Friday, July 31, 2015

မုတ်သုံရာသီစက်ဝန်းပြောင်းလဲမှုဒဏ်ကို ရင်ဆိုင်နေရသည့် နိုင်ငံများ



ယခုနှစ်၏ မုတ်သုံရာသီစက်ဝန်းပြောင်းလဲမှုဂရက်ကြောင့် ကမ္ဘာ့နိုင်ငံအချို့တွင် မိုးပြင်းထန်စွာရွာသွန်းပြီး ရေကြီးရေလျှံမှုများ၊ မြေပြိုမှုများဖြစ်ပွားလျက်ရှိသည်။
ပါကစ္စတန်နိုင်ငံတစ်ဝန်းတွင် လွန်ခဲ့သော ရက်သတ္တပတ်ကစပြီး မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ရေကြီးရေလျှံမှုများဖြစ်ပေါ်လျက်ရှိကာ အနည်းဆုံး လူ ၁၂ ဦး သေဆုံးခဲ့သည်။
ရေဘေးသင့်ပြည်သူများအား ကယ်ဆယ်ရေးလုပ်သားများက ဘေးလွတ်ရာသို့ ရွှေ့ပြောင်းပေးခဲ့ ကြသည်။ ရေကြီးရေလျှံမှုများဖြစ်ပေါ်မှုကြောင့် လူအသေအပျောက် နှုန်းမှာ မြင့်တက်ခဲ့သည်။ နိုင်ငံ အနောက်တောင်ပိုင်း ဘာလူချီ စတန်ပြည်နယ်တွင် ခုနစ်ဦးသေဆုံး ခဲ့ပြီး နိုင်ငံအရှေ့ပိုင်း ပန်ဂျက် ပြည်နယ်တွင် လူသုံးဦးသေဆုံးခဲ့ သည်။ ထို့ပြင် နိုင်ငံမြောက်ပိုင်းရှိ ဂေဂျစ်ဘာတီစတန် ဒေသတွင် လူနှစ်ဦး သေဆုံးခဲ့သည်။
ပန်ဂျက်ပြည်နယ်အရှေ့ပိုင်းရှိ ဒေသခံ ၁၉၄၁၃၇ ဦးသည် ရေကြီး ရေလျှံမှုဒဏ်ကို ဆိုးရွားစွာခံခဲ့ရ သည်။ အလားတူ ယခုရက် သတ္တပတ် အစောပိုင်းက နိုင်ငံ မြောက်ပိုင်းရှိ ချီထရေမြို့တွင် ရေကြီးမှုများ ဖြစ်ပေါ်ခဲ့သည့် အတွက် လူသုံးဦးသေဆုံးခဲ့ပြီး လမ်း၊ တံတားများ ပျက်စီးခဲ့သည်။ ယခုအချိန်တွင် ပြန်လည်ထူထောင် ရေးလုပ်ငန်းများလုပ်ဆောင်လျက် ရှိသည်။
အလားတူ အိန္ဒိယနိုင်ငံ အနောက်ပိုင်းရှိ ဂူဂျာရက်ပြည်နယ် တွင် မိုးသည်းထန်စွာရွာသွန်းမှု ကြောင့် လူ ၂၆ ဦး သေဆုံး ခဲ့သည်။
မိုးသည်းထန်ပြီး လေပြင်း များ တိုက်ခတ်မှုကြောင့် ဂူဂျာရက် ပြည်နယ်တစ်ခုလုံး လျှပ်စစ် ဓာတ်အားလိုင်းများ ပြတ်တောက် သွားခဲ့ပြီး ပို့ဆောင်ရေးလမ်း ကြောင်းများ ပျက်စီးခဲ့ရသည်။
ဂူဂျာရက်ပြည်နယ်ရှိ ရွာပေါင်း ၂ဝဝဝ ကျော်သည် ရေကြီးရေလျှံမှု ဒဏ်ကို ခံနေရသည့်အတွက် အချို့ သောနေရာများနှင့် အဆက်အသွယ် ပြတ်တောက်လျက်ရှိသည်။ အဆိုပါ ဒေသသို့ ကယ်ဆယ်ရေးလုပ်သားများ စေလွှတ်ထားပြီး ကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်လျက်ရှိ သည်။ ထို့ပြင် ဂူဂျာရက်ပြည်နယ်၏ ဘန်နာစကန်သာစီရင်စုတွင် မိုး ပြင်းထန်စွာရွာသွန်းပြီး မြေပြိုမှုများ ကြောင့် လူရှစ်ဦး သေဆုံးခဲ့သည်။ ကာခ်ျစီရင်စုတွင် ရေကြီးရေလျှံဖြစ်မှု ကြောင့် အိမ်အများအပြား ပြိုကျ ပျက်စီးခဲ့ပြီး လူလေးဦးသေဆုံးကာ ဒေသခံ ၁ဝဝဝ ကျော်ကို ဘေးလွတ် ရာသို့ ရွှေ့ပြောင်းပေးခဲ့ရသည်။ နောက်ထပ် ၄၈ နာရီအတွင်း ဂူဂျာရက်ပြည်နည်တစ်ခုလုံးကို ရေ လွှမ်းမိုးမှုများ ဖြစ်ပေါ်မည်ဟု အိန္ဒိယ မိုးလေဝသဗျူရိုက ကြေညာထား သည်။ ယခင်လအတွင်း အိန္ဒိယ နိုင်ငံတစ်ဝန်းလုံးတွင် ရေကြီးရေလျှံ မှုများဖြစ်ပေါ်မှုကြောင့် လူပေါင်း ၅ဝ ကျော်သေဆုံးခဲ့ရသည်။
ဗီယက်နမ်နိုင်ငံ မြောက်ပိုင်းတွင် မိုးသည်းထန်စွာရွာသွန်းပြီး ရေကြီးမှု များဖြစ်ပေါ်မှုကြောင့် နိုင်ငံ၏ ကျောက်မီးသွေး တွင်းများမှ ညစ်ညမ်းမှုများဖြစ်ပေါ်မှုနှင့် မြေ ပြိုကျမှုတို့ကြောင့် အနည်းဆုံးလူ ၁၇ ဦး သေဆုံးခဲ့သည်။ အဆိုပါ ဒေသတွင် ရောက်ရှိနေသည့် ကမ္ဘာလှည့် ခရီးသည်များကို ကယ်ဆယ်ရန်အတွက် ဗီယက်နမ် ရေတပ်သင်္ဘောတစ်စင်းကို ကိုတို ကျွန်းသို့ စေလွှတ်ထားသည်။
ပြီးခဲ့သည့် ရက်သတ္တပတ်မှစပြီး နိုင်ငံမြောက်ဘက်ပိုင်း ကွန်နေး စီရင်စုတွင် မိုးအဆက်မပြတ် ရွာသွန်းခဲ့ပြီး ရေကြီးမှုများဖြစ်ပေါ် ခဲ့မှုကြောင့် လူ ၁၇ ဦး သေဆုံးခဲ့ သည်။
'ဟာလောင်' ပင်လယ်အော် အနီး မိုင် ၃ဝ အတွင်းတွင် ကျောက်မီးသွေးစက်ရုံသုံးရုံနှင့် ကျောက်မီးသွေးတွင်းသုံးခုရှိသည်။ ရေကြီး ရေလျှံမှုများကြောင့် ကျောက်မီးသွေးတွင်းများမှ ထွက်ရှိ လာသော အညစ်အကြေးများသည် ယူနက်စကိုအသိအမှတ်ပြု ကမ္ဘာ့ အမွေအနှစ်စာရင်းတွင် ပါဝင် သည့် 'ဟာလောင်' ပင်လယ်အော် ၏ အလှအပများကို ခြိမ်းခြောက် လျက်ရှိသည်။
(ကြေးမုံ)

No comments:

Post a Comment