Wednesday, September 27, 2017

မက္ကဆီကို၌ ငလျင်ဘေးမှ အသက်ရှင်ကျန်ရစ်သူများကို ဆက်လက်ရှာဖွေ

Image may contain: 1 person, outdoor

မက္ကဆီကိုစီးတီး စက်တင်ဘာ ၂၆
ငလျင်ဒဏ်ကြောင့် အဆောက်အအုံအပျက်များကြားမှ အသက်ရှင်ကျန်ရစ်သူများကို ရှာဖွေမှုများပြုလုပ်ခဲ့ရာ သုံးရက် မြောက်နေ့တွင် အသက်ရှင်ကျန်ရစ်သူများ မရှိနိုင်တော့သည့် အတွက် ကြာသပတေးနေ့တွင် ရှာဖွေမှုများကို ရပ်တန့်တော့ မည်ဖြစ်ကြောင်း အရေးပေါ် ကယ်ဆယ်ရေးအဖွဲ့ခေါင်းဆောင်က ပြောသည်။ အဂ¯နေ့က အင်အားရစ်ခ်ျတာစကေး ၇ ဒသမ ၁ မဂ္ဂနီကျုရှိ ငလျင်လှုပ်ခတ်ခဲ့ရာ လူပေါင်း ၃၂၆ ဦး သေဆုံးခဲ့ပြီး နေအိမ်ပေါင်း ၁၁ဝဝဝ ပျက်စီးခဲ့ရသည်။
မက္ကဆီကို အရပ်သားကာကွယ်ရေး အေဂျင်စီအဖွဲ့မှ Luis Felipeက ကြာသပတေးနေ့အထိ သေချာရှာဖွေမှုများ ပြုလုပ်သွား မည်ဖြစ်ကြောင်း ပြောသည်။ ယင်းအချိန်ထက် ကျော်လွန်သွားလျှင် အပျက်အစီးများကြားထဲမှ အသက်ရှင်ကျန်ရစ်သူရှိဖို့ မလွယ်ကူတော့ ကြောင်း ပြောသည်။
အထူးလေ့ကျင့်ထားသည့် ခွေးများဖြင့် အသက်ရှင်ကျန်ရစ်သူ များကို ရှာဖွေခဲ့သော်လည်း ယခုထိ မတွေ့ရသေးကြောင်း ¤င်းက ပြောသည်။ ယခုအချိန်ထိ ပျောက်ဆုံးနေသူ ၄၃ ဦးရှိနေပြီး ¤င်းတို့ထဲမှ လူ ၄ဝ မှာ ပြိုကျသွားသော ရုံးအဆောက်အအုံ၏အောက်တွင် ပိတ်မိ ခဲ့သူများဖြစ်ကြောင်း သိရသည်။
ကယ်ဆယ်ရှာဖွေရေးလုပ်ငန်းများကို မည်သည့်အချိန်အထိ ဆက်လက် လုပ်ဆောင်သွားမည်ကို မေးမြန်းခဲ့ရာ အာဏာပိုင်များက တနင်္လာနေ့မှ စ၍နောက်ထပ် ၇၂ နာရီရှာဖွေမှုများ ပြုလုပ်သွားမည် ဖြစ်ကြောင်းပြောသည်။
မက္ကဆီကို၌ ငလျင်လှုပ်ခတ်မှုကြောင့် ကျောင်းများပိတ်ထား ခဲ့ရာ ပြည်နယ်ခြောက်ခုရှိ ကျောင်းပေါင်း ၄၄ဝဝဝ ပြန်လည်ဖွင့်လှစ်ပြီ ဖြစ်ကြောင်း သိရသည်။ မြို့တော်၌မူ အစိုးရနှင့်ပုဂ္ဂလိက ကျောင်းပေါင်း ၁ဝ၃ ကျောင်းရှိ စာသင်ခန်းများ ပြန်လည်ဖွင့်လှစ်ပြီဖြစ်ကြောင်း သိရ သည်။
(ရိုက်တာ)

No comments:

Post a Comment