Friday, September 29, 2017

ရန်ကုန်မြို့၌ ရုရှားဖက်ဒရေးရှင်းနိုင်ငံ၏ ကုန်သွယ်မှုကိုယ်စားလှယ်ရုံးဖွင့်လှစ်ရေးဆိုင်ရာ သဘောတူစာချုပ်လက်မှတ်ရေးထိုး





 နေပြည်တော် စက်တင်ဘာ ၂၈



ဒုတိယအကြိမ် ရုရှား-မြန်မာ အစိုးရအချင်းချင်း ကုန်သွယ်ရေး နှင့် စီးပွားရေး ပူးပေါင်းဆောင်ရွက်ရေးကော်မရှင် အစည်း အဝေးကို ရုရှားဖက်ဒရေးရှင်းနိုင်ငံ မော်စကိုမြို့၌ စက်တင်ဘာ ၂၇ ရက်က ကျင်းပရာ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်ဝင်း ဦးဆောင်၍ အစိုးရနှင့် ပုဂ္ဂလိကကိုယ်စားလှယ်အဖွဲ့ဝင် ၁၂ ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။
အဆိုပါ ကော်မရှင်အစည်းအဝေးတွင် ပြည်ထောင်စု ဝန်ကြီး ဦးကျော်ဝင်း ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့နှင့် ရုရှား ဖက်ဒရေးရှင်းနိုင်ငံဘက်မှ စီးပွားရေး¶ဖြိုးတိုးတက်မှု ဝန်ကြီး H.E. Mr. Maksim Oreshkin ဦးဆောင် သော ကိုယ်စားလှယ်အဖွဲ့တို့သည် နှစ်နိုင်ငံအကြား ဥပဒေ ဆိုင်ရာမူဘောင်များ အဆင့်မြှင့်တင်ရေး၊ ကုန်သွယ်ရေးနှင့် စီးပွားရေး ပူးပေါင်းဆောင်ရွက်ရေး၊ ရုရှားဖက်ဒရေးရှင်း နိုင်ငံနှင့် မြန်မာနိုင်ငံတို့အကြား လူသားချင်းစာနာထောက်ထား မှုနှင့် ပညာရေးဆက်နွှယ်မှုဆိုင်ရာကိစ္စရပ်များကို ဆွေးနွေးခဲ့ ကြကြောင်း သိရသည်။
အဆိုပါ အစည်းအဝေးအတွင်း နှစ်နိုင်ငံဝန်ကြီးများသည် ရန်ကုန်မြို့၌ ရုရှားဖက်ဒရေးရှင်းနိုင်ငံ၏ ကုန်သွယ်မှုကိုယ်စား လှယ်ရုံးဖွင့်လှစ်ရေးဆိုင်ရာ သဘောတူစာချုပ်ကို လက်မှတ် ရေးထိုးခဲ့ကြောင်း သိရသည်။
အဆိုပါအစည်းအဝေးကို နှစ်နိုင်ငံအကြား ပူးပေါင်း ဆောင်ရွက်မှုမြှင့်တင်ရန်နှင့် ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှု လွယ်ကူချောမွေ့စေရန်ရည်ရွယ်၍ ရုရှားဖက်ဒရေးရှင်းနိုင်ငံ နှင့် မြန်မာနိုင်ငံတို့၌ အလှည့်ကျကျင်းပခြင်းဖြစ်ပြီး ပထမ အကြိမ် အစည်းအဝေးကို နေပြည်တော်ရှိ အပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန-၂ ၌ ၂ဝ၁၄ ခုနှစ် သြဂုတ် ၂၉ ရက်က ကျင်းပခဲ့ကြောင်းသိရသည်။
(သတင်းစဉ်)

No comments:

Post a Comment