Friday, July 31, 2015

ရှုံး/ထွက်ပြိုင်ပွဲ ကွာတားပွဲစဉ်များ သြဂုတ် ၁ ရက်၊ ၂ ရက် ကျင်းပမည်


 
ရန်ကုန် ဇူလိုင် ၃ဝ
ဗိုလ်ချုပ်အောင်ဆန်းဒိုင်း ရှုံး/ထွက် ဘောလုံးပြိုင်ပွဲ ကွာတားဖိုင်နယ်ပွဲစဉ်များကို ယခုတစ်ပတ်တွင် ကျင်းပသွားမည်ဖြစ်သည်။ အသင်းကြီးအချင်းချင်းတွေ့ဆုံခြင်းမရှိသော် လည်း ရှုံး/ထွက်ပြိုင်ပွဲဖြစ်သောကြောင့် ပွဲစဉ် တိုင်းမှာ အကြိတ်အနယ်ဖြစ်ဖွယ်ရှိနေသည်။
ကွာတားဖိုင်နယ်ပွဲစဉ်များအဖြစ် သြဂုတ် ၁ ရက်တွင် အောင်ဆန်းကွင်း၌ ရတနာပုံအသင်း နှင့် ဟံသာဝတီ၊ သုဝဏ္ဏကွင်း၌ မကွေးအသင်းနှင့်GFA အသင်း၊ သြဂုတ် ၂ ရက်တွင် အောင်ဆန်း ကွင်း၌ ဇွဲကပင်အသင်းနှင့် ဧရာဝတီအသင်း၊ သုဝဏ္ဏကွင်း၌ မနောမြေအသင်းနှင့်ရခိုင်အသင်း တို့ ယှဉ်ပြိုင်ကစားကြမည်ဖြစ်သည်။ ကွာတားဖိုင်နယ်ရောက်အသင်းရှစ်သင်းတွင် MNL အသင်းခုနစ်သင်း၊ MNL-2 အသင်းတစ်သင်းတို့ တက်ရောက်နိုင်ခဲ့သည်။ ဒုတိယအဆင့်တွင် MNL အသင်းများအစုံအလင် ပါဝင်လာခဲ့ပြီး နာမည်ကြီးအသင်းများဖြစ်သည့် ရန်ကုန်၊ ဇေယျာရွှေမြေနှင့် ကမ္ဘောဇအသင်းတို့မှာ ပြိုင်ပွဲမှ စောစီးစွာ ထွက်ခဲ့ရသည်။ ရန်ကုန်အသင်းမှာ
GM၊ ဇေယျာရွှေမြေအသင်းမှာ ဇွဲကပင်၊ ကမ္ဘောဇအသင်းမှာ ဟံသာဝတီအသင်းတို့ကို ရှုံးနိမ့်ခဲ့ခြင်း ဖြစ်သည်။ ဒုတိယအဆင့်ပွဲစဉ်များတွင် ရတနာပုံအသင်းက Horizon အသင်းကို ကိုးဂိုး-ဂိုးမရှိ၊ ဟံသာဝတီ အသင်းက ကမ္ဘောဇအသင်းကို သုံးဂိုး-တစ်ဂိုး၊GFA အသင်းက ရန်ကုန်အသင်းကို တစ်ဂိုး-ဂိုးမရှိ၊ မကွေးအသင်းက ချင်းယူနိုက်တက် အသင်းကို တစ်ဂိုး-ဂိုးမရှိ၊ ဇွဲကပင် အသင်းက ဇေယျာရွှေမြေအသင်းကို လေးဂိုး-သုံးဂိုး၊ ဧရာဝတီအသင်းက တက္ကသိုလ်လက်ရွေးစင်အသင်းကို ခုနစ်ဂိုး-ဂိုးမရှိ၊ မနောမြေအသင်းကSouthern အသင်းကို နှစ်ဂိုး-တစ်ဂိုး၊ ရခိုင်အသင်းက နေပြည်တော် အသင်းကို နှစ်ဂိုး-ဂိုးမရှိတို့ဖြင့် အနိုင်ရရှိခဲ့ခြင်းဖြစ်သည်။
ဗိုလ်ချုပ်အောင်ဆန်းဒိုင်း ရှုံး/ ထွက် ဘောလုံးပြိုင်ပွဲကို ဧပြီလ ကတည်းက စတင်ကျင်းပခဲ့ပြီး ပထမအဆင့်နှင့် ဒုတိယအဆင့် ပွဲစဉ်များ ပြီးဆုံးခဲ့ပြီဖြစ်သည်။ ဒုတိယအဆင့်ပွဲစဉ်များတွင် မထင် မှတ်သည့်ရလဒ်အချို့ ထွက်ပေါ်ခဲ့ရာ ယခုကွာတားပွဲစဉ်များမှာ အကြိတ် အနယ်ဖြစ်ဖွယ်ရှိနေသည်။ ရှုံး/ထွက် ပြိုင်ပွဲကို ၂ဝ၁ဝ ခုနှစ်ကတည်းက စတင်ကျင်းပနေခြင်းဖြစ်ပြီး ၂ဝ၁ဝ ပြိုင်ပွဲတွင် ဟံသာဝတီ၊ ၂ဝ၁၁ ပြိုင်ပွဲ တွင် ရန်ကုန်၊ ၂ဝ၁၂ ပြိုင်ပွဲနှင့် ၂ဝ၁၄ ပြိုင်ပွဲတို့တွင် ဧရာဝတီအသင်းတို့က ဗိုလ်စွဲထားသည်။
သတင်းနှင့်ဓာတ်ပုံ
ရှိုင်းထက်ဇော်

No comments:

Post a Comment