Wednesday, September 27, 2017

ဒုတိယသမ္မတ ဦးမြင့်ဆွေ (၆၈)နှစ်မြောက် တရုတ်ပြည်သူ့သမ္မတနိုင်ငံတည်ထောင်သည့်နေ့ အထိမ်းအမှတ်ဧည့်ခံပွဲတက်ရောက်

Image may contain: 11 people, people smiling, people standing and indoor

နေပြည်တော် စက်တင်ဘာ ၂၆
(၆၈)နှစ်မြောက် တရုတ်ပြည်သူ့သမ္မတနိုင်ငံတည်ထောင်သည့်နေ့ အထိမ်း အမှတ်ဧည့်ခံပွဲအခမ်းအနားကို ယနေ့ ညနေ ၆ နာရီတွင် နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန -၂ ၌ ကျင်းပရာ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ဒုတိယသမ္မတ ဦးမြင့်ဆွေ တက်ရောက်ချီးမြှင့်သည်။
အခမ်းအနားသို့ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေး ဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းနှင့် ဇနီး၊ ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော်တို့မှ ဒုတိယဥက္ကဋ္ဌများ၊ ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယ ဝန်ကြီးများ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့ သမ္မတနိုင်ငံ သံအမတ်ကြီး မစ္စတာ ဟုန်လျန်နှင့် ဇနီး၊ သံအမတ်ကြီးများ၊ သံတမန်များ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
ရှေးဦးစွာ ဒုတိယသမ္မတသည် အထိမ်းအမှတ် ဧည့်ခံပွဲအခမ်းအနားအတွင်း ပြသထားသည့် (၆၈)နှစ်မြောက် တရုတ်ပြည်သူ့သမ္မတနိုင်ငံ တည်ထောင်သည့်နေ့ အထိမ်းအမှတ် မြန်မာ - တရုတ် ချစ်ကြည်ရေးဓာတ်ပုံပြခန်းကို လှည့်လည်ကြည့်ရှုသည်။
ထို့နောက် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်နှင့် တရုတ်ပြည်သူ့သမ္မတ နိုင်ငံတို့၏ နိုင်ငံတော်သီချင်းများဖြင့် ဂုဏ်ပြုတီးမှုတ်ပြီး အခမ်းအနားကို ဖွင့်လှစ်သည်။
ယင်းနောက် မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီး မစ္စတာ ဟုန်လျန်က နှုတ်ခွန်းဆက်စကား ပြောကြားသည်။
ထပ်လောင်းအတည်ပြုခဲ့
ထို့နောက် ဒုတိယသမ္မတဦးမြင့်ဆွေ က နှုတ်ခွန်းဆက်အမှာစကား ပြောကြား ရာတွင် ပြီးခဲ့သည့် ဆယ်စုနှစ် ၆ ခုကျော် ကာလအတွင်းတွင် တရုတ်ပြည်သူ့သမ္မတ နိုင်ငံ ပြည်သူများနှင့် ခေါင်းဆောင်များ၏ မဆုတ်မနစ်သည့် ကြိုးပမ်းအားထုတ်မှု များကြောင့် ယနေ့ တရုတ်ပြည်သူ့သမ္မတ နိုင်ငံသည် ဖွံ့ဖြိုးတိုးတက်ခြင်းနှင့် ပြည့်စုံ သာယာဝပြောခြင်း အစရှိသည့် အောင်မြင်မှုများကို ရရှိခဲ့ပါကြောင်း၊ ယနေ့ တရုတ်ပြည်သူ့သမ္မတနိုင်ငံသည် က္ဘာ၌ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု အလျင်မြန်ဆုံး နိုင်ငံတစ်နိုင်ငံအဖြစ် လည်းကောင်း၊ က္ဘာ့ဒုတိယစီးပွားရေးအင်အားကြီးနိုင်ငံအဖြစ် လည်းကောင်း၊ က္ဘာ့အရေးကိစ္စများနှင့် က္ဘာ့စီးပွားရေး တွင် အရေးပါသည့် နိုင်ငံတစ်နိုင်ငံအဖြစ် လည်းကောင်း ရပ်တည်လျက်ရှိပါ ကြောင်း၊ ပြီးခဲ့သည့် မေလအတွင်းက တရုတ်ပြည်သူ့သမ္မတနိုင်ငံ အနေဖြင့် ရပ်ဝန်းနှင့်လမ်းကြောင်း နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်ရေး ဖိုရမ်ကို အောင်မြင်စွာ ကျင်းပနိုင်ခဲ့ခြင်းသည် တရုတ်နိုင်ငံ၏ ခေတ်သစ်သမိုင်းတွင် ထူးခြားအောင်မြင်သည့် သမိုင်းမှတ်တိုင် တစ်ခု စိုက်ထူနိုင်ခဲ့ခြင်းဖြစ်ပါကြောင်း၊ အဆိုပါဖိုရမ်တွင် က္ဘာ့နိုင်ငံအသီးသီးမှ ခေါင်းဆောင်များ အတူတကွ စုဝေးတက် ရောက်ခဲ့ကြပြီး ရပ်ဝန်းနှင့်လမ်းကြောင်း မဟာဗျူဟာစီမံကိန်းတွင် အတူတကွ ပူးပေါင်းဆောင်ရွက်သွားကြရေး ကတိ ကဝတ်များကို ထပ်လောင်းအတည်ပြုခဲ့ သည့်အပြင် တူညီသည့်အမြင်များကို လည်း ဆွေးနွေးဖလှယ်နိုင်ခဲ့ကြပါ ကြောင်း။
ကျယ်ပြန့်နက်ရှိုင်း
မြန်မာနိုင်ငံနှင့် တရုတ်ပြည်သူ့ သမ္မတနိုင်ငံတို့အကြား သံတမန်ဆက်ဆံ ရေး ထူထောင်လာခဲ့ကြသည်မှာ ယခုနှစ် ဆိုလျှင် နှစ်ပေါင်း ၆၇ နှစ် ရှိပြီဖြစ်သော် လည်း နှစ်နိုင်ငံအကြား အိမ်နီးချင်း ကောင်းပီသသည့် ချစ်ကြည်ရင်းနှီးမှုသည် သမိုင်းတစ်လျှောက်တွင် နှစ်ပေါင်း ရှည်ကြာစွာ ဖြစ်ထွန်းခဲ့ပါကြောင်း၊ မိမိတို့ နှစ်နိုင်ငံအကြား သံတမန် ဆက်ဆံရေး ထူထောင်ချိန်မှ စတင်၍ ဆွေမျိုးပေါက် ဖော် ချစ်ကြည်ရင်းနှီးမှုနှင့် မြန်မာ-တရုတ်-အိန္ဒိယ သုံးနိုင်ငံတို့ အတူတကွ ရေးဆွဲ၊ ချမှတ်ကျင့်သုံးခဲ့ကြသည့် ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေး မူကြီး ၅ ရပ်နှင့်အညီ ပူးပေါင်းဆောင်ရွက် မှု မိတ်ဖက်ဆက်ဆံရေးကို ပိုမို တောင့်တင်း ခိုင်မာလာစေသကဲ့သို့ ပူးပေါင်းဆောင်ရွက်မှု များကိုလည်း ကျယ်ပြန့်နက်ရှိုင်းစွာ ဆောင်ရွက်ခဲ့ပါ ကြောင်း။
ဆက်ဆံရေး
ပြီးခဲ့သည့် ဧပြီလနှင့် မေလအတွင်း နိုင်ငံတော်သမ္မတ ဦးထင်ကျော်နှင့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့၏ တရုတ် ပြည်သူ့သမ္မတနိုင်ငံ ခရီးစဉ်များသည် နှစ်နိုင်ငံ ခေါင်းဆောင်များအကြား အပြန်အလှန်ယုံကြည်မှုနှင့် ချစ်ကြည် ရင်းနှီးမှုတို့ကို တည်ဆောက်မြှင့်တင်နိုင် ခဲ့ခြင်းဖြစ်ပြီး နှစ်နိုင်ငံဆက်ဆံရေးသည် လည်း ယခင်ကာလများထက် ပိုမိုနီးကပ် သည့် ဆက်ဆံရေးကို ရောက်ရှိခဲ့ပါ ကြောင်း။
ဆုမွန်ကောင်းတောင်း
တရုတ်ပြည်သူ့သမ္မတ နိုင်ငံသည် မြန်မာနိုင်ငံ၏ ကုန်သွယ်ရေးနှင့် ရင်းနှီး မြှုပ်နှံမှုကဏ္ဍများတွင် အကြီးမားဆုံး သော စီးပွားရေးမိတ်ဖက်နိုင်ငံဖြစ်ပြီး နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှု မိတ်ဖက် ဆက်ဆံရေးကို စဉ်ဆက်မပြတ် ထိန်းသိမ်း ထားရှိခဲ့ကြပါကြောင်း၊ ယခုကဲ့သို့ ကောင်းမွန်သည့် ဆက်ဆံရေးသည် အနာဂတ်ကာလတွင်လည်း ဆက်လက် တိုးတက်ဖြစ်ပေါ်လိမ့်မည်ဟု ယုံကြည်ပါ ကြောင်း၊ မြန်မာနှင့် တရုတ်နိုင်ငံတို့သည် နှစ်နိုင်ငံပူးပေါင်း ဆောင်ရွက်မှုများ သာမက ကုလသမဂ္ဂအပါအဝင် ဒေသ တွင်းနှင့် နိုင်ငံတကာမျက်နှာစာများတွင် လည်း နှစ်နိုင်ငံအကျိုးဖြစ်ထွန်းစေမည့် နီးကပ်သည့် ပူးပေါင်းဆောင်ရွက်မှုများကို အစဉ်အမြဲ ထိန်းသိမ်းထားရှိခဲ့ကြပါ ကြောင်း၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံ အနေဖြင့် မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွင် အပြုသဘောဆောင် သည့် အကူအညီများနှင့် မြန်မာပြည်သူ များ၏ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်စေရေး ပံ့ပိုးကူညီလျက်ရှိသည့်အတွက် ပြည်သူ များနှင့် အစိုးရကိုယ်စား ကျေးဇူးတင်ရှိပါ ကြောင်း၊ ယခုကဲ့သို့ တရုတ်ပြည်သူ့သမ္မတ နိုင်ငံ၏ (၆၈)နှစ်မြောက် တရုတ်ပြည်သူ့ သမ္မတနိုင်ငံ တည်ထောင်သည့်နေ့ အထိမ်းအမှတ်ဧည့်ခံပွဲအခမ်းအနားတွင် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံနှင့် တရုတ်ပြည်သူ့သမ္မတ နိုင်ငံတို့၏ နှစ်နိုင်ငံ ဆက်ဆံရေး ရေရှည်တည်တံ့ခိုင်မြဲရေးနှင့် ပိုမိုတိုးတက်မြင့်မားလာစေရေးအတွက် ကြိုးပမ်းဆောင်ရွက်သွားမည် ဖြစ် ကြောင်း၊ နှစ်နိုင်ငံအကြား ခိုင်မာသော ချစ်ကြည်ရင်းနှီးမှု ပိုမိုတိုးတက်မြင့်မား စေရေးနှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ပြည်သူများ စဉ်ဆက်မပြတ် ဖွံ့ဖြိုး တိုးတက် သာယာဝပြောစေရေးအတွက် ဆုမွန်ကောင်း တောင်းအပ်ပါကြောင်း ပြောကြားသည်။
ယင်းနောက် ဒုတိယသမ္မတ ဦးမြင့်ဆွေနှင့် ဇနီးနှင့် မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီး နှင့် ဇနီးတို့က (၆၈)နှစ်မြောက် တရုတ် ပြည်သူ့သမ္မတနိုင်ငံ တည်ထောင်ခြင်း အထိမ်းအမှတ်ဂုဏ်ပြုကိတ်မုန့်လှီးကြပြီး အမှတ်တရ မှတ်တမ်းတင်ဓာတ်ပုံ ရိုက်ကြသည်။
ထို့နောက် ဒုတိယသမ္မတနှင့် ဇနီးနှင့် တက်ရောက်လာကြသူများအား တရုတ် ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီးနှင့် ဇနီးတို့က (၆၈)နှစ်မြောက် တရုတ်ပြည်သူ့ သမ္မတနိုင်ငံ တည်ထောင်ခြင်းအထိမ်း အမှတ် ဂုဏ်ပြုညစာစားပွဲဖြင့် တည်ခင်း ဧည့်ခံသည်။
(သတင်းစဉ်)

No comments:

Post a Comment