Friday, July 31, 2015

ရှုံး/ထွက်ပြိုင်ပွဲ ကွာတားပွဲစဉ်များ သြဂုတ် ၁ ရက်၊ ၂ ရက် ကျင်းပမည်


 
ရန်ကုန် ဇူလိုင် ၃ဝ
ဗိုလ်ချုပ်အောင်ဆန်းဒိုင်း ရှုံး/ထွက် ဘောလုံးပြိုင်ပွဲ ကွာတားဖိုင်နယ်ပွဲစဉ်များကို ယခုတစ်ပတ်တွင် ကျင်းပသွားမည်ဖြစ်သည်။ အသင်းကြီးအချင်းချင်းတွေ့ဆုံခြင်းမရှိသော် လည်း ရှုံး/ထွက်ပြိုင်ပွဲဖြစ်သောကြောင့် ပွဲစဉ် တိုင်းမှာ အကြိတ်အနယ်ဖြစ်ဖွယ်ရှိနေသည်။
ကွာတားဖိုင်နယ်ပွဲစဉ်များအဖြစ် သြဂုတ် ၁ ရက်တွင် အောင်ဆန်းကွင်း၌ ရတနာပုံအသင်း နှင့် ဟံသာဝတီ၊ သုဝဏ္ဏကွင်း၌ မကွေးအသင်းနှင့်GFA အသင်း၊ သြဂုတ် ၂ ရက်တွင် အောင်ဆန်း ကွင်း၌ ဇွဲကပင်အသင်းနှင့် ဧရာဝတီအသင်း၊ သုဝဏ္ဏကွင်း၌ မနောမြေအသင်းနှင့်ရခိုင်အသင်း တို့ ယှဉ်ပြိုင်ကစားကြမည်ဖြစ်သည်။ ကွာတားဖိုင်နယ်ရောက်အသင်းရှစ်သင်းတွင် MNL အသင်းခုနစ်သင်း၊ MNL-2 အသင်းတစ်သင်းတို့ တက်ရောက်နိုင်ခဲ့သည်။ ဒုတိယအဆင့်တွင် MNL အသင်းများအစုံအလင် ပါဝင်လာခဲ့ပြီး နာမည်ကြီးအသင်းများဖြစ်သည့် ရန်ကုန်၊ ဇေယျာရွှေမြေနှင့် ကမ္ဘောဇအသင်းတို့မှာ ပြိုင်ပွဲမှ စောစီးစွာ ထွက်ခဲ့ရသည်။ ရန်ကုန်အသင်းမှာ
GM၊ ဇေယျာရွှေမြေအသင်းမှာ ဇွဲကပင်၊ ကမ္ဘောဇအသင်းမှာ ဟံသာဝတီအသင်းတို့ကို ရှုံးနိမ့်ခဲ့ခြင်း ဖြစ်သည်။ ဒုတိယအဆင့်ပွဲစဉ်များတွင် ရတနာပုံအသင်းက Horizon အသင်းကို ကိုးဂိုး-ဂိုးမရှိ၊ ဟံသာဝတီ အသင်းက ကမ္ဘောဇအသင်းကို သုံးဂိုး-တစ်ဂိုး၊GFA အသင်းက ရန်ကုန်အသင်းကို တစ်ဂိုး-ဂိုးမရှိ၊ မကွေးအသင်းက ချင်းယူနိုက်တက် အသင်းကို တစ်ဂိုး-ဂိုးမရှိ၊ ဇွဲကပင် အသင်းက ဇေယျာရွှေမြေအသင်းကို လေးဂိုး-သုံးဂိုး၊ ဧရာဝတီအသင်းက တက္ကသိုလ်လက်ရွေးစင်အသင်းကို ခုနစ်ဂိုး-ဂိုးမရှိ၊ မနောမြေအသင်းကSouthern အသင်းကို နှစ်ဂိုး-တစ်ဂိုး၊ ရခိုင်အသင်းက နေပြည်တော် အသင်းကို နှစ်ဂိုး-ဂိုးမရှိတို့ဖြင့် အနိုင်ရရှိခဲ့ခြင်းဖြစ်သည်။
ဗိုလ်ချုပ်အောင်ဆန်းဒိုင်း ရှုံး/ ထွက် ဘောလုံးပြိုင်ပွဲကို ဧပြီလ ကတည်းက စတင်ကျင်းပခဲ့ပြီး ပထမအဆင့်နှင့် ဒုတိယအဆင့် ပွဲစဉ်များ ပြီးဆုံးခဲ့ပြီဖြစ်သည်။ ဒုတိယအဆင့်ပွဲစဉ်များတွင် မထင် မှတ်သည့်ရလဒ်အချို့ ထွက်ပေါ်ခဲ့ရာ ယခုကွာတားပွဲစဉ်များမှာ အကြိတ် အနယ်ဖြစ်ဖွယ်ရှိနေသည်။ ရှုံး/ထွက် ပြိုင်ပွဲကို ၂ဝ၁ဝ ခုနှစ်ကတည်းက စတင်ကျင်းပနေခြင်းဖြစ်ပြီး ၂ဝ၁ဝ ပြိုင်ပွဲတွင် ဟံသာဝတီ၊ ၂ဝ၁၁ ပြိုင်ပွဲ တွင် ရန်ကုန်၊ ၂ဝ၁၂ ပြိုင်ပွဲနှင့် ၂ဝ၁၄ ပြိုင်ပွဲတို့တွင် ဧရာဝတီအသင်းတို့က ဗိုလ်စွဲထားသည်။
သတင်းနှင့်ဓာတ်ပုံ
ရှိုင်းထက်ဇော်

ဝါဝင်ကာလတွင် လူသားချင်းစာနာထောက်ထားမှုများဖြင့် အကျဉ်းသား၊ အကျဉ်းသူ ၆၉၆၆ ဦးတို့အား ပြစ်ဒဏ်လွတ်ငြိမ်းသက်သာခွင့်များပေး



 နေပြည်တော် ဇူလိုင် ၃ဝ
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတသည် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၂ဝ၄ ပုဒ်မခွဲ(က)နှင့်အညီ အကျဉ်းထောင်အသီးသီးတွင် ထိုက်သင့်သောပြစ်ဒဏ်များ ကျခံပြီးဖြစ်သည့်အပြင် အကျဉ်းထောင်ကျခံစဉ်ကာလအတွင်း စည်းကမ်းကောင်းမွန်သည့် အကျဉ်းသား၊ အကျဉ်းသူ ၆၉၆၆ ဦးတို့အား နိုင်ငံတော်တည်ငြိမ်ရေးနှင့် ထာဝရငြိမ်းချမ်းမှုဖော်ဆောင်ရေး အတွက်လည်းကောင်း၊ အမျိုးသားပြန်လည်စည်းလုံးညီညွတ်ရေးအတွက်လည်းကောင်း၊ နိုင်ငံရေးလုပ်ငန်းစဉ်များတွင် အားလုံးပါဝင်နိုင်ခွင့်ရရှိစေရေးအတွက်လည်းကောင်း၊ လူသားချင်း စာနာထောက်ထားမှုကို အလေးပေးသောအားဖြင့်လည်းကောင်း ၂ဝ၁၅ ခုနှစ် ဇူလိုင် ၃ဝ ရက် (မြန်မာသက္ကရာဇ် ၁၃၇၇ ခုနှစ်၊ ဒုတိယဝါဆိုလဆန်း ၁၄ ရက်)တွင် ပြစ်ဒဏ်လွတ်ငြိမ်းခွင့်များ ပေးခဲ့ပါသည်။
အဆိုပါ ပြစ်ဒဏ်လွတ်ငြိမ်းခွင့်တွင် နိုင်ငံတော်၏ မေတ္တာနှင့် စေတနာကို နားလည်ကြပြီး နိုင်ငံတော်သစ် တည်ဆောက်ရေးတွင် တစ်ဖက် တစ်လမ်းမှ အထောက်အပံ့ဖြစ် စေသည့် နိုင်ငံသားများအဖြစ်သို့ ပြုပြင်ပြောင်းလဲ စေရေးအတွက် မြန်မာနိုင်ငံသား အကျဉ်းသား ၆၇၅၆ ဦးအား ပြစ်ဒဏ်လွတ်ငြိမ်း သက်သာခွင့်များနှင့် နှစ်နိုင်ငံ ချစ်ကြည်ရေး၊ နိုင်ငံအချင်းချင်းမိတ်ဝတ်မပျက်ဆက်ဆံရေးတို့ကို ရှေးရှု သောအားဖြင့် နိုင်ငံခြားသား အကျဉ်း သား ၂၁ဝ အား ပြစ်ဒဏ်လွတ်ငြိမ်း သက်သာခွင့်များပေး၍ ပြည်နှင်ဒဏ် ပေးခြင်းတို့ ပါဝင်ပြီး စုစုပေါင်း အကျဉ်းသား အကျဉ်းသူ ၆၉၆၆ ဦး တို့အား ပြစ်ဒဏ်လွတ်ငြိမ်းသက်သာ ခွင့်များ ခွင့်ပြုပေးခဲ့ကြောင်း သတင်း ရရှိသည်။
အဆိုပါ လွတ်ငြိမ်းသက်သာခွင့် ရရှိသူများအနက် တနင်္သာရီတိုင်း ဒေသကြီး ထားဝယ်အကျဉ်းထောင်မှ နိုင်ငံသားအကျဉ်းသား ၂၆ ဦး၊ အကျဉ်းသူရှစ်ဦးနှင့် နိုင်ငံခြားသား အကျဉ်းသားတစ်ဦး၊ အကျဉ်းသူ တစ်ဦး စုစုပေါင်း ၃၆ ဦး၊ မွန်ပြည်နယ် မော်လမြိုင်အကျဉ်းထောင်မှ အကျဉ်း သား ၇၁ ဦး၊ အကျဉ်းသူ ၁၃ ဦး စုစု ပေါင်း ၈၄ ဦး၊ သထုံအကျဉ်းထောင် မှ အကျဉ်းသား ၂၁ ဦး၊ အင်္ဂပူ(ကျိုက် ထို)ရဲဘက်စခန်းမှ အကျဉ်းသား ၁၁၅ ဦး၊ စစ်ကိုင်းတိုင်းဒေသကြီး မုံရွာ အကျဉ်းထောင်မှ အကျဉ်းသား ၆ဝ၊ အကျဉ်းသူကိုးဦး စုစုပေါင်း ၆၉ ဦး၊ မန္တလေးတိုင်းဒေသကြီး မိတ္ထီလာ အကျဉ်းထောင်မှ အကျဉ်းသား ၂၆ ဦး၊ အကျဉ်းသူ ၁၁ ဦး စုစုပေါင်း ၃၇ ဦး၊ မြင်းခြံအကျဉ်းထောင်မှ အကျဉ်း သား ၉၁ ဦး၊ အကျဉ်းသူ ၁၂ ဦး စုစု ပေါင်း ၁ဝ၃ ဦးတို့အား သက်ဆိုင်ရာ အကျဉ်းထောင်အသီးသီးမှ ယနေ့ တွင် ပြစ်ဒဏ်မှ လွတ်ငြိမ်းသက်သာ ခွင့်ပေးခဲ့ကြောင်း သက်ဆိုင်ရာ မြို့နယ် သတင်းထောက်များ၏ သတင်းပေးပို့ချက်အရ သိရသည်။
(ကြေးမုံ)

ကမ္ဘောဇဘဏ်လီမိတက် (ကမ္ဘောဇအုပ်စုအနာဂတ်အလင်းတန်းမြန်မာဖောင်ဒေးရှင်း)မှ ရေဘေးသင့်ပြည်သူများအတွက် အလှူငွေများ ပေးအပ်လှူဒါန်း


 
ရန်ကုန် ဇူလိုင် ၃ဝ
နိုင်ငံတော်အတွင်း တိုင်းဒေသကြီး နှင့်ပြည်နယ်အချို့တွင် လတ်တလော ဖြစ်ပေါ်နေသော ရေကြီး၊ ရေလျှံမှုများ ခံစားနေရသည့် ရေဘေးသင့်ပြည်သူ များအတွက် ကမ္ဘောဇဘဏ်လီမိတက် (ကမ္ဘောဇအုပ်စုအနာဂတ်အလင်း တန်းမြန်မာဖောင်ဒေးရှင်း)မှ မြန်မာနိုင်ငံကုန်သည်များနှင့်စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းချုပ် (UMFCCI) ရေဘေး ထောက်ပံ့လှူဒါန်းရေး လုပ်ငန်းကော်မတီသို့ ကယ်ဆယ်ရေး ရန်ပုံငွေကျပ်သိန်း ၁၅ဝဝ အား ပေးအပ်လှူဒါန်းခဲ့သည်။
အလှူငွေ ပေးအပ်ပွဲအခမ်းအနား ကို ဇူလိုင် ၂၉ ရက်တွင် မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းချုပ် အစည်း အဝေးခန်းမ၌ ကျင်းပရာ ပြည်ထောင်စုမြန်မာနိုင်ငံ ကုန်သည် များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ် (UMFCCI) ၏နာယက ကမ္ဘောဇဘဏ်လီမိတက် ဥက္ကဋ္ဌ ဦးအောင်ကိုဝင်းကိုယ်စား အကြီးတန်း အုပ်ချုပ်မှုဒါရိုက်တာ ဦးညိုမြင့်နှင့် အုပ်ချုပ်မှုဒါရိုက်တာ ဦးအောင်ကျော် မျိုးတို့က ပေးအပ်လှူဒါန်းရာ မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှု လက်မှုလုပ်ငန်းရှင်များအသင်းချုပ် ဥက္ကဋ္ဌ ရေဘေးထောက်ပံ့လှူဒါန်းရေး လုပ်ငန်းကော်မတီဥက္ကဋ္ဌ ဦးဝင်း အောင်က လက်ခံသည်။
ထို့အပြင် ကမ္ဘောဇဘဏ်လီမိတက် (ကမ္ဘောဇအုပ်စုအနာဂတ်အလင်း တန်းမြန်မာဖောင်ဒေးရှင်း)အနေဖြင့် ရေဘေးဒုက္ခနှင့် ကြုံတွေ့နေရသော စစ်ကိုင်းတိုင်းဒေသကြီး အတွင်းရှိ ကောလင်းမြို့၊ ဝန်းသိုမြို့၊ ကန့်ဘလူ မြို့၊ ကျွန်းလှမြို့၊ ချပ်သင်းမြို့နှင့် ဘုတလင်မြို့၊ ကချင်ပြည်နယ် မိုးကောင်းမြို့တို့ရှိ ရေဘေးသင့် ပြည်သူများအတွက် ဇူလိုင် ၂၂ ရက်တွင် ကျပ်သိန်း ၂ဝဝဝ၊ စစ်ကိုင်းတိုင်းဒေသကြီး ကောလင်းမြို့ တွင် ရေဘေးကယ်ဆယ်ရေးလုပ်ငန်း များ ဆောင်ရွက်နေသော ဝေဠုကျော် ဖောင်ဒေးရှင်း လူမှုကူညီကယ်ဆယ် ရေးအသင်းအတွက် ဇူလိုင် ၂၉ ရက်တွင် ကျပ်သိန်း ၃ဝဝ အပါအဝင် ယနေ့အထိ စုစုပေါင်း ကျပ်သိန်း ၃၈ဝဝ ပေးအပ်လှူဒါန်းခဲ့သည့်အပြင် ရေဘေးသင့်ဒေသများရှိ ကမ္ဘောဇ ဘဏ်လီမိတက် ဘဏ်ခွဲအသီးသီးမှ အရာထမ်း၊ ဝန်ထမ်းများက ကူညီ စောင့်ရှောက်ရေးစခန်းများ၌ နေ့စဉ် အစားအသောက်များ ချက်ပြုတ် ကျွေးမွေးခြင်း၊ ရေဘေးကယ်ဆယ်ရေး စခန်းများသို့ ကိုယ်တိုင်ကိုယ်ကျ သွားရောက်၍ ထမင်းထုပ်များ ဝေငှ လှူဒါန်းခြင်းနှင့် လိုအပ်သည့် အကူအညီများ ပေးအပ်ခြင်းများ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရ သည်။
ကမ္ဘောဇဘဏ်လီမိတက်(ကမ္ဘောဇ အုပ်စုအနာဂတ်အလင်းတန်းမြန်မာ ဖောင်ဒေးရှင်း)အနေဖြင့် နိုင်ငံတော် အစိုးရသစ်လက်ထက် ဘာသာရေး၊ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေး၊ အားကစား၊ သဘာဝဘေးအန္တရာယ် ကျရောက်သည့်နေရာများ၊ နိုင်ငံတော် နှင့် ပြည်သူ့အကျိုးပြုလုပ်ငန်းများ နှင့် အခြားကဏ္ဍအသီးသီးတို့အတွက် လှူဒါန်းငွေကျပ် စုစုပေါင်းမှာ ၆၄ ဘီလီယံကျော်ရှိပြီ ဖြစ်ကြောင်း သတင်းရရှိသည်။
(သတင်းစဉ်)

မုတ်သုံရာသီစက်ဝန်းပြောင်းလဲမှုဒဏ်ကို ရင်ဆိုင်နေရသည့် နိုင်ငံများ



ယခုနှစ်၏ မုတ်သုံရာသီစက်ဝန်းပြောင်းလဲမှုဂရက်ကြောင့် ကမ္ဘာ့နိုင်ငံအချို့တွင် မိုးပြင်းထန်စွာရွာသွန်းပြီး ရေကြီးရေလျှံမှုများ၊ မြေပြိုမှုများဖြစ်ပွားလျက်ရှိသည်။
ပါကစ္စတန်နိုင်ငံတစ်ဝန်းတွင် လွန်ခဲ့သော ရက်သတ္တပတ်ကစပြီး မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ရေကြီးရေလျှံမှုများဖြစ်ပေါ်လျက်ရှိကာ အနည်းဆုံး လူ ၁၂ ဦး သေဆုံးခဲ့သည်။
ရေဘေးသင့်ပြည်သူများအား ကယ်ဆယ်ရေးလုပ်သားများက ဘေးလွတ်ရာသို့ ရွှေ့ပြောင်းပေးခဲ့ ကြသည်။ ရေကြီးရေလျှံမှုများဖြစ်ပေါ်မှုကြောင့် လူအသေအပျောက် နှုန်းမှာ မြင့်တက်ခဲ့သည်။ နိုင်ငံ အနောက်တောင်ပိုင်း ဘာလူချီ စတန်ပြည်နယ်တွင် ခုနစ်ဦးသေဆုံး ခဲ့ပြီး နိုင်ငံအရှေ့ပိုင်း ပန်ဂျက် ပြည်နယ်တွင် လူသုံးဦးသေဆုံးခဲ့ သည်။ ထို့ပြင် နိုင်ငံမြောက်ပိုင်းရှိ ဂေဂျစ်ဘာတီစတန် ဒေသတွင် လူနှစ်ဦး သေဆုံးခဲ့သည်။
ပန်ဂျက်ပြည်နယ်အရှေ့ပိုင်းရှိ ဒေသခံ ၁၉၄၁၃၇ ဦးသည် ရေကြီး ရေလျှံမှုဒဏ်ကို ဆိုးရွားစွာခံခဲ့ရ သည်။ အလားတူ ယခုရက် သတ္တပတ် အစောပိုင်းက နိုင်ငံ မြောက်ပိုင်းရှိ ချီထရေမြို့တွင် ရေကြီးမှုများ ဖြစ်ပေါ်ခဲ့သည့် အတွက် လူသုံးဦးသေဆုံးခဲ့ပြီး လမ်း၊ တံတားများ ပျက်စီးခဲ့သည်။ ယခုအချိန်တွင် ပြန်လည်ထူထောင် ရေးလုပ်ငန်းများလုပ်ဆောင်လျက် ရှိသည်။
အလားတူ အိန္ဒိယနိုင်ငံ အနောက်ပိုင်းရှိ ဂူဂျာရက်ပြည်နယ် တွင် မိုးသည်းထန်စွာရွာသွန်းမှု ကြောင့် လူ ၂၆ ဦး သေဆုံး ခဲ့သည်။
မိုးသည်းထန်ပြီး လေပြင်း များ တိုက်ခတ်မှုကြောင့် ဂူဂျာရက် ပြည်နယ်တစ်ခုလုံး လျှပ်စစ် ဓာတ်အားလိုင်းများ ပြတ်တောက် သွားခဲ့ပြီး ပို့ဆောင်ရေးလမ်း ကြောင်းများ ပျက်စီးခဲ့ရသည်။
ဂူဂျာရက်ပြည်နယ်ရှိ ရွာပေါင်း ၂ဝဝဝ ကျော်သည် ရေကြီးရေလျှံမှု ဒဏ်ကို ခံနေရသည့်အတွက် အချို့ သောနေရာများနှင့် အဆက်အသွယ် ပြတ်တောက်လျက်ရှိသည်။ အဆိုပါ ဒေသသို့ ကယ်ဆယ်ရေးလုပ်သားများ စေလွှတ်ထားပြီး ကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်လျက်ရှိ သည်။ ထို့ပြင် ဂူဂျာရက်ပြည်နယ်၏ ဘန်နာစကန်သာစီရင်စုတွင် မိုး ပြင်းထန်စွာရွာသွန်းပြီး မြေပြိုမှုများ ကြောင့် လူရှစ်ဦး သေဆုံးခဲ့သည်။ ကာခ်ျစီရင်စုတွင် ရေကြီးရေလျှံဖြစ်မှု ကြောင့် အိမ်အများအပြား ပြိုကျ ပျက်စီးခဲ့ပြီး လူလေးဦးသေဆုံးကာ ဒေသခံ ၁ဝဝဝ ကျော်ကို ဘေးလွတ် ရာသို့ ရွှေ့ပြောင်းပေးခဲ့ရသည်။ နောက်ထပ် ၄၈ နာရီအတွင်း ဂူဂျာရက်ပြည်နည်တစ်ခုလုံးကို ရေ လွှမ်းမိုးမှုများ ဖြစ်ပေါ်မည်ဟု အိန္ဒိယ မိုးလေဝသဗျူရိုက ကြေညာထား သည်။ ယခင်လအတွင်း အိန္ဒိယ နိုင်ငံတစ်ဝန်းလုံးတွင် ရေကြီးရေလျှံ မှုများဖြစ်ပေါ်မှုကြောင့် လူပေါင်း ၅ဝ ကျော်သေဆုံးခဲ့ရသည်။
ဗီယက်နမ်နိုင်ငံ မြောက်ပိုင်းတွင် မိုးသည်းထန်စွာရွာသွန်းပြီး ရေကြီးမှု များဖြစ်ပေါ်မှုကြောင့် နိုင်ငံ၏ ကျောက်မီးသွေး တွင်းများမှ ညစ်ညမ်းမှုများဖြစ်ပေါ်မှုနှင့် မြေ ပြိုကျမှုတို့ကြောင့် အနည်းဆုံးလူ ၁၇ ဦး သေဆုံးခဲ့သည်။ အဆိုပါ ဒေသတွင် ရောက်ရှိနေသည့် ကမ္ဘာလှည့် ခရီးသည်များကို ကယ်ဆယ်ရန်အတွက် ဗီယက်နမ် ရေတပ်သင်္ဘောတစ်စင်းကို ကိုတို ကျွန်းသို့ စေလွှတ်ထားသည်။
ပြီးခဲ့သည့် ရက်သတ္တပတ်မှစပြီး နိုင်ငံမြောက်ဘက်ပိုင်း ကွန်နေး စီရင်စုတွင် မိုးအဆက်မပြတ် ရွာသွန်းခဲ့ပြီး ရေကြီးမှုများဖြစ်ပေါ် ခဲ့မှုကြောင့် လူ ၁၇ ဦး သေဆုံးခဲ့ သည်။
'ဟာလောင်' ပင်လယ်အော် အနီး မိုင် ၃ဝ အတွင်းတွင် ကျောက်မီးသွေးစက်ရုံသုံးရုံနှင့် ကျောက်မီးသွေးတွင်းသုံးခုရှိသည်။ ရေကြီး ရေလျှံမှုများကြောင့် ကျောက်မီးသွေးတွင်းများမှ ထွက်ရှိ လာသော အညစ်အကြေးများသည် ယူနက်စကိုအသိအမှတ်ပြု ကမ္ဘာ့ အမွေအနှစ်စာရင်းတွင် ပါဝင် သည့် 'ဟာလောင်' ပင်လယ်အော် ၏ အလှအပများကို ခြိမ်းခြောက် လျက်ရှိသည်။
(ကြေးမုံ)

တရုတ်နှင့် တူရကီ သမ္မတတို့ 'အူဂါ' လူမျိုးများ၏ ရွှေ့ပြောင်းခြင်းဆိုင်ရာများ ဆွေးနွေး


 
ပေကျင်း ဇူလိုင် ၃ဝ
တရုတ်နိုင်ငံပေကျင်းမြို့သို့ အလည်အပတ်ရောက်ရှိ နေသည့် တူရကီသမ္မတ ရီဆက်တေရစ် အာဒိုဂန်နှင့် တရုတ်သမ္မတ ရှီကျင့်ဖျင်တို့သည် နှစ်နိုင်ငံစီးပွားရေး အကျိုးတူပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ ကိစ္စရပ်များအပါ အဝင် တရုတ်နိုင်ငံရှိ တူရကီနွယ်ဖွား 'အူဂါ'လူမျိုးများ၏ ရွှေ့ပြောင်းခြင်းဆိုင်ရာကိစ္စရပ်ကို ဆွေးနွေးခဲ့ကြောင်း သတင်းများအရ သိရသည်။
တူရကီနိုင်ငံနှင့် ပူးပေါင်းဆောင်ရွက်မှုအပြင် အခြေခံ အဆောက်အအုံဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုအတွက် အကောင်း ဆုံးဖြစ်အောင် စွမ်းဆောင်မည်ဖြစ်ကြောင်း သမ္မတ ရှီကျင့်ဖျင်က ပြောသည်။ ထို့ပြင် တူရကီနိုင်ငံတွင် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည့် အမြန် ရထားလမ်းဖောက်လုပ်မှုလုပ်ငန်းတွင် တရုတ်ကုမ္ပဏီများ အနေဖြင့် ပါဝင်ဆောင်ရွက်ရန် အဆင်သင့်ဖြစ်လျက် ရှိကြောင်း ပြောကြားခဲ့သည်။
ယင်းနောက် ဖိနှိပ်ခံဘဝမှလွတ်မြောက်ရေးအတွက် တူရကီနိုင်ငံသို့ ရွှေ့ပြောင်းသွားကြသည့် တူရကီနွယ်ဖွား 'အူဂါ'လူမျိုးများနှင့်ပတ်သတ်ပြီး နှစ်နိုင်ငံခေါင်းဆောင် များက ဆွေးနွေးခဲ့ကြသည်။
ထိုသို့ တရားမဝင်ထွက်ပြေးကြသော အူဂါလူမျိုး ရွှေ့ပြောင်းလုပ်သားများကို ဖမ်းဆီးအရေးယူမှုများ ပြုလုပ် ရန် သဘောတူညီခဲ့ကြသည်။
တရုတ်နိုင်ငံနည်းပညာဖြင့် တည်ဆောက်ထားသော ဒုံးကျည်ကာကွယ်ရေးစနစ်တစ်ခုကို တူရကီနိုင်ငံအနေဖြင့် စိတ်ဝင်စားလျက်ရှိသည်။ တူရကီနိုင်ငံသည် နေတိုး အဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံဖြစ်သည့်အတွက် တရုတ်နိုင်ငံ၏ဒုံးကျည်ကာကွယ်ရေးစနစ်ကို တူရကီ၏ စိတ်ဝင်စားမှု အပေါ် လေ့လာစောင့်ကြည့်သူများက ထင်ကြေးအမျိုးမျိုး ပေးလျက်ရှိသည်။
ဆင်ဟွာ။

ပျောက်ဆုံးမလေးရှားလေယာဉ်၏ အပိုင်းအစများဟု ယူဆရသည်များ ရီယူနီယံကျွန်း၌ တွေ့ရှိ


 
ကွာလာလမ်ပူ ဇူလိုင် ၃ဝ
အိန္ဒိယသမုဒ္ဒရာတွင်းရှိ ရီယူနီယံကျွန်းပေါ်သို့ ရေမျော ကမ်းတင်ရောက်ရှိလာသော လေယာဉ်ပျက် အပိုင်းအစ သည် မလေးရှားလေကြောင်းဌာနမှ လွန်ခဲ့သည့်နှစ် မတ်လက ပျက်ကျသွားခဲ့သော ခရီးသည်တင်လေယာဉ်၏ အပျက်အစီးအကျိုးအပဲ့ဖြစ်သည်ဟု ယူဆရကြောင်း၊ အတည်ပြုစစ်ဆေးနိုင်ရန်အတွက် ယင်းလေယာဉ်ပျက် အပိုင်းအစကို ပြင်သစ်နိုင်ငံသို့ ပေးပို့မည်ဖြစ်ကြောင်း မလေးရှား ဝန်ကြီးချုပ် နာဂျစ်ရာဇတ်က ဇူလိုင် ၃ဝ ရက်တွင် ပြောကြားသည်။
လွန်ခဲ့သည့်နှစ် မတ်လက မလေးရှား လေကြောင်း ဌာနမှ ခရီးစဉ်အမှတ် အမ်အိပ်ခ်ျ-၃၇ဝ ပျံသန်းသည့် ဘိုးအင်း-၇၇၇ အမျိုးအစား ခရီးသည်တင် လေယာဉ်သည် ကွာလာလမ်ပူမှ ပေကျင်းမြို့သို့ မောင်းနှင်နေချိန်အတွင်း ထူးထူးဆန်းဆန်း ပျောက်ဆုံးသွားခဲ့သည်။ ခရီးသည်နှင့် လေယာဉ်ဝန်ထမ်း ၂၃၉ ဦး လိုက်ပါသွားခဲ့သော ယင်း လေယာဉ်ပျောက်ဆုံးမှုသည် မြို့ပြလေကြောင်းသမိုင်း တွင် ပဟေဠိအဆန်ဆုံး ဖြစ်ရပ်ဖြစ်သည်။
သြစတြေးလျနိုင်ငံက ဦးဆောင်လျက် လေယာဉ်ပျက် ရှာဖွေရေးလုပ်ငန်းကို အားကြိုးမာန်တက်ဆောင်ရွက် ခဲ့ကြသည်။ သြစတြေးလျနိုင်ငံ ကမ်းလွန် အိန္ဒိယ သမုဒ္ဒရာတောင်ပိုင်း၏ ကျယ်ပြောလှသည့် ပင်လယ်ပြင် တစ်ခွင်၌ ရှာဖွေခဲ့ကြသည်။
မာဒါဂါးစကားနိုင်ငံ အရှေ့ဘက် ရီယူနီယံ ကျွန်းပေါ်သို့ ဇူလိုင် ၂၉ ရက်က လှိုင်းပုတ်၍ ရေမျော ကမ်းတင် ရောက်ရှိလာသော အပျက်အစီး အပိုင်းအစကို အတည်ပြုနိုင်ရန် ပြင်သစ်နိုင်ငံ တူးလောက်စ်မြို့ရှိ အာဏာပိုင်များထံ ပေးပို့မည်ဖြစ်သည်။ ရီယူနီယံ ကျွန်းသည် ပြင်သစ်၏ ပင်လယ်ရပ်ခြား နယ်မြေတစ်ခု ဖြစ်ပြီး လူဦးရေ ရှစ်သိန်းကျော်နေထိုင်သည်။
ရိုက်တာ။

31-7-2015(ကြေးမုံ ကာတွန်း)

ယဉ်ကျေးမှု အနုသုခုမ စုံလင်


မြန်မာတို့၏ရှိရင်းစွဲ စရိုက်လက္ခဏာများမှာ မည်သည့်အခါမှမပျောက်၊ တိမ်မြုပ်ပျောက်ကွယ်နေသည့်အခါသာ ရှိချင်ရှိမည်။ တိမ်ဖုံးသည့် လမင်းကြီး ကို အမှောင်တိမ်တိုက်ဖုံးချင်သာဖုံးနေမည်။ မြန်မာတို့၏ စရိုက်လက္ခဏာ အမှန်မှာ ငွေသော်တာလမင်းကြီးပမာ ထွန်းလင်းတောက်ပပါသည်။ ကျက်သရေမင်္ဂလာ ရှိလှပါသည်။ သို့သော် မြူခိုးတိမ်တိုက်များမှာ များလှ သဖြင့် လမင်းကြီးမှာ မထွန်းလင်းနိုင်ရှာ။
မြန်မာတို့၏ ပင်ကိုယ်စိတ်ရင်းမှာ ပျော်ပျော်နေတတ်သည်။ သည်းခံ တတ်သည်။ ရိုင်းပင်းကူညီတတ်သည်။ အစုအပေါင်းနှင့် တစုတဝေးတည်း နေထိုင်တတ်သည်။ ခံစားလွယ်သည်။ စုစုဝေးဝေးနှင့် ပျော်ရွှင်စွာနေထိုင် တတ်သည်။ ထို့ကြောင့် ယဉ်ကျေးသောလူမျိုး၊ အနုပညာစိတ်ရင်းအခံရှိသော လူမျိုးအဖြစ် ရှေးအစဉ်အဆက်ကတည်းက ဖြစ်တည်ခဲ့သည်။
မြန်မာတို့၏ ပျော်ရွှင်စွာနေထိုင်ကြပုံကို ရပ်တိုင်းရွာတိုင်း၌ ကျင်းပ လေ့ရှိသည့် ဆယ့်နှစ်လရာသီပွဲတော်များကိုကြည့်လျှင် သိမြင်နိုင်သည်။ ထိုရာသီပွဲများသာမက အလှူပွဲ၊ မင်္ဂလာပွဲ၊ အထိမ်းအမှတ်ပွဲများအဆုံး ကျေးလက်များ၌ အသုဘပြုလုပ်ရာတွင်ပင် တေးသံများ ပါဝင်တတ်သည်။ ထို့ကြောင့် မြန်မာတို့သည် ပျော်ပျော်နေတတ်သူများဖြစ်သည်။
ကမ္ဘာပေါ်တွင် ပျော်ရွှင်ချမ်းမြေ့စွာအနေတတ်ဆုံး လူမျိုးများကိုပြပါဆိုလျှင် မြန်မာလူမျိုးများကို ပြရမလိုပင်။
ထိုပျော်ရွှင်မှုများနှင့်အတူ ဂီတအနုသုခမတို့ကလည်း မပါမပြီးပါတတ်ကြ သည်။ ပျော်ရွှင်ခြင်းများနှင့် ဂီတအနုသုခုမတို့ကို ခံစားတတ်သူများ ဟု ဆိုနိုင် သည်။ ကျေးလက်များတွင် ခြင်းပွဲ၊ ကြက်ပွဲ၊ ကျင်ကိုင်ပွဲ၊ လက်ဝှေ့ပွဲများ သည်ပင် အရှုံး၊ အနိုင်ပြိုင်ပွဲ အလောင်းအစားပွဲများဟုမထင် ပြည်သူတို့ ဝိုင်းအုံကြည့်ရှုသည့် ဖျော်ဖြေမှုတစ်ခုဟုပင် ထင်မှတ်ကြသည်။ ရွာဘုရားပွဲ၊ အထိမ်းအမှတ်ပွဲများမှ အငြိမ့်၊ ဇာတ်သဘင်၊ ဂီတပွဲများဆိုလျှင် အထူးဆိုဖွယ်ရာ မရှိ။ အားလုံးကပျော်ရွှင်ကြသည်။ ဂီတအနုသုခုမတွင် စီးဝင်နစ်မျောကြ သည်။
မကြားသေးမီက ကျင်းပခဲ့သော စန္ဒရားလှထွဋ် ၁၅ နှစ်ပြည့်အထိမ်းအမှတ် ပွဲတွင် မြန်မာတို့၏ အနှစ် ၂ဝ ကျော်က ဂီတ၊ အနုသုခုမနှင့် တေးသံရှင်များ ဖျော်ဖြေတင်ဆက်ခဲ့ကြသည်။ ဖျော်ဖြေတင်ဆက်သူများသာမက ကြည့်ရှု အားပေးကြသော ပရိသတ်များအားလုံး ပျော်ရွှင်ကြည်နူးခဲ့ကြသည်။ စိတ်နှလုံး ချမ်းမြေ့စွာခံစားခဲ့ကြသည်။ မြန်မာ့အနုသုခုမနှင့် ဂီတသံများမှာ တိမ်ဖုံးသည့် ကာလမှ ပြန်လည်ထွန်းလင်းလာသည့် စန္ဒာလမင်းကြီးကဲ့သို့ ထွန်းလင်းတောက်ပ လာသည်။
ထိုဖျော်ဖြေတင်ဆက်မှုကို ကြည့်ရှုခြင်းအားဖြင့် မြန်မာ့ယဉ်ကျေးမှု အနုသုခုမတို့ တိမ်မြုပ်ပျောက်ကွယ်သွားခြင်းမရှိဘဲ ထွန်းလင်းတောက်ပနေဆဲ ဖြစ်သည်ကို မြင်တွေ့ခံစားရသည်။ မြန်မာ့ဂီတ၊ မြန်မာ့သံစဉ်များသည် ကျက်သရေမင်္ဂလာရှိလှသည်။ သာယာနာပျော်ဖွယ်ကောင်းလှသည်။ ခေတ်ရေစီးကြောင်းတွင် နောက်ကျမကျန်ရစ်ဘဲ ဆက်လက်ရှင်သန်နေဆဲ ဖြစ်သည်။
ပီပြင်သောအချိုး၊ အသွားများနှင့် ငြိမ့်ညောင်းသော သံစဉ်များက မြန်မာဂီတ၏ တစ်ခေတ်ကတောက်ပြောင်မှုနှင့် ယနေ့ခေတ်ထိတိုင် ခေတ်နှင့်အညီ ရှိနေဆဲဖြစ်သည်ကို ဖော်ထုတ်နေသကဲ့သို့ဖြစ်သည်။ ထိုခေတ် လူကြီးများကနှစ်သက်ကြသလို ဒီဘက်ခေတ်လူငယ်များလည်း ဆက်လက် လက်ခံကြသည်။ မြူးကြွသည့်သံစဉ်များ၊ ငြိမ့်ညောင်းသည့် သံစဉ်များကြောင့်ဟု ဆိုရမည်ဖြစ်သည်။ မြန်မာ့ဂီတပညာရှင်များမှာ ဂုဏ်ပြု မှတ်တမ်း တင်ထိုက်ပါပေသည်။
ကောက်ချက်ဆွဲရမည်ဆိုလျှင် မြန်မာတို့၏ ယဉ်ကျေးမှုမပျောက် အောင်၊ မတိမ်ကောအောင် အဆိုပါ မြန်မာ့ရိုးရာအစဉ်အလာများနှင့် မြန်မာပီသသော သံစဉ်များကို အစဉ်မပြတ်ဖော်ထုတ်ကြရမည်ဖြစ်သည်။ ပွဲလမ်းသဘင်နှင့် အထိမ်းအမှတ်ပွဲများတွင် မြန်မာ့ဂီတ၊ မြန်မာ့အနုသုခုမ တို့ကို ပရိသတ်များစုစုဝေးဝေး ပျော်ရွှင်စွာ တင်ဆက်ပေးကြမည်ဆိုလျှင် မြန်မာ့ယဉ်ကျေးမှုအနုပညာသည် တိမ်ကောပပျောက်သွားခြင်းမရှိဘဲ ထာဝရ အဓွန့်ရှည်တည်တံ့ခိုင်မြဲနေမည်မှာ သေချာသည်ဟု ဆိုချင်ပါ သည်။ ။

မြန်အောင်မြို့နယ် နန်းတော်ကျွန်းတွင် လေဆင်နှာမောင်းဝင်ရောက်တိုက်ခတ်



The Mirror Daily's photo.


မြန်အောင် ဇူလိုင် ၃ဝ

ဧရာဝတီတိုင်းဒေသကြီး မြန်အောင်မြို့နယ် မဲခင်ချောင်ကျေးရွာအုပ်စု နန်းတော်ကျွန်းကျေးရွာတွင် ဇူလိုင် ၂၉ ရက် မွန်းလွဲ ၁ နာရီ ၄၅ မိနစ်မှ ၁နာရီ မိနစ် ၅ဝ အထိ လေဆင်နှာမောင်းဝင်ရောက်တိုက်ခတ်ရာ ဘုန်းတော်ကြီးကျောင်းတစ် ကျောင်းနှင့် နေအိမ် ၃၃ လုံး ပျက်စီးသွားခဲ့ကြောင်း မဲခင်ချောင်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးဇော်မိုးကပြောပြသည်။

လူအသေအပျောက်၊ ကျွဲနွားအသေအပျောက်မရှိကြောင်း၊ ဆုံးရှုံးမှုကာလ တန်ဖိုးမှာ ငွေကျပ်၃၅ သိန်းခန့်ရှိမည်ဖြစ်ကြောင်း၊ နန်းတော်ကျွန်းအခြေခံပညာမူလတန်းကျောင်းတွင် ယာယီကယ်ဆယ်ရေးစခန်းဖွင့်လှစ်ထားရှိပြီး အိမ်ထောင်စုများကို စောင့်ရှောက်ထားကြောင်း၊ လေဆင်နှာမောင်းတိုက်ခတ်ပြီး ညနေ ၃ နာရီခန့်တွင် ရွှေကျင်ရဲစခန်းမှ စခန်းမှူး ရဲအုပ်ဝင်းမင်းထွန်းနှင့် ရဲတပ်ဖွဲ့ဝင် ခြောက်ဦးရောက်ရှိ၍ ကယ်ဆယ် ရေးလုပ်ငန်းများကို ကျေးရွာအုပ်ချုပ်ရေးအဖွဲ့၊ ရွာသူရွာသားများနှင့်အတူ ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း မဲခင်ချောင်အုပ်စု အုပ်ချုပ်ရေးမှူးကဆက်လက်ပြောဆိုသည်။

နန်းတော်ကျွန်းကျေးရွာတွင် အိမ်ခြေ ၈၇ လုံးရှိပြီး လွန်ခဲ့သည့် ငါးရက်ခန့်ကတည်းက ဧရာဝတီမြစ်ရေဝင်ရောက်လျက်ရှိကြောင်း၊ နှစ်စဉ်မြစ်ရေတက်ပါက နန်းတော်ကျွန်းသို့ မြစ်ရေဝင်ရောက်လေ့ရှိကြောင်း ဒေသခံတစ်ဦးကပြောပြသည်။
နေဝင်းဇော်(မြန်အောင်)

ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ ၏ကြီးကြပ်မှုဖြင့် ရေဘေးကယ်ဆယ်ရေး ဇာတ်တိုက်လေ့ကျင့်ခြင်းဆောင်ရွက်


The Mirror Daily's photo.

ပုသိမ် ဇူလိုင် ၃ဝ

အမျိုးသား သဘာဝဘေးကာကွယ်စောင့်ရှောက်ရေး ဗဟိုကော်မတီနှင့် လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနတို့၏ လမ်းညွှန်မှု၊ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့၏ အနီးကပ်ကြီးကြပ်မှုများဖြင့် ရေဘေးကယ်ဆယ်ရေး ဇာတ်တိုက်လေ့ကျင့်ခြင်းကို ဇူလိုင် ၂၈ ရက် မွန်းလွဲ၂ နာရီက ဧရာဝတီတိုင်းဒေသ ကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်၊ ငှက်ပျောတောကျေးရွာအုပ်စု၊ တံခွန်တိုင် ကျေးရွာတွင် ပြည်သူလူထုအင်အား၂၅ဝ ဖြင့် ကျင်းပခဲ့သည်။အဆိုပါ ဇတ်တိုက်လေ့ကျင့်မှုတွင် ရွှေ့ပြောင်းမှုများ ဇာတ်တိုက်လေ့ကျင့်ခန်းကို အောင်မြင်စွာ ဆောင်ရွက်နိုင်ခဲ့ ကာ ယင်းဇာတ်တိုက်လေ့ကျင့်ခြင်းသို့ သာပေါင်းမြို့နယ်မှ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးဝင်းသိန်း၊ တိုင်းဒေသကြီး ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးဦးသန်းစိုး၊ တိုင်းဒေသကြီး မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ တိုင်းဒေသကြီးဦးစီးမှူး ဦးတင်မောင်ရီ၊ တိုင်းဒေသကြီး မီးသတ်ဦးစီး ဌာနမှ ဒုတိယတိုင်းဦးစီးဌာနမှူး ဦးကျော်ကျော်၊ သာပေါင်းမြို့နယ်အုပ်ချုပ်ရေးမှူးဦးစိုးမင်းထွဋ်နှင့် ဌာနဆိုင်ရာများ၊ ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ ကြက်ခြေနီနှင့်မီးသတ်တပ်ဖွဲ့ဝင်များ၊ သဘာဝဘေး လျော့ပါးရေး စေတနာ့ဝန်ထမ်းလူငယ် များ၊ ကရုဏာမြန်မာမှ တာဝန်ရှိသူများ၊ ဒေသခံပြည်သူများ တက်ရောက်ခဲ့ကြသည်။

ထိုသို့ ရေဘေးဇာတ်တိုက်လေ့ကျင့် မှုပြုလုပ်ခြင်းကြောင့် ကျေးရွာသဘာဝဘေးအန္တရာယ်လျော့ပါးရေး စီမံခန့်ခွဲမှု လုပ်ငန်းစီမံချက်ကို လက်တွေ့ဆောင်ရွက်နိုင်ပြီး သဘာဝဘေးအန္တရာယ်မ ဖြစ်မီ၊ ဖြစ်နေစဉ်နှင့် ဖြစ်ပွားပြီးနောက် ကျေးရွာနေပြည်သူများ တစ်ဦးချင်း၊ တစ်ယောက်ချင်းမှသည် အဖွဲ့လိုက်၊ တစ်ရွာချင်းအလိုက် ကိုယ်စီဆောင်ရွက်ကြရမည့်တာဝန်များကို သိရှိကြရပြီး ဘေးအန္တရာယ်နှင့် ကြုံတွေ့ရသည့်အခါ စနစ်တကျဖြင့် တုံ့ပြန်ဆောင်ရွက်နိုင် မည်ဖြစ်ပါသဖြင့် ဘေးအန္တရာယ်ကြောင့် ဆုံးရှုံးမှုများကို လျော့နည်းသက်သာစေမည့် အကျိုးကျေးဇူးများကို ရရှိနိုင်မည် ဖြစ်ကြောင်း သိရသည်။
မောင်စော(ပြန်/ဆက်)

နှစ်စဉ်ရေကြီးရေလျှံမှုများသည့်နေရာအား မြောင်းချဲ့ဆောင်ရွက်




The Mirror Daily's photo.


ရန်ကုန် ဇူလိုင် ၃ဝ

တာမွေမြို့နယ် ကျိုက္ကဆံလမ်းမနှင့်သမိန်ဗရမ်းလမ်းဆုံ (ဗလီထိပ်)တွင် နှစ်စဉ် ရေကြီးရေလျှံမှုများရှိခဲ့သဖြင့်ခရီးလမ်းပန်းဆက်သွယ်မှု အဆင်မပြေခြင်းများကြောင့် ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ အင်
ဂျင်နီယာဌာန (လမ်း/တံတား) မှရေကြီးရေလျှံမှုမရှိစေရေးအတွက်ဇွန်လ တတိယအပတ်မှစတင်၍ကွင်းဆင်းစစ်ဆေးတိုင်းတာကာ စက်အင်အား လူအင်အားများဖြင့် အင်တိုက်အားတိုက် ဆောင်ရွက်ပေးလျက်ရှိသည်။

''ရေကြီးရေလျှံဖြစ်စေတာက ဗဟန်းမြို့နယ် မိုးမခချောင်းက အလုံးအရင်းနဲ့စီးဆင်းလာတဲ့ရေတွေ တာမွေ ၁၅၅ လမ်းထဲမှာရှိတဲ့ မြေအောက်မြောင်းသေးသေးလေးထဲကိုဝင်တော့လမ်းပေါ်ကို ရေလျှံစေတာပါ။ အခုရေမြောင်းတွေကို အနက်ရှစ်ပေအကျယ်ခြောက်ပေစီရအောင် ထပ်ချဲ့မယ်။ ကျိုက္ကဆံလမ်းမကြီးကိုလည်းတည့်တည့်ဖြတ်ပြီး နတ်ချောင်းထဲကို
စနစ်တကျစီးဆင်းအောင်လုပ်ပေးမှာပါ'' ဟု တာဝန်ခံအင်ဂျင်နီယာ ဌာနစုမှူး ဦးကြည်စန်းက ပြောသည်။

ယခုရက်ပိုင်းတွင် မိုးများသည်းထန်စွာရွာသွန်းခဲ့သော်လည်း ဗလီထိပ်မီးပွိုင့်လမ်းဆုံနှင့် လမ်းမတန်းရှိမြေညီထပ်အိမ်ခန်းများ၌ ရေဝင်ရောက်မှုမရှိသည်ကို တွေ့ရှိရကြောင်း ယင်းအနီးတွင်နေထိုင်သူများက ပြောသည်။
(၅၉၇)

မူဆယ် ဆင်ဖြူဂိတ်တွင် Mobile Team က ကျပ်သိန်း ၄ဝဝ ကျော်ဖိုးရှိရွှေတုံးများ သိမ်းဆည်း





The Mirror Daily's photo.
 

မူဆည် ဇူလိုင် ၃ဝ

တရားမဝင်ကုန်သွယ်မှုတားဆီးထိန်းချုပ်ရေးဗဟိုကော်မတီ၏ စီမံကြီးကြပ်မှုဖြင့် တရားမဝင်ကုန်သွယ်မှု တားဆီးရေး၊ စားသုံးသူအကာအကွယ် ပေးရေးလုပ်ငန်းများကို နယ်စပ်စခန်းများ၊ လမ်းကြောင်းများ၊ ဆိပ်ကမ်းများ၊ လေဆိပ်များတွင် ဖြန့်ခွဲဆောင်ရွက်လျက်ရှိရာ ဗဟိုကော်မတီကွပ်ကဲမှုအောက်ရှိ မူဆယ်ထုတ်နုတ်အင်အား Mobile Team အဖွဲ့က ဇူလိုင် ၂၈ရက်က မူဆည်မြို့ ဆင်ဖြူဂိတ် ဝင်/ထွက်ဂိတ်တွင် လူနှစ်ဦးစီးနင်းလာသည့် 4N /--- ဆိုင်ကယ်ကို စစ်ဆေးရာ စီးနင်းလာသူနှစ်ဦးမှာ ဆိုင်ကယ်ထားပြီး ထွက်ပြေးသွားသည်။

အဆိုပါ ဆိုင်ကယ်အား Mobile Team အဖွဲ့စုံဖြင့် ရှာဖွေရာ ရွှေတုံး ၂ဝ (၁၉ ဒသမ ၄၄၂ Kg) တန်ဖိုးကျပ်သိန်း ၈၄ဝဝကျော် စစ်ဆေးတွေ့ရှိသဖြင့် လုပ်ထုံးလုပ်နည်းနှင့်အညီ ရွှေတုံးများနှင့် သယ်ဆောင်လာသည့်ဆိုင်ကယ်တို့အား အကောက်ခွန်အမှုတွဲဖွင့်၍ မူဆယ်မြို့နယ် အကောက်ခွန်ဦးစီးဌာနသို့ လွှဲပြောင်းအပ်နှံခဲ့ကြောင်း သိရသည်။
မူဆယ်(ပြန်/ဆက်)

လှုပ်ရှား-၁(နောင်ချို) Mobile Team က Pajero ယာဉ်ပေါ်မှ မြွေမျိုးစုံ သိမ်းဆည်း



The Mirror Daily's photo.

နောင်ချို ဇူလိုင် ၃ဝ

တရားမဝင်ကုန်သွယ်မှု တားဆီးထိန်းချုပ်ရေး ဗဟိုကော်မတီ၏ စီမံ ကြီးကြပ်မှုဖြင့် တရားမဝင်ကုန်သွယ်မှု တားဆီးရေးနှင့် စားသုံးသူအကာ အကွယ်ပေးရေးလုပ်ငန်းများကို ဗဟိုကော်မတီ၏ လုပ်ငန်းတာဝန်များ၊ လုပ်ပိုင်ခွင့်များနှင့်အညီ စခန်းများ၊ လမ်းကြောင်းများ၊ ဆိပ်ကမ်းများနှင့် လေဆိပ်များတွင် ဖြန့်ခွဲဆောင်ရွက် လျက်ရှိသည်။

ဤသို့ဆောင်ရွက်လျက်ရှိရာတွင် ဇူလိုင် ၂၅ ရက်က လှုပ်ရှား-၁ (နောင်ချို) Mobile Team အဖွဲ့ အခြေပြုနေရာ၏ မြောက်ဘက် ရှောင်ကွင်းလမ်းသို့ Pajero ယာဉ် တစ်စီးဝင်ရောက်ကြောင်း သတင်းရရှိသဖြင့် အဖွဲ့နှစ်ဖွဲ့ခွဲ၍ ပိတ်ဆို့ရှာဖွေရာ ရှောင်ကွင်းလမ်းအထွက်၌ အဆိုပါယာဉ်အား တွေ့ရှိပြီး လမ်း၏ယာဘက် ပြောင်းဖူးခင်းအတွင်းသို့ မောင်းနှင်သွားကာ ယာဉ်မောင်းမှာ ထွက်ပြေး တိမ်းရှောင်သွားသည်။

အဆိုပါယာဉ်အား Mobile Team အဖွဲ့ အခြေပြုရာနေရာသို့ လယ်ထွန်စက်ဖြင့် ဆွဲထုတ်သယ် ဆောင်ခဲ့ပြီး စစ်ဆေးရာ ပလတ်စတစ် ကော်ခြင်းများအတွင်း အဝတ်ဖြင့်သော ထည့်ထားသော မြွေမျိုးစုံပါရှိလာကြောင်း စစ်ဆေးတွေ့ရှိသဖြင့် လုပ်ထုံးလုပ်နည်းနှင့်အညီ အကောက်ခွန် အမှုတွဲဖွင့်၍ နောင်ချိုမြို့နယ် သစ်တောဦးစီးဌာနသို့ လွှဲပြောင်းအပ်နှံခဲ့ကြောင်း သိရသည်။
ကျော်ဆန်းမြင့်(ပြန်/ဆက်)

လီဗာပူးနောက်တန်းကစားသမား ဝစ်ဒန်းအား နော့ဝှစ်ခ်ျခေါ်ယူ




The Mirror Daily's photo.


နော့ဝှစ်ခ်ျအသင်းသည် လီဗာပူးနောက်တန်းကစားသမား ဝစ်ဒန်းအား တစ်ရာသီအငှားစာချုပ်ဖြင့် ခေါ်ယူလိုက်ပြီဖြစ်သည်။ အသက်(၂၂)နှစ်အရွယ်ရှိ နောက်တန်းကစားသမား ဝစ်ဒန်းသည် မေလက လီဗာပူး အသင်းနှင့် ကာလရှည်စာချုပ်သစ်တစ်ရပ်ကိုချုပ် ဆိုခဲ့သူဖြစ်ပြီး ၂ဝ၁၄-၂ဝ၁၅ ဘောလုံးရာသီတွင် ဝက်စ်ဘရွန်း အသင်းသို့ အငှားဖြင့် သွားရောက်ကစားစဉ် ပရီမီယာလိဂ်ပွဲပေါင်း ၂၄ ပွဲအထိ ပါဝင်ကစားပေးခဲ့သူဖြစ်သည်။

နောက်တန်း ကစားသမား ဝစ်ဒန်းသည် လီဗာပူးလူငယ်အသင်းမှ မွေးဖွားပေးလိုက်သည့် ကစား သမားတစ်ဦးဖြစ်ပြီး ၂ဝ၁၃-၂ဝ၁၄ ဘောလုံးရာသီက ဒါဘီအသင်းသို့ အငှားစာချုပ်ဖြင့် သွားရောက် ကစားခဲ့သူဖြစ်သည်။ နောက်တန်းကစားသမား ဝစ်ဒန်းသည် အင်္ဂလန်လူငယ်အသင်း အသက်အရွယ် ပေါင်းစုံပြိုင်ပွဲများတွင် ပါဝင်ကစားပေးခဲ့သူဖြစ်ပြီး နော့ဝှစ်ခ်ျအသင်း၏ ယခုနှစ်နွေရာသီ အပြောင်းအရွှေ့ ကာလအတွင်း လေးဦးမြောက်ခေါ်ယူခဲ့သည့် ကစားသမားလည်း ဖြစ်လာခဲ့သည်။

နော့ဝှစ်ခ်ျအသင်းသည် တောင်ပံကစားသမား ရော်ဘီဘရက်ဒီ၊ ကွင်းလယ်ကစားသမားများဖြစ် ကြသည့် ဂရေဟမ်ဒေါ်ရန်နှင့် မူလမ်ဘူတို့ကိုလည်း ခေါ်ယူထားခဲ့ပြီးဖြစ်သည်။ နော့ဝှစ်ခ်ျ အသင်းသည် မေလ အတွင်းက ချန်ပီယံရှစ် Play Off နောက်ဆုံးဗိုလ်လုပွဲစဉ်တွင် အနိုင်ရရှိခဲ့ ပြီးနောက် ပရီမီယာလိဂ်သို့ ပြန်လည် တန်းတက်ခွင့် ရရှိခဲ့သည့်အသင်းလည်းဖြစ်သည်။
ငွေကြယ်

ရာသီကြိုခြေစမ်းပွဲမှာ ပထမဆုံးရှုံးပွဲကြုံခဲ့ရတဲ့ မန်ယူ





The Mirror Daily's photo.
 



အမေရိကန်ပြည်ထောင်စု ချီကာဂိုမြို့မှာ ဇူလိုင်၂၉ ရက်က ယှဉ်ပြိုင်ခဲ့တဲ့ အိုင်စီစီဖလား ပြိုင်ပွဲမှာ ပီအက်စ်ဂျီအသင်းက မန်ယူနောက်တန်းလူတွေရဲ့အမှားတွေကြောင့်ရရှိခဲ့တဲ့ ပထမပိုင်းသွင်းဂိုးတွေနဲ့ မန်ယူအသင်းကို အလွယ်တကူအနိုင်ယူနိုင်ခဲ့ပါတယ်။

နည်းပြဗန်ဟားလ်အနေနဲ့ အသင်းကို ရှေ့၊နောက်၊အလယ် အတောင့်တင်းဆုံးလူအခင်းအကျင်းနဲ့ပွဲထွက်လာ ခဲ့ပေမယ့်လည်း ယခုပွဲကိုအနိုင်ရဖို့ထက် ဒီမာရီယာရဲ့အပြောင်းအရွှေ့ကိစ္စရပ်အပေါ်သာ ပိုမိုစိတ်ရောက်နေတဲ့ပုံပေါ်ပြီး ယခုရာသီကြိုခြေစမ်းပွဲတွေမှာ မန်ယူအနေနဲ့ပထမဆုံးအကြိမ်ရှုံးနိမ့်မှု ကြုံတွေ့ခဲ့ရတာလည်းဖြစ်ပါတယ်။ မန်ယူက ၄-၂-၃-၁ ကစားကွက်ကိုသုံးပြီး တိုက်စစ်မှာ ဝိန်းရွန်းနီတစ်ယောက်တည်းကိုသာ ဦးဆောင်ကစားစေခဲ့တာ တွေ့ရပါတယ်။

ပီအက်စ်ဂျီကတော့ ၄-၃-၃ကစားကွက်နဲ့ပွဲထွက်လာခဲ့ကာ အီဘရာဟီမိုဗစ်ခ်ျ၊အော်ဂူစတင်နဲ့လူးကပ်စ်တို့သုံးဦးတင်ပြီး တိုက်စစ်ဖွင့်ကစားခဲ့ပါတယ်။ ပီအက်စ်ဂျီရဲ့ အကွက်မိမိ ထိုးဖောက်ကစားလာမှုတွေကို မန်ယူနောက်တန်း ကစားသမားတွေဖြစ်တဲ့ လုရှော၊ ဒါလေဘလိုင်း၊ ဖီးလ်ဂျုံးစ်နဲ့ ဒါမီယန်တို့ ပေါ့လျော့ခဲ့လို့ ပီအက်စ်ဂျီအသင်းရဲ့ တိုက်စစ်အောက်ကို မန်ယူကျရောက်ခဲ့တာပဲဖြစ်ပါတယ်။ဒါကြောင့် ပွဲကစားချိန်၂၅မိနစ်နဲ့ ၃၄မိနစ်တို့မှာ ပီအက်စ်ဂျီ ကွင်းလယ်ကစားသမား မာတူဒီနဲ့ တိုက်စစ်မှူးမိုဗစ်ခ်ျတို့ရဲ့ သွင်းဂိုးတွေကို မန်ယူအသင်း အလွယ်တကူပဲခွင့်ပြုလိုက် ရပါတယ်။ ဒုတိယပိုင်းမှာ ပီအက်စ်ဂျီအသင်းက လူစားဝင်ကစားသမားအများအပြားကို ထည့်သွင်းကာ အနိုင်ရလဒ်ကို ထိန်းသွားခဲ့တာကြောင့် မန်ယူအနေနဲ့ ချေပဂိုးတစ်ဂိုးတောင်သွင်းယူနိုင်ခြင်းမရှိဘဲ ပြင်သစ်ချန်ပီယံ ပီအက်စ်ဂျီကို အရေးနိမ့်ခဲ့ရတာဖြစ်ပါတယ်။

နည်းပြဗန်ဟားလ်အနေနဲ့ ဒုတိယပိုင်းမှာ ဂိုးသမားဒီဂီယာနေရာကို စတုတ္ထဂိုးသမား ဆမ်ဂျွန်စတုန်းနဲ့ လူစားလဲခဲ့တာကြောင့် ဒီစပိန်ဂိုးသမားအနေနဲ့ ရီးယဲလ်ကို အမှန်တကယ်ပြောင်းရွှေ့တော့မှာလားဆိုတဲ့ပဟေဠိတွေ ပိုမိုထွက်ပေါ် လာခဲ့ပါတယ်။ ဒါ့အပြင် ပထမပိုင်းမှာကွင်းလယ်အဖျက်နေရာက ကစားခဲ့တဲ့ရှဝိန်းစတိုင်ဂါဟာ မန်ယူကစားကွက်နဲ့ အသားမကျသေးတာကို အခုပွဲမှာ ထင်ထင်ရှားရှားမြင်တွေ့ခဲ့ကြရပါတယ်။

ဒါပေမယ့်ဒီရာသီကြိုခြေစမ်းပွဲတွေထဲက မန်ယူအတွက် စိတ်သက်သာရာရစရာ ကောင်းတာကတော့တိုက်စစ်မှူး ဝိန်းရွန်းနီအနေနဲ့ လက်ရှိခြေစွမ်းကို ဆက်ထိန်းနိုင်ရင် တစ်ရာသီအတွင်း သွင်းဂိုး၂၅ဂိုးအထက်သွင်းနိုင်ဖို့မျှော်မှန်း နိုင်မှာဖြစ်သလို၊ အသစ်ခေါ်ယူထားတဲ့ ဒီပေးရဲ့ အလွတ်တည်ကန်ဘောစွမ်းရည်ဟာ ပြိုင်ဘက်တွေအတွက် တကယ့်ကို တားဆီးရခက်မယ်ဆိုတာလည်း ကြိုတင်တွက်ဆလို့ရတဲ့ အမြတ်တွေဖြစ်ခဲ့ပါတယ်။
မေလဲ့သင်း

အလုံမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ရုံးရှေ့ရှိ ကျွန်းပင်ကြီးပြိုလဲ



The Mirror Daily's photo.

ရန်ကုန် ဇူလိုင် ၃ဝ

ရန်ကုန်တိုင်းဒေသကြီး အနောက် ပိုင်းခရိုင် အလုံမြို့နယ် ဆင်မင်းရပ်ကွက် အလုံလမ်းပေါ်ရှိ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီး ဌာနရုံးရှေ့မှ လုံးပတ်လေးပေ၊ အရှည် ပေ ၆ဝ ရှိသော ကျွန်းပင်ကြီးသည် ဇူလိုင် ၂၉ ရက် မွန်းလွဲ ၁ နာရီ ခွဲက မိုးသည်းထန်စွာရွာပြီး လေပြင်းတိုက်ခတ်ခြင်းကြောင့် အမြစ်ပါလှန်၍ ရုံးတွင်းသို့ ပြိုလဲခဲ့ကြောင်း သိရသည်။

သစ်ပင်ပြိုလဲရာ နေရာသို့ သက်ဆိုင်ရာအုပ်ချုပ်ရေးရုံးမှ တာဝန်ရှိသူများ၊ မြို့နယ်စည်ပင် ပန်းခြံနှင့် ဥယျာဉ်ဌာနမှ တာဝန်ရှိသူများ ရောက်ရှိလာပြီး ရှင်းလင်းပေးခဲ့သည်။ သစ်ပင်ပြိုလဲခြင်းကြောင့် ထိခိုက်ဒဏ်ရာနှင့် ပျက်စီးမှုမရှိကြောင်း သိရသည်။
(ရွှေတိုင်လွင်)

ချင်းတွင်းမြစ်ရေ မြင့်တက်လာမှုကြောင့် လူစီးအမြန်ရေယာဉ်များနှင့်ကုန်တင်ရေယာဉ်များ ခရီးစဉ်ရပ်နား




The Mirror Daily's photo.


မုံရွာ ဇူလိုင် ၃ဝ

ချင်းတွင်းမြစ်ရေသည် မြစ်ကြောင်းတစ်လျှောက် မြို့ရွာများ၏ စိုးရိမ်ရေအမှတ်သို့ ရောက်ရှိလျက်ရှိရာ ခရီးသွားပြည်သူများ၊ ကုန်စည်များ သွားလာစီးဆင်းမှုတွင် မလိုလားအပ် သော ပျက်စီးဆုံးရှုံးမှုများ မဖြစ်ပွားစေရေးအတွက် မုံရွာမြို့နယ် ပုဂ္ဂလိက ရေယာဉ်များစနစ်တကျပြေးဆွဲရေး ကော်မတီက ဇူလိုင် ၃ဝ ရက်မှ သြဂုတ် ၁ ရက်အထိ ကုန်တင်ရေယာဉ်များ၊ လူစီးအမြန်ရေယာဉ်များ ခရီးစဉ်ပြေးဆွဲခြင်းကို ရပ်နားထားကြောင်း သိရသည်။

ချင်းတွင်းမြစ်ကြောင်း တစ်လျှောက် မစိန်ကျေးရွာနားရှိမစိန်ဝဲ၊ ကလေးဝ မြို့နယ်ရှိပေဝဲ၊ မင်းကင်းမြို့နယ် မောက္ကတော်ကျေးရွာရှိ ဝက်သိုက်ဝဲ၊ ဘုတလင်မြို့နယ်ရှိ ရွှေစာရေးဝဲများက မြစ်ရေကြီးချိန်များတွင် သင်္ဘောများ သွားလာရအခက်အခဲရှိသဖြင့် ခရီးစဉ်များကို ခေတ္တရပ်နား ခြင်းဖြစ်သည်။

''ချင်းတွင်းမြစ်ရေက ဒီနေ့နံနက် ၉ နာရီတွင် မုံရွာမြို့မှာ ၁ဝဝ၂ စင်တီမီတာကိုရောက်နေပြီ။ ကလေးဝမှာလည်း စိုးရိမ်ရေအမှတ်ကျော်နေ ပြီဆိုတော့ ခရီးတစ်လျှောက်မှာ အန္တရာယ် မဖြစ်စေရေးအတွက် ခရီးစဉ်ကို ခေတ္တရပ်နားထားမှာပါ။ မုံရွာမြို့မှာ ချင်းတွင်းမြစ်ရေ ၉၅ဝ စင်တီမီတာကို ပြန်ရောက်တာနဲ့ ခရီးစဉ်တွေကို ပြန်ဖွင့်ပေးသွားမှာပါ။ ဒီနှစ်က ချင်းတွင်းမြစ်ရေတက်ချိန် တစ်လလောက်စောတယ်လို့ ပြောရမယ်။ မနှစ်က စက်တင်ဘာ ၁ ရက်မှာ ပိတ်ရတယ်။ ဒီနှစ်မှာလည်း လတ်တလော သုံးရက်ပိတ်ထားတယ်။ မြစ်ရေကျသွားရင်တော့ ချက်ချင်း ပြန်ပြေးဆွဲခွင့်ပေးမှာပါ။ မြစ်ရေတက်ချိန် ကြာရင်တော့ လမ်းကြောင်းအခြေအနေအရ ထပ်ပြီးပိတ်သင့်ရင် ပိတ်ရမယ်'' ဟု မြို့နယ်ပုဂ္ဂလိကရေယာဉ်များ စနစ်တကျပြေးဆွဲရေးကော်မတီ ဥက္ကဋ္ဌက ပြောသည်။

ချင်းတွင်းမြစ်အတွင်းတွင် မုံရွာမြို့မှ အထက်ချင်းတွင်းဒေသများသို့ ကုန်တင်အမြန်ရေယာဉ်နှင့် လူစီးအမြန်ရေယာဉ် ၅၈၆ စီးသည် နေ့စဉ်၊ အပတ်စဉ် အလှည့်ကျစနစ်ဖြင့် ပြေးဆွဲပေးလျက်ရှိရာ ယခုအချိန်တွင် ချင်းတွင်းမြစ်ရေ မြင့်တက်လာမှုကြောင့် ခရီးလမ်းတစ်လျှောက်တွင် အန္တရာယ်များ မဖြစ်ပေါ်စေရေးအတွက် ခရီးစဉ်အားလုံးကို ခေတ္တရပ်နားထားခြင်းဖြစ်ကြောင်း သိရသည်။
(ဖိုးချမ်း-မုံရွာ)

ရွေးကောက်ပွဲ၌ မိမိတို့ရွေးချယ်လိုက်သူသည် မိမိနိုင်ငံနှင့်မိမိဒေသကို အကျိုးပြုနိုင်သူဖြစ်ရန်လို




Myanmaalinn's photo.

နေပြည်တော် ဇူလိုင် ၃ဝ

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရ ဦးရွှေမန်းသည် ယနေ့မွန်းလွဲပိုင်းတွင် ပဲခူးတိုင်းဒေသကြီး တောင်ငူမြို့ ခပေါင်းခန်းမ၌ ဒေသခံပြည်သူများ အားတွေ့ဆုံ၍ ဒေသဖွံ့ဖြိုးရေးဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးမှာကြားသည်။
အဆိုပါတွေ့ဆုံပွဲသို့ ပဲခူးတိုင်း ဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးဝင်း တင်၊ ပြည်ထောင်စုလွှတ်တော် ကိုယ် စားလှယ်များ၊ ပြည်သူ့လွှတ်တော် ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာဆန်းစစ်သုံးသပ်ရေး ကော် မရှင်အဖွဲ့ဝင်များ၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်များ၊ နိုင်ငံ ရေးပါတီများမှ ပုဂ္ဂိုလ်များ၊ မြို့နယ် ဌာနဆိုင်ရာများ၊ လူမှုရေးအသင်း အဖွဲ့ဝင်များ၊ မြို့မိမြို့ဖများနှင့် ဒေသခံပြည်သူများ တက်ရောက် ကြသည်။
တွေ့ဆုံပွဲတွင် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းက လာမည့် နိုဝင်ဘာ ၈ ရက်တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီ ရွေးကောက်ပွဲသည် နိုင်ငံအတွက် အလွန်အရေးကြီးသည့် လုပ်ငန်းစဉ်ဖြစ်ပါကြောင်း၊ တောင်ငူ ခရိုင်အတွင်းရှိ မြို့နယ်များသာမက တစ်တိုင်းပြည်လုံးအတိုင်းအတာဖြင့် ရွေးကောက်ပွဲ အောင်မြင်အဆင်ပြေ ရန် အရေးကြီးပါကြောင်း။
ရွေးကောက်ပွဲ၌ မိမိတို့ရွေးချယ် မှု မှန်ကန်ရန်လိုအပ်ပါကြောင်း၊ မိမိ တို့ ရွေးချယ်လိုက်သူသည် မိမိနိုင်ငံနှင့် မိမိဒေသကို အကျိုးပြုနိုင်သူဖြစ်ရန်လိုကြောင်း၊ တောင်ငူခရိုင်အတွင်းရှိ မြို့နယ်များမှ စီမံခန့်ခွဲရေးကော်မတီ ဥက္ကဋ္ဌများသည် ရွေးကောက်ပွဲတွင် စီမံခန့်ခွဲရေး၊ အုပ်ချုပ်ရေးနှင့် လုံခြုံ ရေးအပိုင်းကို အဓိကတာဝန်ယူကြ မည့်သူများဖြစ်၍ အရေးကြီးပါ ကြောင်း၊ ထို့အတူ ကော်မရှင်မှ တာဝန်ရှိသူများ၊ မဲရုံမှူး၊ ဒုတိယမဲရုံ မှူးများသည်လည်း လွတ်လပ်ပြီး တရားမျှတသော ရွေးကောက်ပွဲဖြစ် ရေးအတွက် ဝိုင်းဝန်းဆောင်ရွက်ရန် လိုကြောင်း၊ မိမိတို့ဒေသ ဖွံ့ဖြိုး တိုးတက်ရေးအတွက် သက်ဆိုင်ရာ ကော်မတီများအနေဖြင့် ရွေးကောက် ပွဲ အောင်မြင်စွာကျင်းပရေးကိစ္စရပ် အပါအဝင် ဒေသ၏ လိုအပ်ချက်များ ကို တင်ပြကြရန် ဖိတ်ခေါ်ပါကြောင်း ဖြင့် ပြောကြားသည်။
ထို့နောက် တောင်ငူခရိုင် မြို့နယ် စီမံခန့်ခွဲရေးကော်မတီဥက္ကဋ္ဌ၊ မြို့နယ် ဖွံ့ဖြိုးတိုးတက်ရေးအထောက်အကူ ပြုကော်မတီ၊ မြို့နယ်စည်ပင်သာယာ ရေးကော်မတီ၊ ခရိုင် မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်း၊ မြို့နယ် ကျန်းမာရေးမှူး၊ ခရိုင်မီးသတ်တပ်ဖွဲ့၊ ခရိုင်ဌာနဆိုင်ရာများမှ တာဝန်ရှိသူ များနှင့် အမျိုးသားလွှတ်တော် ကိုယ် စားလှယ် ဦးဝင်းနိုင်ရှိန်တို့က ဒေသ ဖွံ့ဖြိုးရေးဆိုင်ရာ ကိစ္စရပ်များကို ရှင်းလင်းတင်ပြကြသည်။
ထို့နောက် ပဲခူးတိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းတင်က ဒေသဖွံ့ဖြိုးရေး ကိစ္စရပ်များနှင့် စပ်လျဉ်း၍ ဖြည့်စွက်ရှင်းလင်း တင်ပြသည်။
တင်ပြချက်များအပေါ် ပြည်သူ့ လွှတ်တော်ဥက္ကဋ္ဌက ပြန်လည်သုံးသပ် ဆွေးနွေးပြီး နိဂုံးချုပ်အမှာစကား ပြောကြားကာ တက်ရောက်လာကြ သူများအား ရင်းရင်းနှီးနှီးနှုတ်ဆက် ခဲ့သည်။
ဆက်လက်၍ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌသည် အဖွဲ့ဝင်များနှင့်အတူ ပဲခူးတိုင်းဒေသကြီး ရေနီမြို့သို့ ရောက်ရှိပြီး ရွှေစေတီကျောင်းတိုက် ဓမ္မဗိမာန်တော်၌ ဒေသခံပြည်သူ များအား တွေ့ဆုံ၍ ဒေသဖွံ့ဖြိုးရေးဆိုင်ရာကိစ္စရပ်များကို ဆွေးနွေး မှာကြားသည်။
ထို့နောက် ရပ်ကွက်အုပ်ချုပ်ရေး မှူးများနှင့် ဒေသခံပြည်သူများက ဒေသဖွံ့ဖြိုးရေးဆိုင်ရာ ကိစ္စရပ်များကို ရှင်းလင်းတင်ပြကြပြီး ဌာနဆိုင်ရာ တာဝန်ရှိသူများက ဖြည့်စွက်ရှင်းလင်း တင်ပြကြသည်။
တင်ပြချက်များအပေါ် ပြည်သူ့ လွှတ်တော်ဥက္ကဋ္ဌက ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးပြီး နိဂုံးချုပ်အမှာ စကားပြောကြားကာ တက်ရောက် လာကြသူများအား ရင်းရင်းနှီးနှီး နှုတ်ဆက်ခဲ့သည်။
တွေ့ဆုံပွဲမစတင်မီ ပြည်သူ့ လွှတ်တော်ဥက္ကဋ္ဌသည် ရေနီမြို့ ရွှေ စေတီကျောင်းတိုက် ပဓာနနာယက ဆရာတော်အမှူးပြုသော ဆရာတော် သံဃာတော်များအား သင်္ကန်းနှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်း ကာ ဒေသဖွံ့ဖြိုးရေးနှင့် သာသနာ ရေးဆိုင်ရာကိစ္စရပ်များကို လျှောက် ထားခဲ့သည်။
(သတင်းစဉ်)

ဗီဇာကင်းလွတ်ခွင့် သဘောတူညီချက်အရ သာမန်နိုင်ငံကူးလက်မှတ်ကိုင်ဆောင်သူ မြန်မာနှင့်ထိုင်းနိုင်ငံသားများ နိုင်ငံတကာလေဆိပ်များမှတစ်ဆင့် ပြည်ဝင်ဗီဇာမလိုဘဲ ၁၄ ရက်ကြာ သွားလာနေထိုင်နိုင်မည်


 
နေပြည်တော်  ဇူလိုင်  ၃ဝ

နိုင်ငံခြားရေး    ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး    ဦးဝဏ္ဏ မောင်လွင်နှင့်  ထိုင်းနိုင်ငံ ဒုတိယ ဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဗိုလ်ချုပ်ကြီး   တန်နာဆတ်ခ်ပတိ မပရာဂွန်တို့         ပူးတွဲဥက္ကဋ္ဌ အဖြစ်   ဦးဆောင်   ကျင်းပသော  (၈)ကြိမ်မြောက်       မြန်မာ-ထိုင်း  နှစ်နိုင်ငံ  ပူးပေါင်းဆောင်ရွက်ရေး ဆိုင်ရာ   ပူးတွဲကော်မရှင်အစည်း အဝေးကို ၂ဝ၁၅ ခုနှစ်  ဇူလိုင် ၂၈ ရက်တွင်   ထိုင်းနိုင်ငံ  ချင်းမိုင်မြို့၌ ကျင်းပခဲ့သည်။
ဝန်ကြီးအဆင့်    စုံညီအစည်း အဝေးမကျင်းပမီ   ပြည်ထောင်စု ဝန်ကြီး ဦးဝဏ္ဏမောင်လွင်၊ ထိုင်းနိုင်ငံ ဆိုင်ရာ     မြန်မာသံအမတ်ကြီး  ဦးဝင်းမောင်နှင့်  အဖွဲ့ဝင်များသည် ထိုင်းနိုင်ငံ  ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီး ဗိုလ်ချုပ်ကြီး တန်နာဆတ်ခ်   ပတိမပရာဂွန် ဦးဆောင်သော ထိုင်းကိုယ်စားလှယ် အဖွဲ့နှင့်   နှစ်နိုင်ငံ   နိုင်ငံခြားရေး    ဝန်ကြီးဌာနများအကြား  ဆွေးနွေးပွဲ  ကျင်းပခဲ့ပြီး ဆွေးနွေးပွဲတွင် မြန်မာ-ထိုင်း နှစ်နိုင်ငံအကြား  ပူးပေါင်း ဆောင်ရွက်မှုနှင့် ချစ်ကြည်ရင်းနှီးမှု တိုးတက်ခိုင်မြဲရေးအတွက် အမြင်ချင်း ဖလှယ်ခဲ့ကြသည်။
ယင်းနောက် ဝန်ကြီးအဆင့် စုံညီ အစည်းအဝေးကို မွန်းလွဲ ၂ နာရီခွဲ တွင်ကျင်းပခဲ့ရာ အစည်းအဝေးတွင် နိုင်ငံရေး  ပူးပေါင်းဆောင်ရွက်မှု၊      နယ်စပ်ဒေသတစ်လျှောက် ပူးပေါင်း ဆောင်ရွက်မှု၊   သာမန်နိုင်ငံကူး လက်မှတ်ကိုင်ဆောင်သူများ  ဗီဇာ ကင်းလွတ်ခွင့်ပြုမှု၊  လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး ပူးပေါင်းဆောင် ရွက်မှု မူးယစ်ဆေးဝါးတားဆီးနှိမ်နင်း  ပူးပေါင်းဆောင်ရွက်မှု၊ လုံခြုံရေးနှင့် ကာကွယ်ရေးပူးပေါင်းဆောင်ရွက်မှု၊ ကုန်သွယ်ရေးနှင့်  ရင်းနှီးမြှုပ်နှံမှု၊  လမ်းပန်း ဆက်သွယ်ရေး၊ မြန်မာနိုင်ငံ နယ်စပ်ဒေသများနှင့် ထိုင်းနိုင်ငံ အထူး စီးပွားရေးဇုန်များအကြား စီးပွားရေး ချိတ်ဆက်မှု၊ ထားဝယ်အထူးစီးပွားရေး ဇုန်ဖွံ့ဖြိုးရေး၊  အလုပ်သမားကဏ္ဍ၊  နယ်စပ်ဖြတ်ကျော်ရေး သဘောတူညီ ချက်၊ ဘဏ္ဍာရေးနှင့် ဘဏ်လုပ်ငန်း ကဏ္ဍ၊ စွမ်းအင်ကဏ္ဍ၊  ပူးပေါင်း ဆောင်ရွက်မှု၊  ငါးလုပ်ငန်းပူးပေါင်း ဆောင်ရွက်မှု၊ ခရီးသွားလာရေးကဏ္ဍ၊ နည်းပညာ ပူးပေါင်းဆောင်ရွက်ရေး ကဏ္ဍ၊ ပြည်သူ့ကျန်းမာရေးကဏ္ဍ၊ ပညာရေးကဏ္ဍ၊ ယဉ်ကျေးမှုကဏ္ဍများ နှင့်ပတ်သက်၍ ဆွေးနွေးခဲ့ကြသည်။
အစည်းအဝေးသည်  နှစ်နိုင်ငံ အကြား အပြန်အလှန်နားလည်မှုနှင့် ပူးပေါင်းဆောင်ရွက်မှုများကို ပွင့်လင်း စွာဖော်ဆောင်နိုင်ခဲ့သည်။
ဝန်ကြီးများအဆင့်   အစည်း အဝေးအပြီးတွင်   မြန်မာ-ထိုင်း နှစ်နိုင်ငံအကြား   သာမန်နိုင်ငံကူး  လက်မှတ်   ကိုင်ဆောင်သူများအား ဗီဇာကင်းလွတ်ခွင့်ပြုရေး  ဆိုင်ရာ သဘောတူစာချုပ်ကို ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော် နိုင်ငံခြား ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင်နှင့်   ထိုင်းနိုင်ငံ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေး ဝန်ကြီးဗိုလ်ချုပ်ကြီး တန်နာဆတ်ခ် ပတိမပရာဂွန်တို့က လက်မှတ်ရေးထိုး ခဲ့ကြသည်။
အဆိုပါ   ဗီဇာကင်းလွတ်ခွင့် သဘောတူညီချက်အရ သာမန်နိုင်ငံ ကူးလက်မှတ်ကိုင်ဆောင်သူ မြန်မာ နိုင်ငံသားများနှင့် ထိုင်းနိုင်ငံသားများ သည်  နိုင်ငံတကာလေဆိပ်များမှ တစ်ဆင့် ပြည်ဝင်ဗီဇာမလိုဘဲ ၁၄ ရက်ကြာ  သွားလာနေထိုင်နိုင်မည် ဖြစ်သည်။ အဆိုပါ ဗီဇာကင်းလွတ် ခွင့်သဘောတူ လက်မှတ်ရေးထိုးနိုင်ခဲ့ သည့်အတွက်  နှစ်နိုင်ငံပြည်သူများ အကြား ပိုမိုထိတွေ့ဆက်ဆံလာနိုင် ပြီး၊ နှစ်နိုင်ငံအကြား စီးပွားရေးလုပ်ငန်း များလည်း  ပိုမိုနီးကပ်စွာ ပူးပေါင်း ဆောင်ရွက်လာနိုင်မည်ဖြစ်ပါသည်။ အဆိုပါစာချုပ်သည် လက်မှတ်ရေးထိုး ပြီး ၁၄ ရက်ပြည့် မြောက်သည်နေ့မှစ ၍  အသက်ဝင်မည်ဖြစ်သည်။
ဝန်ကြီးအဆင့်   စုံညီအစည်း အဝေး မကျင်းပမီ   အဆင့်မြင့် အရာရှိကြီးများ  အစည်းအဝေးကို ဇူလိုင် ၂၇ ရက်က  ကျင်းပခဲ့ရာ     မြန်မာ-ထိုင်းနှစ်နိုင်ငံသက်ဆိုင်ရာ ဝန်ကြီးဌာနများမှ အဆင့်မြင့်အရာရှိ ကြီးများ တက်ရောက်ခဲ့ကြသည်။
ပြည်ထောင်စုဝန်ကြီး  ဦးဝဏ္ဏ မောင်လွင်နှင့် မြန်မာကိုယ်စားလှယ် အဖွဲ့ဝင်များသည် ဇူလိုင် ၂၈ ရက်ည ၈ နာရီက ရှန်ဂရီလာဟိုတယ်၌ ထိုင်း နိုင်ငံ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြား ရေးဝန်ကြီး  ဗိုလ်ချုပ်ကြီး  တန်နာ ဆတ်ခ် ပတိမပရာဂွန်က    တည်ခင်း ဧည့်ခံသည့်      ညစာစားပွဲသို့ တက်ရောက်ခဲ့သည်။
ထို့ပြင် နှစ်နိုင်ငံ နိုင်ငံခြားရေး ဝန်ကြီးများသည်   ၂ဝ၁၅ ခုနှစ် ဇန်နဝါရီ ၄ ရက် (၆၇)ကြိမ်မြောက် လွတ်လပ်ရေးနေ့တွင်   နိုင်ငံတော် အစိုးရက  ဆက်ကပ်လှူဒါန်းသည့် အဂ္ဂမဟာပဏ္ဍိတ ဘွဲ့တံဆိပ်တော်ရ ထိုင်းနိုင်ငံချင်းမိုင်မြို့ရှိ ဝပ်ဆိုင်းမွန်း မြန်မာကျောင်းဆရာတော်အား ဘွဲ့ လက်မှတ်နှင့်သံဃာ့အလံ ဆက်ကပ် ခြင်းနှင့် ဂုဏ်ပြုပူဇော်ပွဲအခမ်းအနား သို့ တက်ရောက်ခဲ့ကြသည်။
ဇူလိုင် ၂၉ ရက် နံနက်ပိုင်းက နှစ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးများ သည် ချင်းမိုင်မြို့ရှိ မြန်မာကောင်စစ် ဝန်ချုပ်ရုံး    ဖွင့်ပွဲအခမ်းအနားသို့  တက်ရောက်၍ မြန်မာကောင်စစ်ဝန် ချုပ်ရုံးအား  ဖွင့်လှစ်ပေးခဲ့ကြသည်။ ဖွင့်ပွဲတွင် နှစ်နိုင်ငံ  နိုင်ငံခြားရေး ဝန်ကြီးများနှင့်  ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးတို့က   အဖွင့် မိန့်ခွန်းစကား ပြောကြားခဲ့ကြသည်။
အသစ်   ဖွင့်လှစ်လိုက်သည့် ချင်းမိုင်မြို့ ကောင်စစ်ဝန်ချုပ်ရုံးသည် အိမ်နီးချင်း နှစ်နိုင်ငံအကြား နယ်စပ် ကုန်သွယ်မှု၊ ခရီးသွားလာမှုနှင့် ရင်းနှီး မြှုပ်နှံမှုများကို   တိုးမြှင့်လာစေရန် ထောက်ပံ့ပေးနိုင်မည်   ဖြစ်သည်။ မြန်မာကောင်စစ်ဝန်ချုပ်ရုံး ချင်းမိုင် မြို့သည် ချင်းမိုင်မြို့နှင့် အနီးပတ်ဝန်း ကျင်ဒေသများဖြစ်သည့် ချင်းရိုင်၊ နမ်၊ ဖရာအို၊ ဖရာအဲ့၊ မဲဟောင်ဆောင်၊ လမ်ပန်၊ လမ်ဖွန်နှင့် ဥတ္တရာဒစ်ပြည် နယ်များဆိုင်ရာ ကောင်စစ်ကိစ္စရပ် များနှင့် ယင်းဒေသများတွင် နေထိုင် လုပ်ကိုင်လျက်ရှိကြသည့် မြန်မာနိုင်ငံ သားများ၏ အကျိုးစီးပွားဆိုင်ရာ ကိစ္စ ရပ်များကို ဆောင်ရွက်သွားမည်ဖြစ် ကြောင်း သတင်းရရှိသည်။
 
(သတင်းစဉ်)

လယ်မြေများရက်ရှည်ရေနစ်မြုပ်နေသဖြင့် မျိုးစပါးအတွက် တောင်သူများအခက်တွေ့နေ



 


 ရေတာရှည် ဇူလိုင် ၃ဝ

ပဲခူးတိုင်းဒေသကြီး ရေတာရှည်မြို့ နယ်အတွင်း ရက်ဆက်မိုးရွာသွန်းမှု ကြောင့် လယ်ယာမြေများတွင် ရေဝင်နစ်မြုပ်လျက်ရှိကာ လယ်စိုက် တောင်သူများအနေဖြင့် ပြန်လည် စိုက်ပျိုးလိုသော်လည်း မျိုးစပါးမရှိ သည့် အခက်အခဲနှင့် ကြုံတွေနေရ ကြောင်း သိရသည်။
လွန်ခဲ့သော ရက်ပိုင်းအတွင်းက ရေဝင်နစ်မြုပ်ခဲ့သော လယ်ယာမြေ များတွင် စိုက်ပျိုးပြီးစပါးစိုက်ခင်းများ လည်းပါဝင်ခဲ့ပြီး ယခုအခါ ပြန် လည်စိုက်ပျိုးရန်အတွက် မျိုးစပါး များဝယ်ယူရန် အခက်တွေ့နေရခြင်း ဖြစ်ကြောင်း တောင်သူများက ပြော ပြသည်။

''အခုရက်ပိုင်း မိုးကတအားရွာ နေတော့ စိုက်ပျိုးပြီးတဲ့ လယ်တွေက နစ်လိုက်ပေါ်လိုက် ဖြစ်နေတယ်။ မျိုးစပါးဈေးကလည်း စပါးအလိုက် ခုနစ်ထောင့်ငါးရာဆိုတော့ မသက် သာဘူးပေါ့။ တစ်ဧကကို မျိုးစပါး စရိတ်၊ ထွန်ယက် စရိတ်နဲ့ဆို ကျပ် ခုနှစ်သောင်းခွဲ လောက်ကုန်တယ်''ဟု ညောင်ပင်သာကျေးရွာမှ လယ် မြေပိုင်ရှင်တောင်သူတစ်ဦးက ပြောပြ သည်။

မိုးစပါးစိုက်တောင်သူများအနေ ဖြင့် ပျိုးထောင်စိုက်ပျိုးရန် အချိန် မမီတော့သည့်အတွက် အစေ့ချစိုက် ပျိုးခြင်းကိုသာ အားထားကြရပြီး လက်ရှိလိုအပ်နေသော မျိုးစပါးမှာ ဈေးနှုန်းအရ အခက်အခဲရှိသည့် အပြင် ဝယ်ယူလိုသည့်တိုင်အောင် ရောင်းချသူမရှိသလောက် နည်းပါး နေခြင်းက တောင်သူများအတွက် အဓိကအခက်အခဲဖြစ်နေကြောင်း သိရသည်။
ကိုတာရှည်

ဆိုင်ကလုန်းမုန်တိုင်း "ကိုမန်" ၏ အ၀န်းအ၀ိုင်းအတွင်းသို့ ချင်း၊ ရခိုင်ပြည်နယ်နှင့် မကွေးတိုင်းဒေသကြီး တို့ကျရောက်


 နေပြည်တော်  ဇူလိုင်  ၃ဝ

ယနေ့မြန်မာစံတော်ချိန်မွန်းလွဲ ၁ နာရီခွဲ တိုင်းထွက်ချက်များအရ ဘင်္ဂလားပင်လယ်အော် အရှေ့မြောက်ပိုင်းတွင်ဖြစ်ပေါ်နေသော ဆိုင် ကလုန်းမုန်တိုင်း''ကိုမန်''သည် အိန္ဒိယနိုင်ငံ ကိုးလ်ကတ္တားမြို့၏ အရှေ့ တောင်ဘက် မိုင် ၁၅ဝ ခန့်၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံ စစ်တကောင်းမြို့၏ အနောက်တောင်ဘက် မိုင် ၅ဝ ခန့်၊  မြန်မာနိုင်ငံ မောင်တောမြို့၏ အနောက်မြောက်ဘက် ၁ဝ၅ မိုင်ခန့်နှင့် စစ်တွေမြို့၏ အနောက်မြောက် ဘက် မိုင် ၁၆ဝ ခန့်အကွာ ပင်လယ်ပြင်ကိုဗဟိုပြုနေသည်။
ဆိုင်ကလုန်းမုန်တိုင်း၏ လက်ရှိအခြေအနေမှာ လိမ္မော်ရောင်အဆင့် ရှိပြီး                                
ဘင်္ဂလားဒေ့ရှ်နိုင်ငံတောင်ပိုင်း ကမ်းခြေဒေသသို့ ဦးတည်နေသော်လည်း မြန်မာနိုင်ငံ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် မကွေးတိုင်းဒေသကြီးတို့သည် ဆိုင်ကလုန်းမုန်တိုင်း၏ အဝန်းအဝိုင်းသို့ကျရောက်နေပါသဖြင့် ဆိုင်ကလုန်း မုန်တိုင်းသက်ရောက်မှုအန္တရာယ်ကို ခံစားရမည်ဖြစ်သည်။

အဆိုပါဆိုင်ကလုန်းမိုင်တိုင်းသည် မြန်မာစံတော်ချိန် မွန်းလွဲ ၁ နာရီခွဲ တွင် မြောက်လတ္တီကျု  ၂၂  ဒသမ  ဝ  ဒီဂရီနှင့်  အရှေ့လောင်ဂျီကျု  ၉၁ ဒသမ ဝ ဒီဂရီတွင်ရှိပြီး ဗဟိုချက်လေဖိအား ၉၈၆ ဟက်တိုပါစကယ် နှင့် အမြင့်ဆုံးလေတိုက်နှုန်းမှာ တစ်နာရီလျှင် မိုင် ၅ဝ နှုန်းဖြစ်သည်။
အဆိုပါဆိုင်ကလုန်းမုန်တိုင်းသည် ယနေ့မွန်းလွဲမှနောက် ၁၂ နာရီ အတွင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံတောင်ပိုင်း ကမ်းခြေဒေသကို စစ်တကောင်းမြို့ အနီးမှ ဖြတ်ကျော်ဝင်ရောက်ပြီး အနောက်-အနောက်မြောက်ဘက်သို့ ဆက်လက်ရွေ့လျားကာ  တဖြည်းဖြည်းအားလျော့သွားမည်ဟု  ခန့်မှန်း ရသည်။

ဆိုင်ကလုန်းမုန်တိုင်းသည်  ဘင်္ဂလားဒေ့ရှ်နိုင်ငံတောင်ပိုင်း ကမ်းခြေ ဒေသသို့ ဖြတ်ကျော်စဉ် မောင်တောခရိုင်ဒေသတွင် အမြင့်ဆုံးလေတိုက်နှုန်း မှာ တစ်နာရီလျှင်  မိုင်  ၆ဝ မှ မိုင် ၉ဝ အထိနှင့် စစ်တွေခရိုင်ဒေသတွင် အမြင့်ဆုံးလေတိုက်နှုန်းမှာ  တစ်နာရီလျှင် မိုင် ၅ဝ မှ   မိုင် ၇ဝ အထိ တိုက်ခတ်နိုင်သည်ဟု ခန့်မှန်းရသည်။
မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် မကြာခဏမိုးသက်လေပြင်းများ ကျရောက်ပြီး လှိုင်းကြီးရာမှ လှိုင်းအလွန် ကြီးမည်။ မိုးသက်လေပြင်းကျစဉ် ရေပြင်၊ မြေပြင်လေသည် တစ်နာရီလျှင် မိုင် ၅ဝ မှ မိုင် ၆ဝ အထိတိုက်ခတ်နိုင်သည်။

ဆိုင်ကလုန်းမုန်တိုင်းသည်  ဘင်္ဂလားဒေ့ရှ်နိုင်ငံတောင်ပိုင်း ကမ်းခြေ ဒေသသို့ ဖြတ်ကျော်စဉ် မုန်တိုင်းဒီရေအမြင့်ဆုံးမှာ မောင်တောခရိုင် ကမ်းခြေဒေသတွင် ရှစ်ပေမှ ၁ဝ ပေခန့်အထိနှင့် စစ်တွေခရိုင်ကမ်းခြေဒေသ တွင် ခြောက်ပေမှ ရှစ်ပေခန့်အထိ မြင့်တက်လာနိုင်ကြောင်း ခန့်မှန်းရသည်။
အဆိုပါဆိုင်ကလုန်းမုန်တိုင်း၏ အရှိန်ကြောင့် စစ်ကိုင်းတိုင်းဒေသကြီး အောက်ပိုင်း၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသ ကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ချင်းပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့တွင် နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး ဒေသအလိုက်မိုးကြီးခြင်း၊ လေပြင်း တိုက်ခတ်ခြင်း၊ ရုတ်တရက်ရေကြီးခြင်းနှင့် မြေပြိုခြင်းများ ဖြစ်ပေါ်မည် ဖြစ်သည်။

စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊   မန္တလေးတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်၊ ကရင်ပြည်နယ် နှင့်မွန်ပြည်နယ် တို့တွင် နေရာအနှံ့အပြားမိုးထစ်ချုန်းရွာပြီး၊ နေရာကွက်၍မိုးကြီးခြင်း၊ လေပြင်းတိုက်ခတ်ခြင်း၊    ရုတ်တရက်ရေကြီးခြင်းနှင့်  မြေပြိုခြင်းများ ဖြစ်ပေါ်နိုင်သည်။
မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့်ကမ်းလွန်ပင်လယ်ပြင်တို့ရှိ ကမ်းနီး၊ ကမ်းဝေးငါးဖမ်းရေယာဉ်များ၊ သင်္ဘောများအနေဖြင့် အထူးရှောင်ရှားကြရန် အကြံပြုအပ်ပါကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ထုတ်ပြန်သည်။                                          (မြန်မာ့အလင်း)

ကမ္ဘာတစ်ဝန်းကြုံတွေ့နေရသည့် ပတ်ဝန်းကျင်ပြဿနာရပ်များကို ဖြေရှင်းနိုင်ရန် အာဆီယံနိုင်ငံများ ပူးပေါင်း



 
နေပြည်တော်  ဇူလိုင်  ၃ဝ


ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာန အာဆီယံ အတွင်းရေးမှူးချုပ်ရုံး၊  ဂျပန်အာဆီယံဘက်စုံရန်ပုံငွေ  ဟန်ဆိုက်ဒယ်လ် ဖောင်ဒေးရှင်းနှင့် ကုလသမဂ္ဂ ဖွံ့ဖြိုးမှုအစီအစဉ်တို့  ပူးပေါင်းစီစဉ်ကျင်းပ သည့် ''၂ဝ၁၅ ခုနှစ် အာဆီယံပတ်ဝန်းကျင်ထိန်းသိမ်းရေးနှစ်နှင့် ဒုတိယအကြိမ် အာဆီယံပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့်  ညီညွတ်သော ကျောင်းဆုချီးမြှင့်ပွဲ''အခမ်းအနားကို ယမန်နေ့နံနက် ၉ နာရီက နေပြည်တော်ရှိ  Grand Amara  ဟိုတယ်၌ ကျင်းပသည်။
အခမ်းအနားတွင်   ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့်    သစ်တောရေးရာ ဝန်ကြီးဌာန  ပြည်ထောင်စုဝန်ကြီး    ဦးဝင်းထွန်းက ကမ္ဘာ့ဒီရေတောဖုံးလွှမ်း မှု၏ ၃၅ ရာခိုင်နှုန်းနှင့်  ကမ္ဘာ့သန္တာ ကျောက်တန်း  တည်ရှိမှုစုစုပေါင်း ဧရိယာ၏ ၃ဝ ရာခိုင်နှုန်းသည် အာဆီယံဒေသ တွင်းတည်ရှိနေခြင်း မှာ  ဂုဏ်ယူဖွယ်ရာဖြစ်ပါကြောင်း၊ အာဆီယံဒေသတွင်း တည်ရှိနေထိုင် ကြသည့် လူမျိုးစုအများအပြားသည်    သဘာဝသယံဇာတအရင်းအမြစ်များ ကို မှီခိုနေရသည့်အတွက် သယံဇာတ အရင်းအမြစ်များအား စဉ်ဆက်မပြတ် စီမံခန့်ခွဲသုံးစွဲသွားနိုင်ရန် အထူးပင် အရေးကြီးလှပါကြောင်း၊ တစ်ဖက်မှာ လည်း ရာသီဥတုပြောင်းလဲခြင်း၏   အကျိုးသက်ရောက်မှု၊     လူဦးရေ အဆမတန်တိုးပွားလာမှု၊   ဆင်းရဲမှု အနေအထားတို့ကြောင့် သဘာဝဘေး အန္တရာယ်များ၊  ဇီဝမျိုးစုံမျိုးကွဲများ နှင့်  သဘာဝသယံဇာတများ ပျက်စီး ဆုံးရှုံးခြင်း၊ သမိုင်းဝင်    ယဉ်ကျေးမှု အမွေအနှစ်များ ပျက်စီးဆုံးရှုံးခြင်း   အန္တရာယ်တို့ကို    ကြုံတွေ့နေရပါ ကြောင်း၊ ထို့ကြောင့် အာဆီယံဒေသ တွင်း  နိုင်ငံများကြား ပတ်ဝန်းကျင်ကို ထိန်းသိမ်းကာကွယ်စောင့်ရှောက် သွားမည်ဟူသည့် ကတိကဝတ်များ ကို ချမှတ်ထားပြီးဖြစ်ပါကြောင်း။
သယံဇာတ  အရင်းအမြစ်များ စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်နိုင်ခြင်း နှင့်  လူနေမှုအဆင့်အတန်းတိုးမြှင့် နိုင်ခြင်းတို့ကို     ဖော်ဆောင်နိုင်မည့် အာဆီယံဒေသတွင်း စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ မူဘောင် တစ်ရပ်ကို  ချမှတ်နိုင်ခဲ့ပါကြောင်း၊ ထို့ကြောင့်   စဉ်ဆက်မပြတ်ဖွံ့ဖြိုး တိုးတက်မှုရှိသော လူမှုအသိုက်အဝန်း တစ်ခုရရှိရန်  ပတ်ဝန်းကျင်ထိန်းသိမ်း ရေးဆိုင်ရာ ပညာပေးရေးကို အဓိက အလေးထားဆောင်ရွက်ရန် လိုအပ် ပါကြောင်း၊ ပတ်ဝန်းကျင်စီမံခန့်ခွဲမှု ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ ကတိကဝတ်များကို     ထည့်သွင်း သင်ကြားစေခြင်းကြောင့် ပတ်ဝန်း ကျင်  ထိန်းသိမ်းကာကွယ်ရေးကို ဦးတည်မည့်  chool Culture ကို ဖော်ကျူးနိုင်မည်   ဖြစ်ပါကြောင်း၊ ထို့ပြင် Eco-School Programme အစီအစဉ်အရ    ဆောင်ရွက်မည့် လုပ်ငန်းအစီအစဉ်များကို ကျောင်း သင်ခန်းစာများအတွင်း ထည့်သွင်း သင်ကြားစေခြင်းဖြင့်   ပတ်ဝန်းကျင် ရေရှည်တည်တံ့အောင်   ထိန်းသိမ်း ကာကွယ်ရမည်ဟူသည့်   အခြေခံ သဘောတရားကို   ကျောင်းအသိုက် အဝန်းမှတစ်ဆင့်နေအိမ်များ၊ လူမှု အသိုက်အဝန်းများမှ   တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ဆောင်ရွက်သွားနိုင်မည်ဖြစ်ပါကြောင်း၊ Eco-School ဆုချီးမြှင့်ခြင်း     အခမ်းအနားကို ဆောင်ရွက်ခြင်းဖြင့်  အာဆီယံဒေသ အတွင်း   Eco-School  များ ပိုမို ပေါ်ပေါက်လာစေရန် AMS ကို တွန်းအားပေးမည့်   စာသင်ကျောင်း များအကြား သတင်းအချက်အလက် များနှင့် အတွေ့အကြုံများကို ဖလှယ် ပေးနိုင်မည့်    အခွင့်အလမ်းများကို ပံ့ပိုးကူညီနိုင်မည်   ဖြစ်ပါကြောင်း၊ ယနေ့အခမ်းအနားအတွက် အထိမ်း အမှတ်     ဆောင်ပုဒ်ဖြစ်သည့် “ Empowering the Youth for a Green ASEAN Community” ဟူသည့် ဆောင်ပုဒ်သည် မျိုးဆက် သစ်လူငယ်များကို   စာသင်ကျောင်း များတွင် ပတ်ဝန်းကျင်နှင့် သယံဇာတ ဖြစ်စေသော အလေ့အကျင့်ကောင်း များကို ချမှတ်ရန် တွန်းအားပေးနိုင်မည်ဖြစ်ပါကြောင်း၊ အာဆီယံဒေသ တွင်းနှင့် ကမ္ဘာတစ်ဝန်းကြုံတွေ့နေရ သည့် ပတ်ဝန်းကျင်ပြဿနာရပ်များ ကို ဖြေရှင်းနိုင်ရန် အာဆီယံနိုင်ငံများ ပူးပေါင်း၍ အာဆီယံဒေသတွင်း ဖွံ့ဖြိုး တိုးတက်မှုစီမံချက်ကို    အောင်မြင် စွာအကောင်အထည်ဖော်ဆောင်ရွက် သွားမည်ဖြစ်ပါကြောင်း။
အာဆီယံ Plus Three  နိုင်ငံများ ဖြစ်သည့်  တရုတ်၊  ဂျပန်၊ ကိုရီးယား နိုင်ငံများအပြင်     အခြားဖွံ့ဖြိုးမှု မိတ်ဖက်အဖွဲ့အစည်းများသည် ကမ္ဘာ တစ်ဝန်း  ပတ်ဝန်းကျင်ပြဿနာရပ် များကို  ဖြေရှင်းမှုများတွင်  တက်ြ<ွက စွာ ပူးပေါင်းပါဝင်ဆောင်ရွက်ပေး လျက်ရှိသည့်အပြင် အာဆီယံဒေသ တွင်း စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက် မှုရရှိစေရေးအတွက် နည်းပညာနှင့် ရန်ပုံငွေ  အထောက်အပံ့များ  ကူညီ ပံ့ပိုးပေးလျက်ရှိသဖြင့် ကျေးဇူးတင် ရှိပါကြောင်း ပြောကြားသည်။
ဆက်လက်၍  အာဆီယံအတွင်း ရေးမှူးချုပ်ရုံးမှ    အာဆီယံလူမှု အသိုက်အဝန်းနှင့် စုပေါင်းဆောင်ရွက် မှုဆိုင်ရာ ဒုတိယအထွေထွေအတွင်း ရေးမှူးချုပ်က အမှာစကားပြောကြား ပြီး  ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ်၊ နိုင်ငံတကာဆက်ဆံရေးပညာဌာန၊ ဒုတိယနှစ်ကျောင်းသူ မဝင်းသန့်သန့် က ၂ဝ၁၅  အာဆီယံပတ်ဝန်းကျင် ထိန်းသိမ်းရေးနှစ် ဆောင်ပုဒ်ဖြစ်သည့် အာဆီယံအစိမ်းရောင်လူမှုအသိုက် အဝန်း ၂ဝ၁၅ အတွက် လူငယ်များကို တာဝန်လွှဲအပ်ဆောင်ရွက်စို့ ခေါင်းစဉ် ဖြင့် ဖတ်ကြားတင်ပြသည်။
မွန်းလွဲ ၂ နာရီတွင် အာဆီယံ နိုင်ငံများအတွင်း    ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့်   ညီညွတ်သော ကျောင်းအကောင်အထည်ဖော်မှု ဆိုင်ရာ အကောင်းဆုံးအလေ့အကျင့် များဖလှယ်သည့် ဆွေးနွေးပွဲ ကျင်းပ ရာ မြန်မာနိုင်ငံအပါအဝင်  အာဆီယံ နိုင်ငံများနှင့်    မိတ်ဖက်သုံးနိုင်ငံမှ ဆောင်ရွက်မှု  အတွေ့အကြုံများကို ဆွေးနွေးကြသည်။
ညပိုင်းတွင်  ဒုတိယအကြိမ် အာဆီယံ ပတ်ဝန်းကျင်ထိန်းသိမ်းရေး နှင့်ညီညွတ်သော ကျောင်းဆုချီးမြှင့် ခြင်းအခမ်းအနားနှင့် ညစာစားပွဲကို ဆက်လက်ကျင်းပရာ ပြည်ထောင်စု ဝန်ကြီး ဦးဝင်းထွန်း၊ ဟန်ဆိုက်ဒယ်လ် ဖောင်ဒေးရှင်း၊   ဂျပန်နိုင်ငံကိုယ်စား လှယ်တို့က အမှာစကားပြောကြား ကြသည်။
ထို့နောက်   အာဆီယံနိုင်ငံများ မှ   ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် ညီညွတ်သော ကျောင်းဆုရရှိသည့် အခြေခံပညာမူလတန်းနှင့် အထက် တန်းအဆင့်ကျောင်း   ၂ဝ   ကို ပြည်ထောင်စုဝန်ကြီးနှင့် အာဆီယံ နိုင်ငံများမှ ကိုယ်စားလှယ်အဖွဲ့ခေါင်း ဆောင်များက ဆုများချီးမြှင့်ကြသည်။
အခမ်းအနားများသို့  ယဉ်ကျေးမှု ဝန်ကြီးဌာန  ပြည်ထောင်စုဝန်ကြီး ဦးအေးမြင့်ကြူ၊ ဒုတိယဝန်ကြီးများ၊တာဝန်ရှိသူများ၊ လာအိုနိုင်ငံသဘာဝ အရင်းအမြစ်များနှင့်   ပတ်ဝန်းကျင် ဝန်ကြီးဌာန      ဒုတိယဝန်ကြီး  Mrs.   Bounkham   Vorachit၊ ထိုင်းနိုင်ငံ    သဘာဝအရင်းအမြစ် များနှင့်  ပတ်ဝန်းကျင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးအကြံပေးအရာ ရှိ General Ekachai Chansre၊ ဂျပန်နိုင်ငံ သံအမတ်ကြီး၊ ကမ္ဘော ဒီးယားနိုင်ငံ၊    အင်ဒိုနီးရှားနိုင်ငံ၊ လာအိုနိုင်ငံ၊ မလေးရှားနိုင်ငံ၊ ဖိလစ် ပိုင်နိုင်ငံ၊ စင်ကာပူနိုင်ငံ၊ ထိုင်းနိုင်ငံ၊ ဗီယက်နမ်နိုင်ငံတို့မှ  ပတ်ဝန်းကျင် ဆိုင်ရာအရာရှိကြီးများနှင့် အာဆီယံ မိတ်ဖက်သုံးနိုင်ငံမှ   ပတ်ဝန်းကျင် ဆိုင်ရာ အရာရှိကြီးများ၊ ကုလသမဂ္ဂ ဖွံ့ဖြိုးမှုအစီအစဉ်၊ ဟန်ဆိုက်ဒယ်လ် ဖောင်ဒေးရှင်းနှင့် ဖိတ်ကြားထားသည့် အစိုးရမဟုတ်သော အဖွဲ့အစည်းများ မှ ဧည့်သည်တော်များ၊ တာဝန်ရှိသူ များ တက်ရောက်ကြသည်။
ယနေ့   နံနက် ၉ နာရီတွင်  အထိမ်းအမှတ်  သစ်ပင်စိုက်ပျိုးပွဲ  အခမ်းအနားကို နေပြည်တော်ရှိ အမှတ်(၁၄)အခြေခံပညာ အထက် တန်းကျောင်းဝင်းအတွင်း၌ ကျင်းပ ပြီး ပြည်ထောင်စုဝန်ကြီး ဦးဝင်းထွန်း နှင့် ဒုတိယဝန်ကြီးများ၊ အာဆီယံနှင့် မိတ်ဖက်သုံးနိုင်ငံများမှ ကိုယ်စားလှယ် များက  အမှတ်တရသစ်ပင်များကို စုပေါင်းစိုက်ပျိုးခဲ့ကြကြောင်း  သိရ သည်။  

(သတင်းစဉ်)

နမ့်ပေါ့ (ဘေလီ) တံတား တည်ဆောက်မှု ၇၅ ရာခိုင်နှုန်း ပြီးစီး



 




သီပေါ   ဇူလိုင်   ၃ဝ

ရှမ်းပြည်နယ် ကျောက်မဲခရိုင် သီပေါမြို့နယ်တွင် မိုးအဆက်မပြတ်ရွာသွန်းရာမှ မြစ်ရေ၊ ချောင်းရေများတိုးပြီး သက်တမ်း ၁ဝ၂ နှစ်၊ အရှည် ၁၇၇ ပေရှိသည့် နမ့်ပေါ့ချောင်း(ကွန်ကရစ်)တံတားသည် ဇူလိုင် ၂၅ ရက်က ကျိုးကျခဲ့သည်။                               

ပြည်သူများသွားလာမှုအခက်အခဲမဖြစ်စေရန်အတွက် အဆိုပါကျိုးကျ သွားသည့်တံတားနေရာ၌  အရှည်ပေ ၁၈ဝ ရှိ    ဘေလီတံတားကို ဆောက်လုပ်ရန် ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးစိုးတင့်က  ဇူလိုင် ၂၇ ရက်ကလည်းကောင်း၊ ရှမ်းပြည်နယ် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးစိုင်းနော်ခမ်းက   ဇူလိုင် ၂၆ ရက်မှ   ၂၉ ရက်ထိလည်းကောင်း ကွင်းဆင်း ကြီးကြပ်မှုဖြင့်ဆောင်ရွက်လျက်ရှိရာ  တံတားမှာ    ဇူလိုင် ၃ဝ ရက်တွင်  ၇၅ ရာခိုင်နှုန်း  ဆောက်လုပ်ပြီးစီးပြီဖြစ်ကြောင်း  သိရသည်။                                                     
စိုင်းထွန်းသိန်း(သီပေါ)

မစ္စအင်ဂျလီနာ ဂျိုလီပစ်နှင့်အဖွဲ့ မြစ်ကြီနားမြို့ရှိ IDP Camps များသို့ သွားရောက်



 




မြစ်ကြီးနား   ဇူလိုင်   ၃ဝ

ကုလသမဂ္ဂ   ဒုက္ခသည်များ ဆိုင်ရာမဟာမင်းကြီးရုံး၏   အထူး ကိုယ်စားလှယ်   မစ္စအင်ဂျလီနာ ဂျိုလီပစ်နှင့်အဖွဲ့သည် ယနေ့မွန်းလွဲ ပိုင်းတွင် မြစ်ကြီးနားမြို့သို့ရောက်ရှိ ပြီး     လေဆိပ်ဧည့်ခန်းမဆောင်၌ ပြည်နယ်ဝန်ကြီးချုပ် ဦးလဂျွန်ငန် ဆိုင်းနှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ နှင့်တွေ့ဆုံပြီး ပြည်နယ်အတွင်းIDP
Camps များ၏ အခြေအနေများနှင့် ၂ဝ၁၅ အထွေထွေရွေးကောက်ပွဲ ကျင်းပမည့်   အခြေအနေများနှင့် စပ်လျဉ်း၍ ဆွေးနွေးကြသည်။

ယင်းနောက် မစ္စအင်ဂျလီနာ ဂျိုလီပစ်နှင့်အဖွဲ့သည် မြစ်ကြီးနားမြို့ ပေါ်ရှိ   ဂျာမိုင်ကောင်းဒုက္ခသည်စခန်း နှင့် ပလနကျေးရွာရှိ စိန်ဂျိုးဇက် ဒုက္ခ သည်စခန်းတို့သို့    သွားရောက်ပြီး မိသားစုဝင်များနှင့်     တွေ့ဆုံကာ ကျန်းမာရေးစောင့်ရှောက်မှု  အခြေ အနေ၊  အစားအသောက်ရရှိမှုနှင့် ကိုယ်ဝန်ဆောင်   အမျိုးသမီးများ ကလေးမွေးဖွားမှုနှင့်   မိသားစုဝင် များ၏ စီးပွားရေးအခြေအနေများကို မေးမြန်းဆွေးနွေးခဲ့သည်။       
(ပြည်နယ် ပြန်/ဆက်)

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် အိန္ဒိယတပ်မတော်(ကြည်း၊ရေ၊လေ)စစ်ဦးချုပ်များနှင့်တွေ့ဆုံ



 
နေပြည်တော်  ဇူလိုင်  ၃ဝ


တပ်မတော်  ကာကွယ်ရေး ဦးစီးချုပ်       ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အား အိန္ဒိယသမ္မတ နိုင်ငံ တပ်မတော်(ကြည်း၊ရေ၊လေ) ပူးတွဲစစ်ဦးစီးချုပ်နှင့်   လေတပ် ဦးစီးချုပ်Air Chief  Marshal Arup Raha, PVSM, AVSM, VM  ဂုဏ်ပြုကြိုဆိုသည့်အခမ်းအနားကို ဇူလိုင် ၂၉ ရက် ဒေသစံတော်ချိန် နံနက် ၁ဝ နာရီ ၄၅ မိနစ်က အိန္ဒိယ သမ္မတနိုင်ငံကာကွယ်ရေးဝန်ကြီးဌာနSouth  Block  Lawns ရင်ပြင် မြက်ခင်းပြင်၌ ကျင်းပသည်။
အခမ်းအနားတွင် တပ်မတော် ကာကွယ်ရေးဦးစီးချုပ်သည် အိန္ဒိယ နိုင်ငံ တပ်မတော်(ကြည်း၊ရေ၊လေ) ဂုဏ်ပြုတပ်ဖွဲ့၏  အလေးပြုခြင်းကို ခံယူပြီး  ဂုဏ်ပြုတပ်ဖွဲ့အား စစ်ဆေးခဲ့ သည်။
ထို့နောက်    ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့်  အိန္ဒိယသမ္မတ နိုင်ငံ တပ်မတော်(ကြည်း၊ ရေ၊ လေ) ပူးတွဲစစ်ဦးစီးချုပ်နှင့်    လေတပ် ဦးစီးချုပ်တို့သည်   အိန္ဒိယလေတပ် ဦးစီးချုပ်ရုံး၌   တွေ့ဆုံဆွေးနွေးကြ သည်။
ယင်းနောက်     တပ်မတော် ကာကွယ်ရေးဦးစီးချုပ်နှင့် အဖွဲ့အား အိန္ဒိယတပ်မတော်မှ   တာဝန်ရှိသူ တစ်ဦးက အိန္ဒိယလေတပ်ဦးစီးချုပ်ရုံးရှိ Subroto Hall  ၌   အိန္ဒိယနိုင်ငံ၏ လုံခြုံရေးအမြင်အား Power Point  ဖြင့်  ရှင်းလင်းတင်ပြခဲ့သည်။
ဒေသစံတော်ချိန် မွန်းလွဲ ၁၂ နာရီခွဲတွင်   တပ်မတော်ကာကွယ် ရေးဦးစီးချုပ်သည် အိန္ဒိယတပ်မတော် ကြည်းတပ်ဦးစီးချုပ်   General Dalbir Singh, PVSM, UYSM, AVSM, VSM, ADC အား အိန္ဒိယ ကြည်းတပ်ဦးစီးချုပ်ရုံး၌ သွားရောက် တွေ့ဆုံသည်။
ရှေးဦးစွာ တပ်မတော်ကာကွယ် ရေးဦးစီးချုပ်နှင့်အဖွဲ့အား   အိန္ဒိယ တပ်မတော်   ကြည်းတပ်ဦးစီးချုပ်က Army Battle Honour Mess ၌ အလုပ်သဘောနေ့လယ်စာစားပွဲဖြင့် တည်ခင်းဧည့်ခံသည်။
ယင်းနောက် ကြည်းတပ်ဦးစီးချုပ် အစည်းအဝေးခန်းမ၌ ဆက်လက် တွေ့ဆုံဆွေးနွေးခဲ့ကြသည်။
ဆက်လက်၍      တပ်မတော် ကာကွယ်ရေးဦးစီးချုပ်နှင့်အဖွဲ့အား အိန္ဒိယတပ်မတော်ကြည်းတပ်ဦးစီး ချုပ်နှင့် တာဝန်ရှိသူများက ရှင်းလင်း ဆောင်၌ Integration of Indian Army  နှင့်ပတ်သက်၍   ရှင်းလင်း ဆွေးနွေးသည်။
ထို့နောက် တပ်မတော်ကာကွယ် ရေးဦးစီးချုပ်သည် အိန္ဒိယတပ်မတော် ရေတပ်ဦးစီးချုပ် Admiral RK Dhowan,  PVSM,  AVSM, YSM,ADC အား အိန္ဒိယရေတပ် ဦးစီးချုပ်ရုံး၌  သွားရောက်တွေ့ဆုံ သည်။
ဒေသစံတော်ချိန် မွန်းလွဲ ၃ နာရီ ခွဲတွင်    တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်နှင့်အဖွဲ့အား   အိန္ဒိယနိုင်ငံ ကာကွယ်ရေးဝန်ကြီးဌာနSouth Block  ရှိ   အခန်းအမှတ် (၂ဝ၃)၌  National Institute of  Public  Finance  and  Policy  ညွှန်ကြားရေး မှူး Dr. Rathin Roy က Federal System of Governance ဆိုင်ရာ များအား  Power Point  ဖြင့် ရှင်းလင်း တင်ပြသည်။
ယင်းနောက်     တပ်မတော် ကာကွယ်ရေးဦးစီးချုပ်နှင့်  အိန္ဒိယ သမ္မတနိုင်ငံ ကာကွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး Mr. Rao Inderjit Singh  တို့ တွေ့ဆုံဆွေးနွေးကြသည်။
ဒေသစံတော်ချိန် ညနေ ၅ နာရီ ခွဲတွင်   တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်သည် အိန္ဒိယသမ္မတနိုင်ငံ၏ ၁၁ ဦးမြောက် သမ္မတရာထူးတာဝန် ထမ်းဆောင်ခဲ့သည့် Mr. APJ Abdul Kalam  ကွယ်လွန်သည့်အတွက် နယူး ဒေလီမြို့ရှိ Mr. Abdul Kalam နေထိုင်ခဲ့သည့်နေအိမ်၌   ဖွင့်လှစ် ထားသည့်   ဝမ်းနည်းခြင်းအထိမ်း အမှတ် မှတ်တမ်းစာအုပ်တွင် သွား ရောက်  လက်မှတ်ရေးထိုးခဲ့ကြောင်း သိရှိရသည်။

 
(မြဝတီ)