Saturday, September 30, 2017

JATA Tourism Expo Japan ဝန်ကြီးများအဆင့် စားပွဲဝိုင်းဆွေးနွေးပွဲနှင့် ကမ္ဘာလုံးဆိုင်ရာ ခရီးသွားလုပ်ငန်းဖိုရမ်ကျင်းပ




 နေပြည်တော် စက်တင်ဘာ ၂၉



ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းမောင်သည် စက်တင်ဘာ ၂၁ ရက် နံနက်ပိုင်းတွင် ဂျပန်နိုင်ငံ တိုကျိုမြို့ရှိ Tokyo Big Sight Convention Centre ၌ ကျင်းပသောJATA Tourism Expo Japan 2017ဖွင့်ပွဲအခမ်းအနား ၊ JATA Tourism Expo Japanဝန်ကြီးများအဆင့် စားပွဲဝိုင်းဆွေးနွေးပွဲနှင့် ကမ္ဘာလုံးဆိုင်ရာ ခရီးသွားလုပ်ငန်းဖိုရမ်သို့ တက်ရောက်သည်။
အဆိုပါ ဆွေးနွေးပွဲနှင့် ဖိုရမ်ကို ရေရှည်တည်တံ့သော ခရီးသွားလုပ်ငန်းဖော်ဆောင်ရေးTheme ဖြင့် ကျင်းပခဲ့ပြီး ရေရှည်တည်တံ့ခိုင်မြဲရေးမဏ္ဍိုင်(၅)ရပ်ဖြစ်သော အားလုံးပါဝင် နိုင်ပြီး တိုးတက်မှုကို ဖြစ်ထွန်းသည့် စီးပွားရေး(Economic)၊ ဒေသခံများအား လုပ်ပိုင်ခွင့်ပေးမှုနှင့် ပိုမိုကောင်းမွန်သော အလုပ်အကိုင်များ ဖြစ်ထွန်းစေသည့် လူမှုရေး (Social)၊ ရာသီဥတုပြောင်းလဲဖြစ်ပေါ်မှုဖြေရှင်းခြင်းနှင့်ြ<ွကယ်ဝလာစေ ရေး ထိန်းသိမ်းကာကွယ်ရမည့် သဘာဝပတ်ဝန်းကျင်(Environmental) ၊ ထိန်းသိမ်းကာကွယ်ခြင်းနှင့် ဆင်ယင် ကျင်းပခြင်းတို့ ဆောင်ရွက်ရမည့် ယဉ်ကျေးမှု (Cultural)၊ ဖွံ့ဖြိုးမှုနှင့်လုပ်ငန်းစဉ်များတိုးတက်ရေး မရှိမဖြစ်လိုအပ်သော ငြိမ်းချမ်းရေး(Peace) တို့တွင် ခရီးသွားလုပ်ငန်း၏ ပါဝင် အကျိုးပြုမှုနှင့် နိုင်ငံအသီးသီး၏ အတွေ့အကြုံများကို အမြင်ချင်းဖလှယ်၍ ဆွေးနွေးခဲ့ကြသည်။
ပြည်ထောင်စုဝန်ကြီးသည် ညနေပိုင်းတွင် ဂျပန်နိုင်ငံ မြေယာ၊ အခြေခံအဆောက်အအုံ၊ ပို့ဆောင်ရေးနှင့် ခရီးသွား လုပ်ငန်း ဝန်ကြီးMr. Keiichi ISHII နှင့် တွေ့ဆုံသည်။
ဆက်လက်၍WTTC Networking Reception နှင့် Welcome Reception Japanအခမ်းအနားများသို့ တက်ရောက်သည်။
စက်တင်ဘာ ၂၂ ရက် နံနက်ပိုင်းတွင် Tokyo Big Sight Convention Centre အခန်း(၆)၌ ကျင်းပသော မြန်မာ နိုင်ငံခရီးသွားလုပ်ငန်း မြှင့်တင်ရေးဆိုင်ရာ ဆွေးနွေးပွဲ(Myanmar Tourism Promotion Seminar) တက်ရောက်၍ အမှာစကားပြောကြားသည်။
အခမ်းအနားတွင် အာဆီယံ-ဂျပန် စင်တာမှ အထွေထွေ အတွင်းရေးမှူးချုပ်Mr. Masataka Fujitaက အမှာစကား ပြောကြားသည်။ ထို့နောက် စာတမ်းရှင်များက ခေါင်းစဉ် အလိုက် ရှင်းလင်းဆွေးနွေးခဲ့ကြပြီး တက်ရောက်လာကြသော နိုင်ငံတကာမှ စိတ်ပါဝင်စားသူများ၏ မေးမြန်းချက်များကို ပြန်လည်ဖြေကြားပေးခဲ့ကြသည်။
နေ့လယ်ပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် သတင်း မီဒီယာများနှင့် တွေ့ဆုံပွဲသို့ တက်ရောက်ခဲ့ပြီး မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်မှုအခြေအနေ၊ အနာဂတ် ခရီးသွားဈေးကွက်ရှာဖွေရေးနှင့် ရှေ့လုပ်ငန်းစဉ်ကို ရှင်းလင်း ပြောကြားသည်။ ညနေပိုင်းတွင် မြန်မာပြခန်း၌ ကျင်းပသည့် မြန်မာ့ညနေခင်း (Myanmar Evening) အခမ်းအနားသို့ တက်ရောက်သည်။
စက်တင်ဘာ ၂၃ ရက်နှင့် ၂၄ ရက်တို့တွင် ပြည်ထောင်စု ဝန်ကြီးနှင့်အဖွဲ့သည် JATA Tourism Expo Japan 2017 ပြခန်းများ ဖွင့်လှစ်ထားသည့် တိုကျိုမြို့ ငျြါငအန သို့ ရောက်ရှိပြီး မြန်မာနိုင်ငံပြခန်းနှင့် နိုင်ငံတကာမှ ခင်းကျင်းပြသထားသော ခရီးသွားဆွဲဆောင်မှုပြခန်းများကို လှည့်လည်ကြည့်ရှုသည်။ မြန်မာနိုင်ငံအနေဖြင့် ခရီးသွားကုမ္ပဏီ ၁၉ ခုတို့မှ ခရီးသွား ပြခန်း ၁၂ ခန်း ဝယ်ယူ၍ ပါဝင်ပြသခဲ့သည်။
စက်တင်ဘာ ၂၅ ရက် နံနက်ပိုင်းတွင် ASEAN Japan Centre တွင် Myanmar Tourism Infrastructure Investment Seminar ကို ကျင်းပရာ ပြည်ထောင်စုဝန်ကြီး က အဖွင့်အမှာစကားပြောကြားပြီး ဂျပန်နိုင်ငံဆိုင်ရာ မြန်မာ သံအမတ်ကြီးနှင့် အာဆီယံ-ဂျပန်စင်တာမှ အထွေထွေအတွင်း ရေးမှူး Mr. Masataka Fujita က ကြိုဆိုနှုတ်ခွန်း ဆက်စကားများပြောကြားသည်။ ထို့နောက် မြန်မာနိုင်ငံမှ တက်ရောက်လာကြသူများက ခေါင်းစဉ်အလိုက် ရှင်းလင်း ဆွေးနွေးခဲ့ကြပြီး တက်ရောက်လာကြသည့် ဂျပန်ရင်းနှီးမြှုပ်နှံမှု ကုမ္ပဏီများ၏ မေးမြန်းချက်များကို ပြန်လည်ဖြေကြားပေးခဲ့ ကြသည်။
ညနေပိုင်းတွင်Mystical Myanmar ဓာတ်ပုံပြပွဲကို ကျင်းပရာ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ ကယားပြည်နယ်၊ တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ကျွန်းစုဒေသများအပါအဝင် မြန်မာနိုင်ငံရှိ ခရီးသွားဆွဲဆောင်သည့်နေရာ ဒေသအလှအပ များ ပါဝင်သည့် ဓာတ်ပုံများကို ခင်းကျင်းပြသသည်။ အဆိုပါ JATA Tourism Expo 2017 သို့ နိုင်ငံပေါင်း ၁၃ဝ မှ ကုမ္ပဏီနှင့် အဖွဲ့အစည်းပေါင်း ၁၃၁ဝ တို့က ပြခန်းများ ပါဝင် ပြသခဲ့ကြပြီး နိုင်ငံတကာမှ တက်ရောက်သူ ၁၉၁၅ဝဝ တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိသည်။
(သတင်းစဉ်)

No comments:

Post a Comment