နေပြည်တော် စက်တင်ဘာ ၂၇
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်၊နိုင်ငံခြား ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်သည် ဗြိတိန်နိုင်ငံ နိုင်ငံခြားရေးနှင့် ဓနသဟာယရေးရာရုံးမှ အာရှရေးရာနှင့် ပစိဖိတ်ဒေသဆိုင်ရာMinister of State ၊ The Rt. Hon Mark Field MP အား ယနေ့ နံနက် ၁ဝ နာရီ ၁၅ မိနစ်တွင် နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန၌ လက်ခံ တွေ့ဆုံသည်။
တွေ့ဆုံစဉ် မြန်မာ-ဗြိတိန် နှစ်နိုင်ငံ ဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်ရေး ကိစ္စ၊ ငြိမ်းချမ်းရေးနှင့် အမျိုးသား ပြန်လည်သင့်မြတ်ရေးကိစ္စ၊ လူ့အခွင့် အရေးဆိုင်ရာ ကာကွယ်စောင့်ရှောက် ရေးနှင့် မြှင့်တင်ရေးကိစ္စနှင့် ရခိုင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက် နေသည့်ကိစ္စများကို ဆွေးနွေးကြသည်။
(သတင်းစဉ်)
No comments:
Post a Comment