Wednesday, September 27, 2017

(၃၅)ကြိမ်မြောက် အာဆီယံစွမ်းအင်ဝန်ကြီးများအစည်းအဝေး တက်ရောက်ရန် ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်နှင့်အဖွဲ့ ဖိလစ်ပိုင်သို့ ထွက်ခွာ

Image may contain: 8 people, people standing

နေပြည်တော် စက်တင်ဘာ ၂၆
ဖိလစ်ပိုင်နိုင်ငံ စွမ်းအင်ဝန်ကြီးဌာန ဝန်ကြီး၏ ဖိတ်ကြားချက် အရ ဆောက်လုပ်ရေးဝန်ကြီးဌာနနှင့် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်နှင့်အဖွဲ့သည် မနီလာမြို့၌ စက်တင်ဘာ ၂၅ ရက်မှ ၂၉ ရက်အထိ ကျင်းပမည့် (၃၅)ကြိမ် မြောက် အာဆီယံစွမ်းအင်ဝန်ကြီးများ အစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများသို့ တက်ရောက်ရန် ယနေ့ နံနက် ၉ နာရီခွဲတွင် ရန်ကုန်မြို့မှ လေကြောင်းခရီးဖြင့် ထွက်ခွာရာ ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း ဥက္ကဋ္ဌနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်၌ ပို့ဆောင်နှုတ်ဆက်ကြသည်။ (ယာပုံ)
အစည်းအဝေးတွင် မြန်မာနိုင်ငံမှ ၂ဝ၁၆ ခုနှစ်၌ အာဆီယံ စွမ်းအင်ဆိုင်ရာ ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်ခဲ့သည့် တာဝန်များကို ၂ဝ၁၇ ခုနှစ်အတွက် အလှည့်ကျ ဥက္ကဋ္ဌတာဝန် ထမ်းဆောင် မည့် ဖိလစ်ပိုင်နိုင်ငံသို့ လွှဲပြောင်းပေးအပ်ခြင်း၊ အာဆီယံအဖွဲ့ဝင် နိုင်ငံများနှင့် ဆွေးနွေးဖက်နိုင်ငံများအကြား လျှပ်စစ်နှင့် စွမ်းအင် ကဏ္ဍဆိုင်ရာလုပ်ငန်းများတွင် ပူးပေါင်းဆောင်ရွက် နေမှုများ ဆက်လက်ဆောင်ရွက်သွားမည့် အစီအစဉ်များကို ဆွေးနွေးသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။
(သတင်းစဉ်)

No comments:

Post a Comment