Friday, September 29, 2017

အိမ်နီးချင်းကောင်းတို့၏ အပြုအမူသဘောထား



မြန်မာ့အလင်းအယ်ဒီတာအာဘော်



ရခိုင်ပြည်နယ်ပြဿနာနှင့်ပတ်သက်၍ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ဝန်ကြီးချုပ် က ကုလသမဂ္ဂလုံခြုံရေးကောင်စီသို့ အဆိုပြုတင်ပြထားသောအချက် ငါးချက်ကို ဖတ်ရှုရပါသည်။ ဤအချက်ငါးချက်ကို ဖတ်ရှုပြီးစီးသည်နှင့် တစ်ပြိုင်တည်း ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ ဝန်ကြီးချုပ်က ¤င်းတို့၏ အမြင် သဘောထားကိုသာ တစ်ဖက်သတ်တင်ပြထားသည်ကို သတိပြုမိပါသည်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ဝန်ကြီးချုပ်အနေဖြင့် ရခိုင်ပြည်နယ်ပြဿနာအပေါ် မြန်မာနိုင်ငံတော်အစိုးရနှင့် မည်သို့မည်ပုံ ညှိနှိုင်းဆွေးနွေးမည်ဆိုသည်အား လုံးဝတင်ပြမထားသည်ကိုလည်း သတိပြုမိပါသည်။ ရှည်လျားသော နယ်စပ်မျဉ်းထိစပ်နေသော နှစ်နိုင်ငံအကြား တစ်နိုင်ငံတည်းကသာ တာဝန်ရှိသော တစ်ဖက်သတ်ပြဿနာဟူ၍ မရှိသည်ကို က္ဘာ့သမိုင်းက သက်သေထူပြီးဖြစ်ပါသည်။ သို့သော် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ ဝန်ကြီးချုပ် က ရခိုင်ပြည်နယ်ရှိ ပြဿနာအားလုံးအတွက် မြန်မာနိုင်ငံတော်အစိုးရက သာ တာဝန်ရှိလေဟန် တင်ပြထားပါသည်။
ပိုမိုပြည့်စုံစွာ နားလည်နိုင်ရေးအတွက် ဘင်္ဂလားဒေ့ရှ်နိုင်ငံဝန်ကြီးချုပ် ၏ တင်ပြချက်ငါးရပ်ကို တင်ပြလိုပါသည်။ နံပါတ်တစ် အချက်သည် ရခိုင်ပြည်နယ်အတွင်းရှိ အကြမ်းဖက်မှုများနှင့် လူမျိုးဘာသာခွဲခြားဖိနှိပ် မှု အလေ့အထတို့ ထာဝရရပ်ဆိုင်းရေးအတွက် ချက်ချင်းအရေးယူဆောင် ရွက်ပေးရန် ဖြစ်ပါသည်။ နံပါတ်နှစ်အချက်သည် ကုလသမဂ္ဂအထွေထွေ ညီလာခံက မြန်မာနိုင်ငံသို့ အချက်အလက်ရှာဖွေရေး အဖွဲ့တစ်ရပ် အရေး တကြီး စေလွှတ်ပေးရန် ဖြစ်ပါသည်။ နံပါတ်သုံးအချက်သည် မြန်မာနိုင်ငံ တော်အစိုးရက လူမျိုးဘာသာမရွေး ပြည်သူတိုင်းကို ကာကွယ်ပေး၍ ကုလသမဂ္ဂ၏ကြီးကြပ်မှုဖြင့် မြန်မာနိုင်ငံအတွင်း ဘေးကင်းဇုန်များ ထူထောင်ပေးရန် ဖြစ်ပါသည်။ နံပါတ်လေးအချက်သည် ဘင်္ဂလားဒေ့ရှ်နိုင်ငံ သို့ ရောက်ရှိလာသော ဘင်္ဂါလီမျိုးနွယ်အားလုံးကို ပြန်လည်လက်ခံရန် ဖြစ်ပါသည်။ နံပါတ်ငါးအချက်သည် မစ္စတာ ကိုဖီအာနန်၏ အစီရင်ခံစာ အား အလုံးစုံအြ<ွကင်းမဲ့ အလျင်အမြန် အကောင်အထည်ဖော်ပေးရန် ဖြစ်ပါသည်။
''ရခိုင်ပြည်နယ်အတွင်းရှိ အကြမ်းဖက်မှုများနှင့် လူမျိုးဘာသာခွဲ ခြား ဖိနှိပ်မှုအလေ့အထတို့'' ဟူသည်မှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံဝန်ကြီးချုပ် ၏ တစ်ဖက်သတ်အမြင်သာ ဖြစ်ပါသည်။ ဖြစ်သင့်သည်မှာ ဘင်္ဂလားဒေ့ရှ် နိုင်ငံဝန်ကြီးချုပ်အနေဖြင့် မြန်မာနိုင်ငံတော်အစိုးရနှင့် ညှိနှိုင်းဆွေးနွေး ၍ ပကတိအခြေအနေမှန်ကို လေ့လာသုံးသပ်ရန်သာ ဖြစ်ပါသည်။ မြန်မာ နိုင်ငံသည် အချုပ်အခြာအာဏာပိုင် နိုင်ငံတစ်နိုင်ငံအနေဖြင့် နိုင်ငံတကာ အချက်အလက် ရှာဖွေရေးအဖွဲ့တစ်ရပ်လိုအပ်မှု ရှိ/မရှိကို မိမိကိုယ်ပိုင် ဆုံးဖြတ်ချက်ဖြင့် ဆောင်ရွက်မည်ဖြစ်ပါသည်။ ဤကိစ္စရပ်သည် ဘင်္ဂလား ဒေ့ရှ် နိုင်ငံဝန်ကြီးချုပ်အပါအဝင် ပြည်ပအင်အားစုတို့က ဝင်ရောက်စွက် ဖက်ရမည့် ကိစ္စရပ်မဟုတ်ပါ။ မြန်မာနိုင်ငံအတွင်း ဘေးကင်းဇုန်လိုအပ်မှု ရှိ/မရှိ ဆိုသည်မှာလည်း အချုပ်အခြာအာဏာပိုင် မြန်မာနိုင်ငံ၏ လုပ်ပိုင် ခွင့်သာ ဖြစ်ပါသည်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ထွက်ပြေးရောက်ရှိလာသည် ဆိုသော ဘင်္ဂါလီမျိုးနွယ်တို့အား ပြန်လည်လက်ခံရေးနှင့်ပတ်သက်၍ ဘင်္ဂလားဒေ့ရှ်နိုင်ငံဝန်ကြီးချုပ်က မြန်မာနိုင်ငံတော်အစိုးရနှင့် ဘင်္ဂလား ဒေ့ရှ် အစိုးရတို့အကြား ညှိနှိုင်းရရှိခဲ့သော ၁၉၉၃ ခုနှစ် သဘောတူညီ ချက်ကို လုံဝရည်òန်းမပြောဆိုခဲ့သည်မှာ စိတ်ပျက်စရာလုပ်ရပ်တစ်ခု သာ ဖြစ်ပါသည်။ ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ်၏ တင်ပြချက်သည် ဘင်္ဂလား ဒေ့ရှ် အစိုးရက ရခိုင်ပြည်နယ်မှ ထွတ်ပြေးလာသည်ဟု တင်ပြသူတိုင်းကို မြန်မာနိုင်ငံအစိုးရက လက်ခံပေးရမည့် သဘောသက်ရောက်နေပါသည်။ မစ္စတာ ကိုဖီအာနန်၏ အစီရင်ခံစာသည် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ ဦးဆောင်မှုရလဒ်သာ ဖြစ်ပါသည်။ ဘင်္ဂလား ဒေ့ရှ် ဝန်ကြီးချုပ်အနေဖြင့် မစ္စတာ ကိုဖီအာနန်၏ အစီရင်ခံစာကို အကောင် အထည်ဖော်နိုင်ရေးအတွက် ¤င်းတို့အစိုးရက မြန်မာနိုင်ငံတော်အစိုးရနှင့် ညှိနှိုင်းဆွေးနွေးဆောင်ရွက်လိုပါသည်ဟူ၍သာ တင်ပြသင့်ပါသည်။ နှစ်နိုင်ငံချစ်ကြည်ရေးနှင့် ဖွံ့ဖြိုးမှု၏ အသီးအပွင့်တို့ကို နှစ်နိုင်ငံ ပြည်သူတို့ အား ရရှိခံစားစေလိုပါက ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ်အနေဖြင့် အိမ်နီးချင်း ကောင်းပီသစွာ အပြုသဘောတင်ပြချက်တို့ကို ပြုလုပ်သင့်ပါကြောင်း လေးနက်စွာ တင်ပြအပ်ပါသည်။ ။

No comments:

Post a Comment