွမ်း
ရခိုင်ပြည်နယ်အခြေအနေနှင့်ပတ်သက်၍ ကိုယ်စားလှယ်အဖွဲ့အချို့၏ စွပ်စွဲပြောကြားချက်များအပေါ် တုံ့ပြန်ပြောကြား

နယူးယောက်မြို့ ကုလသမဂ္ဂဌာနချုပ်၌ ကျင်းပခဲ့သည့် (၇၂)ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံ အထွေထွေမူဝါဒရေးရာ ဆွေးနွေးပြောကြားမှု အတွင်းတွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံအပါအဝင် နိုင်ဂျီးရီးယား၊ ပြင်သစ်၊ တူရကီ၊ အာဖဂန် နစ္စတန်၊ ပါကစ္စတန်၊ ယူအေအီး၊ မလေးရှား၊ မော်လ်ဒိုက်၊ ချဒ်နိုင်ငံတို့က မြန်မာနိုင်ငံ နှင့် ပတ်သက်၍ ''ရက်စက်ကြမ်းကြုတ်ခြင်း (atrocities) '' ''မျိုးနွယ်စုအား သုတ်သင်ရှင်းလင်းခြင်း (ethnic cleansing) '' စသည်ဖြင့် မှန်ကန်မှုမရှိသည့် စွပ်စွဲပြောကြားမှုများ ပြုလုပ်ခဲ့သည်။
အထွေထွေမူဝါဒရေးရာ ဆွေးနွေးပြောကြားမှု၏ နောက်ဆုံးနေ့ဖြစ်သည့် စက်တင်ဘာ ၂၅ ရက်တွင် မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးဟောက်ဒိုဆွမ်းက မြန်မာနိုင်ငံအပေါ် စွပ်စွဲပြောကြားချက်များအား ပြန်လည်တုံ့ပြန် ချေပသည့် မိန့်ခွန်း(Right of Reply) တစ်ရပ် ပါဝင်ပြောကြားခဲ့သည်။
အမြဲတမ်းကိုယ်စားလှယ်က ပြောကြားရာတွင် ရခိုင်ပြည်နယ်အခြေအနေကို မျိုးနွယ်စုအား သုတ်သင်ရှင်းလင်းခြင်း '' ethnic cleansing'' အဖြစ် အခြေ အမြစ်မရှိဘဲ ထပ်တလဲလဲ စွပ်စွဲပြောကြားနေကြသည်မှာ အလွန်စိတ်မကောင်းဖွယ် ဖြစ်ကြောင်း၊ ''ရက်စက်ကြမ်းကြုတ်ခြင်း (atrocities)'' ''မျိုးနွယ်စုအား သုတ်သင် ရှင်းလင်းခြင်း(ethnic cleansing)''၊ ''လူမျိုးသုဉ်း သတ်ဖြတ်ခြင်း(genocide)'' စသည့် အသုံးအနှုန်းများကို ပေါ့ပေါ့တန်တန် အသုံးမပြုသင့်ကြောင်း၊ ခိုင်မာသည့် သက်သေအထောက်အထားရှိမှသာ ယင်းစကားလုံးများကို သုံးနှုန်းရန် စဉ်းစားသင့် ပါကြောင်း၊ အချို့သောကိုယ်စားလှယ် အဖွဲ့ များက မြန်မာနိုင်ငံ၏ အခြေအနေနှင့် ပတ်သက်၍ ''ရက်စက်ကြမ်းကြုတ်ခြင်း''၊ ''မျိုးနွယ်စုအား သုတ်သင်ရှင်းလင်းခြင်း'' စသည့် စကားလုံးများကို သုံးနှုန်း၍ ကိုးကားဖော်ပြနေခြင်းကို မြန်မာနိုင်ငံအနေဖြင့် အပြင်းအထန်ကန့်ကွက်ကြောင်း၊ အဆိုပါ ကိုယ်စားလှယ်အဖွဲ့များနှင့် နိုင်ငံတကာ အသိုက်အဝန်းအနေဖြင့် ရခိုင်ပြည်နယ်မြောက်ပိုင်းအခြေအနေကို ဓမ္မဓိဋ္ဌာန်ကျကျ နှင့် ဘက်လိုက်မှုမရှိဘဲ ရှုမြင်ကြရန် တိုက်တွန်းကြောင်း။
မြန်မာနိုင်ငံ၌ ''မျိုးနွယ်စုအား သုတ်သင်ရှင်းလင်းခြင်း'' မရှိကြောင်းကို ရှင်းလင်းစွာ အသိပေးပြောကြားလိုပါကြောင်း၊ လူမျိုးသုဉ်းသတ်ဖြတ်မှုလည်း မရှိပါကြောင်း၊ ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်၏ အစီရင်ခံစာထုတ်ပြန်ပြီး နာရီပိုင်းအတွင်း သြဂုတ် ၂၅ ရက်တွင် ရခိုင်ပြည်နယ်မြောက်ပိုင်းရှိ ရဲကင်းစခန်းပေါင်း ၃ဝ ကျော်မှာ တစ်ပြိုင်တည်း အကွက်ကျကျ တိုက်ခိုက်မှုခံခဲ့ရပါကြောင်း၊ ယင်းတိုက်ခိုက်မှုများအားARSA အဖွဲ့က ဆောင်ရွက်ခဲ့ခြင်းဖြစ်ပါကြောင်း၊ ARSA ကို အကြမ်းဖက်အဖွဲ့ အဖြစ် ကြေညာခဲ့ကြောင်း၊ ယင်းတိုက်ခိုက်မှုများကြောင့် လူများ အသက်အိုးအိမ်ဆုံးရှုံးခဲ့ရပြီး နေရပ်စွန့်ခွာထွက်ပြေးခဲ့ကြရပါကြောင်း၊ ထိုသို့ အိုးအိမ်စွန့်ခွာထွက်ပြေးခဲ့ရသူ အမြောက်အမြားရှိပါကြောင်း။
မူဆလင်နှင့် ရခိုင်လူမျိုးများသာမက ဒိုင်းနက်၊ မြို၊ သက်၊ မရမာကြီး ကဲ့သို့သော တိုင်းရင်းသားလူနည်းစုများနှင့် ဟိန္ဒူဘာသာဝင်များလည်း ပါဝင်ပါကြောင်း၊ ယင်းတိုင်းရင်းသားလူနည်းစုများ တည်ရှိမှုနှင့် ¤င်းတို့၏ဒုက္ခကို ကမ္ဘာ့နိုင်ငံ အတော်များများက မသိရှိပါကြောင်း၊ ရခိုင်ပြည်နယ်မြောက်ပိုင်းရှိ အထိခိုက်ခံ နယ်မြေမှ မူဆလင် အသိုက်အဝန်းသည် သတင်းများတွင် အကျယ်တဝင့် ဖော်ပြနေ သကဲ့သို့ လူနည်းစုမဟုတ်ပါကြောင်း၊ စင်စစ်အားဖြင့် လူဦးရေတိုးပွားလာမှုကြောင့် ¤င်းတို့မှာ လူများစုဖြစ်ပြီး ယင်းဒေသရှိ လူဦးရေစုစုပေါင်း၏ ၉၅ ရာခိုင်နှုန်းဖြစ်ပါ ကြောင်း၊ အစိုးရအနေဖြင့် အခြေအနေပုံမှန်အနေအထားသို့ ပြန်လည်ရောက်ရှိရန် ဆောင်ရွက်လျက်ရှိပါကြောင်း။
လက်ရှိအချိန်တွင် လူသားချင်းစာနာမှု အကူအညီပေးအပ်ရေးမှာ မိမိတို့၏ အဓိကဦးစားပေးဖြစ်ကြောင်း၊ မိမိတို့အနေဖြင့် ခွဲခြားမှုမရှိဘဲ လိုအပ်နေသူများ အားလုံးအကူအညီရရှိစေရေးကို ဆောင်ရွက်လျက်ရှိပါကြောင်း၊ ဘင်္ဂလားဒေ့ရှ် နိုင်ငံသို့ ထွက်ပြေးခဲ့ကြသည့် ဒုက္ခသည်များအား ၁၉၉၃ ခုနှစ် အတွေ့အကြုံပေါ် အခြေခံ၍ မြန်မာနိုင်ငံသို့ ပြန်လည်ခေါ်ယူရေးကို ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ စိစစ်ရေးလုပ်ငန်းများ စနစ်တကျဆောင်ရွက်နိုင်ရန်အတွက် စိစစ်ရေးလုပ်ငန်း အဖွဲ့တစ်ဖွဲ့ကို အလျင်အမြန်ဖွဲ့စည်းသွားမည်ဟု ထည့်သွင်းပြောကြားခဲ့ကြောင်း သတင်းရရှိသည်။
(သတင်းစဉ်)

No comments:

Post a Comment