Saturday, September 30, 2017

နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ်များ ဝင်ခွင့်လျှောက်ထားနိုင်




ရန်ကုန် စက်တင်ဘာ ၂၉



 နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ် (ရန်ကုန်/မ္တလေး) ၁၃၇၉-၈ဝ ပညာသင်နှစ်တွင် သာသနတက္ကသီလဓမ္မာစရိယတန်း (ပထမနှစ်)သို့ တက်ရောက်လိုသော ရဟန်း/ သာမဏေများသည် အစိုးရပထမကြီးတန်း၊ စေတိယင်္ဂဏစာသင်တန်း၊ သကျသီဟစာသင်တန်းတစ်ခုခုအောင်မြင်ပြီး သက်တော် ၃ဝ နှစ်၊ သိက္ခာတော် ၁ဝ ဝါ အောက် ရှိရမည်။
သာသနတက္ကသီလမဟာဓမ္မာစရိယတန်း(ပထမနှစ်)သို့ တက်ရောက်လိုသော ရဟန်း/သာမဏေများသည် သာသနတက္ကသီလဓမ္မာစရိယဘွဲ့၊ သာသနဓဇဓမ္မာ စရိယဘွဲ့၊ သကျသီဟဓမ္မာစရိယဘွဲ့၊ စေတိယင်္ဂဏဓမ္မာစရိယဘွဲ့တစ်ခုခုရရှိပြီး သက်တော် ၃၅ နှစ်၊ သိက္ခာတော် ၁၅ ဝါအောက်ရှိ အရှင်မြတ်များ လျှောက်ထား နိုင်ကြောင်း သိရှိရပါသည်။
ဖြေဆိုကြရမည်
သာသနတက္ကသီလဓမ္မာစရိယတန်း (ပထမနှစ်) ဝင်ခွင့်လျှောက်ထားသော ရဟန်း/သာမဏေများသည် အစိုးရပထမကြီးတန်းနှင့်ညီမျှသော ဝိနည်းဆိုင်ရာ (၅)ပ္ဆုာနှင့် အဘိဓမ္မာဆိုင်ရာ (၅)ပ္ဆုာ၊ မေးခွန်းလွှာတစ်ခု၊ ပါဠိဆိုင်ရာ(၅)ပ္ဆုာ နှင့် အထွေထွေဗဟုသုတ (၅) ပ္ဆုာ၊ မေးခွန်းလွှာတစ်ခုကို တစ်ရက်စီ စုစုပေါင်း နှစ်ရက် ဖြေဆိုကြရမည်ဖြစ်ပါသည်။
သာသနတက္ကသီလမဟာဓမ္မာစရိယတန်း(ပထမနှစ်) ဝင်ခွင့်လျှောက်ထားသော ရဟန်း/သာမဏေများသည် သာသနတက္ကသီလဓမ္မာစရိယတန်း (စတုတ္ထနှစ်) ညီမျှသော ဝိနည်း၊ သုတ္တန်၊ အဘိဓမ္မာကို ပထမနေ့တွင် (က) အတ္ထယောဇနာ (ခ) ဝါကျသဒ္ဒါ (ဂ) အဓိပ္ပါယတ္တ (ဃ)ခေတ်လေ့လာနည်းအားဖြင့် (၁ဝ)ပ္ဆုာဖြေဆိုရမည်။ ဒုတိယနေ့တွင် ပါဠိ၊ မြန်မာ၊ အင်္ဂလိပ်၊ ပြန်ပွားဘာသာအားဖြင့် (၁ဝ)ပ္ဆုာဖြေဆို ရမည်။
ဆက်သွယ်စုံစမ်းနိုင်
သာသနာ့တက္ကသိုလ်ဝင်ခွင့်လျှောက်ထားလွှာများကို ၁၃၇၉ ခု၊ သီတင်းကျွတ် လပြည့်ကျော် ၉ ရက်၊ ၂ဝ၁၇ ခုနှစ်၊ အောက်တိုဘာလ ၁၄ ရက် (စနေ၊ တနင်္ဂနွေ ရုံးပိတ်ရက်မှအပ) စတင်ထုတ်ပေးမည်ဖြစ်ပြီး ၁၃၇၉ ခု၊ တန်ဆောင်မုန်းလဆန်း ၁၂ ရက်၊ ၂ဝ၁၇ ခုနှစ်၊ အောက်တိုဘာလ ၃၁ ရက်နေ့ နောက်ဆုံးထား၍ လျှောက်လွှာ ပုံစံများကို သက်ဆိုင်ရာတက္ကသိုလ်များ၏ မော်ကွန်းထိန်းရုံးတို့တွင် တင်သွင်းနိုင်ပြီး အသေးစိတ်သိလိုသောအချက်များကို နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ် (ရန်ကုန်)မော်ကွန်းထိန်းရုံး ဖုန်း ဝ၉-၅၄ဝဝ၈၂၈၊ ဝ၉-၄၂၅ဝဝ၈၇၂၈၊ ဝ၉-၂၅ဝဝ၃၇၈၉၉၊ နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ်(မ္တလေး) မော်ကွန်းထိန်းရုံး ဖုန်း ဝ၂-၆၆၉ဝ၁ တို့သို့ ဆက်သွယ်စုံစမ်းနိုင်ကြောင်း သာသနာတော် ထွန်းကားပြန့်ပွားရေး ဦးစီးဌာနမှ သတင်းရရှိသည်။ (သတင်းစဉ်)

No comments:

Post a Comment