Saturday, September 30, 2017

လမ်းပေါ်သို့ မကြာခဏရေလျှံသောကြောင့် ရေနုတ်မြောင်း ပြုလုပ်ပေးစေလို



ထင်သာမြင်သာ ပြုပြင်စရာ



ပျဉ်းမနားမြို့ တောင်သာရပ် တောင်သာဓမ္မာရုံအနီးရှိ မြို့ပတ်လမ်းမကြီး၏ ဒေါန လမ်းတွင် ရေနုတ်မြောင်းမရှိသဖြင့် ဒေါနလမ်း၏ ဝဲ၊ ယာရှိ နေအိမ်များမှ အသုံးပြုသော ရေများသည် လမ်း၏အပြင်ဘက်သို့ စီးဆင်းကာ ဒေသခံများအနေဖြင့် လမ်းအသုံးပြု သွားလာရာတွင် အခက်အခဲဖြစ်ပေါ်လျက်ရှိကြောင်း သိရသည်။
''ကျွန်မတို့ ဒေါနလမ်းဟာ လူနေအိမ်တွေများပြီးတော့ နေ့စဉ်အသုံးပြုနေတဲ့ ချိုးရေ၊ အဝတ်လျှော်ရေ၊ မီးဖိုချောင်မှထွက်ရှိတဲ့ ရေအပါအဝင် ရေဆိုးတွေဟာ အိမ်ရဲ့ အပြင်ဘက် လူသွားလမ်းကို စီးဆင်းနေပါတယ်။ လမ်းဘေး ဝဲ၊ ယာမှာ ရေဆိုးရေနုတ် မြောင်းမရှိတဲ့အတွက် လူသွားလမ်းမပေါ် ရေတွေရောက်နေပြီး လမ်းသွားရာမှာ အခက်အခဲဖြစ်သလို စက်ဘီး၊ ဆိုင်ကယ်တွေလည်း မကြာခဏဆိုသလို တိမ်းမှောက်မှု ဖြစ်ပွားလျက်ရှိပါတယ်''ဟု တောင်သာရပ်ကွက် ဒေါနလမ်းနေ ဒေသခံတစ်ဦးက ပြောသည်။
သို့ဖြစ်၍ လူနေအိမ်များပြီး အသွားအလာများသည့် တောင်သာရပ်ကွက် တောင်သာဓမ္မာရုံအနီး ဒေါနလမ်းဘေးဝဲ၊ ယာအား ရေနုတ်မြောင်း ပြုလုပ်ပေးနိုင်ပါ ရန် ဒေသခံများက လိုလားလျက်ရှိကြောင်း သိရသည်။
ကိုကိုရူပ (နေပြည်တော်)

No comments:

Post a Comment