Thursday, September 28, 2017

မြန်မာ့ပြည်တွင်း ငြိမ်းချမ်းရေးဆောင်ရွက်ချက်များနှင့် ပတ်သက်သည့် စာတမ်းဖတ်ပွဲကျင်းပ

 

နေပြည်တော် စက်တင်ဘာ ၂၇
ပြန်ကြားရေးဝန်ကြီးဌာန ပြည်တွင်း၊ ပြည်ပဆက်ဆံရေးနှင့် သတင်းပြန်ကြားရေးဌာနခွဲမှ မြန်မာ့ပြည်တွင်း ငြိမ်းချမ်းရေး ကြိုးပမ်းဆောင်ရွက်ချက်များ စာတမ်းဖတ်ပွဲအခမ်းအနားကို ယနေ့မွန်းလွဲ ၂ နာရီတွင် နေပြည်တော်ရှိ ပြန်ကြားရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
စာတမ်းဖတ်ပွဲတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့် က အဖွင့်အမှာစကားပြောကြားသည်။
ထို့နောက် ပြန်ကြားရေးဝန်ကြီးဌာန ဝန်ကြီးရုံးမှ ဒုတိယ အမြဲတမ်းအတွင်းဝန် ဦးမြင့်ကျော်က သဘာပတိအဖြစ် ဆောင် ရွက်ပြီး စာတမ်းဖတ်ကြားကြမည့် စာတမ်းရှင်များနှင့် မိတ်ဆက် ပေးသည်။
ယင်းနောက် မြန်မာ့ပြည်တွင်း ငြိမ်းချမ်းရေးကြိုးပမ်းဆောင် ရွက်ချက်များစာတမ်းကို ပြည်တွင်း၊ ပြည်ပ သတင်းအချက် အလက်နှင့် နည်းပညာဌာနမှ ညွှန်ကြားရေးမှူး ဦးကျော်ဇင်သန့်၊ လက်ထောက်òန်ကြားရေးမှူး ဦးကျော်ဇေယျ၊ ဦးစီးအရာရှိ ဒေါ်ခင်ချောရဲနှင့် ဒုတိယဦးစီးမှူး ဦးစိုင်းနေလင်းထွန်းတို့က ဖတ်ကြားကြသည်။
ထို့နောက် အခမ်းအနားသို့ တက်ရောက်လာကြသည့် ဝန်ကြီးဌာနမှ ဝန်ထမ်းများက သိရှိလိုသည်များကို မေးမြန်းကြရာ တာဝန်ရှိသူများက ပြန်လည်ဖြေကြားကြသည်။
''မြန်မာ့ပြည်တွင်း ငြိမ်းချမ်းရေးဆောင်ရွက်ချက်များ ခေါင်းစဉ်''ဖြင့် ခေတ်အဆက်ဆက်အစိုးရများ ငြိမ်းချမ်းရေး ဆောင်ရွက်ချက်များ၊ ယခင်အစိုးရလက်ထက် ငြိမ်းချမ်းရေး ကြိုးပမ်းဆောင်ရွက်ချက်များ၊ နိုင်ငံတော်သမ္မတ ဦးထင်ကျော် လက်ထက် ငြိမ်းချမ်းရေးကြိုးပမ်းဆောင်ရွက်ချက်များနှင့် ငြိမ်းချမ်းရေးဖြစ်စဉ်နှင့်ပတ်သက်၍ သုံးသပ်ချက်နှင့် အကြံပြု ချက်များကို စာတမ်းရှင်များက အပိုင်း(၄)ပိုင်းဖြင့် ဖတ်ကြား ရှင်းလင်းတင်ပြသည်။
ပြန်ကြားရေးဝန်ကြီးဌာနအနေဖြင့် ''ရခိုင်ပြည်နယ်ဖြစ်စဉ် နှင့် ပတ်သက်သည့်စာတမ်း''ဖတ်ပွဲကို စက်တင်ဘာ ၁၂ ရက်က ကျင်းပခဲ့သည်။
စာတမ်းဖတ်ပွဲသို့ ညွှန်ကြားရေးမှူးချုပ်များ၊ ဦးဆောင် ညွှန်ကြားရေးမှူးနှင့် တာဝန်ရှိသူများ၊ အရာထမ်း အမှုထမ်းများ တက်ရောက်ကြသည်။
(သတင်းစဉ်)

No comments:

Post a Comment